Monday, February 17, 2020

ရခိုင္ေတြ ဘာေတြမေၾကလည္လဲ၊ ျပည္ေထာင္စုကို ဘယ္လိုေပါင္းခ်င္တာလဲ

[Zawgyi]

(Naing Aung's Status မွ ကူးယူေဖာ္ျပပါသည္။)

ဒီေန႕ ရခိုင္မွာ တိုက္ပြဲေတြအျဖစ္မ်ားလာ၊ ႐ြာေတြလဲနာ၊ ႐ြာသူ/သားေတြလဲ ထိခိုက္ပ်က္စီးၾကရဆိုေတာ့....ေအေအကို အျပစ္တင္တဲ့ ေလသံေတြထြက္လာတယ္....လက္တေလာ အေျခအေနကို ၾကည့္ၿပီး ျမန္မာေပါကားေတြထဲ စစ္ကားေတြလိုမ်ိဳး အသားက်ေနတဲ့ အျမင္ေတြနဲ႕ ေအေအကို လူသတ္၊ ဓါးျမတိုက္၊ ျပန္ေပးဆြဲ၊ မုဒိန္းက်င့္တဲ့ သူပုန္မ်ိဳး ပုံဖ်က္ခ်င္လာၾကတယ္။ (အရင္တုန္းက ငျမလို႔ ႏႈတ္က်ိဳးၾကသူေတြလဲ ဖထီး၊ အဘိုး ျဖစ္လာခဲ့ဘူးတယ္ေနာ္...အခုမွ ကရင္တိုင္းရင္းသားဝတ္စုံေတြကို ဖလန္းဖလန္းထေအာင္ ဝတ္ၾကတယ္ေနာ္)

သိထားေစခ်င္တာ က်ဳးေက်ာ္သူ၊ ဖိႏွိပ္သူရွိလို႔ ရခိုင္က သူပုန္ထရတာျဖစ္တယ္...ေအေအ မတိုင္ခင္ ACP၊ ALP ၊ NUFA ၊ ခိုင္ရာဇာ့ AAဆိုတာေတြ ရွိခဲ့ေသးတယ္။ အခု ေအေအကလဲ ၂၀၁၅ အထိ ရခိုင္ထဲ ေရာက္လာေသးတာမဟုတ္ဘူး။ ခံစားရတာေတြ ေ႐ြးေကာက္ပြဲနဲ႕ေျပာတယ္ မရဘူး၊ အပစ္ရပ္စဲေရးနဲ႕ အတူ လိုက္ပါၿပီး ေျပာဘို႔လုပ္တယ္၊ မေျပာဘူး။ မခံနိုင္ေတာ့ သူပုန္ထတယ္။ အဲဒီေတာ့ သူပုန္ထရေအာင္ ဘယ္သူလုပ္သလဲ ဆိုတာ အရင္စဥ္းစား။ သူပုန္ဆိုတာနဲ႕ဘဲ ႐ုပ္ရွင္ထဲကလို လူဆိုးဆိုၿပီးျမင္တဲ့ မ်က္မွန္စိမ္းေတြျဖတ္၊ တကယ္ဒုကၡေပးေနတာ ကိုယ္ေကြၽးေမြးထားတဲ့သူေတြ။

ရခိုင္ေတြ ဘာေတြမေၾကလည္လဲ၊ ျပည္ေထာင္စုကို ဘယ္လိုေပါင္းခ်င္တာလဲ ဆိုတာကို နားေထာင္ အေျဖမရွာခ်င္ၾကဘူး။ အခုဘဲၾကည့္ တ႐ုတ္စီမံကိန္းအတြက္ ေက်ာက္ျဖဴမွာ လယ္ေတြကို ေလ်ာ္ေၾကးေပးၿပီးသိမ္းမယ္လို႔ မေန႕တေန႕က ေၾကညာတယ္။ ဒီေ႐ႊဂက္စ္ပိုက္လိုင္း၊ ေက်ာက္ျဖဴေရနက္စီမံကိန္း၊ အဲဒီအတြက္ ရထားလမ္း၊ ကားလမ္းဆိုတာ အသစ္မဟုတ္ဘူး ၁၉၉၀ ေက်ာ္ ကတည္းက စထားတဲ့ဇတ္လမ္း။ ခါးပတ္လမ္းႀကီးျဖစ္မွ အသစ္ထြက္လာတာမဟုတ္ဘူး။ ဓါတ္ေငြ႕ထြက္ေနတဲ့ ေက်ာက္ျဖဴမွာရွိတဲ့ ရခိုင္ေတြ လွ်ပ္စစ္မီးခ ဘယ္ေလာက္ေပးရလဲဆိုတာ ေမးၾကည့္ၾကအုန္း (ရန္ကုန္မွာ လွ်ပ္စစ္မီးခေတြ တက္မယ္လို႔ ညည္းတြားၾကေတာ့ ရခိုင္ေတြ ၿမိတ္သားေတြ ရယ္တာေပ့ါ၊ သူတို႔အတြက္ ရန္ကုန္သားေတြ တခါမွ မစဥ္းစားဘူးသြားတာလဲ ေပၚသြားတာေပ့ါ)။ ငပလီဆိုတာကလဲ တျဖည္းျဖည္းနဲ႕ ျမန္မာျပည္နယ္ထဲ ေမၿမိဳ႕၊ မိုးကုတ္လို ပါေတာ့မယ္။ ရခိုင္နဲ႕ ရိုဟင္ဂ်ာကိုလဲ ေသြးခြဲထားေသးတယ္။

က်ေနာ္တို႔ ျမန္မာတိုင္းရင္းသားမ်ားကို ေမတၱာရပ္ခံခ်င္တာက ဓါးျမကို ခံခ်ရတဲ့ ႐ြာသားေတြကို အျပစ္မတင္ခ်င္ပါနဲ႕။ ႐ြာသားက လက္နက္ကိုင္ရင္ အမွားရွိနိုင္တာေပ့ါ။ ေသေသခ်ာခ်ာ ေလ့က်င့္သင္တန္းတက္ထားတဲ့ အစဥ္အလာ တပ္မေတာ္ႀကီးေတာင္ ေသေသခ်ာခ်ာ မွားတတ္ေသးတာဘဲဟာ။ သူတို႔ေတြ ဘယ္ေလာက္ေတာင္ ခံစားနာက်ည္းရလို႔ အသက္အေသခံၿပီး လုပ္ေနရတာလဲဆိုတာ ျမင္ၾကည့္ၾကပါ။ နားစြန့္ၾကပါ။ ႀကိဳက္တဲ့ စစ္ေျပးတိုင္းရင္းသား ဒုကၡသည္ေတြကို ေမးၾကည့္၊ ဘယ္လက္နက္ကိုင္တပ္ဖြဲ႕ကို ပိုေၾကာက္လဲဆိုတာ....ဒါေတြကို သိေအာင္ႀကိဳးစားၿပီးမွ ၿငိမ္းခ်မ္းေရးဆိုတာ ဘာကိုလုပ္ရမွာလဲဆိုတာ နားလည္နိုင္မယ္၊ ၿငိမ္းခ်မ္းေရးအတြက္ အဓိက အႏၲရာယ္ဆိုတာ ဘာလဲလို႔ ျမင္လာမယ္။ ဒီေန႕ ၿငိမ္းခ်မ္းေရး ဘာလို႔ ေႏွးေကြးေနတာလဲ ဆိုတာ သိလာမယ္။ ဖက္ဒရယ္ျပည္ေထာင္စုဆိုတာ ဘယ္လိုျဖစ္မွ သင့္ေတာ္မယ္ဆိုတာ မွန္းဆနိုင္လိမ့္မယ္လို႔ တိုက္တြန္းႏွိုးေဆာ္လိုက္ရပါတယ္ခင္ဗ်ား။

[Unicode]

ရခိုင်တွေ ဘာတွေမကြေလည်လဲ၊ ပြည်ထောင်စုကို ဘယ်လိုပေါင်းချင်တာလဲ
--------------------------------------------------
(Naing Aung's Status မှ ကူးယူဖော်ပြပါသည်။)

ဒီနေ့ ရခိုင်မှာ တိုက်ပွဲတွေအဖြစ်များလာ၊ ရွာတွေလဲနာ၊ ရွာသူ/သားတွေလဲ ထိခိုက်ပျက်စီးကြရဆိုတော့....အေအေကို အပြစ်တင်တဲ့ လေသံတွေထွက်လာတယ်....လက်တလော အခြေအနေကို ကြည့်ပြီး မြန်မာပေါကားတွေထဲ စစ်ကားတွေလိုမျိုး အသားကျနေတဲ့ အမြင်တွေနဲ့ အေအေကို လူသတ်၊ ဓါးမြတိုက်၊ ပြန်ပေးဆွဲ၊ မုဒိန်းကျင့်တဲ့ သူပုန်မျိုး ပုံဖျက်ချင်လာကြတယ်။ (အရင်တုန်းက ငမြလို့ နှုတ်ကျိုးကြသူတွေလဲ ဖထီး၊ အဘိုး ဖြစ်လာခဲ့ဘူးတယ်နော်...အခုမှ ကရင်တိုင်းရင်းသားဝတ်စုံတွေကို ဖလန်းဖလန်းထအောင် ဝတ်ကြတယ်နော်)

သိထားစေချင်တာ ကျုးကျော်သူ၊ ဖိနှိပ်သူရှိလို့ ရခိုင်က သူပုန်ထရတာဖြစ်တယ်...အေအေ မတိုင်ခင် ACP၊ ALP ၊ NUFA ၊ ခိုင်ရာဇာ့ AAဆိုတာတွေ ရှိခဲ့သေးတယ်။ အခု အေအေကလဲ ၂၀၁၅ အထိ ရခိုင်ထဲ ရောက်လာသေးတာမဟုတ်ဘူး။ ခံစားရတာတွေ ရွေးကောက်ပွဲနဲ့ပြောတယ် မရဘူး၊ အပစ်ရပ်စဲရေးနဲ့ အတူ လိုက်ပါပြီး ပြောဘို့လုပ်တယ်၊ မပြောဘူး။ မခံနိုင်တော့ သူပုန်ထတယ်။ အဲဒီတော့ သူပုန်ထရအောင် ဘယ်သူလုပ်သလဲ ဆိုတာ အရင်စဉ်းစား။ သူပုန်ဆိုတာနဲ့ဘဲ ရုပ်ရှင်ထဲကလို လူဆိုးဆိုပြီးမြင်တဲ့ မျက်မှန်စိမ်းတွေဖြတ်၊ တကယ်ဒုက္ခပေးနေတာ ကိုယ်ကျွေးမွေးထားတဲ့သူတွေ။

ရခိုင်တွေ ဘာတွေမကြေလည်လဲ၊ ပြည်ထောင်စုကို ဘယ်လိုပေါင်းချင်တာလဲ ဆိုတာကို နားထောင် အဖြေမရှာချင်ကြဘူး။ အခုဘဲကြည့် တရုတ်စီမံကိန်းအတွက် ကျောက်ဖြူမှာ လယ်တွေကို လျော်ကြေးပေးပြီးသိမ်းမယ်လို့ မနေ့တနေ့က ကြေညာတယ်။ ဒီရွှေဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူရေနက်စီမံကိန်း၊ အဲဒီအတွက် ရထားလမ်း၊ ကားလမ်းဆိုတာ အသစ်မဟုတ်ဘူး ၁၉၉၀ ကျော် ကတည်းက စထားတဲ့ဇတ်လမ်း။ ခါးပတ်လမ်းကြီးဖြစ်မှ အသစ်ထွက်လာတာမဟုတ်ဘူး။ ဓါတ်ငွေ့ထွက်နေတဲ့ ကျောက်ဖြူမှာရှိတဲ့ ရခိုင်တွေ လျှပ်စစ်မီးခ ဘယ်လောက်ပေးရလဲဆိုတာ မေးကြည့်ကြအုန်း (ရန်ကုန်မှာ လျှပ်စစ်မီးခတွေ တက်မယ်လို့ ညည်းတွားကြတော့ ရခိုင်တွေ မြိတ်သားတွေ ရယ်တာပေ့ါ၊ သူတို့အတွက် ရန်ကုန်သားတွေ တခါမှ မစဉ်းစားဘူးသွားတာလဲ ပေါ်သွားတာပေ့ါ)။ ငပလီဆိုတာကလဲ တဖြည်းဖြည်းနဲ့ မြန်မာပြည်နယ်ထဲ မေမြို့၊ မိုးကုတ်လို ပါတော့မယ်။ ရခိုင်နဲ့ ရိုဟင်ဂျာကိုလဲ သွေးခွဲထားသေးတယ်။

ကျနော်တို့ မြန်မာတိုင်းရင်းသားများကို မေတ္တာရပ်ခံချင်တာက ဓါးမြကို ခံချရတဲ့ ရွာသားတွေကို အပြစ်မတင်ချင်ပါနဲ့။ ရွာသားက လက်နက်ကိုင်ရင် အမှားရှိနိုင်တာပေ့ါ။ သေသေချာချာ လေ့ကျင့်သင်တန်းတက်ထားတဲ့ အစဉ်အလာ တပ်မတော်ကြီးတောင် သေသေချာချာ မှားတတ်သေးတာဘဲဟာ။ သူတို့တွေ ဘယ်လောက်တောင် ခံစားနာကျည်းရလို့ အသက်အသေခံပြီး လုပ်နေရတာလဲဆိုတာ မြင်ကြည့်ကြပါ။ နားစွန့်ကြပါ။ ကြိုက်တဲ့ စစ်ပြေးတိုင်းရင်းသား ဒုက္ခသည်တွေကို မေးကြည့်၊ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကို ပိုကြောက်လဲဆိုတာ....ဒါတွေကို သိအောင်ကြိုးစားပြီးမှ ငြိမ်းချမ်းရေးဆိုတာ ဘာကိုလုပ်ရမှာလဲဆိုတာ နားလည်နိုင်မယ်၊ ငြိမ်းချမ်းရေးအတွက် အဓိက အန္တရာယ်ဆိုတာ ဘာလဲလို့ မြင်လာမယ်။ ဒီနေ့ ငြိမ်းချမ်းရေး ဘာလို့ နှေးကွေးနေတာလဲ ဆိုတာ သိလာမယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုဖြစ်မှ သင့်တော်မယ်ဆိုတာ မှန်းဆနိုင်လိမ့်မယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျား။

1 comment:

Unknown said...

Your Affiliate Money Making Machine is waiting -

And making money online using it is as easy as 1, 2, 3!

Here's how it works...

STEP 1. Tell the system what affiliate products you intend to promote
STEP 2. Add push button traffic (it takes JUST 2 minutes)
STEP 3. Watch the system explode your list and sell your affiliate products on it's own!

Are you ready to make money ONLINE???

Click here to activate the system