Friday, December 16, 2011

သံဃမဟာနာယက ဆရာတော်တွေကလည်း တမှောင့်

သံဃမဟာနာယက ဆရာတော်တွေကလည်း တမှောင့်
အရှင်ပညာနန္ဒ

ခုတလော မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ ရွှေည၀ါဆရာတော်ကို အရေးယူပေးဖို့ စစ်အစိုးရလက်ကိုင်တုတ်ဖြစ်တဲ့ သံဃမဟာနာယကအဖွဲ့က အမိန့်စာတွေ ထုတ်နေတာတွေကို တွေ့ရလို့ သူတို့အစား ရှက်မိပါတယ်။

ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားရန် အမိန့်စာတွေ ထုတ်ရအောင် ရွှေည၀ါဆရာတော်က ဘယ်လို ရာဇ၀တ်မှုတွေ ကျူးလွန်နေလို့လဲ။ ငြိမ်းချမ်းရေးတရားဟောတာ၊ သူ့ကျောင်းမှာ အတိုက်အခံတွေရဲ့ အလှူအတန်း အခမ်းအနားတွေ လုပ်တာ၊ အကျဉ်းကျသံဃာတွေ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ လွတ်ဖို့ ဆုတောင်းပွဲတွေ လုပ်တာ ဘယ်သူတွေကို ထိခိုက်နေလို့လဲ။

သံဃမဟာနာယက ဆရာတော်တွေ ဘုရားရှင်ရဲ့ဥပဒေကို မျက်ကွယ်ပြုပြီး အာဏာပိုင်တွေ အလိုကျ ကိုယ့်သံဃာအချင်းချင်း နှိပ်ကွပ်နေတာ အင်မတန်မှ အရုပ်ဆိုးလှပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်း သတ်တာ ဖြတ်တာတွေ ရပ်ဖို့ အတူတကွ ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးပွားတိုးတက်အောင် အတူတကွ ဆောင်ရွက်ကြဖို့ တရားဟောတာ မကောင်းဘူးလား။

မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေတဲ့အချိန်တုန်းကတောင် စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ကိုယ်တိုင်ကြွရောက်ပြီး ငြိမ်းချမ်းရေးတရားတွေ ဟောခဲ့လို့ လူအသက်ပေါင်းများစွာ ချမ်းသာရခဲ့တာ ပိဋကတ်စာပေတွေမှာ အထင်အရှား ရှိနေသေးတာကို ဆရာတော်တို့ မေ့နေပြီလား။

ခုလို ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သံဃမဟာနာယက ဆရာတော်တွေအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ဆောင်ကြဖို့ စစ်အစိုးရအာဏာပိုင်တွေကို တခွန်းတပါဒမှ ဆုံးမသြ၀ါဒမပေးဘဲ စစ်အစိုးရအလိုကျ လုပ်ဆောင်နေတာတွေဟာ အင်မတန်မှ တာဝန်မကျေပြွန်ရာရောက်သလို ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ အလိုဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်နေပါတယ်။

အစိုးရကိုယ်တိုင်တောင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေတာ အားလုံးအသိပါ။ တဘက်တလမ်းကနေ ရွှေည၀ါဆရာတော်က ငြိမ်းချမ်းရေးတရားတွေ ဟောနေတာ အစိုးရကိုတောင် အထောက်အကူ ဖြစ်ပါသေးတယ်။ သံဃမဟာနာယက ဆရာတော်တွေ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။

ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စလို့ ခေါင်းစဉ်တပ်ထားတဲ့ စာမှာ ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃနာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားပါတယ်။

မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတာ အပြစ်လား။ ပင့်ဖိတ်တဲ့ ဒကာ၊ ဒကာမတွေရှိရင် ဘယ်နေရာ ဘယ်ဒေသမဆို တရားဟောရမှာ ဘုန်းကြီးတွေ အလုပ်မဟုတ်ဘူးလား။ ဦးသိန်းစိန်အစိုးရက ဖိတ်ရင်လည်း ဆရာတော်က ဟောမှာပါ။ အစိုးရရယ် အတိုက်အခံရယ်လို့ ဆရာတော်က ခွဲခြားမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောတာနဲ့ပဲ ကျောင်းတိုက်က ဖယ်ရှားပေးရမယ်၊ ဒုဗ္ဗဇပုဂ္ဂိုလ် (ဆိုဆုံးမရခက်တဲ့ ပုဂ္ဂိုလ်) ဖြစ်တယ်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မလိုက်နာသဖြင့် ဆိုတာတွေဟာ အတော်လေး သဘာဝမကျတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ သံဃနာယက ဆရာတော်တွေကို တခုလောက် လျှောက်ထားချင်ပါတယ်။ ဆရာတော်တို့ အနေနဲ့ကရော သာသာနာရေးကိစ္စတွေမှာ မှန်မှန်ကန်ကန်နဲ့ ဘုရားဥပဒေအတိုင်း လုပ်ဆောင်ခဲ့လို့လား။ စစ်အစိုးရ အာဏာပိုင်တွေက လိုအပ်တာထက် ပိုပြီး သံဃာတော်တွေကို ဖိနှိပ်နေတာတွေကို တခွန်းတပါဒ ဟန့်တာဖူးပါသလား။ သံဃာတော်တွေက ရေးဘေး၊ မီးဘေး ပညာရေးကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ပြီး လူထုကို အကူအညီတွေ ပေးတယ်။ အဲဒီသံဃာတွေကို ဖမ်းတယ်။ ထောင်ချတယ်။

ဒီလို မတရားလုပ်နေတာတွေကိုကျတော့ စစ်အစိုးရကို တခွန်းတပါဒမှ ပြောဖော်မရဘဲ အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ သံဃာတွေကိုတော့ စစ်အာဏာရှင်တွေ အလိုကျ အမိန့်တွေထုတ်ပြန်ပြီး ပိတ်ပင်တားဆီးနေတာတွေဟာ တရားရဲ့လား။ သံဃနာယက ဆရာတော်တွေ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကြီးပွားတိုးတက်အောင် ငြိမ်းချမ်းအောင် ဘာတခုမှ မလုပ်ဆောင်ဘဲ စစ်အစိုးရ အလိုကျ သံဃာတွေကို ဖိနှိပ်နေတာတွေဟာ တကယ့်ကို အဂတိတရား လိုက်စားနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

နောက်ဆုံးအနေနဲ့ လျှောက်ထားချင်တာကတော့ စစ်အစိုးရ အလိုကျ စစ်အစိုးရ ခိုင်းတာတွေ လုပ်ဖို့ သံဃနာယက ဖွဲ့စည်းထားတာလား။ ဘာအတွက် သံဃနာယကကို ဖွဲ့စည်းထားတာလဲဆိုတာ ဆရာတော်တို့ အနေနဲ့ သေချာစဉ်းစားပြီး မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဖို့ လျှောက်ထားလိုပါတယ်။ အဲလိုမဟုတ်ဘဲ ဘုရားမျက်နှာတော်ကို မကြည့်ဘဲ စစ်အစိုးရ ခိုင်းတိုင်း လုပ်နေမယ်ဆိုရင်တော့ စစ်အစိုးရ၀န်ထမ်းတွေအဖြစ် သတ်မှတ်ရတော့မှာဖြစ်ကြောင်း လျှောက်ထားလိုက်ပါတယ်။

အရှင်ပညာနန္ဒ
ဒီဇင်ဘာ-၁၅-၂၀၁၁

15 comments:

saw kt oo said...

Ko ko,r u a buddhist? u r gonig to hell soon. Its not ur business.

ပြည့်စုံ said...

ဗုဒ္ဒဘာသာဆိုပီးပြောနေကျတာ သံဃာတော်တွေကျတော့ လူဝတ်တွေလည်းခိုင်းတယ် ( သဘောတူမူ့မပါပါ) မတရားပေါ့ .......... ဆရာတော်က ငြိမ်းချမ်းဖို့ဟောတာပါ...တိုက်ခိုက်ဖို့ဟောတာမဟုတ်ပါဘူး ..........သံဃာံပဲ ဘယ်နေရာက ပင့်ဖိတ်ပါစေ........ဆရာတော်တွေကတော့ ဟောရမှာပဲမဟုတ်လား......အခုဟာက ဘယ်နေရာမဟောရဘူး....ဒီနေရာမဟောရဘူးနဲ့ တရာဟောတာပဲ လမ်းလည်းမာလည်းဟောရမာပဲ သံဃာ့နာယက ဆရာတော်တွေက ဘယ်လိုတွေလည်း တပည့်တော်တို့နာမလည်တော့ပါဘူးဘုရား........တပည့်တော်တို့ကတော့ .ငြိမ်းချမ်းမူ့ကို..ဆုတောင်းလျှက်နဲ့

Than Zaw Oo said...

ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။ တစ်ပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွါး၊ စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား။

ဘုရားဟော မြတ်ဓမ္မခန်ကို၊ တတ်လေဟန်ယောင်ဝါး၊ ပရမတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြ သူ့ထက်ငါ၊ အသိဥာဏ် တစ်ထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။

ပရိသတ် ထောမနာအောင်၊ စောဒနာ-ဥာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်းမရှောင်၊ ငြင်းကြလူ့ဘောင်၊ ပိဋကတ် အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။

(မုံရွာမြို့၊ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး)

A piece of my work on cloud said...

နအမ ဆိုတာ နွားအဖွဲ့။ မဟန ဆိုတာ မဟန်အဖွဲ့၊ ဦးသိန်းစိန်အစိုးရဆိုတာ ဗြောင်လိမ်တဲ့အဖွဲ့ တွေပါ။ မဟန အဖွဲ့မာ ကြည့်ညိုစရာ၊ သာသနာကိုတော်အတွက် အလုပ်လုပ်ပေးတဲ့ ဆရာတော်ဆိုလို့ ဗန်းမော် ဆရာတော်တပါးပဲရှိမာပါ။ သူ့ခမျာလည်း အများသဘောလိုက်လျှောရတယ်ဆိုတော့ မတတ်နိုင်ဘူးနေမှါပေါ့။ အများအားဖြင့်ကတော့ -- ကမ္ဘာအေးမာ လောကုတ္တရာစည်းစိမ်ထက်၊ လောကီးစည်းစိမ်တွေကို( လူတွေခံစားတဲ့ဟာတွေကို) ခံစားပြီး ဇိန်ကျနေကြတာပါ။ ဗန်မော်ဆရာတော်ကြီးကိုတော့ ကန်တော့ပါတယ်။ ဒီလောက်ပါပဲ။

ငြုပ်သီး said...

သာသနာတော်အတွက်ရင်လေးမိကြောင်းပါ မဟနဆရာတော်ကြီးများဘုရား ကြည့်လဲ လုပ်ပါဦးဘုရား ဘာသာခြားတွေကပါ အရှင်ဘုရားတို့ လုပ်ရပ်ကြောင့် တမျိုးတွေမြင်ကုန်၇င်သာသနာ မှာနစ်နာရပါတယ်ဘုရား

-_- said...

အော်..လူတွေ လူတွေ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ သူတွေက ဘုန်းတော်ကြီးတွေကို အားရပါးရ စော်ကားနေကြပါလား။ ပြောလိုက်ရင် သူတို့လောက် တရားအကြောင်း သိတာမရှိတော့ဘူး။ အခြေခံ ယဉ်ကျေးမှု ရှိဖို့ မပြောနဲ့ မိုက်ရိုင်းမှုကမ်းကုန်နေကြတာ လွန်ရောဘဲ။ ဘာသာခြားတွေကတော့ လှောင်ရယ်နေကြမှာဘဲ။

Nyo said...

တရားဟောတဲ့အထဲမှာ ဘာမဟုတ်တာပါလို့ အပြစ်ပေးတာလဲဆိုတဲ့ သူများကိုပြောရရင် ... ဘာမဟုတ်တာမှ ပါသွားလို့မဟုတ်ဘူးလို့ပဲ မြင်ပါတယ်။ အပြစ်ပေးတာက တခြားသောအကြောင်းကိုလုပ်မိလို့ မဟနက အပြစ်ပေးဖို့ ဆုံးဖြတ်တာလို့ မြင်ပါတယ်။ သေချာတာကတော့ သာသနာအတွင်းမှာ ရှိနေကြတဲ့ သံဃာတော်တွေနဲ့ ဘုရားဟောကနေ သွေဖယ်လာတဲ့ အယူတွေကို သုတ်သင်နိုင်ဖို့ တရားဝင်ဖွဲ့ထားတဲ့ စာတတ်ပေတတ် သက်ကြီးဝါကြီးဆရာတော်ကြီးတွေပါတဲ့ မဟနအဖွဲ့က အကြောင်းအမျိုးမျိုးကြောင့် မေတ္တာရှေ့ထားပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း တရားမဟောပဲနေပေးဖို့ မိန့်တော်မူထားတဲ့ ကန့်သတ်ချက်ကို ၃ ကြိမ်၊ ၃ ခါ ဖောက်ဖျတ်လို့မို့ မဟန ကအရေးယူလိုက်တာလို့ပဲ မြင်တယ်။ အဲဒီအကြောင်းကိုအခြေခံလို့ လူတွေက (ခုအခါမှာ တွင်ကျယ်လာတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စတဲ့ အယူတွေနဲ့ ဆွဲညှိပြီး) လူ့ဘောင်အယူတွေနဲ့ မိမိတို့ထင်ရာအတိုင်းပီး မဟနဆရာတော်ကြီးတွေကို အမျိုးမျိုး ထင်ရာမြင်ရာပြောပြီး အကုသိုလ်ယူနေကြတယ်။ သာသနာ့ကိစ္စကို ဖြေရှင်းဖို့ဖွဲ့ထားတဲ့ မဟနဆရာတော်ကြီးတွေဆိုတာ တကဲ့စာတတ်ပေတတ် ကျမ်းတတ်အကျော်တွေပါ။ ခုလူတွေသာမန်ပြောနေကြသလို ရိုးရိုးသာမန်အဆင့်ရှိတဲ့ ကိုယ်တော် တစ်ပါးမှ မပါပါ။ ကိုယ့်စားရိတ်နဲ့ကို ငရဲမယူမိကြပါစေနဲ့ဗျာ။(ညိုချော)

KO KO said...

i'm sorry for my comment. yes, i'm a buddhist and i respect monks, my parents, teachers and the aged. i love buddhism as well as justice and peace. i have been deeply feeling sad since 2007 coz many monks, novices and nuns were arrested, badly tortured and killed. they are still helpless until now....

now again, the sangha mahanayaka's decision and punishment for shwe nya wah sayadaw makes me so sad. i don't understand why they are doing such terrible action even if they are educated and religious senior monks. i understand, let alone religious leaders, every educated person are smooth, gentle and kind. the more they are educated, the more they should be more gentle and kind. especially, for religious leaders should not be more gentle, kind and peaceful....?

in this case, they should make justice and fair punishment even though shwe nya wah sayawdaw commits a crime. now it's not like that. i think they are too much tyrannizing shwe nya wah sayadaw. why they can not sympathize him and why they can not develop metta, karuna, mudita and upekkha for a monk who is helping for the benefit of the people and delivering a speech for peace. that's why i and all of my friends are feeling too sad.

i'm one of the students who is fighting for justice, freedom and democracy. i also once was a monastic student and i have got no more will to insult senior monks and buddhism. for the sake of buddhism and my country, my life was pushed on the stormy and thorny way. but no problem, i don't care any more. everbody has common sense how to differentiate what is right and what is wrong. So, as the senior monks or religious leaders should think deeply and they should not make any decision by force of the military generals. they should not listen to the military generals. they should see only buddha and vinaya according to buddhist traditions. if the senior monks don't look after the young monks, novices and nuns, who will look after them. if so, buddha sasana will be gone. it's clear...!

actually, i don't want to give any comments in such case but it's too much over. that's why i can not control my mind. i'm sorry i apologize all readers. ko lwun swe, please remove my former comment. i have no desire to disturb anyone. thank you all! keeping my fingers crossed for shwe nya wah sayadaw...!

“လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ...”
“အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ...”
“တို့မတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ...”

သွေးသစ် said...

http://www.irrawaddyblog.com/2011/12/blog-post_8635.html

moe said...

To All,
As Shwe Nyawar Hsayadaw mention, all Burmese youths should think beyond they were toldin the class rooms and by others.
The historians mentioned that "Bama asa Ataguang ka". Who was the Abhi-Raja the founder of Ancient Burmese kingdom? he was the Prince of Abhira tribe from the northern India. Abhiras are known as the "Fearless" people.
If Burmese are the decendants of Abhias, then Burmese are also "Fearless", can you be?
Visit the following link for more information.

http://www.indianmirror.com/tribes/ahirtribes.html

admin 1 said...

http://happydomino99.pages10.com/Judi-Online-18773832

Welcome to AsetQQ.com, the Best and Most Trusted Indonesian Online Poker Site. AsQQQ provides 6 games that can be played in 1 User Id only. Online Poker, DominoQQ, Bandar Ceme, Capsa Susun, Live Poker, Ceme Keliling Games, using Indonesian real money
poker online

Choosing an online casino agent is essential if people want to work on online gambling. http://www.dompetcasino.net/ to make the play scene should really be done so that the smoothness in playing gambling can be enjoyed gambling agency sites online casino agency page can also be done with a system of observing recommendations and recommendations from more experienced players.
judi online

happydomino is also the best and trusted Online Domino Poker site in Indonesia which has been proven by reputation and gained the trust of International Online gambling. Both the review of reputable poker sites and the quality of the games we provide do not need to be doubted. By providing the best service and providing assistance that is not complicated and we will provide an explanation that is as easy as possible so that you can easily understand it. We also provide playing tips and tricks so you can easily win in the best online gambling agent games in Indonesia. happydomino is guaranteed to be the fair play 100% online gambling site. There are no Robots in pure games Member vs Member. Our site is also equipped with the most sophisticated security system that is always updated on online gambling issues.

poker online

POKERSEJATI is a Poker site We provide interesting online game variants. You can access all of these games practically using just one account.

situs poker

JudiKartu is the jadwal bola, first trusted online betting agent in Indonesia that provides live baccarat, roulette and sicbo online services. Giving customer satisfaction and serving better than others.
Always determined to be able to serve customers better. Trying to remain a Soccer Agent, Casino Agent, the best and most trusted Online Betting in Indonesia
Jadwal bola

Search engine optimization (SEO) or Indonesian SEO is the process of influencing the visibility of websites or web pages in search engine results - often referred to as "natural", "organic" or "earned" results. In general, the earlier (or rank higher on search results pages), and more often sites appear in the list of search results, the more visitors will receive from search engine users, and these visitors can be converted to customers.

SEO can target various types of searches, including image search, local search, video search, academic search, news search and industry-specific vertical search engines.

Indonesian SEO

Madoo said...

Excellent Post as always and you have a great post and i like it



เว็บไซต์คาสิโนออนไลน์ที่ได้คุณภาพอับดับ 1 ของประเทศ
เป็นเว็บไซต์การพนันออนไลน์ที่มีคนมา สมัคร Gclub Royal1688
และยังมีเกมส์สล็อตออนไลน์ 1688 slot อีกมากมายให้คุณได้ลอง
สมัครสมาชิกที่นี่ >>> Gclub Royal1688

thanida said...

Really interesting and helpful article.!! Keep posting looking forward for your next updates.Thank you!!
หวยชุดมาเล

thanida said...

Wow! This is real good site for the readers as the content in this sites is very informative and it makes us pleasure to read the whole content.
ดูบอลสด
ผลบอลเมื่อคืน
ผลบอลสด

Bandar Togel Online said...

bagi orang pencari bonus pasti sudah tau Bandar Togel Online kingdomgrup