Thursday, November 17, 2011

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ဟောင်း၌ ဆန္ဒပြ သံဃာများ ငြိမ်းချမ်းရေးတရားဟော (ဓာတ်ပုံ+ရုပ်သံ)

(ဓာတ်ပုံ - ညိုကြီးနှင့် Burma VJ Media Network ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ ...)



ယမန်နေ့ ၁၅-၁၁-၂၀၁၁ က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာ ၅ ပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် ယနေ့ ၁၆-၁၁-၂၀၁၁ တွင် မန္တလေး၊ ၈၇ လမ်း၊ ၃၆ x ၃၇လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန် ကျောင်းဆောင်ရှေ့၌ ဆက်လက် ကျင်းပဆင်နွှဲခဲ့သည်။

ပရိသတ်ဦးရေ ၃၀၀ ခန့် တက်ရောက်နားထောင်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနား သည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ အခမ်းအနားကို မေတ္တာသုတ် သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက် တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ ပါသည်။

အခမ်းအနားအပြီးတွင် “သမ္မတကြီးအား တောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြ သော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ” အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။
(ညိုကြီးဖေ့စ်ဘွတ်ခ်မှ ...)

No comments: