Friday, October 12, 2007

အကြံပြုပေးစာတစောင် (၁၂-၁၀-၀၇)

ဆရာခင်ဗျား …

ကျွန်တော့်စိတ်ထဲတွင် ထင်မြင်ယူဆမိသည်များကို ဆရာ့ထံသို့ တင်ပြလိုက်ပါသည်။
(၁) စစ်အုပ်စုမှ ဒေၞအောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဆိုသည်မှာ အချိန်ဆွဲလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ် ခြင်းသာ ဖြစ်ပါသည်။ ဆန္ဒပြရာတွင် ပါဝင်သူများအား အမဲလိုက်သကဲ့သို့ လိုက်ဖမ်းနေခြင်းက စစ်အုပ်စုတွင် ပြု ပြင်ပြောင်းလဲရန် စိုးစဉ်းမျှ ဆန္ဒမရှိကြောင်း အထင်အရှား သက်သေပြပြီး ဖြစ်ပါသည်။
(၂) ယခုအချိန်တွင် 'စစ်တပ်မှ ပြည်သူတို့နှင့် ပူးပေါင်းမည်' ဟူသော ပြည်သူတို့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်ပါသည်။ အစပိုင်းတွင် ကျွန်တော်တို့ မရဲတရဲ မျှော်လင့်ခဲ့သည်မှာ အောက်ခြေတပ် များရာစုကြီးမှာ ပြည်သူတို့ နှင့် ဘဝတူဖြစ်၍ ပြည်သူ့ဘက်မှ ရပ်တည်ကောင်း ရပ်တည်လိမ့်မည်ဟူ၍ ဖြစ်သော်လည်း ဤယူဆချက် မှား ယွင်းကြောင်းကို ပူပူနွေးနွေး အဖြစ်အပျက်များက သက်သေပြပြီး ဖြစ်ပါသည်။ (၁၉)နှစ်ထဲ မဟုတ်ပါ။ (၄၅)နှစ် တိုင်တိုင် ပုံသွင်းယူထားသော ဖက်ဆစ်တပ်ဘဝသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဖုတ်တစ္ဆေ အဆင့်မဟုတ်တော့ ဘဲ အစွယ်ပြူးပြူး ဘီလူးဘဝသို့ ရောက်ရှိနေပါပြီ။ 'မပစ်မရှိ ငါ့တပည့်' ဆိုသကဲ့သို့ နောင်တွင်လည်း ပစ်ဦးမည် သာ ဖြစ်ပါသည်။
(၃)ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးအား တိုးမြှင့်ဆင်နွှဲရန် အခြေအနေက အပူတပြင်း တောင်းဆိုနေပြီ ဖြစ်ပါသည်။ တိုင်းသူပြည်သားတိုင်းတွင် တိုင်းပြည်အား ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားရှိသည့်အလျောက် ယခုကဲ့သို့ တိုင်းပြည်နှင့်လူမျိုး ကွယ်ပျောက်ရတော့မည့် အန္တရာယ်နှင့် ကြုံချိန်တွင် လူတိုင်းလူတိုင်း တတ်စွမ်းသ မျှ ပူးပေါင်းပါဝင်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။
(၄) ထို့ကြောင့် ဆရာတို့ မီဒီယာသမားများအနေနှင့် စည်းရုံးလှုံ့ဆော်ပေးပါရန် ပန်ကြားအပ်ပါသည်။
(၅) နောက်ထပ် အကြံပြုလိုသည်မှာ သမိုင်းအချက်အလက်များနှင့် ပတ်သက်၍ ဖြစ်ပါသည်။ စစ်အစိုးရ၏ ၄၅နှစ် တိုင်တိုင် သတင်းအမှောင်ချမှုကြောင့် သတင်းအချက်အလက်များ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပါသည်။ ၁၉၆၂ ဆဲ ဗင်းဂျူလိုင် အရေးအခင်းအား ကိုယ်တွေ့ကြုံခဲ့သူ ကျွန်တော့်ဖခင်ကြီးပင် အသက်(၆၇)နှစ် ရှိခဲ့ပြီဖြစ်ရာ အချိန်မီ မှတ်တမ်းမတင်ပါက ဆယ့်လေးငါးနှစ်အတွင်း မှတ်တမ်းများ ပျောက်ကွယ်တော့မည် ဖြစ် ပါသည်။ ယခုထက်ထိ ကျွန်တော်တို့ ကျဆုံးသူအရေအတွက် အတိအကျကို အမည်နှင့်တကွ စာရင်းမပြုစုနိုင်သေးပါ။ အခြားအရေးအ ခင်းများလည်း ရှိပါသေးသည်။ ကျဆုံးသူတို့၏ အနီးစပ်ဆုံး ဆွေမျိုးသားချင်းများ သက်ရှိထင်ရှားရှိချိန်တွင် မှတ် တမ်းတင်ရန် ကြိုးပမ်းမှ မှတ်တမ်းကျန်မည် ဖြစ်ပါသည်။ နောက်မှလုပ်၍ မရပါ။ ယခုချက်ချင်း အရေးယူဆောင် ရွက်မှ ဖြစ်ပါလိမ့်မည်။

ဆရာ နိုင်ငံ့အကျိုး ဆထက်ထမ်းပိုး ရွက်ဆောင်နိုင်ပါစေ...

လေးစားလျက် ...
နေထက်နိုင်

No comments: