Friday, February 14, 2020

ကဒါဖီကို ဘယ္သူေတြ သတ္ခဲ့တာလဲ

[Zawgyi]

ကဒါဖီကို ဘယ္သူေတြ သတ္ခဲ့တာလဲ
(နရီမင္း)

ေတာ္လွန္ေရးသမားဆိုသူေတြက
ေရဆိုးထုတ္ႁပြန္ထဲမွာ ပုန္းေအာင္းေနတဲ့
ကဒါဖီကို ဆြဲထုတ္လာခဲ့ၾကတယ္။

သူတို႔
ထိုးၾကတယ္
ကန္ၾကတယ္
႐ိုက္ႏွက္ၾကတယ္ေပါ့။
ေသြးအလိမ္းလိမ္းနဲ႔ပါကြာ
ျမင္ရက္စရာ မ႐ွိပါဘူး။

ကုလသမဂၢညီလာခံမွာေတာင္
အင္အားႀကီးဆိုတဲ့ ႏိုင္ငံေတြကို အာခံလို႔
႐ိုင္း႐ိုင္းစိုင္းစိုင္းေတြေျပာၿပီး
စာအုပ္နဲ႔ပိတ္ေပါက္ခဲ့တဲ့ ကဒါဖီဆီက
ေသဆံုးခါနီး စကားသံယဲ့ယဲ့ ထြက္လာတယ္။
"မင္းတို႔ကို ငါဘာမ်ားလုပ္မိလို႔လဲကြာ" တဲ့။

သူဟာ အာဏာ႐ွင္ပါ။
အာဏာ႐ွင္တစ္ေယာက္ကို
အႏုတ္လကၡဏာသေဘာေဆာင္ေနတဲ့
ႏိုင္ငံရဲ႕ အေျခအေနေတြ
ဘယ္သူကမ်ား ေျပာရဲမွာလဲ။
``အားလံုးေကာင္းပါသည္ခင္ဗ်ား´´ ေပါ့ဗ်ာ။

တကယ္ေတာ့
ကဒါဖီဟာ သာလြန္မင္းတရားႀကီးလိုလည္း
႐ုပ္ဖ်က္ၿပီး တိုင္းခန္းမလွည့္လည္ခဲ့ေလေတာ့
ႏိုင္ငံရဲ႕ အျဖစ္မွန္ေတြကို မသိခဲ့ဘူးေပါ့။

တကယ္ေတာ့
ေတာ္လွန္ေရးသမားေတြက
ကဒါဖီကို သတ္ခဲ့တာ မဟုတ္ဘူး။
လက္ညႇိဳးေထာင္ေခါင္းညိတ္ေတြက
ကဒါဖီကို သတ္ခဲ့တယ္။
အနားျပာေတြက ကဒါဖီကို သတ္ခဲ့တယ္။

ကဒါဖီဟာ
လစ္ဗ်ားေလတပ္ရဲ႕
သူရဲေကာင္း ျဖစ္ႏိုင္ခဲ့ေပမဲ့
သူ႕ေလာ္ဘီေတြက သူ႔ကို သတ္ခဲ့တယ္။

နရီမင္း
၁၃ - ၂ - ၂၀၂၀

[Unicode]

ကဒါဖီကို ဘယ်သူတွေ သတ်ခဲ့တာလဲ
(နရီမင်း)

တော်လှန်ရေးသမားဆိုသူတွေက
ရေဆိုးထုတ်ပြွန်ထဲမှာ ပုန်းအောင်းနေတဲ့
ကဒါဖီကို ဆွဲထုတ်လာခဲ့ကြတယ်။

သူတို့
ထိုးကြတယ်
ကန်ကြတယ်
ရိုက်နှက်ကြတယ်ပေါ့။
သွေးအလိမ်းလိမ်းနဲ့ပါကွာ
မြင်ရက်စရာ မရှိပါဘူး။

ကုလသမဂ္ဂညီလာခံမှာတောင်
အင်အားကြီးဆိုတဲ့ နိုင်ငံတွေကို အာခံလို့
ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး
စာအုပ်နဲ့ပိတ်ပေါက်ခဲ့တဲ့ ကဒါဖီဆီက
သေဆုံးခါနီး စကားသံယဲ့ယဲ့ ထွက်လာတယ်။
"မင်းတို့ကို ငါဘာများလုပ်မိလို့လဲကွာ" တဲ့။

သူဟာ အာဏာရှင်ပါ။
အာဏာရှင်တစ်ယောက်ကို
အနုတ်လက္ခဏာသဘောဆောင်နေတဲ့
နိုင်ငံရဲ့ အခြေအနေတွေ
ဘယ်သူကများ ပြောရဲမှာလဲ။
``အားလုံးကောင်းပါသည်ခင်ဗျား´´ ပေါ့ဗျာ။

တကယ်တော့
ကဒါဖီဟာ သာလွန်မင်းတရားကြီးလိုလည်း
ရုပ်ဖျက်ပြီး တိုင်းခန်းမလှည့်လည်ခဲ့လေတော့
နိုင်ငံရဲ့ အဖြစ်မှန်တွေကို မသိခဲ့ဘူးပေါ့။

တကယ်တော့
တော်လှန်ရေးသမားတွေက
ကဒါဖီကို သတ်ခဲ့တာ မဟုတ်ဘူး။
လက်ညှိုးထောင်ခေါင်းညိတ်တွေက
ကဒါဖီကို သတ်ခဲ့တယ်။
အနားပြာတွေက ကဒါဖီကို သတ်ခဲ့တယ်။

ကဒါဖီဟာ
လစ်ဗျားလေတပ်ရဲ့
သူရဲကောင်း ဖြစ်နိုင်ခဲ့ပေမဲ့
သူ့လော်ဘီတွေက သူ့ကို သတ်ခဲ့တယ်။

နရီမင်း
၁၃ - ၂ - ၂၀၂၀

2 comments:

Unknown said...

As stated by Stanford Medical, It is really the SINGLE reason this country's women live 10 years more and weigh 19 kilos lighter than us.

(And by the way, it has totally NOTHING to do with genetics or some secret diet and EVERYTHING about "HOW" they eat.)

BTW, I said "HOW", and not "what"...

Tap on this link to reveal if this short questionnaire can help you release your real weight loss potential

Unknown said...

As claimed by Stanford Medical, It is really the ONLY reason women in this country live 10 years longer and weigh 42 pounds lighter than us.

(And by the way, it has absolutely NOTHING to do with genetics or some secret diet and really, EVERYTHING about "how" they eat.)

BTW, What I said is "HOW", and not "WHAT"...

Tap this link to discover if this brief questionnaire can help you find out your true weight loss potential