Friday, March 15, 2013

လွန်စွာ စိတ်ထိခိုက်ရပါသည်

လွန်စွာ စိတ်ထိခိုက်ရပါသည်
စိန်သံလုံး

(၁)။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လုပ်သင့်ပါသည်ဟု ဒေသခံ ပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုပြီး ဦးပိုင်ကုမ္မဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္မဏီအကြိုက် အစီရင်ခံစာ ထုတ်ပြန်မှုတခု ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ပြခဲ့ပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၂)။ ထိုစုံစမ်းစစ်ဆေးရေး ကော်မရှင်က လပေါင်းများစွာ အချိန်ကြာကြာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ထွက်ရှိမည့် အဖြေကို ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူအကြိုက် ဖြစ်ချင်မှဖြစ်မည်ဟူ၍ ကြိုတင်ပြောဆိုခဲ့ပါသည်။ ယခုလည်း စစ်တပ်ဦးပိုင်အကြိုက်၊ တရုတ်ဝမ်ပေါင်အကြိုက် ဘက်လိုက်ခဲ့သည်ဟု အများပြည်သူက ဝေဖန်ပြောဆိုနေပါသည်၊ မျှတမှုမရှိဟု ဝေဖန်သုံးသပ်ခြင်း၊ ဆန္ဒပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းများ၊ အားမလို အားမရ ဖြစ်ခြင်းများ ဖြစ်ပေါ်နေပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၃)။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ ဆန္ဒပြ သံယာတော်များကို ၂၉. ၁၁. ၂၀၀၂ က ဖြိုခွင်းခဲ့စဉ်က မီးလောင်ဒဏ်ရာရ သံယာတော်များ ခုချိန်ထိ ဆေးရုံမှ မဆင်းရသေး၊ ဆင်းခဲ့သူများသည် စိတ်မချရသေး၊ ခန္ခာကိုယ်တွင် အဆိပ်များ ပျံနှံ့နေမှုများ ကုသနေရသေးသည့် အခြေအနေများမှာ ငြင်းကွယ်၍ မရပေ။ လက်ရှိ ထင်ထင်ရှားရှား ကုသနေရဆဲ ဖြစ်ပါသည်၊ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဆေးကုသနေသော ဦးဇင်းကြီး ဦးတိက္ခဥာဏမှာလည်း ထိုင်းဘတ်ငွေများ သန်းချီ ကုန်နေသော်လည်း အရှင်းပျောက်ကင်းမှု မရှိကြောင်း သိရပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၄)။ ဒဏ်ရာရ သံဃာတော်များမှာ မီးလောင်ဒဏ်ရာများနှင့် သက်သေခံနိုင်သော်လည်း စုံစမ်းစစ်ဆေးကော်မရှင်က မီးခိုးဗုံးဟု တွင်တွင်သုံးနေသည်။ အကြမ်းဖြိုခွင်းမှုအတွက် တာဝန်ယူရန် တိုက်တွန်းထားခြင်း မရှိသည့်အပြင် ဒဏ်ရာရ သံဃာတော်များ လူဖြစ်ရှုံးရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို မျက်ကွယ်ပြုထားသည်ကို တွေ့ရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဖွဲ့စည်းပေးသည့် အစိုးရအကြိုက်သာ ဆောင်ရွက်သည်ဟု ပြည်သူအများက ယူဆနေကြပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၅)။ မီးလောင်ဒဏ်ရာရ သံဃာတော်များ၏ ဒဏ်ရာများက မီးခိုးဗုံးမဟုတ် မီးလောင်ဗုံး ဖြစ်သည် ဆိုသည်မှာ ငြင်းလို့ရမည် မဟုတ်ပေ၊ စုံစမ်းရေးကော်မရှင်မှ ဥက္ကဌနှင့် တာဝန်ရှိသူများ ကိုယ်တိုင် မခံရသေး၍ ကိုယ်ချင်းစာစိတ်မရှိသူများဟု သတ်မှတ်ရပါတော့မည် (အကြံပြုလိုသည်မှာ ကိုယ်တိုင် အပစ်ခံကြည့်ပါ)။ ထိုအခါ မီးခိုးဗုံးပါဟု ပြောတော့မည်မဟုတ်ပါ၊ အမှန်တရား ပေါ်ပေါက်ရေးအတွက် လူထုခေါင်းဆောင်ဆိုသူများ အရှက်တရား ထားစေလိုပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၆)။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင် ဒီမိုကရေစီ မိခင်ကြီးဟု ထင်မှတ်ယုံကြည်ခဲ့သူများ ရှိပါသည်၊ လက်ပံတောင်းကိစ္စ ကိုင်တွယ်ပြလိုက်သောအခါ ယုံကြည်မှုများ၊ အားကိုးမှုများ အထင်ကြီးမှုများမှာ သဲထဲရေသွန်မိသလို ဖြစ်သွားပါသည်ဟု ပြောဆိုဝေဖန်နေကြပါသည်။ အလွန်နှမြောရသည်မှာ ဘမျိုးဘိုးတူ အဖေတူသမီးဟု တင်စားခွင့် ဆိတ်သုဉ်းသွားခြင်းဖြစ်ပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၇)။ ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို လိုက်နာပါမည်ဟု အစီရင်ခံစာ မထွက်ခင် အတော်စောစောပိုင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ကြိုတင်ပြောကြားခဲ့ပါသည်၊ ယခုလို အဖြေမျိုး ထွက်မည်ဟု ကြိုတင်သိ၍ ပြောခဲ့ခြင်းဟု ထိုစဉ်က သံသယဖြစ်ခဲ့မိပါသည်၊ ထင်ခဲ့သည့်အတိုင်း သံသယရှိခဲ့သည့်အတိုင်း ဖြစ်လာသောအခါ တိုက်ဆိုင်မှုပါဟု ပြော၍မရတော့ပါ။

တရုတ်သံအမတ်ကြီး တာဝန်မလွဲပြောင်းမီ မတ်လ ၅ ရက်နေ့က ဒေါ်စုကို နေပြည်တော်သို့ လာရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်၊ ယခင်က ယခုလို လူရာမသွင်းခဲ့သော တရုတ်အကြံအစည်နှင့် လုပ်ရပ်များက ထူးဆန်းနေပါသည်၊ ယခုမှ သဘောပေါက်ရပါတော့သည်၊ ၀န်ကြီးဦးအောင်မင်းကလည်း တရုတ်ကို ကြောက်ရပါသည်ဟု လက်ပံတောင်းတွင် ပြောကြားခဲ့သည်မှာ ယခုမှ မှန်ကန်ကြောင်း ဆင်ခြင်မိပါတော့သည်၊ အဆီကို စား အသားကို မျိုနေသော တရုတ်၏ လုပ်ရပ်များသည် ကြာလေလေ ခိုင်မြဲလေလေ သီချင်းကို ဆိုရပါတော့မည်၊ ဘာဘဲဖြစ်ဖြစ် တရုတ်၏ လက်ဝါးကြီးအုပ်မှုကို လက်ရှိအစိုးရအဖွဲ့ သိသိသာသာရော မသိမသာရော လက်ခံနေကြောင်း ထင်ရှားပေါ်လွင်နေသည်ဟု ပြည်သူအများက ယုံကြည်နေကြပါသည်။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၈)။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးသည် ဒေသခံပြည်သူများ၏ လိုလားချက် ဆန္ဒတခုဖြစ်သည်၊ ရေရှည်တွင် မြန်မာနိုင်ငံအတွက် အကျိုးထိခိုက်မှုများ ရှိနေသဖြင့် ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေခြင်းဖြစ်သည်ကို ကမ္ဘာက သိနေကြသည်၊ မြန်မာက လူတစုက မသိချင်ယောင်ဆောင်၍ ဦးပိုင်နှင့် ၀မ်ပေါင်အကျိုးကို မလွန်ဆန်နိုင်သော ငြိမ်းချမ်းရေးဆုရှင်၏ ငြိမ်းချမ်းရေးဆန့်ကျင်မှု၊ ငြိမ်းချမ်းရေး မလေးစားမှု၊ ဆူပူမှုကို ပိုမိုကြီးထွားစေသော အစီရင်ခံစာကို တာဝန်ယူ ထုတ်ပြန်မှုကို မည်သို့ နားလည်ရမှန်းမသိအောင် အံ့သြမိပါသည်၊ ထို့ကြောင့် မကြာမီ လက်ပံတောင်းဒေသတွင် ရဲနှင့်ပြည်သူ ကြည်ဖြူရန် မရှိတော့ပါကြောင်း အကြမ်းဖက် ဖြိုခွင်းမှုများ ပိုမိုအတင့်ရဲလာတော့မည်ဖြစ်ကြောင်း ဗေဒင်ဆရာများထံ သွားရောက်မေးမြန်းရန် မလိုတော့ပါ။

ထို့အတွက် --- လွန်စွာ စိတ်ထိခိုက်ရပါသည်။

(၉)။ ငြိမ်းချမ်းရေး နိုဗယ်ဆု အပါအ၀င် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဆုတံဆိပ်ပေါင်းများစွာ ရရှိနေသူက မြန်မာပြည်တွင် ငြိမ်းချမ်းရေး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ဟန့်တားခြင်း၊ အမုန်းခံ ပြောဆိုခြင်းမရှိဘဲ ငြိမ်းချမ်းရေး ရရှိရန် ပါဝင်ဆောင်ရွက်ခြင်း မရှိသည်ကို ထူးဆန်းစွာ မြင်တွေ့နေရပါသည်၊ ဥပမာ - ကချင်ကိစ္စ၊ ရခိုင်ကိစ္စ၊ ဘင်ဂါလီကိစ္စနှင့် လယ်သမားအရေး အလုပ်သမားအရေး မတရားအနိုင်ကျင့်ခံရမှုများတွင် ပါဝင်ရပ်တည် ပြောဆိုခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် လူထုခေါင်းဆောင် မဟုတ်တော့ကြောင်း လူထုအားကိုးထိုက်သူ မဟုတ်တော့ကြောင်း လူထုအများက ဆုံးဖြတ်လိုက်ပြီဖြစ်ပါသည်။

ထို့အတွက် --- ထို့အတွက် --- လွန်စွာ - လွန်စွာ - လွန်စွာ စိတ်ထိခိုက်ရပါသည်။

စိန်သံလုံး

28 comments:

genius said...

လုပ်ငန်းတာဝန်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည် လုပ်လုပ်
ဦးမင်းကိုနိုင် လုပ်လုပ် ၊အခြား ဘယ်လို ပုဂ္ဂိုလ်ကြီးလုပ်လုပ်
လူအများက မှားတယ်ဆိုရင် မှားလို.ပါ ၊ အစစ တိုးတက်လာတဲ. ခုကာလမျိုး မှာ ပိုပြီး အမှန်တရား ကိုဖုံးကွယ်ဖို.ခက်ပါတယ် ။ ပြည်သူ.အသံကအဓိကပါ ၊
အဓိက က လူအများလက်မခံရင် အဲဒါကို ဆက်မလုပ်ဖို.
လိုပါတယ် ၊ လူအချင်းချင်း တန်းတူ အခွင်.အရေး ရှိရပါမယ် ၊ တိုင်းပြည်သယံဇာတ ကို(အစိုးရအပ) ယူလိုရသူ ၊ယူလိုရတဲ.အဖွဲ.က ၀င်ယူတယ် ၊ နိုင်ငံတော်
အကြီးအကဲ အဖွဲ. အစည်းဆိုတာတွေကလည်း မပြောရဲ
မဆိုရဲ ကြည်.နေရတယ်ဆိုတာ မျိုးက နိုင်ငံတော် ကို
အုပ်ချုပ်သူတွေလည်း သမိုင်းကြောင်း အမည်းစက်ဖြစ်
သွားမှာပါ ၊ ကျနော်.အမြင်ကတော.ဒီကိစ္စ ပြသနာတွေဟာ အုပ်ချုပ်ရေးယန္တရား
ကိုထိပ်ပိုင်းက နေရာယူထားသူများရဲ.ပြည်သူများအပေါ်
သစ္စာဖေါက်မှု ၊အမှန်တရားကိုဆောင်ရွက်၇န်မ၀ံ.၇ဲမှု ၊
အလို၇မက်ကြီးမှုတွေ ကြောင်.ဖြစ်ရတာလို.ပြောချင်ပါတယ် ။ ။ ။
အဓိက က ပြည်သူ.တွေ၇ဲ.အသံ ကိုနားထောင်ပါ ၊ဆန္ဒထုတ်ဖေါ်တဲ.
ပြည်သူတွေကို လက်နက် အားကိုး နဲ.မလုပ်ဖို.ပါ ။

MMT said...

"အထွေထွေ မကျေနပ်ချက်များအား ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံမချသင့်ဟု စာရေးဆရာဆရာဦးကျော်ဝင်း သုံးသပ်"
======================================
အစီရင်ခံစာကတော့ ကျွန်တော့်အမြင်ပြောရရင် တတ်နိုင်သလောက် ကိုယ့်ဘက်က နစ်နာဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားထားတာလို့ မြင်တယ် အခုအခြေအနေမှာ ကော်မရှင်က အကြံပြုတာဟာ အကောင်းဆုံးအဖြေပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ယေဘုယျပြောရရင်တော့ ကျွန်တော်ကတော့ ဘ၀င်ကျတယ်။ လက်ရှိဆန္ဒပြနေတဲ့ ကိစ္စတွေကို ကျွန်တော်နားလည်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောသူတောင်သား ၊တော်သူတောင်သားမှ မဟုတ်ပါဘူး ကျွန်တော်တို့ တွေလည်းအပါအ၀င်ပေါ့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဓါးမဦးချ လယ်ကို မဆုံးရှုံးချင်ကြဘူးပေါ့ဗျာ။ ဆန္ဒပြခွင့်လည်း ရှိနေတော့ ဆန္ဒပြကြတာဟာ သူဟာနဲ့သူတော့ သဘာဝါကျပါတယ်။ သို့သော် တစ်ခုရှိတာက ဆန္ဒပြမယ်ဆိုလို့ရှိရင်လည်း ဘောင်တစ်ခုအတွင်းက ပြနိုင်ကြဖို့တော့လိုတာပေါ့ဗျာ နို့မို့ရင် မကောင်းဘူးပေါ့။ နောက်တစ်ခုက အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးစားပြီးတော့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားတာပဲ အဲ့ဒါကို သူ့အပေါ် နားလည်ပေးဖို့လိုမယ်။ အဲ့တော့ အထွေထွေ မကျေနပ်ချက် တွေကို သူ့အပေါ်ပုံချတာကတော့ သိပ်သဘာဝမကျဘူးလို့ ထင်တယ် ဒါကတော့ စဉ်းစားစေချင်တယ်

MMT said...

မနေ့က အင်မတန်စိတ်မကောင်းလဲဖြစ် ဒေါသလဲဖြစ်ရတယ်။သေသွားတော့မှ အာဇာနည်အဖြစ် သတ်မှတ်ပြီး လွမ်းစာတွေ ဖွဲ့တာ လက်မခံဘူး။ သူ ၆၇ နှစ်ရှိပါပြီ။ အချိန်မရှိပါဘူး။ သူလုပ်နိုင်တုန်းလေးမှာ လက်တွဲနိုင်တာ တွဲပါ။ မတွဲနိုင်ရင် ယဉ်ယဉ်ကျေးကျေး သဘောကွဲပါ။ဝေဖန်ပါ။ ဆွေးနွေးပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ နိုင်ငံရေး ညစ်လုံးတွေ သတ်လုံးတွေနဲ့တော့ ခါးအောက်ပိုင်း မထိုးနဲ့။ လူကြီးလူကောင်းလို ယှဉ်ပါ။ သူလုပ်တာကို လက်မခံရင် ခင်ဗျားတို့ တခြားရွေးချယ်စရာပေးပါ။ အကုန်လိုက်ဖျက်မယ် ဆန့်ကျင်မယ်ဆိုရင် ဒီမြန်မာလူထုအတွက် ဘာအကျိုးရှိမှာလဲ။

စစ်အုပ်စုရဲ့ လူထုလို့ နာမည်တပ်သူတွေက က ဒီစစ်ကိုင်းတိုင်းထဲက ဒီပဲရင်းမှာဘဲ ၂၀၀၃က ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ခုတခါ ဒါမျိုးအဖြစ်မခံနိုင်ပါဘူး။ နောက်ကွယ်က မြှောက်ပေးသူတွေရော မနေ့က ရန်ကုန်ကလာတဲ့ သပိတ်သမားတွေရောသိထားသင့်တာက လူထု လူထု ဆိုပြီး လူတအုပ်နဲ့တော့ မခြိန်းခြောက်နဲ့။ ရန်ပြူဖို့ မကြိုးစားနဲ့။ ၁၉၉၀ မှာရော ၂၀၁၂ မှာရော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြို နိုင်ခဲ့တာ ဒီမြန်မာပြည်သူလူထုကြောင့်ပါ။

နေသန်မောင် မနေ့ကကိုးကားတဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားလေး ပြန်မျှချင်တယ်။
"ဘာလူထုလဲ။ ခင်ဗျားတို့တစ်ယောက်နှစ်ယောက် ထင်တာလုပ်နေတာ လူထုလား။ ကျုပ်သိတယ်။ ဘာလူထုလဲ။ လူထုစကားပြောပြီး မုန်လာဥလာလုပ်လို့မရဘူး"

Lynnlynn Artist (အဆိုတော်လင်းလင်း)

Unknown said...

No worry Aunty Su. I support you. I do believe your brave decision is only for our lovely Country. Some of the activist doing their own business using those innocent people. Yes they all want to see collapse of the Country for their survival. Then they all get back finical support from western county and other Demo activist also they get political profit. That’s I understand survival for them all. So that they all must shout loud, bring innocent people to the road; create the conflicts, more violence then they get more and more famous by short cut way. I want to say them “You all can do this way. This is your own business. No needs to see not only innocent people faces but also Country. Go ahead. Just do it. No needs to respect the law. You all above the law”

Unknown said...

They are “ENEMY OF THE STATES”.

Unknown said...

မောင်ဝံသရဲ့  လက်ပတောင်းတောင်စီမံကိန်းပေါ်အမြင်
တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုရင် ဒေသခံမကျေနပ်တာ အပထား၊လုပ်ကိုလုပ်ရမယ်ဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငါက ရေမြေ့သခင်ဖြစ်တယ်
ဆိုပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီမဟုတ်တော့ဘူး။တိုင်းပြည်အကျိုးအတွက် ဒေသခံတွေက စတေးခံပြီးလုပ်ရမယ်ဆိုရင်
ဒါဟာ သဘာဝမကျဘူး။ ပီရူးမှာဆိုရင် သမ္မတကိုယ်တိုင်က အမိန့် ထုတ်တယ်။
“ဒေသခံပြည်သူလက်မခံရင် အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်စေကာမူ
ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ဆောင်ရ” ဆိုပြီး အမိန့် ထုတ်ပါတယ်။
အဲဒီလိုကမ္ဘာ့ အစဉ်အလာတွေလည်းရှိပါတယ်။ ဒေသခံက အနစ်နာခံရမယ်ဆိုရင် ဘယ်အတိုင်းအတာထိ အနစ်နာခံရမလဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေ
တောတောင်တွေ အကုန်လုံးဆုံးရှုံးပြီးမှ
အနစ်နာခံရမယ်ဆိုရင်လည်း
မဟုတ်သေးဘူး။တိုင်းပြည်အကျိုးစီးပွားရှိမယ်ဆိုတာ
ထက်ဘယ်သူကအကျိုးစီးပွားရှိမလဲဆိုတာ သေချာဂဃနဏ ပြန်စဉ်းစားသင့်ပါတယ်။

Unknown said...

Daw Su is protecting U Thein Sein Government. We should not believe whatever Daw Su said. I don't understand why Daw Su is changing her mind to protect the government rather than local people.

kyawthusukyi said...

လွန်စွာစိတ်ထိခိုက်ရပါသည် .. ဆိုရင် သေလိုက်တော့
ကိုယ်လည်းဘာမှမလုပ်တတ်ပဲ
ဒေါ်အောင်ဆန်းစုကြည်ရေ့ ဘာမှမလုပ်ပဲကိုယ်ဘာသာ
အလှပြင် တရားမှတ် နေတာပဲကောင်းတယ်
တိုင်းပြည်က ကြေနေပါပီ

kyawthusukyi said...

Go and Die quick ! Idiot !!
အလွန်စိတ်ထိခိုက်နေရင် ပါတီထောင် ရွေးကောက်ပွဲဝင်
ခေါင်းဆောင်ကောင်း အကျင့်သီလကောင်းအောင်လုပ်
လူထုသန်း၆ဝကျော်ကို ချမ်းသာသွားအောင်လုပ်
လူမွဲတွေ သူဌေးဖြစ်ပီ ဆိုသလိုပေါ့

Unknown said...

Most of people still believe in “CONFRONTATION”. They don’t know about the “NEGOTIATION”. They are “COMMUNISM”. They are not Democratic. You should look for 60 millions of people rather 6 thousands people.

Unknown said...

People asking for totally stop this project. If this is stopped, after------------
1. Government pays penalty.
2. No trust partner to FDI.
3. People still loose their farms.
4. None cure on environmental damage.
5. Never get back the mountains.
6. Activist will be famous.
7. DASSK get more support from people.
8. Activist will search to stop another project reason that environmental damage or people disagree.
9. Stop the next project.
10. Activist will become more and more famous.
11. Government pays penalty fees.
12. None of the investment for foreign will come.
13. Again and again such for newer projects to stop.
14. Stop and stop again.
15. Pay and pay more penalty fees.
16. No investment from other counties.
17. Jobless rate will be getting high.
18. Blame to Government.
19. Violence will rise out.
20. Again back next 40 years.

Very Good.

စန်ဒရာ said...

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက ဘာမှအရေးမကြီးဘူး
တောတောင်ကို ချစ်တတ်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စုံစမ်းရေးကော်မရှင်အစီရင်ခံစာမှာ ဘာပဲရေးထားရေးထား
ကင်မရာတွေရှေ့ မှာ ဒရာမာလုပ်ပြဖို့က ပိုအရေးကြီးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့လိုချင်တာ အနာဂတ်မဟုတ်ဘူး
ငါတို့ဖော်ဆောင်ချင်တာ အာဃာတ

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့ပြောချင်ရာ ပြောလို့ရပြီ
ရေးချင်ရာ ရေးလို့ရပြီ
အော်ချင်ရာ အော်လို့ရပြီ
ငါတို့ကို မဖမ်းတော့ဘူး
အခြေအနေ အားလုံးကောင်းသွားပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စစ်သားတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့မလိုဘူး
လုံးဝဥဿုံဒီမိုကရေစီအတွက်
သူသေကိုယ်သေ ဆော်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တတွေအတွက်
အမျှော်အမြင်ကြီးတဲ့၊ ရိုးသားတဲ့၊ ရဲရင့်တဲ့
ခေါင်းဆောင်ကောင်းတွေ ဒုနဲ့ဒေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဒီမိုကရေစီ ရှေ့ ခရီးအတွက်
အာပေါက်အောင်ပြောရမလား လာထားဆိုတဲ့
သွဲ့သွဲ့ဝင်း တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တွေရှေ့ မှာ
မှောက်ချည် လှန်ချည်နဲ့ လိုရာရောက်အောင်
နည်းပရိယာယ် ကျွမ်းကျင်လှတဲ့
ဟန်ဝင်းအောင် မားမားမတ်မတ်ရပ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်နောင်ရေး စိတ်အေးရအောင်
စစ်ရေးနဲ့ နိုင်ငံရေး နှစ်ဘက်စလုံးထူးချွန်တဲ့
တော်လှန်ရေးအလုံးကြီး ငုံထားတဲ့
ကမ္ဘာ့ခေါင်မိုးပေါ်က မိုးသီးဇွန်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဘဏ္ဍာရေးအတွက် ပူစရာမလိုဘူး
အပြည်ပြည်ဆိုင်ရာကနေ ဘယ်လိုတောင်းရမလဲဆိုတာ
နောကျေနေတဲ့
နိုင်အောင်နဲ့ ခင်ဥမ္မာတို့ လင်မယား အပြူးလိုက်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မဟာဗျူဟာနဲ့ ပတ်သက်လာရင်
ကွန်မြူနစ်မျက်လုံးနဲ့ ဝေဖန်သုံးသပ်တတ်ပြီး
အရင်းရှင်လို လေချဉ်တက်တတ်တဲ့
သူရိန်ကျော်ဇော် (ခေါ်) ဝတုတ် တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စဉ်းစားတာကနောက်မှ
ထစ်ကနဲဆို လမ်းပေါ်မှာ အော်ပြီးသားဆိုတဲ့
နော်အုန်းလှလဲ ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့အပေါ် မေတ္တာစစ်နဲ့ ချစ်ချစ်ပြတတ်တဲ့
ဘီဘီစီ လေတပ်ကြီးတခုလုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မွှန်နေတဲ့ ပြည်သူတွေအတွက် အိညက်အိညက်နဲ့ အမှောင်ခွင်းမယ့်
ဖေ့စ်ဘုတ်ချိုတူးဇော်(ရဲရဲတောက် ယူအက်စ်အေ) ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လိုအပ်လာရင် ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ကလော်ဆဲမယ့်
စင်ကာပူက ကိုပေါရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ပြည်သူတွေကို အွန်လိုင်းပေါ်ကနေ လမ်းမှန်ညွှန်ပြတည့်မတ်မယ့်
စတုတ္ထမဏ္ဍိုင်ကြီး မဲဆောက်လွဏ်းဆွေရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လူပုံနဲ့ လုပ်ရပ်က မနှဲလေးနဲ့တူပေမယ့်လဲ
အာဠာဝကလို လေလည်တတ်တဲ့
ကဗျာအောင်ဝေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
၄၇ထဲက ရိုင်းခဲ့တဲ့သမိုင်း
ရှေ့ ဆက်ပြီးလဲ ရိုင်းပါစေတော့။

(ဤကဗျာလိုလိုစာလိုလို စာစုတွင် မပါဝင်လိုက်ရဘဲ ကြွင်းကျန်ရစ်သော မြန်မာလူထုကြီး အားကိုးအားထားပြုနိုင်ရာ အမည်ရှင်များ သီးခံခွင့်လွှတ်ကြပါလေကုန်။)




ထလော့မြန်မာ said...

လူထုကအားကိုးရတဲ့အကြောင်းစားဝတ်နေရေးတဖက်
သားရေးသမီးရေးတဖက်နိုင်ငံရေးဆိုတာရင်ထဲမှာပဲရှိ
နေတာကြောင့်စားဝတ်နေရေးသားသမီးထည့်မတွက်
သူအငတ်ခံပြီးနိုင်ငံရေးထဲဘဝတွေမြုတ်ထားသူအား
လုံးဟာလူထုဦးဆောင်သူတွေပါငါနိုင်ငံရေးလုပ်တော့
မယ်ဆိုရင်ငါမိသားစုဝင်ဘယ်နှစ်ယောက်ရင်းနှီးမြုတ်
နှံပြီးပြီလဲနောက်ထပ်ဘယ်နှစ်ယောက်ရင်းနိုင်မလဲ
ဆိုတာဆုံးဖြတ်ပြီးမှလုပ်တာနိုင်ရေးသမားစစ်ပါ

May said...

လက်ပံတောင်းကို ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အလဲအလှယ်လုပ်ခဲ့ရပုံရပါတယ်။
သန်းရွှေဟာ ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးကို မက်လုံးပေးပြီး တောင်၃၃လုံးကို သိမ်းပိုက် ဒေါ်အောင်ဆန်းစုကြည်ကို
ပြည်သူတွေမုန်းအောင် ကျားတကောင်ကိုပြပြီးနှစ်ကွက် စားဖို့ပြင်ဆင်ထားပါပြီ။
တောင်၃၃လုံးရဲ့အကျိုးအမြတ်ကဘယ်လောက်ရှိမယ် ဆိုတာမခန့်မှန်းနိုင်သလို ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးဟာလဲ
ထင်သလို ဖြစ်လာမလာမပြောနိုင်သေးပါဘူး။
ဘယ်လိုလှဲ့ကွက်တွေသုံးလာဦးမယ်ဆိုတာစောင့်ကြည့်ရဦးမှာပါ။ ကောက်ကျစ်လှတဲ့ သန်းရွှေဟာလွယ်လွယ်နဲ့တော့ပေး
မှာမဟုက်သလို မတူညီတဲ့အရာနှစ်ခုကို လဲလှယ်ခြင်းကလဲ သဘာဝမကျ လှပါဘူး။
ဒါပေမယ့် သူ့လှဲ့ကွက်တွေထဲကို ဝင်မသွားကြဖို့ အရေးကြီးလာပါပြီ။ အားလုံးသတိရှိကြဖို့လိုလာပါပြီ။

Unity To Fight Dictatorship said...


- ပထမအချက်အနေနှင့် ဦးပိုင်နှင့် ဝမ်ပေါင်တို့က အကျိုးအမြတ်၏ရာနှုန်း၈၀ကျော် (ယခုအခွန်ပါယ်ထုတ်တာပါထပ်ပေါင်းလျှင် ၉၂ရာနှုန်းကျော်) ကိုဝေငှယူကြမည်ဖြစ်ပြီး ကျန်သည့်၈ရာနှုန်းကိုသာ တိုင်းပြည်က ခံစားရမည်ဖြစ်သည်ကို မည်သို့သောပညာရှင် အတွေးအခေါ်ကြီးမားသူက နိုင်ငံအတွက် အကျိုးများသည်ဟု သတ်မှတ်နိုင်သလဲ ဆိုတာ အလွန်စဉ်းစားစရာကောင်းသော အချက်ဖြစ်ပါသည်။ ထိုသို့သော တွက်ချက်ရောင်းချမှုမျိုးနှင့်ဆိုလျှင် စစ်အစိုးရလက်ထက်ကော၊ နောက်တက်လာချင်တက်လာ နိုင်သော ဒေါ်စုအစိုးရလက်ထက်ကော ရောင်းချတာအားလုံးက တိုင်းပြည်ကို လုံးလုံး အပေါစားရောင်းချသလို မဖြစ်ပဲနေမှာမဟုတ်တာကတော့ ရှင်းပါသည်။ မည်သည့်တွက်ချက်မှုနှင့်မည်သည့်ရှုထောင့်က ကြည့်ပြီး တိုင်းပြည်အတွက် ကောင်းကျိုးရှိသည်ဟု သုံးသပ်ရဲပြောရဲပါသနည်း။ သို့မဟုတ် အဘဦးဝင်းတင်ဝေဖန်သလို စစ်အစိုးရကို အလွန်ကို အလိုလိုက်အကြိုက်လုပ်ပေးချင်နေသောစိတ်များဖြင့် ဖုန်းပြီး ကြိုက်တာအကုန်ပေးမယ်စိတ်ပေါက်နေသော ကြောင့်လား။


သဘာဝပါတ်ဝမ်းကျင်အညစ်အညမ်းများသန့်စင်ရေးအင်ဂျင်နီယာတဦးအနေဖြင့် ကျွန်တော်သိထားသောရှုထောင့်မှပြောပါမည်။

- သဘာဝအရင်းအမြစ်များအကြီးအကျယ်ထုတ်ယူသောလုပ်ငန်းတို့တွင် လုပ်ငန်းမလုပ်ဆောင်မှီ သဘာဝပါတ်ဝန်းကျင်၊ လူသားများ၊ ရှားပါးတရိစ္ဆာန်များ၊ ထိခိုက်နိုင်မှုကို လေ့လာဆန်းစစ်သော Environmental Impact Assessment (EIA) ကိုလုပ်ဆောင်ရပါသည်။ ထိုဆန်းစစ်မှုတွင် အထက်ပါအကြောင်းအရာများသာမက ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ သမိုင်းအမွေနှင့်မှတ်တမ်းတင်အထွတ်အမြတ်ထားရာများအကြောင်းကိုလဲ ထည့်သွင်းဆန်းစစ်ရသည်။ ထိုသို့မလုပ်ပဲ ယဉ်ကျေးမှု၊ သမိုင်း အမွေတို့ကို တရုတ်အလိုကျပေးသင့်တယ်သတ်မှတ်လျှင် ကျွန်တော်တို့မြန်မာနိုင်ငံယဉ်ကျေးမှုနှင့်ပါတ်သက်တာအားလုံး၊ သမိုင်းနှင့်ပါတ်သက်တာအားလုံး၊ ဘာသာရေးဆိုင် ရာအထွတ်အမြတ်အားလုံး (ရွှေတိဂုံဘုရားအပါအဝင်) ရောင်းစားချင်သလိုရောင်းစားခွင့်ပြုတာဖြစ်နေပါမည်။ ကိုယ့်အမျိုး၊ ယဉ်ကျေးမှုအမွေအနှစ်တို့ကို ထိမ်းသိမ်းရေးကို အလေးထားရမည်ဖြစ်ပြီး တိုင်းပြည်ကို ရေတိုအကျိုးအမြတ်တခုရဘို့အတွက် ရောင်းစားတာမျိုးမလုပ်သင့်တာကိုလည်း လူမျိုးတိုင်းအသိဖြစ်သည်။ လူထုခေါင်းဆောင် တယောက်လုပ်ပြီး လူထုဘက်မှမရပ်တည်ပဲ မဟုတ်မမှန်လုပ်ထားသည့် ဦးပိုင်နှင့် ဝမ်ပေါင်တို့ဘက်လိုက်ခြင်းသည် အလွန်ရှက်စရာကောင်းသော ဖအေ့မျက်နှာချီးသုတ် သည့်လုပ်ရပ်ဖြစ်သည်။

ရေအဆင့်အတန်း၊ လေထုအဆင့်အတန်းတို့က နိုင်ငံတကာသတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိပဲ နိမ့်ကျနေသည်ကို ဖေါ်ပြထားသည်ဆိုလျှင် ကျေးဇူးတင်ရပါမည်။ သို့သော် ဝမ်ပေါင်တရုတ်တို့ကသူတို့လုပ်ငန်းရယူစဉ် မြန်မာနိုင်ငံမှ သတ်မှတ်ထားသော စည်းကမ်းများနှင့်ကိုက်ညီအောင်လုပ်ကြောင်းပြောပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သဘာဝပါတ်ဝန်းကျင်စည်းကမ်းများချမှတ်ထားရခြင်းမရှိသေးချေ။ ထိုဝမ်ပေါင်ကုမ်ပဏီအနေနှင့် အမေရိကန်နိုင်ငံတွင်သာ ထိုသို့လုပ်လျှင် မည်သို့သော အပြစ်ဒါဏ်မျိုး မည်သည့်လျှော်ကြေးမျိုးပေးဆောင်နေရမည်ကို စဉ်းစားကြည့်ပါ။ ဝမ်ပေါင်လို တရုတ်ကုမ်ပဏီကလဲ အမေရိကန်တွင် ဘယ်လောက်အမြတ်အစွန်းရရ သွားမလုပ်ပါ။ ကြိုက် သည့်နေရာကြိုက်သည့်ဘက်မှ သွေးစုတ်လို့ရသော မြန်မာနိုင်ငံနှင့် တည်ငြိမ်မှုမရှိသေးသော အာဖရိကနိုင်ငံများတွင်သာ အလုပ်လုပ်လေ့ရှိသည်။ တကယ်သာ သဘာဝ ပါတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် ယခုလက်ရှိဖြစ်ပြီးသောညစ်ညမ်းမှုကို ပြန်လည်သန့်စင်ရေးလုပ်ရမည်ဆိုလျှင်ပင် ဝမ်ပေါင်ကော၊ ဦးပိုင်ကော တရုတ်နိုင်ငံကော ဒေဝါလီခံ ကြရမည်ဖြစ်သည်။ တရုတ်ကို မျက်နှာသာပေးလိုသူတို့လဲ ထိုအထဲတွင် လိုက်ပါသွားကြရလိမ့်မည်ဖြစ်သည်။ သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပြီးလျှင် ပြန်လည် ထိမ်းသိမ်းရန် ငွေကုန်ကျေးကျလွန်စွာများ၍ မျိုးဆက်အဆက်ဆက်ချီကာလုပ်ရလေ့ရှိသည်။ အမေရိကန်တွင် ထိုသို့ဖြစ်ထားသော နေရာမျိုးကို အစိုးရစရိတ်ဖြင့် နှစ်ရှည်လ များလုပ်နေကြရဆဲရှိနေသေးသည်။ ဝမ်ပေါင်နှင့်ဦးပိုင်တို့အမြတ်ထုတ်ဘို့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံသားမျိုးဆက်သစ်များတို့ ပေးဆပ်ကြရမည်လော။ လက်ရှိဖြစ် ပြီးသားညစ်ညမ်းမှုကို ပင်မလုပ်နိုင်မရှင်းနိုင်သည့် ဝမ်ပေါင်နှင့်ဦးပိုင်က ဆက်လုပ်လျှင်ဘာဖြစ်မည်နည်း။
တရုတ်နိုင်ငံ၏သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ လူသားများအပေါ်ဂရုထားမှု လက်ရှိအနေအထားကိုလဲ လေ့လာကြည့်သင့်သည်။

စစ်အစိုးရအလိုကျလိုက်လုပ်ပေးချင်သောသူနှင့် စစ်အစိုးရအခွင့်ထူးခံများပေါင်းပြီး မဟုတ်တာလုပ်ကြသည်ကို လက်ဝါးနှင့်လိုက်ကာနေ၍ရမည်မဟုတ်ပါ။ ယနေ့ထိုဆိုးကြိုး များက မခြောက်လှန့်သေးလျှင်လဲ အနာဂတ်တွင် မျိုးရိုးစဉ်ဆက် ခြောက်လှန့်ခံရလိမ့်မည်ဖြစ်သည်။ တရုတ်နိုင်ငံက ရောက်လေရာရာမှာ အမြတ်ထုတ်ယူသွားသည်သာ ရှိ သည်။ မည်သည့်နေရာတွင်မျှ ကောင်းမွန်အောင်လုပ်ဆောင်ပေးသွားတတ်သည်မျိုးမရှိပါ။

ဦးနှောက်သုံးတတ်ကြစေလိုပါသည်။

ှဲKaung said...

“မနေနိုင်လွန်းလို့ ပြောရအုံးမယ်ဗျို့”

ဘာတဲ့……
“ဒေါ်စုအလိုမရှိ” တဲ့
“သမိုင်းတရားခံ” ဖြစ်သွားမယ်တဲ့
ကြားရသည်ရှိ
နားခါးဘိမို့
ပြောရအုံးမယ် ပြောအုံးမယ်ဗျို့…….။

ဆန္ဒပြ
ခပ်အအ ငနတွေ
မင်းတို့ရဲ့ဆန္ဒ
ပြင်းပြမှုကို လေးစားတယ်
အသိအမှတ်ပြုတယ်
ဒါပေမဲ့ ….
ဦးနှောက် မရှိတာ
အတွေးအခေါ်မရှိတာ
ဆင်ခြင်တုံတရားမဲ့တာ
ဒါတွေကိုတော့
လက်ခံဘို့ဝေး တွေးတောင်မတွေးခြင်ဘူး….။

ဒေါ်စုကိုကန့်ကွက်ရအောင်
ဒေါ်စုလုပ်တာတွေ မှားနေသလား
ဒေါ်စုလုပ်ခဲ့တာတွေ မှားခဲ့သလား
ပြောကြစမ်းပါ
ဒေါ်စုရဲ့
အနှစ်-နှစ်ဆယ်ကျော်သမိုင်းက
မှတ်ကျောက်တင်ခံရဲတဲ့ သမိုင်း
မရိုင်းခဲ့တာသေချာပါတယ်…..။

ဒေါ်စုကိုကန့်ကွက်ရအောင်
အစီရင်ခံစာက မှားနေသလား
ပေါ့ပေါ့တိမ်တိမ်လေး မတွေးနဲ့
အစီရင်ခံစာကို သေသေချာချာဖတ်
လေးလေးနက်နက်တွေး
ပညာသားလေးတွေ မြင်အောင်ကြည့်

ဦးနှောက်ရှိရင်
အတွေးအခေါ်လေးနည်းနည်းသုံး
ဆင်ခြင်တုံတရားလေးထပ်လောင်းလို့
အစီရင်စာရဲ့ အနာဂတ်ကို
ခြေဖျားလေးထောက်
မျက်မွှေးတစ်ထောက်ကျော်ကျော်
ကဲပြီးနော် ကြည့်လိုက်စမ်း
ကိုယ်ကျိုးမပါ ခဝါချလို့
နိုင်ငံတော်အတွက်
ပြည်သူအတွက်
လူ့အခွင့်အရေးအတွက်
တရားဥပဒေစိုးမိုးရေးအတွက်
တည်ငြိမ်အေးချမ်းရေးအတွက်
အတွက်ပေါင်းများစွာမြင်ရမှာမလွဲ
ဒေါ်စုဆိုတာ အဲဒါပဲလေ
ယုံကြည်အားကိုးလောက်တဲ့
အသိ သတိ ပညာပြည့်သူတစ်ယောက်ဆိုတာ
ငြင်းကြမလား…ငြင်းနိုင်ကြသလား……။

ခင်ဗျားတို့လည်းသိပြီးသား
ဒီကိစ္စက
စကတည်းကယဉ်သကိုဆိုတာမျိုး
ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းဒုတ်ဆိုတာ
ချောက်ကမ်းပါး အစွန်းနားသွားခိုင်းတာ
သူ့ကိုအသုံးချလိုက်တာဆိုတာ
ဒါတွေကို
သူမသိဘူးထင်လို့လား
သိသိကြီးနဲ့ကို
တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့
သစ္စာတရားကို ရင်မှာပိုက်ပြီး
မီးပုံထဲ ရဲရဲကြီး ခုန်ဆင်းပြလိုက်တာ
“တိုင်းပြည်နဲ့လူမျိုးအတွက်
အကျိုးရှိမယ်ဆိုရင်
သူ့ကိုအသုံးချနိုင်ပါတယ်
အသုံးချ ခံရဲပါတယ်” လို့ ပြောခဲ့တဲ့
သူ့လိုလူမျိုး
ထပ်ပြောအုံးမယ်
“စု”လိုလူမျိုး
ခင်းဗျားတို့ မြင်ဘူးကြသလား
ကြုံဘူးကြသလား
တွေ့ဘူးကြသလား
ခင်ဗျားတို့ ဖြတ်သန်းခဲ့ကြ
ကြားဖူးခဲ့ကြ
မ-ဆ-လ ခေတ်
န-အ-ဖ ခေတ်
စစ်အာဏာရှင်ခေတ်မှာ
ကောလဟာလလေးအဖြစ်နဲ့တောင်
ကြားဖူးခဲ့ကြသလား
ပြောကြစမ်းဗျာ ပြောစမ်းပါဗျ…..။


ဒီတော့….မေးလိုက်အုံးမယ်
သူ့လိုလူကိုမှ အလိုမရှိကြရင်
ဘယ်လိုလူကို လိုချင်တာလဲ
ကိုသန်းရွှေလိုလူလား
ကိုအေးလိုလူလား
ကိုခင်ညွန့်လိုလူလား
ကဲပြောကြ
စစ်အာဏာရှင်ကို
လက်ယပ်ခေါ်နေမိကြပြီဆိုတာ
တွေးမိကြရဲ့လား ….။

အောင်ဆန်းသမီး
အောင်ဆန်းစုကြည်ဆိုတဲ့သူ
တစ်သန်းအယောက်
တစ်ယောက်မရှိတဲ့သူ
အေးချမ်းပြည့်စုံတဲ့
မိသားစုဘဝလေးကိုစတေး
လင်ကိုစွန့် သားကိုခွါ
ရင်နာစရာဘဝကိုဖန်တီး
ပစ်ခွာခဲ့သူကြီးမို့
“တာဝန်မဲ့” သူကြီးလို့
ပြောကြမှာလား
ပြောကြလေဗျာ
ပြောကြစမ်းပါ…..

မိခင်တစ်ယောက်
အရွယ်မရောက်သေးတဲ့သားတွေကိုစွန့်ခွာ
လွယ်တယ်များထင်လား
ဇနီးတစ်ယောက်
အပြစ်မဲ့လင်သားကို ကြောခိုင်းခဲ့ရတာ
စိတ်ချမ်းသာမယ်ထင်လား
သူ့ခမျာ
စိတ်ဒဏ်ရာတွေ ပြန့်ကြဲ
ဘယ်လောက်တောင် ကြေကွဲရှာမလဲ
စာနာစိတ်ကလေးနဲ့
တွေးကြည့်ကြ
မိန်းမတစ်ယောက်အဖို့
မိသားစုကိုစွန့်လွှတ်ရတာ
ကြီးမားတဲ့ စွန့်လွှတ်မှုကြီးပါ

ဒါပေမဲ့ သိတယ်မို့လား
အောင်ဆန်းသမီးလေ
ပုဂ္ဂလိကခံစားချက်တွေကို
ရင်မှာသော့ခတ်
ကိုယ်ကျိုးနဲ့မိသားစုအကျိုးထက်
နိုင်ငံနဲ့ပြည်သူ့အကျိုး ဆောင်ရွက်တာ
ပိုပြီးအကျိုးကြီးမားတယ်လို့ဆုံးဖြတ်ကာ
ဒီလမ်းကိုသူကိုယ်တိုင်
ရွေးချယ်လျှောက်လှမ်းခဲ့တယ်
ကြီးမားတဲ့ “မဟာစာနာစိတ်”က
နိုင်ငံနဲ့ပြည်သူ့အကျိုးကို
ဆောင်ရွက်စေခဲ့တာပဲ
ဒါကြောင့်
အောင်ဆန်းစုကြည်ဆိုတဲ့ ဒေါ်စုဟာ
တာဝန်မဲ့သူတစ်ယောက်မဟုတ်ဘူး
“တာဝန်ယူရဲသူ”တစ်ယောက်
သူပြောတဲ့စကား
သူလုပ်တဲ့အလုပ်အတွက်
တာဝန်ယူရဲသူတစ်ယောက်ဆိုတာ
ကျုပ်ယုံကြည်တယ်

ဝင်္ကဘာလို
အကွေ့အကောက်ထွေပြား
လှည့်ကွက်တွေကြားထဲမှာ
ဒေဝဒတ်ဥာဏ်နဲ့
နောက်ကွယ်ကသွေးထိုး
ကိုယ်ကျိုးရှာလူတစ်စု
ဆူပူမှုဖြစ်မှထမင်းဝမဲ့သူ
ဒီလိုလူတွေရဲ့
အမြှောက် အပင့်
အကော် အထိုး
မရိုးတဲ့နည်းနာတွေ
မြင်အောင်ကြည့်
သိအောင်လုပ်
မှားမှန်းသိရင် နောက်ဆုတ်
ဒီလိုမှမဟုတ်ရင်
မင်းတို့စကားအတိုင်း
သမိုင်းရဲ့တရားခံ
သမိုင်းက ဒဏ်ခတ်တာခံရလိမ့်မယ်….။
(နဂါးမာန်)

Unknown said...

ရလဒ်ကတော့ အစီရင်ခံစာကို တလုံးတပါဒမျှ မဖတ်ရသေးသော၊ နားမလည်သော emotional ဖြစ်နေသည့် ဒေသခံ လူတစ်စု၊ နှစ်စု မျှအပ တနိုင်ငံလုံးက အမေစုရဲ့ စေတနာနှင့် မဆုတ်မနစ်သော ဇွဲ၊သတ္တိနှင့် တာဝန်ခံမှုကို ပိုမိုသိမြင်လာကြပြီး အမေစုရဲ့ political power အဆပေါင်းများစွာ တက်သွားတာပါပဲ။
(Nanda Lynn)
http://www.facebook.com/#!/notes/nanda-lynn/

yarzar said...

commentတွေဖတ်ကြည့်တော့ဒေါ်စုဖက်ကနာတဲ့လူတွေကလည်းနှုတ်ကြမ်းလှချေလား.အမိယုတ်ရင်နှုတ်သရမ်းတယ်တဲ့.ဒေါ်စုအရင်ကတိုင်း
ပြည်အတွက်လုပ်ခဲ့တယ်ထားပါတော့.ဘာတွေများပြည်သူတွေပြောင်းလဲသွားလို့လဲ.သူ့ကြောင့်စစ်အစိုးရအုပ်စုနဲ့ခရိုနီတွေပိုချမ်းသာလာတာပဲ
ရှိတယ်.အခုလည်းဒေါ်စုအာဏာရရင်ဘယ်နေရာလေးများအချောင်ရမလဲလို့ဒေါ်စုဘက်ကနာပြနေတဲ့လူတွေနဲ့အဆို
တော်လင်းလင်းဆိုလားမနေ့တနေ့ကမှဒေါ်စုထမီနား
ခိုနေတဲ့ကောင်တွေကနာနေလိုက်ကြတာ.စစ်အစိုးရ
ဂွင်ထဲဝင်သွားတယ်ဆိုထဲက၀င်တဲ့လူအတွေးအခေါ်မှား
နေလို့ပဲ.အမှန်ကိုတွေးမကြည့်တတ်ပဲဒေါ်စုကိုဝေဖန်
ရင်ပဲမင်းလာလုပ်ပါလားကလွဲလို့ဘာမှမပြောတတ်တဲ့လူတွေကိုပြောရဦးမယ်ပြည်သူ့အတွက်ဆောင်းပါးရေးတ
ဲ့ဝတ္တုရေးတဲ့ကဗျာရေးတဲ့စာရေးဆရာတွေဟာ.ဗိုလ်ချုပ်သမီးတွေမဟုတ်ဖူး.စစ်အာဏာရှင်အဖွဲ့ဝင်တွေ
မဟုတ်ဖူးနိုဗယ်ဆုရှင်တွေမဟုတ်ဖူး.သမ္မတမဟုတ်ဖူး.
လူတိုင်းဟာသူတာဝန်ယူထားတဲ့နေရာကနေပြည်သူ့
အကျိုးထမ်းဆောင်ရမှာပဲ.အိမ်ထောင်ဦးစီးအဖေလုပ်တဲ့
လူကအလုပ်မဟုတ်လို့သားသမီးကထောက်ပြရင်မင်းအ
ဖေတက်လုပ်ပါလားလို့ပြောလို့မရဘူးလေ.သူ့နေရာနဲ့သူပေါ့.စာရေးတဲ့လူကရေးတဲ့အလုပ်ကိုသူ့ထမင်းသူ့စားပြီးလုပ်နေတာ.လွှတ်တော်ထမင်းပြည်သူ့ထမင်းစားပြီးလုပ်နေတာမဟုတ်ဖူး.
ဒီလောက်ဆိုမင်းလာလုပ်ပါလားပြောနေတဲ့လူတွေသဘောနဲနဲပေါက်လောက်ပါရဲ့.နှစ်ပေါင်းများစွာ
ရှိခဲ့တဲ့သဘာဝတောင်တွေကိုရိုက်ထုတ်ချင်တိုင်းထုတ်လို့ရနေတဲ့
စက္ကူပိုက်ဆံတွေနဲ့လဲမယ်ဆိုကတည်းကဒေသခံတွေသာမကဘူးမြန်မာပြည်ကိုတကယ်ချစ်တဲ့သူတိုင်းလက်ခံမှာမဟုတ်ဖူးပြီးတော့နောင်သားမြေးအစဉ်အဆက်ဒုက္ခရောက်ကြရမှာဒေါ်စု
သားသမီးမြေးတွေကဗမာပြည်မှာ၇ှိတာမဟုတ်ဖူး.ဦးပိုင်နဲ့စစ်အစိုးရအုပ်စုကလည်းဒီနိုင်ငံမှာနေလို့မကောင်းရင်ငွေထုပ်ပိုက်ပြီးသွားချင်တဲ့နေရာနေရာသွားနေလိုက်ရုံပဲ.ဒေါ်စုကိုမမုန်းပါဘူးအရင်ကအမြဲထောင်ခံခဲ့တာပါ.ဒါ
ပေမယ့်လွှတ်တော်ထဲရောက်ပြီးမှရခိုင်အရေးကချင်အရေး
လက်ပတောင်းတောင်ကဘုန်းတော်ကြီးတွေမီးလောင်ဗုံးနဲ့ပစ်ခံရတဲ့အရေး.မအူပင်မလက်တိုအရေးတွေမှာ
နှုတ်ဆိတ်နေတာ.စစ်အုပ်စုကိုcoverလုပ်ပေးနေတာကြည့်ရင်ဒေါ်စုbrainwashလုပ်ထားခံရပြီထင်တယ်

Unknown said...

Blogger စန်ဒရာ said...

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက ဘာမှအရေးမကြီးဘူး
တောတောင်ကို ချစ်တတ်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စုံစမ်းရေးကော်မရှင်အစီရင်ခံစာမှာ ဘာပဲရေးထားရေးထား
ကင်မရာတွေရှေ့ မှာ ဒရာမာလုပ်ပြဖို့က ပိုအရေးကြီးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့လိုချင်တာ အနာဂတ်မဟုတ်ဘူး
ငါတို့ဖော်ဆောင်ချင်တာ အာဃာတ

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့ပြောချင်ရာ ပြောလို့ရပြီ
ရေးချင်ရာ ရေးလို့ရပြီ
အော်ချင်ရာ အော်လို့ရပြီ
ငါတို့ကို မဖမ်းတော့ဘူး
အခြေအနေ အားလုံးကောင်းသွားပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စစ်သားတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့မလိုဘူး
လုံးဝဥဿုံဒီမိုကရေစီအတွက်
သူသေကိုယ်သေ ဆော်ဖို့ပဲလိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တတွေအတွက်
အမျှော်အမြင်ကြီးတဲ့၊ ရိုးသားတဲ့၊ ရဲရင့်တဲ့
ခေါင်းဆောင်ကောင်းတွေ ဒုနဲ့ဒေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဒီမိုကရေစီ ရှေ့ ခရီးအတွက်
အာပေါက်အောင်ပြောရမလား လာထားဆိုတဲ့
သွဲ့သွဲ့ဝင်း တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့တွေရှေ့ မှာ
မှောက်ချည် လှန်ချည်နဲ့ လိုရာရောက်အောင်
နည်းပရိယာယ် ကျွမ်းကျင်လှတဲ့
ဟန်ဝင်းအောင် မားမားမတ်မတ်ရပ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
တိုင်းပြည်နောင်ရေး စိတ်အေးရအောင်
စစ်ရေးနဲ့ နိုင်ငံရေး နှစ်ဘက်စလုံးထူးချွန်တဲ့
တော်လှန်ရေးအလုံးကြီး ငုံထားတဲ့
ကမ္ဘာ့ခေါင်မိုးပေါ်က မိုးသီးဇွန်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ဘဏ္ဍာရေးအတွက် ပူစရာမလိုဘူး
အပြည်ပြည်ဆိုင်ရာကနေ ဘယ်လိုတောင်းရမလဲဆိုတာ
နောကျေနေတဲ့
နိုင်အောင်နဲ့ ခင်ဥမ္မာတို့ လင်မယား အပြူးလိုက်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မဟာဗျူဟာနဲ့ ပတ်သက်လာရင်
ကွန်မြူနစ်မျက်လုံးနဲ့ ဝေဖန်သုံးသပ်တတ်ပြီး
အရင်းရှင်လို လေချဉ်တက်တတ်တဲ့
သူရိန်ကျော်ဇော် (ခေါ်) ဝတုတ် တယောက်လုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
စဉ်းစားတာကနောက်မှ
ထစ်ကနဲဆို လမ်းပေါ်မှာ အော်ပြီးသားဆိုတဲ့
နော်အုန်းလှလဲ ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ငါတို့အပေါ် မေတ္တာစစ်နဲ့ ချစ်ချစ်ပြတတ်တဲ့
ဘီဘီစီ လေတပ်ကြီးတခုလုံးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
မွှန်နေတဲ့ ပြည်သူတွေအတွက် အိညက်အိညက်နဲ့ အမှောင်ခွင်းမယ့်
ဖေ့စ်ဘုတ်ချိုတူးဇော်(ရဲရဲတောက် ယူအက်စ်အေ) ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လိုအပ်လာရင် ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ကလော်ဆဲမယ့်
စင်ကာပူက ကိုပေါရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
ပြည်သူတွေကို အွန်လိုင်းပေါ်ကနေ လမ်းမှန်ညွှန်ပြတည့်မတ်မယ့်
စတုတ္ထမဏ္ဍိုင်ကြီး မဲဆောက်လွဏ်းဆွေရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
လူပုံနဲ့ လုပ်ရပ်က မနှဲလေးနဲ့တူပေမယ့်လဲ
အာဠာဝကလို လေလည်တတ်တဲ့
ကဗျာအောင်ဝေးရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြုတ်တိုက်
၄၇ထဲက ရိုင်းခဲ့တဲ့သမိုင်း
ရှေ့ ဆက်ပြီးလဲ ရိုင်းပါစေတော့။

(ဤကဗျာလိုလိုစာလိုလို စာစုတွင် မပါဝင်လိုက်ရဘဲ ကြွင်းကျန်ရစ်သော မြန်မာလူထုကြီး အားကိုးအားထားပြုနိုင်ရာ အမည်ရှင်များ သီးခံခွင့်လွှတ်ကြပါလေကုန်။)
March 16, 2013 at 12:19 AM

wai said...

we still love su and her decision is best for our nation.
we support you (mother su)

Myo Myint said...

I think your idea is something wrong. Make a decision is not base on heart feeling. This is base on real conditions.

Myo Myint said...

I totally agree.

Myo Myint said...

No friend, She make a decision base on real conditions and make it draw from the public site. Not base on heart feeling. Nowadays the regional peoples are futhure less. So, she make a futhure for the regional people.If you are a leader, you will understand. I totally agree with Anti Su.

ညီညီမင်း said...

yarzarဆိုတဲ့ခွေးသူတောင်းစား မင်းမေက လူလူချင်းကုံးပြီးမွေးထားတာဟုတ်ရဲ့လား?မင်းက ဘယ်လောက်သိနေလို့ဒီလိုပြောရတာလဲ ဒေါ်စုက နိုင်ငံအတွက် နစ်နာအောင်ဘာလုပ်ခဲ့လဲ၊ ခုချိန်မှာ ခုလိုရဲရဲဝံ့ဝံ့ “ဒို့အရေး” လုပ် ခေါင်းထောင်ရဲလာတာ၊ ဒီမိုကရေစီလမ်းပေါ်စရောက်လာတာ၊အရင်ကထက် ပွင့်လင်းမြင်သာလာတာ အစရှိတာတွေဟာ ဒေါ်စုနေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးမှ ဒီအခြေအနေရောက်လာတာ လူတိုင်းအသိပါ။သူ့ဘဝမှာဘယ်လောက်ထိအနစ်နာခံခဲ့လဲ လူတိုင်းအသိပါ။တိုင်းပြည်နဲ့လူမျိုး ဒီမိုကရေစီရဖို့ သာလေး ၇နှစ်သားလေးကိုစွန့်ခွာ ခင်ပွန်းသည်သေဆုံးတာတောင် TVကြည့် သဂြိဟ်ခဲ့ရတယ်။ ပြောရမယ်ဆို မကုန်နိုင်ပါဘူးးးးးးးးးးးးးနောက်ပြီးတော့ ကိုလင်းလင်းကို ပုတ်ခက်ရေးသားသွားသေးတယ် မင်းကခွေလောက်မှ အသိမရှိတဲ့ကောင်ပဲကွ။လူဆိုတာ လူ့အသိရှိရတယ်။ တိုင်းပြည်အတွက်အကျိုးပြုမည့် သူကို သူက အသက်ပေးကာကွယ်တာကွ။မင်းစိတ်နဲ့မနိုင်းရဘူးလူတိုင်းကို။ တန်ဖိုးရှိတဲ့သူဆိုတာ ကိုလင်းလင်းလိုလူမျိုးဆိုတာ အသိဥာဏ်ရှိတဲ့သူတိုင်း သိနိုင်တယ်။ နေရရချင်လို့မဟုတ်ဘူးကွ သူ့ရဲ့အချိန်တွေကို တန်ဖိုးရှိရှိအသုံးချကုန်ဆုံးသွားနေတာ။ လူဆိုရင်လူအသိနဲ့လူစကားပြောကွ ခွေးစကားလာမပြောနဲ့းးးးးးးးးးးးးးးးး

UShinGyi said...



ဒေါ်စုဟာ ဘာမှန်းမသိပဲ ဂဂ ခေါင်းဆောင်ဖြစ်လာသလို။ ဘာမှန်းမသိလိုက်ပဲ နေအိမ်အကျယ်ချုပ် အနှစ်နှစ်ဆယ်ကျသွားပြန်ရော။ အခုလဲ ဘာမှန်းမသိပဲ အိမ်ထဲကပြန်ထွက်လာပြီး ဘာမှန်းမသိတဲ့ လွှတ်တော်ထဲကို မျက်စိကလဲနားကလယ်နဲ့ ၀င်သွားပါတယ်။ အခုလဲ သူရရွှေမန်း ခန့်ထားတဲ့ ဘာမှန်းမသိတဲ့ စုံစမ်းရေးကော်မရှင် တရားဥပဒေ စိုးမိုးရေးကောင်စီမှာနေရာရလာပြီး ဘာမှန်းမသိတဲ့ လက်ပံတောင်းတောင် အစီရင်ခံစာကိုထုတ်လိုက်ပါပြီ။မြန်မာနိုင်ငံလဲ ဘာတွေဖြစ်လာမလဲဆိုတာ ဘာမှန်းကို မသိတော့ပါဘူး အရပ်ကတို့..။ သူမ ဟော်ပြောခဲ့တဲ့ မိန့်ခွန်းတွေကလဲ ဟုတ်မလိုလိုနဲ့ တကယ်တော့ ဘာမှန်းမသိတဲ့ မိန့်ခွန်းတွေပါပဲ ကွယ်ရို့။။။

kyawthusukyi said...

yes ... heart ထိတယ်

Unknown said...

ဝေဘာ ဆိုသူ ပြောတာ မှန်တယ် လူစကား သူမသိ သနားပါဘိ ဝေဘာဆိုတာ ခွေးဖြစ်ဘို့များ လူမဟုတ်ဘူး ခွေးမျိုးခွေးနွယ်က လာတာလဲ ဖြစ်နိုင်တယ် နံမယ်ကလဲ ငါ့ခွေးနံမယ်နဲ့ဆင်တယ် ငါ့ခွေးက ဗီ
ဘာ

ဖြိုးဖြိုး said...

“ဝေဘာ” ဆိုတဲ့လူ ခင်ဗျားဘယ်မှာအိပ်ပျော်နေတာလဲ။ဒေါ်စုကိုအပုပ်ချချင်လို့ မကောင်းကြံချင်တဲ့စိတ်တွေနည်းနည်းလျော့ပါ့ဦး။ဒေါ်စုက ဘာမှန်းမသိဘူးပြောရအောင် ခင်ဗျားကဘယ်လောက်သိနေလို့လဲ။ ဒေါ်စုကိုဒီလောက်ထိမကောင်းကြံပုပ်ချချင်နေတာ ဒေါ်စုက နိုင်ငံအတွက်မကောင်းတာတွေဘာလုပ်ခဲ့လဲ၊ နိုင်ငံအတွက်နစ်နာအောင် ဘာတွေလုပ်ခဲ့လဲ၊ပြည်သူတွေနစ်နာအောင်ဘာတွေများလုပ်နေလို့လဲ၊ ဒီနေ့အချိန်မှာ “ဒို့အရေး ဒို့အရေးးးးးးး”လုပ်နိုင်ပြီး ဒီမိုကရေစီလမ်းပေါ်ရောက်အောင်လုပ်ခဲ့တာဘယ်သူလဲ၊ဒေါ်စုက သာယာတဲ့သူ့မိသားစုလေးကိုစွန့်ခွာ ခင်ပွန်းသည်ဆုံးတာတောင် TVကြည့်ပြီး သဂြိုဟ်ခဲ့ရတယ်။သားလေး ၇နှစ်သားအရွယ်ကိုစွန့်လွတ်ပြီး နိုင်ငံကောင်းကျိုးအတွက်တိုက်ပွဲဝင်ခဲ့တာ နိုင်ငံတိုးတတ်ဖို့ သေနက်ပြောင်းဝရှေ့ရပ် အသက်ဘေးကြုံခဲ့ရတဲ့အကြိမ်မနည်းပါဘူး။ဒီမိုကရေစီရဖို့ သူ့မိသားစုလေးကို စတေးပြီး အများပြည်သူအတွက် ဘယ်လောက်ထိပေးဆပ်ခဲ့လဲ အားလုံးအသိပါပဲ။ လူလိုအသိမရှိ ကိုယ့်အတွက်ပဲကြည့်တတ်တဲ့ လူတွေတော့ ဘယ်သိမလဲနော်။နိုင်ငံအတွက် အခုလိုအခြေအနေရောက်အောင် နေအိမ်အကျယ်ချုပ် ထောက်ထဲမှာ ဘယ်လောက်ကြာကြာပေးဆပ်ခဲ့ရလဲ၊ ဒေါ်စုသာ ဒီလိုမပေးဆပ်ခဲ့ရင် ခုလိုလက်ပံတောင်းတောင်ကအစ တစ်ခြားမြန်မာ့မြေပေါ်မှာ “ဒို့အရေးးးးးးဒို့အရေးးးး”လုပ်ဖို့နေနေသာ အီးတောင်ကျယ်ကျယ်ပေါက်ရဲခဲ့လို့လားးးးးးးးးးးးးးခင်ဗျားပြောစမ်းပါးးးးးးးးး။ခင်ဗျားတော်တော်စိတ်ပျက်ဖို့ကောင်းတဲ့လူပဲဗျာ။ခင်ဗျားလိုလူတွေရှိနေတာ နိုင်ငံအတွက်အများကြီးအကျိုးယုတ်စေပါတယ်။သူများကိုဝေဖန်အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုရောဘာတွေလုပ်နိုင်လဲ သူလိုဦးဆောင်နိုင်ရဲ့ လုပ်နိုင်ရဲ့လား ကိုယ့်မှာရော သူလိုအရည်အချင်းရှိရဲ့လား ကိုယ်လုပ်နေတဲ့လုပ်ရပ်က ဘယ်လိုမျိုးလဲဆိုတာ သေချာပြန်စဉ်းစားပါ။“ဘုရားကိုသတ်ပြီးဘုရားဖြစ်ချင်တဲ့ ဒေဝဒတ်ဥာဏ်နဲ့”တော့ ဒေါ်စုကိုမပုပ်ခက်မစော်ကားပါနဲ့။ခင်ဗျားမှာ လူ့အသိစိတ်ရှိတယ်ဆိုရင် ခင်ဗျားကိုမွေးထားအမေက လူလူချင်းမျိုးစပ်ပြီးခင်ဗျားကိုမွေးထားတယ်ဆိုရင် အများကောင်းကျိုးအတွက်လုပ်နေတဲ့သူကို ကျေးဇူးပြုပြီး မစော်ကားပါနဲ့းးးးးးးးးးးးးးကျွန်တော့်စကားတွေရိုင်းပြမိရင် အားလုံးတောင်းပန်ပါတယ်