Thursday, September 6, 2012

ပါးစပ်ကို တံတွေး ဆွတ်ကယ် ဆွတ်ကယ်နဲ့ ...

ဒေါက်တာလွဏ်းဆွေ

ပြီးခဲ့တဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ကိုမင်းကိုနိုင်က “လွန်ခဲ့တဲ့ ၂၄ နှစ်ကို ပြန်ကြည့်ရင် ကျနော်တို့ ပေါက်ကွဲသံတွေနဲ့ တက်ခေါက်သံတွေနဲ့ ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီနေ့တော့ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ တေးကို ကျနော်တို့ ကြိုးညှိနေကြပြီ” လို့ အကောင်းမြင်စိတ်နဲ့ အမှတ်တရစကား ပြောကြားသွားတာ နားထောင်လိုက်ရပါတယ်။ ကိုမင်းကိုနိုင် ပြောသလို တကယ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးညှိနေချိန်ဆို အတိုင်းမသိ ၀မ်းမြောက်စရာပါ။ ကိုမင်းကိုနိုင်က ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့လို သမ္မတရုံးဝန်ကြီးတွေနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခွင့်ရနေသူဖြစ်လို့ ဦးသိန်းစိန်တို့ဘက်က ကတိစကားတခုခု ရထားလို့များ ဒီလိုအကောင်းမြင်စကား ပြောတာလားတော့ မသိနိုင်ဘူးပေါ့။

ကျနော်တို့လို အဝေးမြင်မှာကတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့လို အထင်ကရ အတိုက်အခံ ခေါင်းဆောင်တွေဘက်ကသာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တဖက်သတ် အလျှော့ပေး ကြိုးညှိနေတာတွေ့ရပြီး ဦးသိန်းစိန်အစိုးရနဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ စစ်အုပ်စုဘက်ကတော့ ကြိုးညှိဖို့ နေနေသာသာ ရခိုင်အဓိကရုဏ်းကို ဖန်တီး၊ ကချင်ထိုးစစ်ကို မရပ်၊ အပစ်အခတ်ရပ်ထားတဲ့ ရှမ်း/မြောက် တပ်မတော်ကိုလည်း ပြန်တိုက်၊ ပလောင် (တအောင်း) မှာလည်း ထိုးစစ်တွေ ပြင်းထန်၊ မိုးထိမိုးမိနဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာလည်း လုံထိန်းတွေ ဖွေးဖွေးလှုပ်၊ အလုပ်သမား၊ လယ်သမား အကူအညီပေးရေး ပြည်သူ့အကျိုးဆောင်ကွန်ရက်တွေက ပုဂ္ဂိုလ်တွေကိုလည်း ကြံ့ဖွံ့အစိုးရလက်ကိုင်တုတ်တွေက ခွေးဆွဲသလို အလစ်အငိုက် ဖမ်းဆီး … စတဲ့ ကျူးကျော်ဖိနှိပ်တဲ့ လုပ်ရပ်တွေကိုပဲ စက်ဆုပ်ဖွယ်ကောင်းလောက်အောင် တရစပ် လုပ်ဆောင်နေတာ တွေ့နေရတယ်။

ပြောရရင် မတရားမှုတွေ တင်းကျမ်းပေါ်ထွက်လာတဲ့ အခုလို အချိန်အခါမျိုးမှာမှ “နောက်ကြောင်းပြန်လှည့်မှာ စိုးလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်က ရဲရဲတောက်ခဲ့တဲ့ နိုင်ငံတကာသိ နာမည်ကျော် အတိုက်အခံ ပုဂ္ဂိုလ်တွေရဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေ ပျောက်ဆုံးနေကြတာဟာဖြင့် တော်တော့်ကို ၀မ်းနည်းဖို့ ကောင်းပါတယ် (ဒါကို “နိုင်ငံရေးအမြော်အမြင်ရှိလို့ ဒီလိုနေကြတာဟေ့” လို့ ကြံဖန်ဂုဏ်ယူနေကြရင်ဖြင့် … မကြာမတင်အချိန်ကာလမှာ အဖြေပေါ်လာမှာမို့ နေကြပေါ့လေလို့ပဲ ပြောရုံမှတပါး ...)။ ခေါင်းဆောင်တွေ ပင်ကိုယ်စရိုက်လက္ခဏာ ပျောက်ဆုံးနေကြသလို ပြည်သူအားလုံးကပါ လိုက်ပြီး ကိုယ်ပိုင်စရိုက်လက္ခဏာတွေ ပျောက်ဆုံးကုန်မှဖြင့် မြန်မာပြည်ကြီးအတွက်တော့ မတွေးရဲစရာ …။

အားမနာတမ်းပြောရရင်တော့ အခုအချိန်ဟာ ကြံ့ဖွံ့စစ်အစိုးရက နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ‘မျက်နှာကြီးရာ ဟင်းဖတ်ပါ’ ဆိုတဲ့ ဒီမိုကရေစီအမျိုးအစား သီးသန့်ချီးမြှင့်ထားပြီး ဒီမိုကရေစီဆုတံဆိပ်တွေရ နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေဘက်ကတော့ ဦးသိန်းစိန်တို့ ပေးအပ်ထားတဲ့ အခွင့်ထူးခံ ဒီမိုကရေစီအတွက် ‘တေမိ’ အပြုအမူနဲ့ ပြန်လည်ကျေးဇူးဆပ်နေကြတဲ့ အချိန်လို့ ပြောရမှာပဲ။ တနည်းပြောရရင် ဦးသိန်းစိန်အစိုးရက ပြည်တွင်းနဲ့ ပြည်ပအတိုက်အခံတွေကြား၊ မျက်နှာကြီးနဲ့ မျက်နှာမွဲ ပြည်တွင်းအတိုက်အခံအချင်းချင်းကြား လှလှပပ သွေးခွဲသပ်လျှိုဖြိုခွဲနေတဲ့ အချိန်ပေါ့။ နိုင်ငံရေးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရတဲ့အမျိုးမို့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့လေ။

ဒါပေမယ့် ကျနော့်အထင်ကတော့ အခုအချိန်ဟာ ကိုမင်းကိုနိုင် ပြောသလို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမှန်တကယ် ကြိုးညှိနေချိန်လို့ အကောင်းမြင်ဖို့ထက် တရုတ်နဲ့ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းအပြီး၊ ကျွန်းဆွယ်ပွဲ လက်ခံကျင်းပအပြီး၊ အာဆီယံဥက္ကဌ လုပ်အပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကာလမှာ အတိုက်အခံတွေကို ပယ်ပယ်နယ်နယ် တီးဖို့ ဦးသိန်းစိန်တို့ဘက်က ပါးစပ်ကို တံတွေး ဆွတ်ကယ် ဆွတ်ကယ်နဲ့ ပတ်စာ အတိုးအလျှော့ လုပ်နေတဲ့ အချိန်ကာလဖြစ်ဖို့ ပိုများတယ်လို့ ထင်မြင်မိကြောင်းပါ။ ဘာဖြစ်လို့ ပယ်ပယ်နယ်နယ် တီးမှာလဲဆိုတော့ အဓိက က ကြံ့ဖွတ်အစိုးရနဲ့ နောက်ကွယ်က စစ်အုပ်စု (ကာလုံ) အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်လိုမျိုး ထပ်အဖြစ်ခံနိုင်မှာ မဟုတ်ဘူးလို့ ယူဆမိလို့ပါပဲ။ (အဆိုးမြင်လွန်းတယ်လို့ ထင်ရင်လည်း အဆိုးတွေပဲ မြင်ရတာက ပိုများနေလို့ပါလို့ လျှောက်လှဲပါရစေ)။

အဲဒါကြောင့်မို့ ကျနော့်အနေနဲ့ အကြံပြုချင်တာကတော့ ကိုမင်းကိုနိုင် ပြောတဲ့ အကောင်းကို နည်းနည်းပဲ မျှော်လင့်သင့်ပြီး (ပူးတွဲပါ ကာတွန်းလေးထဲကလို) သူတို့ဘက်က ကြိုးမညှိဘဲ ကြိုးပြန်တင်းတဲ့အခါမှာ ဘယ်လိုခံနိုင်ရည်မျိုးနဲ့ တတိုင်းတပြည်လုံး တုံ့ပြန်ကြမလဲဆိုတာကိုလည်း ခေါင်းဆောင်တွေအနေနဲ့ လေးလေးနက်နက် စဉ်းစားပြင်ဆင်ထားဖို့ လိုမယ်လို့ ထင်မြင်မိပါကြောင်း … ။ ။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၃း၁၄ နာရီ
၆-၉-၂၀၁၂

20 comments:

Thu said...

ကချင်ထိုးစစ်ကို မရပ်၊ အပစ်အခတ်ရပ်ထားတဲ့ ရှမ်း/မြောက် တပ်မတော်ကိုလည်း ပြန်တိုက်၊ ပလောင် (တအောင်း) မှာလည်း ထိုးစစ်တွေ ပြင်းထန်၊
“The truth lies somewhere between the two edges.”
Daw Su said I strongly condemn to both sides who violate the peace, and I could not conclude without knowing background reasons and what truly happening there (Oxford Univ. Press)(Sun Htun).

မောင်မှန် said...

စောက်ရူး အလုပ်မရှိ ကြောင်ရေချိုးနေတာလား၊ ပြည်တွင်းမှာ ဒုက္ခရောက်နေတဲ့သူတွေ အများကြီး ကိုယ်တိုင်လာပြီး တနေရာရာက ၀င်ကူညီဖို့ကောင်းတာ၊ အခုတော့ အလုပ်မရှိ ဟိုလူ ဝေဖန် ဒီလူဝေဖန်နဲ့၊ ကိုယ်လုပ်ခဲ့တဲ့ အဆင့် အတန်းလေးလဲ ပြန်ကြည့်ပါအုန်း၊ အခုတော့ လူ့ ငပေါကြီးတစ်ယောက်လို ၀ိုင်းဆဲနေတာတောင် မနာတတ်ဘူး

tzt2003 said...

ကေအိုင်အေနဲစစ်ဖြစ်နေရတာကေအိုင်အေကစစ်ကို
စပီးမီးမွှေးခဲ့လို့ပါ မနှစ်ကစစ်ဖြစ်ခါစကအစိုးရကအပြစ်ရပ်
ရအောင်ပြောတော့ကေအိုင်အေကစစ်ကိုဆက်တိုက်ရင်းနဲ့
ဆွေးနွေးမယ်ဆိုခဲ့တယ်နော်
အခုတော့ ကေအိုင်အေစစ်ရှုံးလာတော့မှ လွဏ်းဆွေက
ကချင်ထိုးစစ် အကြောင်းခနခနထည့်ရေးနေတယ်နော်

Anonymous said...

ဒေါက်တာလွဏ်းဆွေရဲ့ တောင်တောင်အီအီများနောက်ဆုံး ဗားရှင်း http://8888linker.blogspot.com/2012/09/blog-post_8245.html

Tomahawk said...

Ko LunSwe,

Thanks for writhing this.
This article totally reflects recent situations.
I have no idea of those Big Name Opposition people, what kind of strategies and plan to persuade those regimes.
Everytime regime started to play a game with any opposition, they had very good plan to win every games and never lost one.
Now, like you said they have several plan to win every games now and after 2015.
You writing spot on...

စိန်ရဲဒင်း said...

ရခိုင်အရေးကိုပြည်ပကျုးကျော်သူဘင်္ဂါလီတွေကစပြီး
ကချင်ပြည်တွင်းစစ်ကို kIA ကစတယ်ဆိုတဲ့အမှန်တစ်
ရားကလေးကိုတောင်မမြင်နိုင်လောက်အောင်ခင်ဗျား
မျက်စေ့တွေကအမှောင်ဖုန်းနေရသလား။နာမည်ရBlog
တစ်ခုအနေနဲ့အမှန်ကိုမြင်နိုင်အောင်ကြိုးစားသင့်ပါတယ်

Unknown said...

အမေစု ၇ဲ့ ဥာဏ်ပညာ ဟာ သူများ လိုသလို ဆွဲလို့ မ၇ ပါဖူး။ ဘာကြောင့် ၈၈တော်လှန်ေ၇း ကြီး မအောင် မြင်ခဲ့ သလဲ။ ဦးတည်ချက် ခိုင်မာ မှု မ၇ှိ ခြင်း သူတလူ ငါတမင်း နဲ့ စည်းလုံးမှု နည်းပါခြင်း တို့ကြောင့် ပါပဲ။ အခု သိမ်မွေ့ တဲ့ အပြောင်းအလဲ ကို အမေ စု က သတိဥာဏ် ကြီးကြီး နဲ့ လျောက် လှမ်း နေပါတယ်။ အဲဒါ ကို ကိုမင်းကိုနိုင် တို့ က ဝန်း၇ံ တယ်။ သူများငါးမျှားချိတ်မှာ ပါသွားလောက် အောင် သူတို့ တွေ အသိဥာဏ် သတိဥာဏ်တွေ မမဲ့ ကြဖူး။ ကို လွဏ်းဆွေ သာ ၇ထားတဲ့ နေ၇ာ လေး ပျောက်မှာ ဆိုးလို့ အမေ တို့ သွားနေတဲ့ လမ်း ကို အပြစ်ပြော နေတာ ပါ။

Retkhita said...

အားမနာတမ်းပြောရရင်တော့ အခုအချိန်ဟာ ကြံ့ဖွံ့စစ်အစိုးရက နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ‘မျက်နှာကြီးရာ ဟင်းဖတ်ပါ’ ဆိုတဲ့ ဒီမိုကရေစီအမျိုးအစား သီးသန့်ချီးမြှင့်ထားပြီး ဒီမိုကရေစီဆုတံဆိပ်တွေရ နိုင်ငံတကာသိ အတိုက်အခံပုဂ္ဂိုလ်တွေဘက်ကတော့ ဦးသိန်းစိန်တို့ ပေးအပ်ထားတဲ့ အခွင့်ထူးခံ ဒီမိုကရေစီအတွက် ‘တေမိ’ အပြုအမူနဲ့ ပြန်လည်ကျေးဇူးဆပ်နေကြတဲ့ အချိန်လို့ ပြောရမှာပဲ။ တနည်းပြောရရင် ဦးသိန်းစိန်အစိုးရက ပြည်တွင်းနဲ့ ပြည်ပအတိုက်အခံတွေကြား၊ မျက်နှာကြီးနဲ့ မျက်နှာမွဲ ပြည်တွင်းအတိုက်အခံအချင်းချင်းကြား လှလှပပ သွေးခွဲသပ်လျှိုဖြိုခွဲနေတဲ့ အချိန်ပေါ့။ နိုင်ငံရေးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရတဲ့အမျိုးမို့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့လေ။

Unknown said...

သူများကို ဝေဖန်တတ်ရင် ကိုယ့်ကိုလည်း
ဝေဖန်ခံနိုင်ရမယ်။
ကိုယ့်အကြောင်းဝေဖန်တဲ့ comments
တွေလိုက်ဖျက်နေတော့
မင်းဟာ အလကားလူပေါ့
LwunSwe ရာ။

Retkhita said...

ဒီတော့ခါ ပြည်ပနေ ပြည်တွင်းရေး လှုပ်ရှားနေသူ နိုင်ငံရေး အတွေးအခေါ် ဆရာကြီး ပင်ကိုယ်စရိုက်လက္ခဏာတွေ အားကောင်းသူကြီးက ပြောပေါ့ ဒေါ်စု ရေ မင်းကိုနိုင်ရေ နေဝင်း ခေတ်ကလို သန်းရွှေခေတ်ကလို လူထုအုန်ကြွအောင် လုပ်ကြပါဦး ဒီတိုင်း တဆင့်ခြင်းစီ ညှိနေလိုတော့ ကိုယ်ပဲနာတယ် ဟုတ်လား။ ၈၈မျိုးဆက်တွေ အလုပ်သမား အရေး အခြေခံ လူတန်းစားအရေး လုပ်မနေနဲ့ တောခို ။ ဒေါ်စု လွှတ်တော်ထဲ ဘာဥပဒေမှ မပြင်နဲ့။ ဘာအရေးမှ မတောင်းဆိုနဲ့။ ၂၀၁၅ကျရင် အားလုံးအဖမ်းခံရမယ် အတူတူပေါ့။

Khp said...

Dr. Lun Swe desrve Aung San Thuriya Medal.

Carry on Yebawgyi

ခခ said...

ခင်ဗျားကို အစကတော့ အယ်ဒီတာတယောက်အနေနဲ့ လေးစားမိပါတယ်.ဒါပေမဲ့ တခုတော့ အကြံပေးချင်တယ်။ ကိုယ်မလုပ်နိုင်လို့ သူများကအကောင်းဘက်ကို လုပ်နေတာကို အပြုသဘောဘက်ကနေ နဲနဲကြည့်ပါအုံး. အခုတော့ ခင်ဗျားဟာ ကဇတ်လမ်းတောင်မဆုံးသေးဘူး ဝေဖန်ေ၇းက စပြောနေပြီ ခင်ဗျားသာ နိုင်ငံကို တကယ် စေတာနာရှိတယ်ဆို ဒါမျိုးကို မပြောသင့်ဘူး. ကျနော်သူများကို မဆဲ ချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားကိုမေးရအုံးမယ် ခင်ဗျား ရထားတဲ့ ဘွဲ့ နဂို အလုပ်က သိက္ခါ အဲဒါတွေကို နဲနဲထောက်ပါအုံး . မသိလို့မေးပရစေအုံး ခင်ဗျားကရည်ရွယ်ကဘာလဲ။ မင်းသားမဖြစ်လို့ ပတ်မကြီးကို ခွဲဖို့ကြံတာလား?

မေမြန်မာ said...

အဆိုးမြင်လွန်းနေပါတယ်။ တခြားဟာတွေကို မျက်လုံးမှိတ်ငြင်းချင်ငြင်းပါ ရခိုင်အဓိကရုဏ်းကို စစ်ဘက်က ဖန်တီးတယ်ဆိုတာကြီးကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ဆင်ခြင်တုံ တရားကို ဖော်ပြနေသလိုပါပဲ။ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေလုပ်နေလို့ အတိုက်အခံ ရေးကွက်တွေရှားလာလို့ ဆိုလည်း ဘာမှမရေးတာပိုကောင်းပါတယ်

Unknown said...

မင်းကိုနိုင်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လျှော့တွက်ထားပုံရတယ်..နိုင်ငံရေးသမားဟာ အမြဲအတိုက်အခံလုပ်ပြီး ကိုယ့်လိုချင်တာကို ရယူဘို့မဟုတ်ဘူး.. အပျော့ဆွဲနဲ့လဲ ရအောင်လုပ်သင့်ရင် လုပ်ရတယ်.. ပရိယယ် သိပ်ကြွယ်ဝရပါတယ်.. အရေးကြီးတာက ပြည်သူလူထုမနစ်နာဘို့နဲ့ ကိုယ်လဲ ဆက်လျှောက်ရမယ့်လမ်း ပျောက်မသွားဘို့အရေးကြီးတယ်..

Unknown said...

ဒေါက်တာလွှဏ်းဆွေရဲ့ ဆောင်းပါးကို ထောက်ခံခြင်း၊ မထောက်ခံခြင်းထက် အခုချိန်ခါမှာ ၈၈၈၈ကျောင်းသားအုပ်စုရဲ့ လုပ်ကိုင်သမျှကို ထောက်ပြပြောဆိုသူ မရှိသလောက်ရှားပါးပါတယ်။ ဒါကြောင့် စောင်းပါးအချက်အလက်တွေက အဆိုးမြင်ကောင်းမြင်တယ်လို့ ယူဆနိုင်ပေမယ့် အမှန်တကယ် လိုအပ်နေတဲ့ကွက်လပ်တစ်ခုကို ၀င်ရောက်ဖြည့်ဆွက်တာလို့ပဲ မြင်မိပါတယ်။ လူမုန်းများမယ်မှန်းသိလျက်နဲ့ ခုလို ချိန်ခါသင့် အသိပေး၊ သတိပေး ဆောင်းပါးတွေရေးတာကို အားပေးပါတယ်။ ကိုမင်းကိုနိုင်တို့ ဖတ်ရရင်လည်း အပြစ်မမြင်နိုင်လောက်ပါဘူး။ သူတို့ကို စိုးရိမ်လို့ သတိပေးတာလို့ပဲ မြင်မယ်လို့ ထင်ပါတယ်။

Minthar Gyi said...

very foolish idea and low class politician

Unknown said...

Lwn Shwe, Your idea ideas are useless and outdated. Be positive my son ( actually I am about 30 years younger than you). One of the reasons Myanmar left behind due to you old-schools guys full of negative ideas. Don't keep on barking like a dog from overseas. If you dare enough, come back Myanmar and make good contributions to the people. Wondering such an idiot like you became Dr and full of useless ideas. Shame on you !

Unknown said...

မင်းကိုနိုင် ကဗျာတွေရွတ် ရေးနေသမျှတော့
မင်းလဲအလကားကောင်ဘဲ
မိုးသီးဇွန်လိုမလုပ်နဲ့ ပြည်သူတွေကမင်းတို့ထင်သလို
စောက်ရှူးတွေမဟုတ်ဘူး

Unknown said...

ထောင်ကျတာတန်ပါတယ်
ကိုယ်ပိုင်စီးပွားရေးတခုကိုအချိန်ယူရင်းသလိုဘဲ
အခုမင်းကိုနိုင် ok နေပြီလေ
Dr ခင်မောင်ညိုတောင် 88 အဖွဲ့လောက်စီးရေးမှာ
မမြင်ဘူး။

Anonymous said...

အေး
ထောင်ကျတာတန်တယ်ဆိုရင်လည်းထောင်ထဲသူတို့ လိုသွားနေပေါ့ကွ။
ဘာခက်တာလိုက်လို့ ။
သူတို့ လို ရင်းရဲရင် ရင်းလိုက်ပေါ့။
တခုပဲ။ စေတနာဟာ ကံလို့ ဆိုတယ်။
စီးပွားရေးအတွက်ရည်ရွယ်ချက်နဲ့ အနှစ် ၁၀၀ ထောင်ထဲမှာသွားရင်း လည်း
မင်းကိုနိုင်တို့ လို့ ok မှာမဟုတ်ဘူးလို့ ကြိုပြောလိုက်တယ်။