ပိုင်စိုး
ဒီဗွီဘီ - 10 July 2014
ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂရုံးခန်းက သမဂ္ဂအလံနဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ချခံလိုက်ရတဲ့အတွက် သမဂ္ဂ၀င် ကျောင်းသား ၅၀ လောက် ကျောင်းဝင်းထဲမှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
တက္ကသိုလ်က နားနေဆောင် ၁ ကို ပြီးခဲ့တဲ့ တပတ်လောက်ကစလို့ ယာယီရုံးခန်းလုပ်ထားတာဖြစ်ပြီး မနေ့ညက အလံနဲ့ ဆိုင်းဘုတ် အဖြုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒဂုံတက္ကသိုလ်ထဲမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခဲ့တာ ၂ နှစ်ရှိခဲ့ပေမယ့် ရုံးခန်းနေရာ တောင်းတာ မရခဲ့ဘူးလို့ သမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူက ပြောပါတယ်။
ဒီအတွက် စားသောက်ဆိုင်တခုမှာ စုရပ်လုပ်ပြီး သမဂ္ဂအလုပ်တွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ကို ကူညီထောက်ခံတဲ့ အဲဒီစားသောက်ဆိုင်ကိုလည်း ကျောင်းအာဏာပိုင်တွေက ခြိမ်းခြောက်တာတွေရှိတယ်။” သမဂ္ဂအလံနဲ့ ဆိုင်းဘုတ် ဖြုတ်ချခံရတဲ့အပေါ် ဒီနေ့ နေ့လယ်က ပါမောက္ခချုပ်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။
အခုလိုအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ခံရတာဟာ ပါမောက္ခချုပ်အမိန့်နဲ့ဖြစ်တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။ ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက “ကြွေးကြော်သံတွေ စီစဉ်ခဲ့ပေမယ့် ဒီနေ့တော့ ကျောင်းသားရေးရာကနေ အ၀ိုင်းကိုပတ်ပြီး ရုံးခန်းကို လမ်းလျှောက်တာပဲလုပ်ခဲ့ပါတယ်။ နောက်အကြိမ်တွေမှာတော့ ဒါထက်ပိုပြီးပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်မှာပါ” လို့ ပြောပါတယ်။
ဆက်စပ်သတင်း
- ဒဂုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ click
- ကျောင်းသားသမဂ္ဂရုံး ဖွင့်ခွင့်မပေး၍ ဒဂုံတက္ကသိုလ်ကျောင်းသားအချို့ ဆန္ဒပြ click
- နားနေဆောင်တွင် ချိတ်ဆွဲထားသော ကျောင်းသားသမဂ္ဂအလံ(ခွပ်ဒေါင်းအလံ)အား ကျောင်းတာဝန်ရှိသူများက ဖြုတ်ယူသိမ်းဆည်းသဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ click
- ဆဲဗင်းဇူလိုင်အခမ်းအနား ကျောင်းတာဝန်ရှိသူအချို့ တားမြစ်၍ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဆန္ဒပြ click











No comments:
Post a Comment