Friday, October 12, 2007

ဦးညွတ်ပါ၏

တင်မိုး

ရဲဘော်တချို့ ကျဆုံး
ရဲဘော်တချို့ ထောင်ထဲ
ရဲဘော်တချို့ ရှောင်ပုန်း
တစည်းတလုံးတည်း မနေရအောင်
ဇယားချ ဖျက်ဆီး
အရင်းအနှီး ကြီးမားစွာပေးရ
လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီရေး ကာလမှာ
သွေးစတွေ သွေးစက်တွေ
ပွက်ပွက်ထလို့ပါလား။

အောင်ပွဲနေ့ဆိုတာ
မရှောင်မလွဲ တွေ့ရမယ်
ယနေ့ဟာ အရင်းအနှီး
နက်ဖြန် အသီးအပွင့်
မျှော်လင့်ချက် ရင်ထဲအပြည့်။

ခိုင်မာတဲ့ ယုံကြည်ချက်မို့
အသက်ကို ပေးခဲ့တယ်
စွန့်စား စွန့်လွှတ်ခဲ့ကြတဲ့ ရဲဘော်အပေါင်းတို့
ငါ၏ ဦးခေါင်းညွတ်လျက်။ ။

No comments: