Thursday, November 25, 2010

ပါလီမန်ထဲမှာ တိုက်ယူမတဲ့လား

ဇော်မင်း

မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးကတည်းက အခြေအနေများ တစုံတရာ အတိုင်းအတာတခုထိ အကောင်းဖက် ကို ဦးတည်ပြီး ပြောင်းတော့မလားလို့ နိုင်ငံတာက အစိုးရများက တွက်နေကြပါတယ်။ အထူးသဖြင့် ဥရောပ တိုက်က အစိုးရတချို့နဲ့ အာရှဒေသတွင်းက အစိုးရများက ရွေးကောက်ပွဲရှိတာဟာ ဘာပဲပြောပြော တိုးတက် လာတဲ့ လက္ခဏာလို့ မြင်ကြပါတယ်။ ဘာတွေများ မြင်သာထင်သာ တိုးတက်လာသလဲလို့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ လတ်လတ်ဆတ်ဆတ် ကိစ္စတခုကတော့ ရခိုင်ပြည်က တန်ဖိုးမဖြတ် နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားတွေ၊ စေတီတွေ၊ ပုထိုးတွေ၊ ကျုံးဟောင်းတွေကို ဘူဒိုဇာတွေ နဲ့ ဖျက်ဆီးနေတယ်ဆိုတာကို သွားတွေ့ရပါတယ်။ စိတ်မကောင်းစရာတွေပါပဲ။ လူမျိုးတမျိုးအတွက် ဘယ်လို မှ ပြန်အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေလို့ ဆိုနိုင်ပါတယ်။

ရခိုင်အမျိုးသားတို့အဖို့ သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ ဘာမှမတတ်နိုင်ဘဲ စစ်အစိုးရ လုပ်ချင်တိုင်း လုပ်နေတာကို ထိုင်ကြည့်နေရပါတယ်။ အခုရွေးကောက်ပွဲမှာ အမတ်နေရာတချို့ ရ ထားတဲ့ ရခိုင်ပါတီလည်း ဒီကိစ္စအတွက် ဘာလုပ်နိုင်သလဲလို့ ကြည့်လိုက်တော့ အမတ်မင်းများလည်း ဘာသံ မှ မထွက်သလို ဘာမှမလုပ်နိုင်တာကို မြင်ရပါတယ်။ ရွေးကောက်ပွဲပြီးလို့ အမတ်တွေ ဖြစ်လာရင် ကိုယ့်ပြည် နယ်ထဲမှာ ပြည်နယ်ရဲ့ကောင်းကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ထင်ထားတဲ့ တွက်ကိန်းဟာ တက်တက်စင် အောင် လွဲနေတယ်ဆိုတာကို အထင်အရှား မြင်ရပါတယ်။ ဒါဟာ အပြစ်တင်နေတာ မဟုတ်ပါဘူး။ တွက်ရေး က စက်သူဌေး၊ တွက်ကြည့်မှ စက်မရှိဆိုတာလို ဖြစ်နေတာကို ထောက်ပြခြင်းဖြစ်ပါတယ်။ တခါ ရခိုင်အမတ် မင်းတွေ ဘာမှပြောရဲလို့ မြန်မာအမတ်မင်းများက ကူပြီး ဒီကိစ္စကို ဝိုင်းဝန်းပေးတယ်ဆိုတာလည်း မကြားရပါ ဘူး။

စစ်အစိုးရအနေနဲ့လည်း မလုပ်သင့်တာ မလုပ်ထိုက်တာကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။ တခုကလည်း မြန်မာနိုင် ငံဆိုတာ တိုင်းရင်းလူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ စစ်အာဏာရှင်များက အသိအမှတ်ပြုပုံ မ ပေါ်ပါဘူး။ မြန်မာလွှမ်းမိုးရေးကိုသာ တစိုက်မတ်မတ် လုပ်နေတယ်ဆိုတာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အခြေအနေတွေကို ပြန်ကြည့်တာနဲ့လည်း သိနိုင်ပါတယ်။ တိုင်းပြည်တပြည် တိုးတက်ဖို့ဆိုတာက တည်ငြိမ် အေးချမ်းဖို့ လိုပါတယ်။ တည်ငြိမ်တယ်ဆိုတာ အကြောက်တရားကြောင့် လူတွေဘာမှာ ပြန်မပြောရဲဘဲ တည် ငြိမ်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒီမိုကရေစီ ဖြန့်ကျက်မှု၊ တရားမျှမှုတွေကြောင့် တည်ငြိမ်တာမျိုးကို ဆို လိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုံနေထိုင်တဲ့ တိုင်းပြည်တပြည်ရယ်လို့ ဖြစ်လာတာဟာ နှစ်ပေါင်းတ ထောင်ခန့် ရှိပြီလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှ ပေါ်ပေါက်လာတဲ့ စင်္ကာပူလို မြို့ပြနိုင်ငံ အသစ်ကလေး တခုတောင် သူ့နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေတဲ့ အိန္ဒိနွယ်ဖွားတွေ၊ တရုတ်နွယ် ဖွားတွေ၊ မူလကတည်းက ရှိခဲ့တဲ့ မလေးနွယ်ဖွားတွေ အားလုံးအတွက် ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်အောင် ဖွံ့ ဖြိုးအောင် ဆောင်ရွက်ပေးနေတာ အားလုံး မျက်မြင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖျဉ်းပြောရရင် စင်္ကာပူ ဟာ တည်ငြိမ်တယ် အေးချမ်းတယ်လို့ ပြောရမှာပါပဲ။ ဒီမိုကရေစီ ဖြန့်ကျက်မှု အားမကောင်းသေးတာ၊ ခွင့်ပြုမှု အလွန်နည်းသေးတာကတော့ ခြွင်းချက်လို့ ဆိုနိုင်ပါတယ်။

လူမျိုးတိုင်းဟာ သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှု၊ ရှေးဟောင်းအမွေ ... စတာတွေနဲ့ ပတ်သက် လို့ မြတ်နိုးတန်ဖိုးထားကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဥပမာတခုကို ပြောလိုပါတယ်။ အင်္ဂလိပ်ကိုလိုနီလက် ထက်တုန်းက ဘုရားပေါ်ကို အင်္ဂလိပ်အုပ်စိုးသူ အာဏာပိုင်တွေ ဘွတ်ဖိနပ်စီးပြီး တက်လာတဲ့အတွက် မြန်မာ တွေဘက်မှာ စွေ့စွေ့ခုန် မဖြစ်ခဲ့ဘူးလား၊ ရိုင်းလိုက်တဲ့ ကုလားဖြူတွေ၊ ငဒို့လူမျိုးကို စော်ကားလေခြင်းဆိုပြီး ဒေါသထွက်ခဲ့ကြတယ်မဟုတ်လား၊ အဲဒီဘုရားပေါ်မှာ ကိုလိုနီအရှင်သခင်တွေ ဖိနပ်စီးပြီး တက်ရာကနေတ ဆင့် အမျိုးသားရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို မမေ့ကြသေးဖူးလို့ ထင်ပါတယ်။ ဒါတောင် ကိုလိုနီအုပ်ချုပ်သူ အင်္ဂလိပ်တွေဟာ ဘွတ်ဖိနပ်စီးပြီး ဘုရားပေါ် တက်ရုံသာ တက်ခဲ့ခြင်းဖြစ်ပါတယ်။ ဘုရား တွေကို ဖြိုချဖျက်ဆီးတာမျိုး မလုပ်ခဲ့ပါဘူး။

အခုမှာက ရခိုင်အမျိုးသားတွေရဲ့ရှေးဟောင်းအမွေအနှစ်တွေကို ရထားလမ်းဖောက်ဖို့ဆိုတဲ့ အကြောင်းပြချက် နဲ့ စစ်အစိုးရက ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖျက်ဆီးနေတာကို ရခိုင်အမျိုးသားတွေ မချိတင်ကဲဖြစ်မှာ အမှန်ပါပဲ။ ဒေါ သထွက်ကြမှာလည်း အသေအချာပါပဲ။ မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ တိုင်း ပြည်ဆိုတာ အထက်မှာလည်း ပြောခဲ့ပြီးပါပြီ။ အဲတာကြောင့် မြန်မာတွေ ကိုယ်ရဲ့ယဉ်ကျေးမှု ရှေးဟောင်းအ မွေအနှစ်တွေကို မြတ်နိုးသလို တခြားသောတိုင်းရင်းသားလူမျိုးများလည်း သူတိုရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု အမွေ အနှစ်တွေကို မြတ်နိုးလိမ့်မယ်ဆိုတာ အထူးသံသယဖြစ်စရာမလိုပါဖူး။ အခုလို မြန်မာစစ်အစိုးရက ရခိုင်အမျိုး သားတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်လိုဖျက်ဆီး လုပ်နေတာဟာ ရခိုင်အမျိုးသားတွေ ဘက်က ဘယ်လိုမြင်မလဲ၊ ရခိုင်တွေဟာ မြန်မာတွေရဲ့လက်အောက်မှာ ကိုလိုနီကျွန်ဘဝသဖွယ် နေထိုင်နေ ရလို့ အခုလိုမျိုး အဖြစ်တွေကို ရင်ဆိုင်နေရတာလို့ သူတို့ဘက်က မြင်မှာမလွဲပါဘူး။ ဒီလို အကျိုးဆက်တွေ ကြောင့် မြန်မာမုန်းတီးရေးစိတ်များလည်း တဟုန်းဟုန်းနဲ့ မြင့်တက်လာပါလိမ့်မယ်။ ဒီလိုမျိုးသာ ဖြစ်နေကြပြီ ဆိုရင် အနာဂတ်မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းဖို့ လွယ်ကူပါ့မလား၊ ဖွံ့ဖြိုးတိုးတက်ဖို့ကော ဖြစ်နိုင်ပါ့မလား။

ဒါ့အပြင် အခြားသော ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရခိုင်ကမ်းလွန်ပင်လယ်ပြင်က ထွက်ရှိ လာမယ့် သဘာဝဓာတ်ငွေ့တွေကို ရခိုင်လူမျိုးတွေ ဈေးချိုချိုနဲ့ သုံးစွဲခွင့်ရပါ့မလား ဆိုတာကလည်း မေးရမယ့် မေးခွန်းတခု ဖြစ်လာပါတယ်။ တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ဖို့ ပိုက်လိုင်းတွေ ဆောက်နေတယ်မဟုတ်လား။ ပြောရမယ်ဆိုရင် အဲဒီသဘာဝဓာတ်ငွေ့တွေကို ဒေသခံ ရခိုင်အမျိုးသားတွေ သုံးစွဲခွင့်ရမှာမဟုတ်သလို မြန်မာ အပါအဝင် တခြားသော တိုင်းရင်းသားများလည်း အဖိုးအခနည်းနည်းနဲ့ သုံးစွဲခွင့်ရဖို့ဆိုတာ ငရဲပြည်က အပ်တ စင်းနဲ့ နတ်ပြည်က အပ်တစင်းလိုပါပဲ။

နောက်တချက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စစ်တွေမြို့မှာ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား လုပ်မှာကို စစ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ ဦးဥတ္တမဟာ ရခိုင့်အာဇာနည်တပါးဖြစ်သလို မြန်မာတနိုင်ငံ လုံးရဲ့ ပထမဆုံးသော အာဇာနည်တဦး ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါကို ဘာသဘောနဲ့ စစ် အာဏာပိုင်တွေက တားမြစ်တာလဲ။ ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုမြင့်တက် လာမှာကို ချိုးနှိမ်တဲ့သဘောနဲ့ ရည်စူးပြီး တားမြစ်တယ်လို့သာ စွပ်စွဲရတော့မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုဖြစ်နေသလို အလားတူ အဖြစ်အပျက်မျိုးတွေ တခြားသော တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တာ ရှိနေပါသေးတယ်။ ဥပမာတခုကို ပြောရမယ်ဆိုရင် အခုလက်ရှိ စစ်အစိုးရလက်ထက်မှာ ရှမ်းပြည်က ကျိုင်းတုံဟော်နန်းကိုလည်း အလာတူပါပဲ၊ ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးခဲ့ပါတယ်။ အာဏာပိုင်တွေ အကြောင်းပြ တာကတော့ အဲသလို ဖျက်ဆီးရတာဟာ ခရီးသွားနဲ့ ဧည့်ကြိုလုပ်ငန်းအတွက် ခေတ်မီဟော်တယ် တည် ဆောက်ဖို့ဆိုပြီး အကြောင်းပြခြင်းဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ မခိုင်လုံပါဘူး။

ကျိုင်းတုံဟော်နန်းဟာ တချိန်တုန်းက ရှမ်းပဒေသရာဇ် စော်ဘွားတွေ နေထိုင်ခဲ့တဲ့ ဟော်နန်းဖြစ်ပါတယ်။ အခု ခေတ်မှာ စော်ဘွားဆိုတာ မရှိတော့ပေမယ့် ဒီအဆောက်အဦဟာ ရှမ်းအမျိုးသားများအတွက် ရှေးဟောင်းရိုး ရာ အမွေအနှစ်များထဲက တခုဖြစ်ပါတယ်။ နောင်လာနောက်သား ရှမ်းမျိုးဆက်သစ်လူငယ်များ သမိုင်းရေး ဆိုင်ရာအရ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ဆက်လက်တည်ရှိသင့်တဲ့ အဆောက်အဦလည်း ဖြစ်ပါတယ်။ နိုင်ငံ ခြားသား ခရီးသွားများအတွက် ဟော်တယ်ဆောက်တာ လွတ်ရာကျွတ်ရာ တနေရာရာမှာ ဆောက်လို့ရပါ တယ်။ ငေါ့တော့တော့ပြောရရင် အဲဒီနေရာမှာမှ ဟော်တယ်မဆောက်ရင် တိုးရစ်တွေက လာမတည်းတော့ ဘူးလို့ အဆိုတင်ထားလို့လား၊ မြန်မာတွေလက်အောက်မှာ ကိုလိုနီသဖွယ်နေနရလို့ အခုလို စော်ကားခံရတာ လို့ ရှမ်းအမျိုးသားတွေဘက်က မြင်မှာမလွဲပါဘူး။ အခုတော့ လူမျိုးတမျိုးအတွက် အစားထိုးလို့ မရနိုင်တဲ့ သ မိုင်းဆိုင်ရာ အမွေအနှစ်တွေကို လက်လွတ်စပယ် လုပ်နေတယ်လို့သာ ပြောပါရစေ။

တကယ်တမ်းပြောမယ်ဆိုရင် အစိုးရဆိုတာမျိုးဟာ လူမျိုးတိုင်းရဲ့ရှေးဟောင်းသမိုင်းအမွေအနှစ်တွေကို မဖျက် ဆီးသင့်တဲ့အပြင် ထိန်းသိမ်းစောင့်ရှောက်ထားဖို့တောင် ကူညီဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ရှေးဟောင်းအမွေ အနှစ်ဆိုရင် ထိန်းသိမ်းထား၊ ခေတ်သစ်အဆောက်အဦဆိုရင် ဖျက်ချခွင့်ရှိတယ်လို့ ဆိုလိုတာလည်းမဟုတ်ပါ။ ဥပမာတခုပြောရရင် ချင်းပြည်နယ်မှာရှိတဲ့ ချင်းအမျိုးသားများ ကိုးကွယ်ရာဖြစ်တဲ့ အခုခေတ်မှ တည်ဆောက် တဲ့ ခရစ်ယာန်ဘုရားကျောင်းများကို ဖြိုချဖျက်ဆီး မီးရှို့တဲ့ လုပ်ရပ်မျိုးကို စစ်တပ်က အကြိမ်များစွာ ပြုလုပ်ခဲ့ပါ တယ်။ ဒီလိုမျိုး လုပ်ရပ်တွေဟာလည်း မလုပ်သင့်တဲ့ လုပ်ရပ်လို့ ဆိုပါရစေ။ ဒါမျိုးတွေ ချင်းပြည်နယ် နေရာအ နှံ့အပြားမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အလွန်အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ လုပ်ရပ်များပါ။

နောက်ဆက်ပြီး ပြောလိုတာကတော့ ဥပမာဆိုရရင် မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ မြန်မာပြည် အ လယ်ပိုင်းက ရှေးဟောင်းပုဂံဘုရားတွေကို တရုတ်စီးပွားရေး ကုမ္ပဏီကြီးတခုက ရထားလမ်းဖောက်တာနဲ့ မ လွတ်လို့ ဒါမှမဟုတ် တရုတ်ပြည်ကို သွယ်တန်းနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့ လမ်းပေါ် မှာရောက်နေလို့ဆိုပြီး ဘူဒိုဇာတွေနဲ့ ထိုးချဖျက်ဆီးတော့မယ်ဆိုရင် မြန်မာလူမျိုးတွေ စိတ်ထဲမှာ ဘယ်လိုများ ရှိပါ့မလဲ။ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ ခံပြင်းခြင်းများနဲ့ အတူ တရုတ်မုန်းတီးစိတ်တွေလည်း တဟုန်းဟုန်း တောက်လောင်လာလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

ကိုယ့်လူမျိုးရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးတာ၊ ထိန်းသိမ်းလိုတာ လူမျိုးတိုင်းရဲ့ အ ခွင့်အရေးတခုပါ။ အဲသလိုပါပဲ။ ကိုယ့်ရဲ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေကို ကိုယ်ချစ်မြတ်နိုးသလို တ ခြားသော တိုင်းရင်းသားလူမျိုးများလည်း သူတို့ရဲ့သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေ ကို ချစ်လိမ့်မယ်၊ မြတ်နိုးလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

အခုလို တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ယဉ်ကျေးမှုလက်ရာတွေကို မြန်မာစစ်အာဏာပိုင် တွေက ဖျက်ဆီးနေတဲ့အတွက် တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာ မြန်မာလူမျိုးမုန်းတီးရေးတွေ ဘယ်လောက် များ အထပ်ထပ် ကိန်းအောင်းနေမလဲဆိုတာ တွက်မကြည့်ရဲလောက်အောင် ဖြစ်မိပါတယ်။

ကိုင်း ... ရွေးကောက်ပွဲကြီးကတော့ ပြီးလို့သွားပါပြီ၊ အနာဂတ်မှာ အမတ်မင်းများ ဘာတွေလုပ်နိုင်မလဲဆိုတာ ကတော့ မသိသေးပေမယ့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခုလို အခြေအနေတွေကို ဘယ်သူမှ အကာအ ကွယ်မပေးနိုင်ဘူးဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ ပါလီမန်ထဲမှာ တိုက်ယူမယ်ဆိုတဲ့ ပုဂ္ဂိုလ်များ ဘာ များပြောခြင်ကြပါသလဲ။

ဇော်မင်း
(၂၅ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်)

15 comments:

Unknown said...

ရခိုင်ပြည်မှာဖြစ်နေတာကိုအကိုမကျေနပ်ဘူးလက်ခံတယ်..ဒါပေမယ့်မြန်မာမုန်းတီးရေးဆိုတာတော့မဟုတ်သေးဘူး..ခွဲခြားပြီးပြောတာကပိုကောင်းမယ်..ဘာဖြစ်လို့လည်းဆိုတော့မြန်မာတွေလည်းဘုရားကိုကိုးကွယ်ယုံကြည်တာပဲ..အခုလုပ်တာကမြန်မာတွေပဲ..အကိုလည်းမြန်မာပဲ..လက်ရှိလုပ်နေတာ..စစ်အစိုးရလုပ်နေတာ..အဲ့ဒါကိုမြန်မာမုန်းတီးရေးဆိုတဲ့စကားသုံးတာကတော့မကောင်းဘူး..ဘယ်သူကမှကိုယ်ကိုးကွယ်ယုံကြည်တဲ့အရာကိုမဖျက်ဆီးဘူး..နောက်ပြီးဘယ်သူကမှစစ်အစိုးကိုမကြိုက်ဘူး..အဲ့ဒါကြောင့်စစ်အစိုးရကိုပဲအပြစ်တင်ပါ..မြန်မာမုန်းတီးရေးဆိုတဲ့စကားကိုမသုံးသင့်ဘူးထင်ပါတယ်..

Tai said...

I wonder why I don't hear complains from Rakhine who live oversea and local.
All Rakhine, wake up... Why are you so silence...

Unknown said...

ရခိုင်ပြည်ကို နည်းမျိုးစုံနဲ့ ဖျက်နေတာက အခုမှမဟုတ်ဘူး။ သမိုင်းနဲ့ လက်ရှိဒုက္ခတွေကို ပြန်ကြည့်ရင် သိတယ်။ တိုင်းရင်းသား အားလုံး ဒုက္ခခံနေရတာပါပဲ။ ဗမာအချင်းချင်းတောင် နှိပ်စက်သေးတာပဲ။ ဒါကို ပြောမယ့်သူက မရှိဘူး။ ရှိရင်လည်း အရမ်း နည်းတယ်။ မြန်မာပြည်မှာက(ပြည်ပရောက်အများစု) ဒီမိုကရေစီဆိုပြီး အော် အော် နေကြတဲ့ ဟန်ပြလူတွေက များတယ်။ ငါ့မိုကရေစီကပဲ များတယ်။ ငါကောင်းစားရေး ဒီမိုကရေစီပဲ အော်နေကြတာပါ။ တရားမမျှတတာကိုတွေ့လို့ အမှန်တ၇ားဖက်က ရပ်တဲ့လူက လက်တစ်ဆုပ်စာလောက်ပဲရှိတယ်။ အခုပဲကြည့်ပေါ့။ ဂီရိမုန်းတိုင်းဒဏ်တွေကို ကူကြဖို့၊ ယဉ်ကျေးမှုတွေ၊ သယံဇာတတွေကို ဖျက်ဆီးတာကို တားကြဖို့ ဘယ်သူပြောလဲ။ အမှန်ဖက်က။ ငါမိုကရေစီ ဂျီး တွေတော့ တော်တော် တွေ့ဖူးပါတယ်ကွာ။ မြန်မာပြည်က လူမျိုးရေး နှိပ်ကွပ်မှုသည် ပျောက်ပျက်မှုမရှိ။ ဗေဒင်မေးစရာမလို၊ ဘက်လိုက်တတ်တာ မြန်မာနိုင်ငံသား အများစုရဲ့ မွေးရာပါ အရည်အချင်းပါ။ မျိုးချစ်များကို မဆိုလိုပါ။ မျိုးချစ်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ လေးစားတယ်။

Khaing Mrat said...

ရှိပြီးသား ရခိုင်-ဗမာ ဆက်ဆံရေး၊ ရှိပြီးသား ဗမာ-တိုင်းရင်းသားဆက်ဆံရေးဟာပိုပြီး ခါးသီးစေမယ်ဆိုတာ ငြင်းစရာမရှိပါဘူး....Democracy ရဲ့အခြေခံဟာ စည်လုံးညီညွတ်ပြီး တန်းတူရေး..အာနာခွဲဝေကျင့်သုံးရေး ငြိမ်းချမ်းရေးပါပဲဆိုတာ လူတိုင်းသိပြီးသားပါ... SINGAPORE နိုင်ငံမှာလေးလမ်းမောင်းသွား.. လေးဘာသာစကားနဲ့ အချိန်နှင့်တပြေးညီတိုးတက်နေတယ်... မြန်မာနိုင်ငံမာ တလမ်းမောင်း မဟာဝါဒီ ဗမာတွေကတော့ သင်ခန်းစာယူသင့်တာကြာပြီ...
တိုင်းရင်းသားတွေဟာ ၁၉ ရာစုခောတ်ကလို မဟုတ်တော့ဘူးဆိုတာ..သတိပေးပါရစေ...

yoo said...

ဒီနေ့ ကျွန်ုပ်၏ အမေသည် တနေ့က ဘုရားလိုက်ပို့
ခဲ့သော သားအား ပျင်းနေမှာ စိုးရိမ်ဟန်တူသည်။
ကျွန်ုပ်အား ဘလော့လ်တွင်ရေးထားသောသတင်းများ
နှင့်ကွန်မန့်များကိုဖတ်ပြနေလေတော့သည်။

မစ္စတာဇော်မင်းရေးသားသည့်ဆောင်းပါးလည်း
တပုဒ်အပါအ၀င်ဖြစ်ခဲ့ရလေ၏။

ကျွန်ုပ်၏ အမေသည် ဆောင်းပါး၏ဆိုလိုရင်းကို
ကျွန်ုပ်အား စိတ်ရှည်စွာ ရှင်းပြခဲ့ပါသည်။

ကျွန်ုပ်မှာကား
မနေ့က ပါတီပြန်ကြားရေးဆိုသူ မစ္စတာအုန်း၏
ပြောဆိုမှုကြောင့် ကျွန်ုပ်သိခဲ့ရသော ပင်လုံအတွက် စည်းရုးံရေး ကိစ္စများနှင့် ယခုဆောင်းပါးကို
နှိုင်းယှဉ်မှုများ ဖြစ်ခဲ့ရလေ၏။

လက်သမားပညာနှင့် ကျွန်ုပ်ဥပမာပေးရမည်ဆိုလျှင်
ထိုင်ခုံတလုးံ၏ခြေလေးချောင်း ခိုင်မြဲမှု အတွက်
အောက်ခြေပတ်လည်မှာ ခြေချုပ်တန်းများ ထိုးနေစဉ်
မစ္စတာဇော်မင်းမှာ လိုက် နှဲ့  နေသလိုမျိုး
ကျွန်ုပ် ထင်မြင်မှုများ ဖြစ်ခဲ့ရလေသည်။

သို့ ရာတွင် ကျွန်ုပ်၏ထင်မြင်မှုများကို ကျွန်ုပ်၏ အမေအား ကျွန်ုပ်မပြောခဲ့ပါ။

မှတ်ချက်။
ထိန်လင်း ခေါ် ကင်မ် အဲရစ်စ် ၏ပြောဆိုချက်များကို
ဆီလျော်အောင် ပြန်ဆိုရေးသားထားပါသည်။(စာရေးသူ)

Unknown said...

မင်းတို့ရခိုင်တွေလမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ပေးနေတာကိုတော့ ကျေးဇူးတင်စကားတစ်ခွန်းမှမပြောဘူး၊ ဒီမဖြစ်သလောက်အပျက်စီးလောက်ကိုပဲ ပုံကြီးချဲ့ပြီးပြောနေကြတာပဲ၊ တကယ်တမ်းဆိုရင် မင်းတို့ကောင်တွေက အဖျက်သမားတွေပဲ၊ ဥပမာတစ်ခုပြောမယ်ကွာ လူ့ပြည်မှာ မိုးခေါင်နေတဲ့အချိန်မှာ ပုရွက်ဆိတ်ကလေးတွေ ဒုက္ခရောက်ကြမှာသေကြမှာစိုးလို့ဆိုပြီး မိုးမရွာရင် ပုရွက်ဆိတ်ထက်တန်ဖိုးကြီးတဲ့ လူတွေဘာဖြစ်ကုန်မလဲ ၊ ငတ်ကုန်မယ် သေကုန်မယ် ဒါပဲရှိတယ်၊ အဲဒီတော့ အလုပ်တစ်ခုလုပ်ရင် ဆိုးကျိုးဆိုတာလည်း အနည်းအကျဉ်းတော့ ရှိနိုင်တာပေါ့၊ ပုရွက်ဆိတ်ကလေးတွေကိုငဲ့ပြီး မိုးမရွာတော့ရင် လူတွေသေကုန်ဖို့ပဲရှိတယ်၊ ကဲ ဆောင်းပါးရှင် မောင်မင်းဇော် မင်းကိုယ်တိုင်ပဲ စဉ်းစားပါ ပုရွက်ဆိတ်တွေ အသေခိုင်းမလား လူတွေကို အသေခိုင်းမလား၊ မင်းကပုရွက်ဆိတ်မျိုးဆိုရင်တော့ လူတွေကို အသေခိုင်းမှာပေါ့လေ။ မင်းသာ လူစင်စစ် အသိညဏ်ရှိတဲ့ယောကျာ်းစင်စစ်ဖြစ်ခဲ့ရင်တော့ ရခိုင်လူမျိုးတွေ ချမ်းသာကြဦးမှာပေါ့

Unknown said...

hninyu ပြောတာ လက်မခံချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရထားလမ်းခင်းတာကို မခင်းနဲ့ ပြောနေတာ မဟုတ်ဘူး၊ ရှေးဟောင်းယဉ်ကျေးမှူတွေကို မထိခိုက်အောင် ရှောင်ပြီးလုပ်ဖို့ ပြောနေတာပါ၊ ရခိုင်ပြည် အကျယ်ကြီးပါ၊ ယဉ်ကျေးမှုအဓိက ကျတဲ့ နေရာတွေကို ပျက်စီစေမယ် ဆိုရင် လွတ်တဲ့ နေရာက ရှောင်ဖို့ ကို ပြောနေကြတာပါ၊ လမ်းခင်တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် ရှေးဟောင်း ဘုရားပုထိုးတွေကိုတော့ မဖျက်စီးပါနဲ့ ၊ ကမ္ဘာမှ အချမ်းသာဆုံးနိုင်ငံဖြစ်အောင် ရွှေတိဂုံဘုရားကို ဖျက်ပြီး စီးပွားရေးဇုံတစ်ခု လာဆောက်ရင် hninyu လက်ခံနိုင်မလားဗျာ့၊ စဉ်းစဉ်းစားစားပြောပါဗျာ့၊ အခုပြောနေတာက လွတ်တဲ့ နေရာက ရှောင်ပြီးလုပ်လိုက်ရင် ပြည်နယ်လည်း အဆက်အသွယ်ကောင်းမယ်၊ လူထုလည်း ကျေနပ်မယ်။ ကဲ့ မကောင်းဘူးလား။ ရှောင်မယ့်နေရာမရှိလို့ လုပ်ရတယ်ဆိုရင် မပြောတော့ပါဘူး၊ ရခိုင်ပြည်အကျယ်ကြီးပါဗျာ့။ လာလည်ကြည့်ပါ..။

Unknown said...

hninyu ရဲ့ comment ကို ဘယ်လိုမှလက်ခံလို့မရပါဘူး။ ရှေးဟောင်းအမွေအနှစ်တွေကို ပုရွက်စိတ်နဲ့နှိုင်းပြီး ရထားလမ်းကိုတော့ တန်ဖိုးရှိတဲ့လူတွေနဲ့နှိုင်းပြတာဟာ လုံးဝသဘာဝမကြပါဘူး။ ရထားလမ်းဆိုတာမျိုးလောက်ကတော့ ပိုက်ဆံရှိရင်ဘယ်အချိန်ပဲထလုပ်လုပ် လုပ်လို့ရတယ်။ ရှေးဟောင်းအမွေအနှစ်ဆိုတာက ဘယ်အရာနဲ့မှ ပြန်အစားထိုးလို့မရနိုင်တော့ပါဘူး။ မင်းကောင်းစားဖို့အတွက် မင်းရဲ့လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေကို စတေးရမယ်ဆိုတာမျိုး တခါမှမကြားဖူးပါဘူး။ မခံရဘူးလို့ ကိုယ်ချင်းမစာတတ်ရင်လည်း တိတ်တိတ်လေးပဲနေပေးပါ။ လူတိုင်း ကိုယ့်ရဲ့လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေကို အသက်ထက်ချစ်မြတ်နိုးကြပါတယ် (တကိုယ်ကောင်းဆန်သူတွေကလွဲလို့)။ သာဓကနဲ့နှိုင်းပြတာကိုမှ သဘောကျမယ်ဆိုရင် မင်းအရမ်းတန်ဖိုးထားတဲ့အရာတစ်ခုကို တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်ပြီးမှ စိတ်မဆိုးနဲ့ အသစ်ဝယ်ပေးပါ့မယ်ဆိုရင် ရမလား။

susu said...

‌ပြောရက်လိုက်တာ..လမ်းပန်းဆက်သွယ်‌ရေး‌၊ပညာ‌ရေး၊ကျန်းမာ‌ရေး၊စီးပွါး‌ရေးကောင်း
‌အောင်လုပ်‌ပေးရမှာအစိုးရတာဝန်မဟုတ်ဘူးလား၊ဒြီပည်
နယ်ကိုအုပ်ချုပ်‌နေတာဒြီပည်နယ်ရဲ့ဖွံြ့ဖိုးတိုးတက်မှုကို
လုပ်မ‌ပေးဘဲထွက်သမျှသယံဇာတ‌တွေအကုန်ယြူပီးဒြီပည်နယ်အတွက်ကျ‌တော့မယားငယ်လစာ‌ပေးသလိုမသထာ‌ရေစာ‌‌ပေး‌နေတာကို‌ကျေးဇူးတင်ပါတယ်‌ပြောရမှာလား၊မသိဘဲနဲ့ဆရာကြီးဝင်မလုပ်‌စေချင်ဘူး၊ကိုယ်တိုင်သွား‌နေကြည့်စမ်းပါလမ်း‌တွေဘယ်‌လောက်ဆိုးတယ်၊ကျန်းမာ‌ရေး၊ပညာ‌ရေးဘယ်‌လောက်‌ခေတ်‌နောက်ကျတယ်ဆိုတာကို..။သတင်းစာထဲမှာ‌‌တော့ကျောင်း‌တွေမှာကွန်ပျူတာ‌တွေသုံး
ပြထားထာများဟုတ်လို့..၊လက်‌တွေ့မှာသဘာဝဓာတ်‌ငွေ့‌တွေအလျှံပယ်ထွက်‌နေတဲ့‌ဒေသမှာလျှပ်စစ်မီးဆိုတာ
ခရမ်းချဉ်သီးနဲ့နင်လားငါလား၊ဒါ‌တောင်မှည၆နာရီက၉
နာရီထိဘဲရတာ၊မီတာခကတယူနစ်ကို၂၅၀ကျပ်၊ပုဂှလိ
ကမီး‌ကိုထပ်ယြူပီးစာကျက်ကြရတယ်။‌လမ်း‌တွေ‌ဖေါက်တံတား‌တွေ‌ဆောက်တာ‌တော့လုပ်မှာ‌ပေါ့၃ပုံ၂ပုံကအိတ်ထဲထည့်လို့ရတာကိုး၊‌ရှေ့က‌ဖေါက်ပြီး‌နောက်ကပျက်တာကျ‌တော့မပြင်‌တော့ဘူး၊သတင်းစာထဲမှာမီးတထိန်ထိန်နဲ့ဖွင့်ပွဲလုပ်‌နေတဲံ့အချိန်‌ရှေ့က‌ဆောက်ခဲ့တဲ့‌ချောင်းကူတံတားကနဲ့‌နေပြီ..။‌စေတနာမှမပါတာ၊ပြောရမယ်ဆိုရင်
ဒီထက်ဆိုးတာ‌တွေအများကြီးဘဲ..လူမျိုး‌ရေးအထင်လွဲ
စရာ‌တွေဖြစ်လာမှာစိုးလို့မ‌ပြော‌တော့ဘူး..။

Unknown said...

Hninyu ဆိုသူ၊ ဘာကို ပြောနေတယ်ဆိုတာ အရင် သိအောင်ဖတ်ပါဦး။ လမ်းမဖောက်နဲ့ မပြေဘူးလေ၊ တစ်ခြားနေရာက လုပ်ဖို့ ပြောနေတာ။ မင်းပုရွက်ဆိတ်ဥပမာက ဘယ်သူပြောထားလဲဆိုတာ ငါတို့သိတယ်---မင်းတို့တွေ စာတွေကိုဖတ်ပါဦး။ ယဉ်ကျေးမှုတန်ဖိုး ၊ သမိုင်းတန်ဖိုး သိအောင် စစ်မှန်တဲ့ သမိုင်းကို ဖတ်ပါ။ သမိုင်းအမည်ခံ စာအုပ်ကိုဖတ်ရင်တော့ မင်းသိသင့်တာ သိမှာ မဟုတ်ဘူး။ ဘက်လိုက်တဲ့စိတ်လောက် အောက်တန်းကျတာ မရှိသေးဘူး။ ။ မင်း ရခိုင်ပြည်ကို လာကြည့်ပါ။ ဘယ်လမ်း တစ်လမ်း တကယ်ကောင်းကောင်းမွန်မွန်နဲ့ အစိုးရလုပ်ပေးထားတာ၇ှိလဲ မင်းသိအောင် လာကြည့်ပါ။ မင်းတို့က လျှာယား၊ အာပြဲသမားတွေ ပြောစကားနဲ့ မြန်မာ့တီဗွီကြည့်ကာ ယုံတတ်သူဆိုရင်တော့ လာမကြည့်ပါနဲ့။ ရခိုင်သားတွေရဲ့ ရပိုင့်ခွင့်တွေကို ဘယ်လိုလုပ်ထားလဲ မင်းခံစားကာ လာကြည့်ပါ။ အမှန်အတိုင်း မြင်ကြည့်ပါ။ လူမျိုးရေး ဘက်မလိုက်ဘဲ ကြည့်ပါ။ ယဉ်ကျေးမှုတစ်ခုရဲ့ တန်ဖိုးသိအောင် ဆရာသမားတွေကို မေးပါ။ လျှာသမားတွေကိုတော့ မမေးပါနဲ့။ တိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှု ဘယ်လိုရှိခဲ့တယ၊် ရှိနေတယ် ဆိုတာ သိသင့်တယ်။
လက်ရှိအစိုးရ လက်အောက်မှာ လုပ်ဖြစ်နေတာတွေ---
၁။ တိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှုမှန်သမျှ တဖြည်းဖြည်းနဲ့ တိမ်ကောပျောက်ကွယ်ရေး။ (နယ်ပယ်အရပ်ရပ်တွင် သေချာပြန် ကြည့်ပါ)
၂။ တိုင်းရင်းသား ကလေးများအားလုံး တစ်ချိန်မှာ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုမရှိခဲ့ဟု သို့မဟုတ် တန်ဖိုးမရှိတော့ဟု ယုံကြည်လာစေရေး။ (ကျောင်းသုံး ပြဌာန်းစာများ စသည်ကို ကြည့်ပါ)
၂။ မည့်သည့်နယ်ပယ်မှာမှ တိုင်းရင်းသားများ အဓိက ရာထူးကို ရပိုင်ခွင့် မရှိစေရေး။ (အုပ်ချူပ်မှု ပညာရေးစသည့် ရာထူးများကို ကြည့်ပါ)---
ဒါတွေဟာ ဒဏ္ဍာရီမဟုတ်ဘူး။ စိတ်ကူးယဉ်မဟုတ်ဘူး။ ဘက်မလိုက်ဘဲ မြင်ကြည့်ပါ။ ခံစားကြည့်ပါ။ မြန်မာပြည်မှာ-- သာတူညီမျှ အခွင့်အရေး ရဖို့ ဆယ်စုနှစ်မက ချီတက်ရဦးမည်။ အကြောင်းမှာ--လူမျိုးရေး သွေးကွဲမှု ။ ဘက်လိုက်မြင်မှု၊ နှိပ်ကွပ်မှုများ လူတိုင်းနီးပါး ရင်ထဲမှာ ကိန်းနေသောကြောင့် ဖြစ်သည်။

မျိုးသာဂီ said...

ဟေး hninyu.... မင်းမှာ စဉ်းစားဥာဏ်များရှိသေယင့်လား..အခုဖြစ်နေကိစ္စကို ပုဂံမှာဖြစ်နေတယ်လို့ မင်းရဲ့ ပုရွက်စိ ဦးနှောင်းလေးနဲ့ပဲ စဉ်းစားကြည့်ပါအုံး..မင်းဘယ်လို့ခံစားရမလဲ..ရခိုင်ပြည်သူတွေက မင်းတို့ကို အုပ်ချုပ်ခိုင်းနေလို့လား.. လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ ယဉ်ကျေးတဲ့လူတွေရဲ့ လုပ်ရပ်မဟုတ်ဘူးကွာ... ငမောင်ဝိုင်း ရခိုင်ပြည်ကို စစ်မကြေငြာဘဲ တိုက်သွားတာဟာ မပြီးသေးဘူးကွာ.. အေးဒီစစ်ကို နအဖ အုပ်စုနဲ့ မဟာစိတ်ဝင်နေကြတဲ့ ဗမာတွေ ခုထိတိုက်နေတုန်းဘဲ..မင်းတိုရဲ့လူမဆံတဲ့လုပ်ရပ်ကို ဘယ်တောရပ်မလဲ..

Unknown said...

ဆောရီးကွာ သူငယ်ချင်းတို့ မင်းဇော်ဆိုတဲ့အကောင် နှောက်တာနဲ့မင်းတို့ငါတို့တိုင်းရင်းသားအချင်းချင်း စကားများနေရပြီ၊ တကယ်တမ်းဆိုရင် ဒီလိုသွေးခွဲတဲ့ဆောင်းပါးတွေ ခုချိန်မှာ မရေးသင့်ဘူး၊ စည်းလုံးညီညွတ်အောင် ကြိုးစားနေတဲ့အချိန်မှာ ဒါမျိုးတွေရေးတော့ ဘာထူးမှာမို့လို့လဲ၊ အချင်းချင်း စကားများ ရန်ဖြစ်တာကလွဲလို့ ဘာအကျိုးမှ မရှိဘူး၊ သတ္တိရှိရင် နေပြည်တော်မှာရှိတဲ့ ဦးသန်းရွှေဆီ ကိုယ်တိုင်သွားတွေ့ပြီး တောင်းပန်တာကောင်းတယ်၊ အွန်လိုင်းပေါ်လာပြောနေလို့ကတော့ မောရုံပဲရှိမယ်၊ ဘာမှထူးလာမှာမဟုတ်ဘူး၊ မင်းတို့လည်း မတတ်နိုင်ဘူး၊ ငါတို့လည်း မတတ်နိုင်ဘူး၊ ကွန်မင့်ပေးတဲ့သူတွေလည်း သတိထားပြီးပေးကြပါ၊ စစ်တပ်မကောင်းတာနဲ့ ဗမာလူမျိုးတွေ ရောပြီးမထည့်ပါနဲ့၊ မကောင်းတဲ့သူကိုပဲပြောပါ၊ လူမျိုးရေးတွေမပါပါနဲ့၊ လူမျိုးရေး ပါလာရင် သွေးကစကားပြောတဲ့အတွက် ဗမာဖြစ်တဲ့ကျနော်တို့လည်း သီးမခံနိုင်ပါ၊ ပြောစရာရှိရင် ပြန်ပြောရပါလိမ့်မယ်၊ တိုက်စရာရှိရင်လည်း ပြန်တိုက်ရပါလိမ့်မယ်၊ ကိုယ့်ဘာသာနေနေတဲ့ဗမာတွေစိတ်ဓာတ်ကိုတော့ လာမနှိုးဆွကြပါနဲ့၊ တိုင်းရင်းသားတွေကို အရင်တုန်းကတော့ ကိုယ်ချင်းစာတယ် သနားပါတယ်၊ ဒီထဲရေးထားတဲ့ကွန်မင့်တွေဖတ်ပြီးတော့ အမြင်ကတ်လာတယ်၊ မင်းတို့ရဲ့သေးသိမ်တဲ့စိတ်ဓာတ်တွေကို သိရတော့ သိပ်ပြီး မသနားချင်တော့ဘူး၊ စိတ်ကောင်းရှိတဲ့သူတချို့ကိုတော့ အားနာပါတယ်၊ဆောရီးပါ................

မျိုးသာဂီ said...

မောင်မင်းတို့ အားဆိုတာအမြဲတမ်းရှိနေမှာမဟုတ်ဘူး...ခုတောအားပြထားပေါ့...ဒါပေမယ့် ကာလသုံးပါးကို လေ့လာပြီးမှ အားစကားကိုပြောပါ..ဒီလိုအားမျိုးအမြဲတမ်းရှိနေခဲ့လာ။ နောက်အမြဲတမ်းရှိနေအုံးမှာစောင့်ကြည့်သင့်ပါတယ်။ ရန်သူကို ကြိုးတုပ်ပြီး မိုက်ရင်ထွက်ခဲ့ဆို တဲ့စိတ်ဓာတ်လေးတွေဘေးဖယ်ထားကြပါ။

jamesmr said...

hninyu မင်းဘာမှမသိရင်လည်း တိတ်တိတ်လေးနေပါလို့ နောက်တစ်ခါထပ်သတိပေးလိုက်မယ်။ ပြောစရာရှိရင် ပြန်ပြောရလိမ့်မယ်၊ တိုက်စရာရှိရင်လည်း ပြန်တိုက်ရလိမ့်မယ်ဟုတ်လား။ ကလိမ်ကကျစ်မှု၊ ယုတ်မာမှုနဲ့ သူများဘိုးဘွားပိုင်မြေတွေကို အပိုင်သိမ်းပြီး ထင်တိုင်းကျဲနေတဲ့မင်းတို့က ဘာကိုထပ်တိုက်ချင်သေးလို့လဲ။ ကိုယ့်ဘာသာကိုနေတဲ့စိတ်ဓါတ် ဟုတ်လား။ သူများနယ်မြေကို ကျူးကျော်သိမ်းပိုက်ရုံတင်မက သူတပါးရဲ့ ယဉ်ကျေးမှု၊ ဓလေ့တွေကိုပါ လိုက်လံဖျက်ဆီး၊ အပြစ်မဲ့တိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ ရွာတွေကိုမီးရှို့ပစ်၊ သူများသားမယားကိုလည်း မုဒိမ်းကျင့်နေတာတွေဟာ ကိုယ့်ဘာသာကိုယ်နေတဲ့စိတ်ဓါတ်လား။ တိုင်းရင်းသားတွေကို အမြင်ကတ်လာတယ်ဟုတ်လား။ တိုင်းရင်းသားတွေက စိတ်ဓါတ်သေးသိမ်တယ်ဟုတ်လား။ မင်းတို့က သိပ်ကြီးမြတ်နေတယ်ပေါ့။ မင်းရဲ့မိသားစုကို သူများသတ်ပစ်လိုက်မယ်။ မင်းနှမကိုလည်း မုဒိမ်းကျင့်ပစ်မယ်။ မင်းရဲ့အိုးအိမ်ခြံမြေကိုလည်း မီးရှို့ဖျက်ဆီးပစ်မယ်ဆိုရင်ကော မင်းဘယ်လိုခံစားရမလဲ။ မင်း သဘောထားကြီးနိုင်ဦးမယ်ပေါ့။ ရှမ်းပြည်နဲ့ ကရင်ပြည်နယ်မှာ ကျေးရွာပေါင်းဘယ်နှစ်ရာ မီးရှို့ဖျက်ဆီးခံရတယ်၊ အပြစ်မဲ့ရွာသားတွေ အယောက်ဘယ်နှစ်ရာသတ်ဖြတ်ခံရတယ်၊ အရွယ်မရောက်သေးတဲ့မိန်းကလေးငယ်တွေ အယောက်ဘယ်နှစ်ရာ မုဒိမ်းကျင့်ခံရတယ်ဆိုတာ မင်းသိရဲ့လား။ မင်းအခုဒီကွန်မင့်တွေဖတ်နေတဲ့အချိန်မှာတောင် တိုင်းရင်းသားတွေရဲ့နေရပ်တွေမှာ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ခံနေရတယ်ဆိုတာ မင်းသိရဲ့လား။ မင်းဘာမှမသိပဲ လျှာမရှည်နဲ့။ မင်းပါးစပ်ကို ဆင်ခြင်ပါ။

Zaw said...

@ hninyu မင်းလောက် အသိညဏ် မရှိတဲ့လူ ဒီကမ္ဘာ မရှိတော့ဘူး။ ဘုရားကို ဖျက်တယ်ဆိုတာ ရှေးဟောင်းပဲဖြစ်ဖြစ် အသစ်ပဲဖြစ်ဖြစ် မဖြိုကောင်းဘူး။ လူလိုတွေး လူလိုစဉ်းစားပါ။ မင်းဇော်ရေးတဲ့ ဆောင်းပါးမကောင်းတာထက် မင်းရေးတဲ့ comment က ပိုအောက်တန်းကျတယ်။ မင်းတို့ သနားလို့ တိုင်းရင်သားတွေ လူဖြစ်နေတာမဟုတ်ဘူး။ လူမျိုးတိုင်းမှာ ကောင်းတဲ့လူ၊ ဆိုးတဲ့လူ ဆိုတာရှိတယ်။ ဗမာလူမျိုးထဲမှာလည်း ကောင်းတဲ့ လူတစ်ချို့ ရှိတယ်ဆိုတာ လက်ခံတယ် ဒါပေမယ့် တိုင်းရင်းသားတွေ အကုန်လုံးက ဗမာပေါ်မှာ ရိုးသားခဲ့ကြတယ်။ ဗမာက တိုင်းရင်းသားတွေအကုန်းလုံး အပေါ် မတရားခဲ့ဘူး။ မင်းက ရခိုင်တွေကို မင်းတိုရခိုင်တွေက ရထားလမ်းဖောက်ပေးတာကို ကျေးဇူးမတင်လို့ စပြောပြီး ရခိုင်တွေကို စတင်စော်ကားတယ်။ မင်းကို ပြန်ပြောတော့ ဗမာတွေ အတွက်နာတတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဗမာမကလည်း ရခိုင်က မုန်တိုင်း ဒုက္ခသည်တွေ အတွက် အခုချိန်ထိ ၀မ်းနည်းစကား၊ အကူညီကိစ္စတွေ အတွက် မပြောသေးဘူး။ ဒါလား တိုင်းရင်းသားတွေနဲ့ တည်ထောင်ထားတဲ့ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင်? တိုင်းရင်းသားတွေ အခွင့်အရေးနဲ့ ပက်သက်လာရင် လူ့အခွင့်အရေးသမားကြီး ဗမာလူမျိုး တွေ အကုန်လုံး နှုတ်ပိတ်နေတတ်တာ ကြာပါပြီ။