တုတ်ကြီး (ခေတ္တ တာဝတိံသာ)
ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်သည့် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်နေသူ ကိုအောင်နိုင်ဦးက တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည်သာ အကောင်းဆုံး အဖြေဖြစ်ကြောင်း ဆိုပါသည်။
“ကြိုးပမ်းကြည့်မယ်ဆိုရင်တော့ နောက်ထပ်ရွေးစရာ နည်းလမ်းတွေလည်း ရှိပါသေးတယ်”ဟု ကိုအောင်နိုင်ဦးက ဆိုပါသည်။ “သံတမန်ရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးကတော့ ကျနော်တို့ နိုင်ငံရဲ့ ပြဿနာတွေအတွက် အကောင်းဆုံး အဖြေပါပဲ” ဟုလည်း သူက ပြောသည်။
ကိုအောင်နိုင်ဦးက တခြားရွေးချယ်နိုင်စရာရှိသော နည်းလမ်းများဟု ဖော်ပြရာတွင် စစ်အစိုးရနှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ကြည့်ခြင်း၊ ဖိအားပေးမှုနှင့် ပိတ်ဆို့အရေးယူမှုများ အားလုံးကို ရုပ်သိမ်းပစ်ခြင်းကလည်း နောက်ထပ်အလုပ် ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိသည့် နည်းလမ်းများဟု ဆိုခဲ့ပါသည်။
အဲသလိုမျိုး ဧရာဝတီမဂ္ဂဇင်းမှာ ဖတ်လိုက်ရတယ်…။
စစ်အာဏာရှင်နဲ့ ပူးပေါင်းရေးလိုင်းကို တင်ခြင်းကတော့ အံ့ပါရဲ့။ “if you can't fight them, join them” ဆိုတဲ့ အယူအဆတွေနဲ့ ရပ်ကွက်ထဲက လူဆိုးသူခိုး လူမိုက်ကို အရက်တိုက်ပေါင်းပြီး အထိုးအကြိတ်ခံရတာ လွတ်ရေးလောက်နဲ့ နှမပါထိုးပေး ကြက်ဥတွေ ဖီးကြမ်းတွေ ဆာဒူးကြီးဆိုတဲ့ ဆေးဝါးတွေပါပေးပြီး ပေါင်းရေးလား .. မရှင်းလို့ပါ မေးမိတာ။
၁) အဲဒီ လမ်းပြမြေပုံ ဆိုတာကို သေချာပြန်လေ့လာပါ။
၂) ပြည်သူတွေရဲ့ပကတိဘ၀ကို ပြန်ပြီး ခရေစေ့တွင်းကျချည်းကပ်လေ့လာပါ။
၃) စိတ်ကူးယဉ်မှု ကင်းကင်းနဲ့ ကိုယ်တင်တဲ့ လိုင်း ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာ သရုပ်ခွဲပါ (သင်ဟာ ယိမ်းယိုင်တတ်သော၊ ကိုယ်ကျိုးအတွက်သာ ကြည့်သောသူ မဟုတ်လျှင်…)။
တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာ ဘယ်လိုပုံစံလဲဆိုတဲ့ fundamental theme ကို သေချာရော ပြတ်ပြတ်ထင်ထင် မြင်ပါပြီလား အဲဒီအတွက်လည်း ပြည်သူအကျိုး မြေကြီး လက်ခတ်မလွဲ ကျိန်းသေဖြစ်ပါမယ်ဆိုတဲ့ ကိုယ်ပိုင် အဖြေတခု ရှိနေပြီလား။
စစ်အစိုးရနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ကြည့်ခြင်း ဆိုတာ တိုင်းပြည်ကို ဓာတ်ခွဲခန်းထဲက ကြွက်တကောင် ဖားတစ်ကောင်လိုလောက် သဘောထားတဲ့ ခပ်ပေါ့ပေါ့ တာဝန်မဲ့စကား ဖြစ်ပါတယ်။
ဖိအားပေးမှုနှင့် ပိတ်ဆို့အရေးယူမှုများ အားလုံးကို ရုပ်သိမ်းပစ်ခြင်းကလည်း နောက်ထပ်အလုပ် ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိသည့် နည်းလမ်းများဟု ဆိုတာမှာလည်း ကိုယ့်ဆရာရေ … အခု န.အ.ဖ ဟာ သူတို့မူနဲ့ သူတို့ပေါ်လစီ (စစ်အုပ်စု အကျိုးစီးပွား ကာကွယ်ရေး) အတွက် ဘယ်အထိဖြစ်ဖြစ် လုပ်မယ်ဆိုတာ ဘုန်းကြီးတွေကို သတ်တာကိုပဲ ပြန်ကြည့်၊ ရှစ်ဆယ့်ရှစ်ကနဲ့ ခေတ်အဆက်ဆက် လုပ်ခဲ့တာတွေကို မေ့နေသေးရင် …။
ခုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲနဲ့ န.အ.ဖ အဖွဲ့ရဲ့ ပြဿနာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် ခမျာမှာလည်း စိတ်ဓာတ်ကလွဲလို့ လူက အိုနေပါပြီ ။ အတွင်းမှာလည်း အခုထိ ဖမ်းနေဆဲ အပျောက်ရှင်းနေဆဲ လုပ်ကြံနေဆဲပါ။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာ နားထောင်ကောင်းပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် အင်မတန်လည်း ဖြစ်သင့်ပါတယ်။ ကိုယ်က မင်းကုသလောက် ရုပ်နာပေမယ့် (ကိုယ့်ကိုယ်ကိုယ် ဘုန်းတော်ဘွဲ့ ရွတ်တာပါ) ပပ၀တီကို ရချင်လို့တော့ မဖြစ်နိုင်ပါဘူး။ အဲဒီ လောဂျစ်ကိုလည်း ပြန်စဉ်းစားပါ။
တပ်မတော်ဟာ တပ်မတော်အနေနဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် မားမားမတ်မတ် ရပ်မယ်ဆိုရင် ဒီလိုဘ၀မျိုးကို ကျနော်တို့ နိုင်ငံရောက်သွားစရာ မရှိပါဘူး။ တပ်မတော်ဟာ တပ်မတော်နေရာမှာပဲ နေမယ်ဆို ပြည်သူနဲ့ ပြည်သူ့အကျိုးလုပ်သူ အဖွဲ့အစည်းအားလုံးက တပ်မတော်ဟာ ပြည်သူ့အတွက် ရပ်တည်တဲ့ တပ်မတော်အဖြစ် ပူးပေါင်းရုံမကပါဘူး ချီးမြှောက် ဂုဏ်ပြုကြမှာပါ။
သို့သော် တပ်မတော်ဟာ လူတစုရဲ့ ခါးပိုက်ဆောင်ဘ၀ကို ဘိုနေ၀င်း လက်ထက်ကတည်းက ကျရောက်ခဲ့ရပါတယ်။ ခင်ဗျားတို့ ကျနော်တို့ မမီလိုက်တဲ့ ကာလကတည်းက တပ်မတော်ဟာ အင်မတန် ရက်စက်ကောက်ကျစ်တဲ့ နည်းနာတွေ လက်ဆင့်ကမ်း ကျင့်သုံးတဲ့ ဗိုလ်ချုပ်တစုရဲ့ ခြံစောင့်ကြက်နှင် ကာကွယ်ရေး စောင့်ရှောက်ရေးအတွက် ပုဂ္ဂလိကပိုင် ယူနီဖောင်းဝတ် လက်နက်ကိုင် လူစုလူဝေးကြီးအဖြစ်ကို ရောက်ခဲ့ရပါတယ်။
အကျဉ်းချုပ် လောက်ကလေး ပြန်လှစ်ပြလိုက်တာကိုတော့ ခင်ဗျားလည်း နားလည်မယ်လို့ ယူဆပါတယ်။ ပြည်သူကို ခွန်အားပေး ပြည်သူ့ညီညွတ်ရေးနဲ့ တပ်မတော်တွင်းက ပြည်သူကို စာနာနားလည်တဲ့ ပြည်သူသာလျှင် တကယ့် တပ်မတော်ရဲ့ မိစစ်ဖစစ်တွေ ဖြစ်တယ်ဆိုတာကို နားလည်ကြတဲ့ တပ်မတော်တွင်း တပ်မှူးတပ်သားတွေကို ပိုမိုညီညွတ်စည်းလုံးပြီး အထက်က လက်တဆုပ်စာ လူယုတ်တစုကို ဖယ်ထုတ်အရေးယူပြီး ပြည်သူ့ကောင်းကျိုး တိုင်းပြည်ဂုဏ်သိက္ခာနဲ့ အနာဂတ် စည်ပင်ဝပြောရေး သမိုင်းမှာ အဖွဲ့အစည်းအသီးသီးနဲ့ တပ်မတော်ရဲ့ နယ်ချဲ့ကို တိုက်ထုတ်ခဲ့တဲ့ အစဉ်အလာကောင်းကို ပြန်လည်စောင့်ထိန်းပြီး တိုင်းပြည်ထူထောင်ရေး လမ်းကြောင်းတွေကို ခင်ဗျားတို့ ရနေတဲ့နေရာက မပြောသင့်ပေဘူးလား။
မေတ္တာရပ်ခံ နေခြင်းဖြစ်ပါတယ်။ ဒေါက်တာဇာနည်တို့ လမ်းကို ပျော်ပျော်ကြီး လိုက်ကြမယ်ဆိုရင်တော့ ပြည်တွင်းထဲက အေးလွင်တို့ လေသံကို သံယောင်လိုက် ကြမယ်ဆိုရင်တော့ ခင်ဗျားတို့သဘောပါ။
အဲဒီလိုတွေ ဖြစ်ကြပြီဆိုတဲ့ အနေအထားကို အခုက ခင်ဗျားတို့ဗြောင်ကို သွားနေတာဖြစ်ပါတယ်။ ပြန်လည် ဆန်းစစ်ကြပါ။
တာဝန်မဲ့တဲ့ လုပ်ရပ်တွေ ပြောဆိုမှုတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် အကျိုးမရှိပါဘူး။
တကယ်လို့ ပြည်သူ၊ တိုင်းပြည်နဲ့ အနာဂတ်မျိုးဆက် ကလေးတွေဟာ သင်တို့ ဂရုစိုက်စရာ မလိုဘူး ဆိုရင်တော့ ခင်ဗျားတို့ ဆက်လက် တာဝန်မဲ့မှုကိုလည်း ကျော်ဆန်းတို့ မြတ်ခိုင်တို့ ပြည်သူနဲ့ ကမ္ဘာကို ဆက်ဆံပြောဆိုသလို ပြောနေကြတယ်လို့ မြင်ရုံမှတပါး …။
မေတ္တာဖြင့် …
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
Saturday, November 24, 2007
ကျင်ငယ်ရေနဲ့ ဆေးသင့်ရင် ဆေးကြမယ်
Subscribe to:
Post Comments (Atom)
3 comments:
are you a communist?
don't tell like ဒေါ်အောင်ဆန်းစုကြည် ခမျာမှာလည်း စိတ်ဓာတ်ကလွဲလို့ လူက အိုနေပါပြီ
she can do what she needs to do and when she has to do, at least than you do whether you are younger or not.
တွေ့ဆုံဆွေးနွေးရေး၊ သံတမန်ရေး နည်းလမ်း၊ ဘယ်နှစ်ခါရှိပြီလဲ ဘာတွေအကျိုးရှိခဲ့သလဲ ပြန်သုံးသပ်ဖို့လိုပါတယ်။ နည်းလမ်းကောင်းပေမယ့် ကိုယ်တိုက်မည့်ရန်သူအခြေအနေနဲ့ ကိုက်ညီသလား စဉ်းစားပါ။ အသက်တွေ ဘ၀တွေပေးနေသူတွေကို မစာနာချင်နေပါ။ ထပ်ဆင့် ၀န်မပိစေပါနဲ့လို့ နိုင်ငံရေး လုပ်စားနေသူများကို ထပ်ဆင့်မေတ္တာရပ်ခံ ပါတယ်။ ပြည်ပမှာ ရောက်နေပြီး လွတ်လပ်စွာပြောဆိုလှုပ်ရှားလို့ရသမျအခွင့်အရေးများကို အလကားမဖြုန်းတီးစေဖို့ ထောက်ပြပေးတဲ့ ဆောင်းပါးရှင်ကို လေးစားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ်သုံးသပ်ချက်ကလည်းစေတနာပါပါတယ်။ စိတ်ဆိုးစရာမဟုတ်ပါ။ ကိုယ့်ဘက်ကလိုအပ်ချက်ကို မြငိနိုင်မှသာ ရန်သူကို အောင်မြငိဖို့ နည်းလမ်းရမှာပါ။ လိုတဲ့အချက်ကိုဝိုင်းဖြည့်ပေးကြဖို့သာရှိပါတယ်။
နိုင်ငံရေးစေတနာရှိတယ်ဆိုရင်လဲ တဲ့တဲ့ပြော တဲ့တဲ့ရေး တဲ့တဲ့ကိုယ့်ကိုကိုဖော် ပြလေ။ စေတနာအရင်းခံနဲ့ပေါ့။ ဒီ blog တွေထဲလာနေကြတာ ဘယ်သူမှလဲ identity ကိုစိတ်မဝင်စားကြပါဘူး (ဟိုကောင်တွေကလွဲရင်ပေါ့)။ အခုတော့ နိုင်ငံရေးသမိုင်းကြောင်းတွေ အဖြစ်အပျက်တွေ ဒိုင်တွေကို သိပ်မသိသေးဘဲ စိတ်ဝင်တစားနဲ့ လာကြည့် လာမှတ်ကြတဲ့ innocent တွေကို တာဝတိန်သာ address ယူထားတဲ့နတ်ဆိုတဲ့ဟာက မရှင်းမလင်း သွယ်သွယ်ဝိုက်ဝိုက် အနှောင့်မလွတ်တလွတ် အရာတွေ နဲူ့ပြောပြောနေတာ ဘယ်မှာစေတနာမှန် လို့လဲ။ DASSKကို ontological hope အဖြစ် စွဲမှတ်ထားနေကြတဲ့သူလေး တွေရဲ့အာရုံကို ပြောင်းသွားအောင် ပေါ့သွားအောင် ပျောက်သွားအောင် လုပ် နေတာ။ DASSK မှိန်သွားရင်နိုင်ငံရေးစိတ်ဝင်စားမှုအရှိန်လဲ ရော့သွားနိုင်တယ် ဆိုတာ သိနေတယ်နဲ့တူတယ်။
Post a Comment