Sunday, August 18, 2013

ဆိုနီယာဂန္ဒီလို အရှိန်အ၀ါကြီးတဲ့ အခန်းကဏ္ဍမျိုး နည်းလမ်းတသွယ် (ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုချက်)

“ဆိုနီယာဂန္ဒီလို အရှိန်အ၀ါကြီးတဲ့ အခန်းကဏ္ဍမျိုး နည်းလမ်းတသွယ်”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ အိန္ဒိယက ကွန်ဂရက်အိုင်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီ (အီတလီဖွား) လို သြဇာအရှိန်အ၀ါကြီးတဲ့ ပါတီဥက္ကဌအဖြစ်နဲ့ပဲ နေပြီး NLD ပါတီထဲကနေ မန်မိုဟန်ဆင်းလို လူမျိုးကို မွေးထုတ်ဖို့လည်း နည်းလမ်းတသွယ်အနေနဲ့ စဉ်းစားပြင်ဆင်ထားဖို့ လိုတယ်လို့ အကြံပြုချင်ပါတယ်။

သြဇာအရှိန်အ၀ါကြီးတဲ့ ပါတီဥက္ကဌအဖြစ်နဲ့ပဲ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ပဲ့ကိုင်ရင် လွှတ်တော်ပြင်ပနိုင်ငံရေးကိုပါ အားကောင်းမောင်းသန် ပိုလုပ်ဆောင်နိုင်မှာဖြစ်သလို အငြင်းပွားစရာဖြစ်နေတဲ့ သမ္မတအရည်အချင်းဆိုင်ရာ ဖွဲ့စည်းပုံပြဿနာနဲ့လည်း လွတ်ကင်းသွားမယ်လို့ ထင်တယ်။

သမ္မတဖြစ်နိုင်မယ့်လမ်းကို ကြံ့ဖွံ့မောင်တွေက အကြံအစည်တမျိုးနဲ့ လမ်းဖွင့်ပေးတယ်ပဲထားဦး၊ အလွန်ဆုံး ဒေါက်တာစိုင်းမောက်ခမ်းလို ဒု-သမ္မတလောက်ပဲ ဖြစ်ပြီး ရုပ်သေးဘ၀နဲ့ နာမည်ပျက်ရမယ့်အတူတူ အထက်က အကြံပြုခဲ့တဲ့လမ်းကိုလည်း စဉ်းစားစေချင်တာပါ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၁း၀၇ နာရီ
၁၈-၈-၂၀၁၃

7 comments:

linlet-journal said...

ပညာရှိသတိဖြစ်ခဲ ဆိုတဲ့အတိုင်းဘယ်လိုလူမျိုးမဆိုအကြံပေးဆိုတာလိုအပ်ပါတယ်။

S.Maung Chain said...

The best idea for DASSK and for our peoples.

Oburma said...

ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားပါသည်။ သို့ သော်........

သူမသည် မြန်မာပြည်နှင့် ကာလကြာရှည်စွာခွဲခွာနေရသည့်အတွက်ကြောင့်၎င်း၊ တိုင်းတပါးတွင်ကြီးပြင်းခဲ့ရသည့်အတွက်ကြောင့်၎င်း မြန်မာပြည်သူတို့ ၏ နှလုံသားခံစားချက်များကို မျှဝေမခံစားတတ်ပါ။

သူမ၏ စွန့် လွှတ်အနစ်နာခံ၍တိုင်းပြည်အတွက် လုပ်ဆောင်ပေးခဲ့မူ့ များကိုကျေးဇူးတင်သော်လည်း အမျိုး ဘာသာ သာသနာအတွက် မျက်ကွယ်ပြုမူ့ ကို များစွာစိတ်ပျက်မိပါသည်။

ဝါးလုံးချီးသုတ်ရမ်း၍ ဗုဒ္ဓဘာသာတခုလုံးကိုစော်ကားသော Time မဂ္ဂဇင်းကို ဝေဖန်ချက်မထုတ်၊ တှံဏှိဘာဝေ ဆိတ်ဆိတ်နေခြင်း၊(သဘောတူသည့်လက္ခဏာ)၊

မလေးရှားတွင်အသတ်ခံနေရသော မြန်မာလူမျိုးများအတွက် တခွန်းတလေမှ ပြောဖေါ်မရခြင်း၊

ရခိုင်အရေးတွင်လည်း လူ့ အခွင့်အရေးဗန်းပြ၍ ဆန့် ကျင်ဝေဖန်ချက်ထုတ်ခြင်း၊

အဆိုးဆုံးအချက်ကား တဏှားရူးမွတ်ကုလားများ၏ အခွင့်အရေးဖြစ်သော ဗုဒ္ဓဘာသာဝင်အမျိုးသမိးမျာကိုလိမ်လည် လှည့်ဖျားလက်ထပ်ယူခြင်း၊မယားငယ်ဇာတ်သွင်းခြင်းတို့ ကို အကာအကွယ်ပေးနိုင်သော ဆရာတော်ကြီးများ၏ မျိုးစောင့် ဥပဒေကို မထောက်ခံသည့်အပြင် ရူံချခြင်းတို့ သည် သူမအား သမတ မဖြစ်စေချင်သော မြန်မာပြည်သူပြည်သားတို့ ၏ အဓိကခိုင်လုံသောအကြာင်းပြချက်များဖြစ်ပါသည်။

ငြိမ်းချမ်းစွာ သဘောကွဲလွဲခွင့်ရှိပါသည်။

သို့ သော် ဒီမိုကရေစီစနစ်အရ အများဆန္ဒနှင့်အညီ မဲခွဲဆုံးဖြတ်နိုင်ကြပါသည်။

thar said...

Dr.Swe,
I think you are right. She should stay as a public leader not on leader of the country. It is the best way to support the country and her own party.
My opinion, she should talk with 88 generation before 2014 and led lead 88 generation to the party. She should stay as honor president or adviser position to guide the party. Then the NLD would be more strong with new leader and new strategy.

Unknown said...

အမျိုးစောင့်များအားအကြံပြုပါရစေ။ပထမနိုက်ကလပ်များအလျှင်ပိတ်ပါ။ပြီးမှမွတ်ကလားကိစ္စလုပ်စေချင်ပါသည်။

Ven. Pandita said...

ဆိုနီယာဂန္ဒီလို လုပ်ဖို့ ဒေါ်စုအတွက် အဆင်မပြေပါ။ ဆိုနီယာမှာက သူ့လို နိုင်ငံရေးအရှိန်အ၀ါမကြီးပေမယ့် အင်မတန် အရည်အသွေးပြည့်တဲ့သူတွေ သုံးစရာအများကြီးပါ။ ဒေါ်စုမှာက အဲဒီလို မဟုတ်ပါ။ NLD ထဲမှာလဲ ရှားတယ်။ ပါတီမရွေးမူဝါဒနဲ့ ကြံ့ဖွံ့ထဲ ရှာရင်လဲ စာရိတ္တကောင်းတဲ့သူကိုတောင် အတော်ရှာယူရမယ့် အနေအထားပါ။

ဦးသိန်းစိန်မဆိုးပါ။ ဒါပေမယ့် ဗမာပြည်အနေအထားနဲ့ မဆိုးဘူး ပြောနေရတာဖြစ်ပြီး တကယ့်ကမ္ဘာ့အဆင့်မှီ အနေအထား မဟုတ်ပါ။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်က ဒေါ်စုက အုပ်ချုပ်ရေးကို ပိုင်ပိုင်နိုင်နိုင်လုပ်ပြနိုင်မှသာ နောင် အရပ်သား နိုင်ငံရေးသမားအဆက်ဆက်ကို စစ်တပ်က ယုံကြည်လေးစားနိုင်မှာ ဖြစ်လို့ပါ။

genius said...

Oburma နဲ. Ven. Pandita တို.ပြောတာမှန်ပါတယ် ။
ပြည်သူတွေရဲ.အသံကို ဘယ်သူဖြစ်ဖြစ် နားထောင်ရပါမယ် ။