Monday, February 25, 2013

စစ်ခရိုနီတွေရဲ့ ခံတပ်ကို စတင်ဖြိုဖျက်သူများ (၂၄-၂-၂၀၁၃)

10 comments:

Anonymous said...

အိမ်း....ဆက်ပြီးစောင့်မျှော် ကြည့်ရှုရ သေးတာပေါ့

Unknown said...

ဒို့အရေး အော်တာနဲ့ ပတ်သက်ပြီး စည်းဝါးတိုင်မင်နဲ့ ပတ်သက်ပြီး ပြောချင်နေမိတယ်။
တိုင်မင်ထဲမှာ တစ်ဘားမှာ ရိုက်ချက်လေးချက်နဲ့တွက်တဲ့ 4/4 တိုင်မင်ဟာ အခြေခံအကျဆုံး၊ သဘာဝတရားနဲ့ အနီးစပ်ဆုံး၊ လူတွေရဲ့ အသွေးအသားထဲမှာ အလိုလို စည်းဝါးကိုက်နေတဲ့ တိုင်မင်တစ်ခုပါ။ ဒါကြောင့်မို့ လူထုကြွေးကြော်သံတွေ၊ အခြေခံကျတဲ့ အသံပါတဲ့ ကိစ္စရပ်တိုင်းမှာ ဒီ4/4 တိုင်မင်ထဲမှာ ၀င်နေတဲ့သဘာဝ ရှိပါတယ်။
ဆိုလိုတာက..
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး.. ဒို့အရေး..လို့ဟစ်ကြွေးရာမှာ..
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း... 1st beat
ဖျက်သိမ်းရေး... 2nd beat
ဒို့အရေး... 3rd beat
ဒို့အရေး... 4th beat
| 111111111 111 111 111 |
| _________ ___ ___ ___ |
----- --- -- --
ဆိုလိုတာက..
ဒို့အရေးကို နှစ်ခါမဆိုပဲ သုံးခါဆိုလိုက်တဲ့အခါ.. ဒီ 4/4 timing ထဲမှာမ၀င်တော့ပဲ.. 5/4 timing ဖြစ်သွားပါတယ်။ ဒါဟာ ပညာစွမ်းပြနေတဲ့ သီချင်းမဟုတ်တဲ့အပြင် သဘာဝနဲ့ တစ်သားထဲကျတဲ့ တိုင်မင်နဲ့ကင်းလွတ်သွားတဲ့အတွက် အခြေခံ ဌာန်ပျက်သလို ကြားရသူတွေနဲ့ အသံသဘောအရ တသားတည်းကျမှုကနေ ကင်းလွတ်နေတယ်လို့ အကြံပြုချင်ပါတယ်။
ဒါကြောင့် အသံနဲ့ ကြွေးကြော်မှုမှာ အသံအားဖြင့် တစ်သားတည်းကျစေမှု အသွင်ဆောင်စေချင်ရင် 4/4 timing ထဲဝင်အောင်လို့.. ဒို့အရေးကို သုံးခါ အော်မယ့်အစား နှစ်ခါပဲ အော်သင့်တယ်လို့ ကျွန်တော်ရဲ့ တသီးပုဂ္ဂလအမြင်ကို ပြောချင်ပါတယ်။
အကျိုးတရားတစ်ခုဖြစ်ဖို့ အကြောင်းတရားများစွာ ပါဝင်နိုင်ကောင်းပါတယ်။
အောင်မြင်မှု အကျိုးတခုရဖို့ အောင်မြင်စေမယ့် အကြောင်းတရားတွေ များစွာထဲက ဒါလေးလည်း တစ်ခု ဖြစ်နေမလားလို့ပါ။

Dragon. said...

သမာသမတ်ကျကျ အမှန်ကိုပြောရရင် စီမံကိန်း ဆက်လုပ်သင်./မသင်. လိုကိစ္စ မျိုး ကော်မရှင်ဖွဲ.စစ်ဆေးတာ သဘာဝကျပါတယ်၊
ဒါပေမယ်. ..... မီးလောင်ဗုံးနဲ.ပစ်တဲ.ကိစ္စ ကို
မီးလောင်ဗုံး ဟုတ်/မဟုတ် ၊ ဘယ်သူ.မှာတာဝန်ရှိ ဆိုတာ
တွေကို ကော်မရှင်ကို မခိုင်းသင်.ပါဘူး ၊
.... ကျားကိုက်ခံရတာကို အပေါက်ကလေး ပါ၇ဲ.လား ?
ကြည်.ခိုင်းသလို ဘဲ ၊
... ဒါဟာ ဦးသိန်းစိန် ရဲ.အဆင်.အတန်း ၊ Power ကိုပြ
နေသလို ၊ ဒေါ်စုကိုလည်း အကြပ်ရိုက်အောင်လုပ်သလို
ဖြစ်နေတာ ၊
... ပြည်သူတွေ ဖက်လိုက်ရင် ... စစ်တပ်ခေါင်းဆောင်
ဆိုသူတွေက ညိုညင်မယ် ၊
.... ဦးပိုင် နဲ. စစ်တပ်ကြီးစိုးတဲ.ဘက်လိုက်ရင်
ပြည်သူတွေ နဲ. နိုင်ငံတကာက ညိုညင်မယ် ၊
... ဦးသိန်းစိန် က ကိုယ်.ဟာကိုယ်ရှင်းရမှာ၊
ဒါကဘာကိုပြသလဲဆို .... ဦးသိန်းစိန်၊ မဲခိုးတက်
ကြံ.ဖွတ်အမတ်အုပ်စုနဲ. ၂၅% စစ်တပ် အမတ်တွေဟာ
အမှန်တရားကိုပြတ်ပြတ်သားသား မပြောရဲ မလုပ်ရဲဘူး
ဆိုတာပြနေတယ်၊
မိမိတို.ဟာပြည်သူ.ကိုယ်စားလှယ်အစစ်တွေဟုတ်ရဲ.လား? ဆိုတာစမ်းစစ်ဖို. ၊ပြဖို. လိုလာပါပြီ ။ ။ ။

aristhteinwin said...

Dragon ပြောတာ မိမိ အမြင်နဲ့ တူတယ်။ ဒီပဲရင်းတုန်းက အသေသတ်တာ ကံသီလို့ မသေခဲ့တဲ့
ဒေါ်စု ဒီတပွဲတော့ ဘေးကျပ် နံကျပ်ဖြစ်ပြီး အဆုံးအဖြတ်မှားလျှင် မြန်မာ့ နိုင်ငံရေးလောကမှ သေဆုံးသွားနိုင်တယ်-စစ်ဗိုလ်လူထွက် ဦးသိန်းစိန် နဲ့ အပေါင်းအပါတစု လုပ်ရပ်က သူတို့ အပေါ် အပြစ်တင်မခံရဘဲ ဒေါ်စုတယောက်အလိုလို နိုင်ငံရေးပြစ်ဒဏ်ထိမည့်နည်းသစ်ကို တီထွင်ပြီး တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌဆိုတဲ့ ရာထူးကြီးဖန်တီး အသုံးပြုလိုက်တာဘဲ- ဒေါ်စု ကတာ့ ပြောရှာပါတယ်-နိုင်ငံကောင်းမယ်ဆို သူမကို အသုံးချလိုက အသုံးချခံနိုင်ပါတယ်-လို့ 
ပြောခဲ့ပါတယ်-တကယ်တန်းကျတော့ တိုင်းပြည်က အရိုင်းအရင်းလောက်ဘဲ ရမယ်-
-ကောင်းစားဘို့ မမြင်ပါ-ကောင်းစားတဲ့ အခွင့်ထူးခံစားမည့် ဘသားချောများက အရင်အတိုင်းစစ်တပ်မှ ရာထူးကြီးပုဂ္ဂိုလ် များနဲ့  စစ်ထွက်ယောင်္ကျား သူတောင်းစားများသာဖြစ်ပါတယ်။

Unknown said...

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်မှာ ဒေါ်စုကလွဲလို့ ကျန်တဲ့ကော်မတီဝင်တွေက ၀မ်ပေါင်နဲ့ ဦးပိုင်ချုပ်ဆိုကြတဲ့ စာချုပ်ကို ကြည့်ခွင့်မရကြဘူးဆိုတော့ ကျန်တဲ့လူတွေက လက်ညှိုးထောင်၊ ခေါင်းညိမ့်တွေပဲလား။
စုံစမ်းရေးကော်မတီဝင်ဆိုမှတော့ စုံစမ်းမှု အခွင့်အရေး တန်းတူရှိရမှာပေါ့။ ဒါမှမဟုတ် ကော်မတီဝင်တွေကိုယ်တိုင်ကိုက ဒီစစ်ဆေးမှုတွေအားလုံးဟာ ဒေါ်စုတစ်ယောက်ပဲ သိတာပါ ဆိုပြီး တစ်ခုခုများ အလွဲအချော်ဖြစ်ခဲ့ရင် အခုကတည်းက အပစ်လွှဲချဖို့ အရိပ်အယောင်တွေ တွေ့နေရပြီ။ မြင်မကောင်းလောက်အောင် မီးလောင်ဒဏ်ရာတွေ တွေ့နေပါလျှက် ဒါမီးလောင်ဗုံးလား၊ မီးခိုးဗုံးလား.. လား... ဆိုတာတွေဟာ တော်တော်ကြောင်တောင်တောင် နိုင်လွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆုံးဖြတ်ချက် ချစရာမလိုပါဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် ဘယ်သူ့မျက်နှာ မထောက်ပဲ ဘယ်လောက်ထိ ပြတ်သားရဲဝံ့စွာ ဖော်ထုတ်ရပ်တည်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တကယ်တော့ ကလိန်ကကျစ်ကျ အသုံးချခံရတယ်ဆိုရင်လဲ၊ ဒါဟာ ကလိန်ကျသူကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်မယ့် အခွင့်အရေးမို့ ၈၈တွေလည်း လက်မရှောင်သင့်ဘူး။ အသုံးချခံ ဖြစ်ခြင်းနဲ့ မဖြစ်ခြင်းမှာ မိမိရဲ့ ပင်ကိုယ်ကိုယ်ရည်ကိုယ်သွေးနဲ့ ပိုဆိုင်မယ်လို့ ထင်ပါတယ်။

haymar said...

See injuries a lot on the monks. What other need to show the proof.
Who else did let this happen? No need to ask. That is current government's instruction.

Very very obviously! U Thein Sein and Team is very clever. And also U Than Shwe controlling behind.

No other people could do this kind of terrorist.

Should decide / handle to stop the project with this Military company & china company.

They got a lot of profit from us already. We do not believe what they show the digits for investment or else.

We do not interest, we do not scare China's threat.

If still people suffer, they will regret one day, but not so far.

Uncle Chan's အမလ said...


အခု လက်ပံတောင် စစ်ကြောရေးကော်မရှင်ဟာ နိုင်ငံရေး အကျပ်အတည် ထွက်ပေါက်တခုအတွက် အသုံးချခံ ကော်မရှင်တခုဆိုတာ အလွန်ထင်သာပါတယ်။ အရှင်းဆုံးပြောရရင် ကလေးတောင် သိတဲ့အရာမျိုးပါ။
ဒါပေလို့ အဲလို သိသိကြီးနဲ့ အမှန်တရားကို မျက်ကွယ်ပြုပြီး ကို့ကို အသုံးချခံလိုက်ကျတာကိုလဲ ကျတော်တော့ သဘောဘယ်လိုမှ မကျနိုင်ဘူးခင်ဗျ။
လက်ပံတောင် ပထိပခက်ကို အသေးအမွှား အမှန်တရား ပြသနာရယ်လို့ ခေါင်းစဉ်တက် ချနင်းလို့
ပြည်သူအတွက် ကြီးမားတဲ့ အမှန်တရားတွေ ဖော်ဆောင်ပေးနိုင်ဖို့ ဆိုတာ သဘာဝကောကျရဲ့လား မဖြစ်မနေစတေးလို့ လုပ်ဆောင်ရမဲ့ နိုင်ငံရေူး မဟာဗျူဟာ တရက်လားဆိုတာပေါ့လေ ...မေးချင်မိတယ်

Uncle Chan's အမလ said...




လက်ပံတောင်ရဲ့ ကြွေးကြော်သံတွေဟာ န၀င်ပီယံတဲ့ rhythm တွေလို့ ကျနော့အမြင်ပေါ့လေ ...ထင်ပါတယ် ထင်ပါတယ် ကိုNga Ba ခင်ဗျ

Unknown said...

ကျနော်ရဲ့ ဇာတိမြေကို သတိရလို့ အိပ်မက်တိုင်း.. အိပ်မက်ထဲမှာ လက်ပံတောင်းတောင်ကြီးက မားမားကြီးပါနေတတ်တုန်းမို့.. ကျနော့်အတွက် ကြွေးကြော်သံတွေဟာ န၀င်ပီယံတဲ့ ရစ်သမ် မဖြစ်စရာ မရှိပါဘူးဗျာ...

knife wafer said...

လက်ပံတောင်းတောင်မှာ ညသန်းခေါင် ရဟန်းသံဃာတွေကို ၇က်၇က်စက်စက် မီးလောင်တိုက်
သွင်းတာ ဗိုလ် သန်းရွှေ ခောတ်ကနဲ. တပုံစံတည်းပါ ။
ဦးသိန်းစိန်ကလည်း သူ. ပါပါကြီး ဗိုလ် သန်းရွှေ ကို
ကြောက်လို.အရေး မယူရဲ ၊ မဲခိုးတက်
ကြံ.ဖွတ်အမတ်အုပ်စုနဲ. ၂၅% စစ်တပ် အမတ်တွေက
လည်းထုံးစံအတိုင်း ROBOT ၊ အန်တီစုကလည်းကြံ.ဖွတ်
နဲ.စစ်တပ်ကြီးစိုး ထားတဲ.လွှတ်တော်ထဲရောက်နေလို.
မှန်တာကို စိတ်ထဲရှိတဲ.အတိုင်းအရင်လို ပြောမရ ၊
၈၈ ကျောင်းသားများမှာလည်း ..... အကြောင်းကြောင်း
ကြောင်. ....... နှုတ်ဆိတ်နေကြရ ၊ ( ? ? ?)
..... အင်း .... ဒုက္ခ ပင်လယ်ဝေနေတဲ.ပြည်သူတွေရဲ.
အနာဂတ်ကတော. ....... ရင်လေးစရာပါဗျာ ၊ ။။။။ ။။
......................ခက်တာက .........ပြည်သူအများစု (၆၀%) လောက်က ၂၀၁၅ ရွေးကောက်ပွဲကို
ပြည်သူတွေဆန္ဒ အတိုင်း NLD တက်လာဖို. ၊ ဒေါ်စု သမ္မတဖြစ်လာဖို. လက်ရှိ
အစိုးရနဲ. ဗိုလ် သန်းရွှေ က ခွင်.ပြုလိမ်.မှာမဟုတ်ဘူး
လို. ယူဆထားကြတာပါ ။ ။ ။