Thursday, October 11, 2007

နောက်ဆုံးရ သတင်းအကျဉ်းချုပ် (၁၁-၁၀-၀၇)

- နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနှင့် မြန်မာစစ်အစိုးရကို ကူညီခြင်းဖြင့်သာ အပြုသဘောဆက်ဆံသင့်ဟု တ ရုတ်ပြောကြား။ (ဆင်ဟွာ)
- မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာ (၂၇၇၀၀)ဟက်တာ ရှိသည့်အတွက် စိုက်ပျိုးမှုနှုန်း ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအရာရှိမှ ထုတ်ဖော်ပြောကြား။ (ရုရှားသတင်းဌာန နိုဗော့စ်တီ)
- အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင်ဖြစ်သည့် ရီပတ်ဘလီကင်အမတ် မစ်ခ်ျမက္ကောနေးလ်က အထက်လွှတ်တော် စကားစစ်ထိုးပွဲတွင် မြန်မာစစ်ခေါင်းဆောင်များကို ပြစ်တင်ကြိမ်းမောင်းပြောဆိုပြီး ဆန္ဒပြသူ များရဲ့ သတ္တိကို ချီးကျူးကြောင်း ထုတ်ဖော်ပြောကြား။ (သည်အင်ကွာရာ)
- စစ်တွေဆိပ်ကမ်းဖွံ့ဖြိုးရေးအတွက် မြန်မာစစ်အုပ်စုနှင့် အိန္ဒိယနိုင်ငံတို့ သဘောတူညီချက် လက်မှတ်ရေးထိုးရန် နီးစပ်နေပြီဟု ဒေလီမြို့တွင် အရာရှိများ ထုတ်ဖော်ပြောကြား။ ထိုစီမံကိန်းအတွက် အိန္ဒိယဘက်မှ ဒေါ်လာ ၁၀၃သန်း ထည့်ဝင်မည်ဟု သိရ။ (ဘီဘီစီ)
- ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုကို အကြမ်းဖက်နှိမ်နင်းသည့်အတွက် မြန်မာ့ဟိုတယ်နှင့်ခရီသွားလုပ်ငန်း တမ ဟုတ်ချင်း အကြီးအကျယ် ကျဆင်းသွား။ (သည်ဂါးဒီးယန်း)
- မြန်မာစစ်ဗိုလ်ချုပ်များ အကန့်အသတ်မရှိ ဆက်လက်ရပ်တည်လို့ ရနိုင်တော့မည်မဟုတ်ဟု
စင်္ကာပူဝါရင့်ဝန်ကြီး လီကွမ်ယူပြောကြား။ (စထရိတ်တိုင်းမ်စ်)
- နိုင်ငံပိုင် မြန်မာ အဲယားဝေး အင်တာနေရှင်နယ် (အမ်အေအိုင်) ခရီးစဉ်များ ဖျက်သိမ်းပြီး လေယာဉ်စီးမည့် ခရီး သည်များကို ကြာသာပတေးနေ့မှစ၍ ထိုင်းလေကြောင်းလိုင်းများသို့ ပြောင်းလွှဲတင်ပေးရမည် ဖြစ်သည်။ မည် သည့် အကြောင်းကြောင့် အမ်အေအိုင်၏ ဘန်ကောက်- ရန်ကုန် ခရီးစဉ်များကို ဖျက်သိမ်းရသည်ကို ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း လေကြောင်းလိုင်း အရာရှိက ဟုတ်မှန်ကြောင်း ဝန်ခံ ပြောကြားသွားသည်။ (mizzima)
- နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူ ပါဝင်ခဲ့သည့် 'အကြွင်းမဲ့လုံခြုံရာ' အမည်ရှိ အိပ်ခ်ျအိုင်ဗွီ ပညာပေး ဗွီဒီယို ဇာတ်လမ်း ဖြန့်ချိခွင့်ကို ဗွီဒီယို ဆင်ဆာဘုတ်က ဆိုင်းငံ့ထားသည်။ ကျော်သူ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည့် ၄၅ မိနစ်ကြာ အဆိုပါဗွီဒီယိုဇာတ်လမ်း ဖြန့်ချိခွင့်ကို ယခုလ (၈) ရက်နေ့က PSI Myanmar ထုတ်လုပ်ရေးတာဝန်ခံက တောင်းခံရာ ပြသခွင့်မပြုကြောင်း ဆင်ဆာဘုတ်က အကြောင်းပြန်ခဲ့သည်။(mizzima)

သေနတ်ဒဏ်ရာနှင့် အန်အယ်လ်ဒီလူငယ်တဦး ဆေးကုသခွင့်မရ
ရိုးမ ၃ (၁၁-၁၀-၀၇)

ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်သူများအား ဖမ်းဆီးထားသည့် အင်းစိန်ဂျီတီအိုင်ဝင်းအတွင်းတွင် အန်အယ်ဒီပါတီမှ လူငယ်တဦးကို သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးထားပြီး ဆေးကုသမှုမပေးပဲ ချုပ်နှောင်ထားသည်။
သင်္ဃန်းကျွန်းမြို့နယ် ဆန္ဒပြမှုတွင် စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် အန်အယ်လ်ဒီ လူငယ် တာဝန်ခံ ကိုမြသန်းထိုက်သည် ပေါင်တွင် သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“ကိုကျော်ဟန်ထွန်းဆိုတာ ထွန်းစက်မှုလက်မှု သီရိမွန်ပလာဇာက သူ့ကို တွေ့ခဲ့တယ်၊ အန်အယ်လ်ဒီလူငယ် ကို မြသန်းထိုက်ဆိုတာက ပေါင်မှာသေနတ်မှန်ထားတာ၊ ဆေးလည်း မကုပေးဘူး”ဟု အင်းစိန်ဂျီတီအိုင်မှ ပြန်လည် လွတ်မြောက်လာသူတဦးက ဆိုသည်။
မဂ္ဂင်ကျောင်းတိုက် ဆရာတော်အား စစ်အစိုးရက ဖမ်းဆီးထောင်ချမည်ဟူသည့် သတင်းများ ထွက်ပေါ်နေပြီး နောက် ယခုလ (၄)ရက်နေ့ကလည်း မဂ္ဂင်ကျောင်းတိုက်ရှိရာ ၀င်းအတွင်းမှ သံဃာတော်အချို့ကို စစ်အစိုးရက ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“မဂ္ဂင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ကျောက်စာတော်ကျောင်းတိုက်က သံဃာ ၆ပါး ဖမ်းတယ်၊ နှစ်ပါး ပြန်လွှတ် တယ်၊ လေးပါးကိုတော့ ဆက်ဖမ်းထားတယ်၊ နောက် ဓမ္မဝေပုလ္လကျောင်းတိုက်က သံဃာ ၄ပါးနဲ့ အမျိုးသမီးတ ယောက် ဖမ်းသွားတယ်၊ တယ်လီဖုန်းကို ဖြုတ်သိမ်းသွားတယ်၊ ငွေသိန်း ၃၀ ပါ ယူသွားတယ်” ဟု ဒေသခံတဦး က ဆိုသည်။
ရွှေကျင်တိုက်သစ်မှ သံဃာတပါးကို ထိုရက်တွင် ထပ်မံဖမ်းဆီးသွားပြီး ရွှေလက်စွပ်တကွင်းကိုပါ သိမ်းယူသွားခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မဂ္ဂင်ကျောင်းတိုက်မှ သံဃာနှစ်ပါးနှင့် လူနှစ်ဦးအား စစ်အစိုးရက ယခုလ (၇)ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး နောက် ဦးဣန္ဒကနှင့် ဦးအိန္ဒြိယတို့ကို ထိုနေ့တွင်ပင် ရေကြည်အိုင်စစ်ကြောရေးစခန်းသို့ ခေါ်သွားသည်ဟု ဆိုသည်။

No comments: