RFA - 2014-07-10
ပခုက္ကူမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုသန်းနိုင်က အခုလိုပြောပါတယ်။
"၃ ရက်နေ့ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်နဲ့ ဟောပြောပွဲလုပ်မယ်ဆိုပြီးတော့ တင်ခဲ့တာမှန်ပါတယ်၊ ကျနော်တို့ ၈ ရက်နေ့မှာ တင်တာကတော့ ဒီ ၈၈ ကလည်း ဦးကိုကိုကြီး အပါအဝင် တင်ခဲ့တာပါ သို့သော်ငြားလည်းပဲ သူတို့ဟာ ဦးကိုကိုကြီးနဲ့တကွ တင်တဲ့အခါမှာကျတော့ ရက်ကပ်လွန်းတယ် ဆိုပြီးတော့ တင်တာကိုပဲ သူတို့က ငြင်းဆန်လိုက်တာပါ၊ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေဘောင်နဲ့ပဲ ဆောင်ရွက်ချင်တဲ့ အတိုင်းအတာပေါ်မှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ဦးစားပေးရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အေးအေးချမ်းချမ်းနဲ့ ဟောပြောခွင့်ရနေတာလေးကိုပဲ ကျနော်တို့က ကျေနပ်လက်ခံပြီးတော့ အားလုံးဝိုင်းဝန်းဆောင်ရွက်ဖို့ကိုပဲ ဆုံးဖြတ်ထားပါတယ်"
လာမယ့် ဇူလိုင်လ ၁၂ရက်နေ့မှာ ပခုက္ကူမြို့ မြို့ရှောင်လမ်းမှာရှိတဲ့ ကွင်းပြင်မှာ ကျင်းပမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင်aက်ာမတီဝင် ဦးဝင်းမြင့်တို့ ဟောပြောမှာဖြစ်ပါတယ်။
ဆက်စပ်သတင်း
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အရပ်ဘက်အဖွဲ့များနှင့် လူထု ပါဝင်ရေး ဆွေးနွေး click
- ငြိမ်းချမ်းရေးဆွေးနွေးပွဲ လူထုပါဝင်ဖို့ အရပ်ဖက်အဖွဲ့တွေ ဘာပြောလဲ (ရုပ်သံ) click











No comments:
Post a Comment