Saturday, November 24, 2007

သို့/ မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ... မှ/ မြန်မာပြည်သား

သို့/ မစ္စတာ အီဘရာဟင် ဂမ်ဘာရီ
မှ/ မြန်မာပြည်သား
ရဲရင့်

မစၥတာ ဂမ္ဘာရီ
ကနေ့ ခင်ဗျားရောက်ခဲ့တာ ကျုပ်တို့အိမ် မဟုတ်ဘူး
မီးရောင်စုံမြူးနေတဲ့ ရုပ်ရှင်ရိုက်ကွင်း တခုသာ ဖြစ်လိမ့်မယ်
အကယ်၍ ကျုပ်တို့သာ
ညစာစားဖို့ ခင်ဗျားကို ဖိတ်ခေါ်မယ်ဆိုရင်
အရေးအကြီးဆုံးက ဖရောင်းတိုင်တထုပ်ဆိုတာ
ဒီကမိသားစုတွေ သိကြတယ်
.....
မစၥတာ ဂမ္ဘာရီ
ကနေ့ ခင်ဗျားတွေ့ခဲ့တာ
ကျုပ်တို့ မဟုတ်ဘူး
မျက်လှည့်ဆရာတွေ ဖြစ်လိမ့်မယ်
အကယ်၍ ကျုပ်တို့ဆီ
ခင်ဗျား တကယ်ရောက်ခဲ့ရင်
အံသွားအပဲ့တွေ တွေ့ရလိမ့်မယ်
.....
မစၥတာ ဂမ္ဘာရီ
ကနေ့ ခင်ဗျားရောက်ခဲ့တာ
ကျုပ်တို့အိမ် မဟုတ်ဘူး
မျက်နှာဖုံးလုပ်ငန်း တခုသာ ဖြစ်လိမ့်မယ်
အကယ်၍သာ ကျုပ်တို့အိမ်ကို
ခင်ဗျား ရောက်လာခဲ့မယ်ဆိုရင်
မ၀ယ်မနေရလို့ စာတန်းကပ်ထားတဲ့
မျက်နှာဖုံးတခုကို တွေ့ရလိမ့်မယ်
.........
မစၥတာ ဂမ္ဘာရီ
ခု ခင္ဗ်ားစီးလာတဲ့ ကားက
ကျုပ်တို့ ရပ်ကွက်ထဲကို ဖြတ်မမောင်းဘူး
လာချင်သပဆို
အိုက်ခမန်းရဲ့ ချွေးထုတ်ခန်းလို့
အမည်ပေးထားတဲ့
ဘတ်စ်ကားတွေကို သုံးရလိမ့်မယ်
.......
မစၥတာ ဂမ္ဘာရီ
ခုခင်ဗျားကို ခေါ်ပြတဲ့ လူအုပ်က
ကျုပ်တို့ မဟုတ်ဘူး
ဒါပေမယ့် မနက်အစောကြီး
ကုတင်ပေါ်က ဆွဲချခံရတဲ့
ကျုပ်တို့ ကိုယ်တိုင်ပဲ ဖြစ်တယ်
....
နောက်ဆုံးတော့
မစ္စတာ ဂမ်ဘာရီရေ …
ခင်ဗျား တည်းခိုတဲ့ အခန်းက
အစိမ်းရောင် မှန်တံခါးပေါက်တွေကို
ဖွင့်ကြည့်လိုက်ပါ
မြက်ဝါခြောက်တွေ တွေ့ရလိမ့်မယ်။ ။

ရဲရင့်

No comments: