ကိုထွေး
DVB - 2 July 2014
လယ်ယာမြေနဲ့ တခြားမြေများ သိမ်းဆည်းခံရ မှုကြောင့် ပြည်သူလူထုများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ ကိစ္စရပ်တွေနဲ့ မြေယာ အမှုတွဲတွေအပေါ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ ဖြေရှင်းဆောင်ရွက်မှု အခြေအနေနဲ့ စပ်လျဉ်းပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ညွန့်က ရှင်းလင်းခဲ့တာပါ။
အမှုပေါင်း ၆၉၉ မှု အတွက် သိမ်ဆည်းမြေဧက ၄၇၃၉၇၉ ဧက ကျော်ရှိနေပြီး ပြန်မစွန်လွှတ်တဲ့ မြေဧက ၃၅၁၇၃၃ဧက ကျော်ရှိနေတဲ့အကြောင်း သူက ရှင်းလင်းခဲ့တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
စွန့်လွှတ်သွားမယ့် လယ်ဧက အရေအတွက်ဟာ ၁ သိန်း ၂ သောင်းသာ လျာထာပြီး တချို့တ၀က်သာ သိမ်းဆည်းခံရသူတွေ လက်ဝယ်ကို လွှဲပြောင်းပေးနိုင်ကြောင်းနဲ့ ပြန်လည် လွှဲပြောင်းပေးရာမှာလည်း ပိုင်ရှင်အစစ်မှန်နဲ့ပတ်သက်လို့ ပြဿ နာတွေ၊ ကြန့်ကြာမှုတွေ ရှိနေတဲ့အကြောင်း လွှတ်တော်အမတ်တွေက ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။
စိုက်ပျိုးမွေးမြူရေးအတွက်ဆိုပြီး စစ်တပ်က သိမ်းဆည်းခဲ့တဲ့မြေတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်ပေးစေချင်ကြတယ်လို့ သူက ပြောပါတယ်။
အစိုးသစ်လက်ထက်မှာ လယ်ယာမြေပြသနာကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးဘဲ သိမ်းဆည်းခံလယ်သမားတွေက ထွန်တုံး တိုက်ပွဲဝင်တာ၊ ဆန္ဒပြတာတွေ မြန်မာနိုင်ငံတ၀န်း ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပွားနေသလို အုပ်ချုပ်ရေးပိုင်းနဲ့ ကုမ္ပဏီတွေကလည်း လယ်သမားတွေကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးးပျက်စီးစေမှုတွေနဲ့ တရားစွဲဆိုနေကြပါတယ်။
ဆက်စပ်သတင်းများ
- ဒီဇင်ဘာလမှာ သိမ်းယူလယ်မြေ ဧက ၁ သိန်း ၂ သောင်းကျော် ပြန်ပေးမည် click
- သိမ်းဆည်းခံ လယ်ယာမြေများအရေး (ရုပ်သံ) click
- သိမ်းဆည်းမြေ ၄ သိန်းကျော်ထဲ မစွန့်လွှတ်နိုင်တဲ့မြေ ၃ သိန်းခွဲကျော်ရှိ (ရုပ်သံ) click
- နေပြည်တော် သိမ်းဆည်းလယ်မြေများ ပြန်ရရေး လွှတ်တော်တွင် တောင်းဆိုမည် click











No comments:
Post a Comment