Friday, October 12, 2007

နောက်ဆုံးရ သတင်း (၁၂-၁၀-၀၇)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင်များ သဘောတူညီချက်ရ
တွေ့ဆုံဆွေးနွေးမှု အထမြောက်စေရန် နအဖကို တိုက်တွန်း

သတင်း-ခေတ်ပြိုင်

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူများအား နအဖစစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့မှုကို ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် စစ်မှန်သည့် တွေ့ဆုံဆွေးနွေး ရေးလုပ်ဆောင်ရန် ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။
တောင်းဆိုချက်များကို မလိုက်နာပါက အရေးယူမည့်အကြောင်း မပါရှိသော်လည်း ယင်းတောင်းဆိုချက် ထွက် ပေါ်လာရေးအတွက် လုံခြုံရေးကောင်စီ၌ အဖွဲ့ဝင် (၁၅) နိုင်ငံအကြား သဘောတူညီမှုရရှိရန် ရက်အတန်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီး ယမန်နေ့ အစည်းအဝေးပွဲတွင်မှ သဘောတူညီမှုရရှိကာ ကြေညာချက် ထုတ်ပြန်နိုင်ခြင်း ဖြစ်သည်။
ကြေညာချက်၌ ငြိမ်းချမ်းစွာဆန္ဒပြမှုများအား အကြမ်းဖက်နှိမ်နင်းခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အရေးကြီးကြောင်းနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအောင် မြင်စေရန် ဒေါ်အောင်ဆန်းစုကြည်၊ သက်ဆိုင်သည့်အဖွဲ့အစည်း များနှင့် တိုင်းရင်းသားအုပ်စုများ အားလုံးပါဝင် သော စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရန် မြန်မာအစိုးရက လိုအပ်သည့်အခြေအနေများ ဖန်တီးပေးရန် တိုက်တွန်းကြောင်း ပါရှိသည်။
မြန်မာနိုင်ငံ၏အနာဂတ်သည် မြန်မာပြည်သူလူထု လက်ထဲ၌ရှိသည်ဖြစ်၍ ပြည်သူလူထုနှင့် သက်ဆိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို မြန်မာအစိုးရက အရေးယူ ဆောင်ရွက်ပေးရန်လည်း တောင်းဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ဆောင်ရွက်ရန် မြန်မာအစိုးရက ဆက်ဆံရေးအရာရှိ ခန့်အပ် ထားမှုကို ကြိုဆိုကြောင်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီအား မြန် မာနိုင်ငံသို့ ဖိတ်ခေါ်မှုကို အသိအမှတ်ပြုကြောင်း ပါရှိသည်။
ယင်းကြေညာချက်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် လုံခြုံရေးကောင်စီ၏ ပထမဆုံး ကြေ ညာချက်ဖြစ်ပြီး တရုတ်နိုင်ငံအပါအ၀င် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှု ရခဲ့သည့်အတွက် ထူးခြားမှုရှိ သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်း ထွန်းက ပြောသည်။
၎င်းက “ နိုင်ငံတကာရဲ့ နိုင်ငံရေးအခင်းအကျင်းက ပြောင်းလဲသွားပြီဆိုတဲ့ဟာကို ပြတယ်။ အရင်တုန်းက တ ရုတ်နိုင်ငံက ဒီလိုမျိုး တရားဝင်ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ လူသိရှင်ကြား နအဖကို ဝေဖန်တာ၊ ဘယ်လို မျိုး တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းသင့်တယ်ဆိုပြီး အကြံပြု တာတွေမှာ မပတ်သက်ခဲ့ပါဘူး။ တရုတ်နိုင်ငံက ပင်လျှင် အခုလိုမျိုး ပါဝင်ပတ်သက်လာတာ၊ သဘောတူလာတာဟာ ထူးခြားချက်ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး တွန်းအားပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီအစဉ်ဖြင့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှ၊ နော်ဝေ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့ ပါဝင်သည့် မြန်မာ့အ ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့တခုကိုလည်း ယမန်နေ့က ကုလသမဂ္ဂ၌ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့ပေါ်ပေါက်လာမှုကို ဒေါက်တာ သောင်းထွန်းက “နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေဖြစ်အောင်လုပ် တော့မယ်ဆိုတဲ့ သဘောမျိုးရှိ တယ်။ နအဖအနေနဲ့ တကမ္ဘာလုံးနဲ့ ဆက်ပြီးရန်ဖြစ်မှာလား သို့မဟုတ် လိုက်လျောမှု တစုံတရာ ရှိမလား။ တ ကမ္ဘာလုံးနဲ့ ဆက်ပြီးရန်ဖြစ်မယ်ဆိုရင်၊ တိုးတက်မှုမရှိရင် အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတဲ့ သဘောမျိုး တွေ ရှိပါတယ်” ဟု ပြောသည်။
မြန်မာ့နိုင်ငံရေးပြဿနာ အဖြေရှာရေးကို ကုလသမဂ္ဂက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မစ္စတာဂမ်ဘာရီကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်ရန် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်က စေလွှတ်ထားပြီး လာမည့် တနင်္လာနေ့တွင် မစ္စတာဂမ်ဘာရီသည် ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ် ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

ဒီကနေ့ နေ့လည် ၃နာရီကျော်က မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးရှိ ရွှေပြည်စံရာ တည်းခိုးခန်းတွင် ဗုံးပေါက်ကွဲရာ ကျိုက်ထိုမြို့မှ လာရောက်တည်းခိုသူ အသက်(၄၀)အရွယ် ဦးတင်အောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ။

ဓာတ်ပုံ-အေပီ၊ အေအက်ဖ်ပီ

မဲဆောက်ကို တိမ်းရှောင်လာတဲ့ သံဃာတပါးကို အေအေပီပီရုံးမှာ တွေ့ရစဉ်
မဲဆောက်ကို တိမ်းရှောင်လာသူတဦးကို အေအေပီပီရုံးမှာ တွေရစဉ်
ဓာတ်ပုံများက ပြောတဲ့ ၁၂-၁၀-၀၇ ရန်ကုန်


ရန်ကုန်-ဒလကူး သင်္ဘောကို စောင့်နေကြတဲ့ ပြည်သူတွေ
မြို့လယ်ခေါင်မှာ လမ်းလျှောက်နေတဲ့ သံဃာတပါး
မို့တော်ခန်းမရှေ့မှာ ရပ်ထားတဲ့ နအဖစစ်ခွေးတွေရဲ့ နှိပ်ကွပ်ရေး ယန္တရားတွေ
မြို့လယ်ခေါင်မှာ အလှူခံနေရတဲ့ သက်ကြီးသံဃာတော်တပါး
မြို့လယ်ခေါင် ပလက်ဖောင်းပေါ်က ပန်းချီကား ရောင်းစားနေသူတဦး
ဆွမ်းခံကြွနေကြတဲ့ ကိုရင်လေးတွေ

မြ၀တီဘက်ကနေ မဲဆောက်ဘက်ကို ကူးလာနေတဲ့ လှေတစီး
မဲဆောက်မှာ တုတ်တုတ်စီးနေတဲ့ မြန်မာသားအမိ
ပူပူနွေးနွေးအရေးအခင်းအကြောင်း စိတ်ဝင်တစား ဖတ်ရှုနေတဲ့ အမျိုးသမီးတဦး
ပူပူနွေးနွေးအရေးအခင်းအကြောင်း စိတ်ဝင်တစား ဖတ်ရှုနေတဲ့ အမျိုးသားများ

No comments: