Saturday, February 23, 2013

ဥပဒေကြမ်းထဲမှာ ဗဟိုဘဏ်ကို သမ္မတက ထိန်းချုပ်ထားသလို အချက်တွေ ပါနေတာ ဘယ်လောက် စိုးရိမ်စရာပါလဲ (အသံ)

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာတော့ နှစ်ပေါင်း ၂၀ လောက် ဗဟိုဘဏ်နဲ့ ဘဏ်လုပ်ငန်းတွေကို ထင်သလို အုပ်စီးလုပ်ကိုင်ခဲ့ပေမယ့် လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာတော့ ငွေလှဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲပေးသလို အခုတခါမှာတော့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကူအညီနဲ့ ဗဟိုဘဏ်ကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ထူထောင်နိုင်ဖို့ လွှတ်တော်မှာ ဥပဒေပြုရေး လုပ်ဆောင်နေပါပြီ။ ပြဿနာက ဒီဥပဒေကြမ်းထဲမှာ ဗဟိုဘဏ်ကို သမ္မတက ထိန်းချုပ်ထားသလို အချက်တွေ ပါနေတာပါ၊ ဒါဟာ ဘယ်လောက် စိုးရိမ်စရာပါလဲ။ ဗဟိုဘဏ် ဒုတိယဥက္ကဌဟောင်းနဲ့ လက်ရှိ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်ကို ရန်ကုန်က အကြီးတန်းသတင်းထောက် ဦးကိုကိုအောင်က မေးထားပါတယ်။

No comments: