Sunday, November 18, 2007
ခမ်းနားဟန်ဆောင် လှေကြုံခရီး
ဟယ်လို… လွတ်မြောက်ရေးလား
ဟုတ်ကဲ့... ကျနော် ထောက်ခံပွဲ တက်ရပါဦးမယ်
နောက်များမှ တကွေ့ပြန်လာပါ …။
ဒေးကာနယ်ဂျီ ချုပ်ပေးတဲ့
တိုက္ပံုအက်ႌထဲမွာ
မတိုက္လိုက္ဖူးတဲ့ တိုက္ပြဲထဲ
မွေးကတည်းက
သုံ့ပန်းဖြစ်လာတဲ့ နွမ်းလျမှုတွေကို
ဖုံးလို့ကာလို့ ဟန်တခွဲသားနဲ့
ထောက်ခံပြ…
အော်ဟစ်ပြ.. ဆန့်ကျင်ပြ…
ညတွေကတော့
ပြည့်တန်ဆာမအိုရဲ့
စီးကရက်တို တတိုလို…
စွန်းပေ..ကုန်ဆုံး..ပစ်ချ..နင်းခြေခံရ..
နေ့တွေကတော့
ဖွတ်တကောင်ရဲ့ တွားသွားမှုမျိုးနဲ့
ကျက်သရေမဲ့..နှေးကွေး..လေးလံ..
သူ့ကျည်ဆန်တွေ သူပြန်မြိုနေတဲ့
အမြောက်သံချပ်ကာကား တစင်းလိုလည်း
ဟန်ဆောင်ပန်ဆောင် ခန့်ထည်ပြချင်သေး… ။
ဒီနေ့ …
ကိုယ်လေးလက်ဝန် ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဟာ
လက်သည်နဲ့ နှိပ်ချခံရ
မိတ်ကပ်တွေ လိမ်းကျံခံရ
အခန်းမှောင်ထဲ လေလံဆွဲခံရ
ပြိုင်တူဆွံ့အ လို့
ညံ့ဖျင်းမှု စွပ်ကျယ်ဟောင်းထဲမှာ
ကိုယ့်လိပ်ပြာကိုယ် အကြိမ်ကြိမ် ဆေးကြောကြ… ။ ။
ကိုမွှေး
Subscribe to:
Post Comments (Atom)
1 comment:
ဒီနေ့ …
ကိုယ်လေးလက်ဝန် ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဟာ
လက်သည်နဲ့ နှိပ်ချခံရ
မိတ်ကပ်တွေ လိမ်းကျံခံရ
အခန်းမှောင်ထဲ လေလံဆွဲခံရ
ပြိုင်တူဆွံ့အ လို့
ညံ့ဖျင်းမှု စွပ်ကျယ်ဟောင်းထဲမှာ
ကိုယ့်လိပ်ပြာကိုယ် အကြိမ်ကြိမ် ဆေးကြောကြ.....
haha... I love it.
Post a Comment