''သိသာထင်ရှားတဲ့ အာရုံလွှဲမှု ပြုလုပ်သူဟာ ခပ်ညံ့ညံ့ နည်းဗျူဟာသမားတွေပါ။ လိမ္မာကျွမ်းကျင်တဲ့ နည်းဗျူဟာရှင်တွေရဲ့ အစီအရင်တွေကျပြန်တော့ အောချရလောက်အောင် သိမ်မွေ့ညင်သာလှပါတယ်။ သိုသိပ်ပိရိကြပါတယ်။ ကိုယ့်ရဲ့မူလကနဦး ရည်ရွယ်ချက် ပျောက်သွားအောင်၊ လုပ်ဆောင်နေတာတွေ မေ့သွားအောင် စွမ်းဆောင်နိုင်ကြပါတယ်။ အာရုံအလွှဲခံရသူမှာ ဒါ အာရုံလွှဲနေတာပါလားဆိုတာ လုံးဝမရိပ်စားမိဘဲ ယဇ်ကောင်ပမာ ဆွဲဆောင်ရာနောက် ကောက်ကောက်ပါခဲ့ရပါရော။
အာရုံဆိုတာ တစ်နေရာတည်း တစ်ခုတည်းမှာ စွဲမြဲစူးစိုက်စွာတည်ဖို့ ခက်ပါတယ်။ တည်နေတဲ့အာရုံကို အဖျက်ဆီး မခံရအောင် မပျက်အောင် ကာကွယ်ဖို့ ခက်ပါတယ်။
အာရုံလွှဲရာနောက် တကောက်ကောက်ပါနေသမျှ ပန်းတိုင်ကတော့ ဝေးနေမှာပါပဲ။'' (မောင်စံပေါ)
- အကျယ်ဖတ်လိုပါက click










No comments:
Post a Comment