Sunday, October 24, 2010

လိုအပ်နေသည့် ညီညွတ်ရေး

ဒေါက်တာလွဏ်းဆွေ

စစ်အာဏာရှင်စနစ်အောက်မှ ရုန်းထွက်လွတ်မြောက်ရန် ကြိုးစားနေကြသော ပြည်ပမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများအကြားတွင် တောင်းဆိုသံတခုကို မကြာခဏ ကြားရလေ့ရှိသည်။ “ညီညွတ် ရေးက အရေးကြီးတယ်၊ ညီညွတ်ရေး တည်ဆောက်ကြပါ” ဟူသည့် တောင်းဆိုသံပင်ဖြစ်ပါသည်။ ထိုတောင်း ဆိုသံများ ပွက်လောညံနေသည်ကို ထောက်ရှုခြင်းအားဖြင့် ပြည်ပမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအ ကြား၊ အဖွဲ့အစည်းများအကြား ညီညွတ်မှုမရှိကြကြောင်း တပ်အပ်သေချာ ပြော၍ရပေသည်။ ယနေ့အထိ မြန် မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အဆုံးမသတ်နိုင်ဘဲ ကြန့်ကြာနေခြင်းသည် ညီညီညွတ်ညွတ် လက်တွဲလုပ်ဆောင် နိုင်ခြင်းမရှိမှုက အဓိကအကြောင်းတချက်ဖြစ်သည် ဟူ၍လည်း တောင်းဆိုသူတို့က ယူဆနေကြပေသည်။

နိုင်ငံရေးတိုက်ပွဲများ ဆင်နွှဲရာတွင် အဘယ့်ကြောင့် ညီညွတ်ရေး လိုအပ်သလဲ၊ ညီညွတ်မှုကြောင့် မည်ကဲ့သို့ သော အောင်မြင်မှုကို ရရှိခဲ့သည်လဲ ဆိုသည်ကို အတိတ်သမိုင်းစာမျက်နှာများအား လှန်လှောကြည့်ရှုပါက အ ထင်အရှား တွေ့မြင်နိုင်မည်ဖြစ်သည်။ မဝေးသေးသော အတိတ်သမိုင်းတွင်ပင် မြန်မာပြည်သူလူထုသည် မိမိ တို့အပေါ် နည်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက် အနိုင်ကျင့် ဗိုလ်ကျခဲ့သည့် ဖက်ဆစ်ဂျပန်တို့အား ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတရပ်လုံးက အသက်၊ သွေး၊ ချွေး ပေးဆပ်၍ ညီညီညွတ်ညွတ် ခုခံတော်လှန်ပြီး မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည်။

ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးကို အရယူရန်အတွက် ညီညွတ်ရေးအင်အားကို ပြသနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖလပလအဖွဲ့ချုပ်ကြီးက ဆက်လက်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ပင်လုံ စာချုပ်ကို ချုပ်ဆိုပြီး ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့သည်။ အင်္ဂလိပ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ဆက် လက်သွေးခွဲအုပ်ချုပ်ရန် မကြိုးစားတော့ဘဲ လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ခဲ့ရခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကြီး၏ နောက်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ညီညီညွတ်ညွတ် ရှိ နေကြသည်ကို နားလည်သဘောပေါက်သွားခြင်းက အကြောင်းတချက်ဖြစ်ပေသည်။ ညီညွတ်မှုအင်အားဖြင့် ‘ရရင်ရ၊ မရရင်ချ’ တော့မည်ကို သိသွားသည့်အတွက်လည်း မြန်မာပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

ထိုသို့သော အတိတ်သမိုင်းစာမျက်နှာမှ အားကျအတုယူဖွယ် နာမူနာယူစရာများရှိနေလင့်ကစား မြန်မာ့ဒီမိုက ရေစီရေးတိုက်ပွဲ အနှစ် (၂၀) ကျော်ကြာလာသည့် ယနေ့အချိန်အထိ ပြည်ပရှိ တက်ကြွလှုပ်ရှားသူများ၊ နှစ် ယောက်ရှိလျှင် သုံးဖွဲ့ဖြစ်နေသော အဖွဲ့အစည်းများအကြားတွင် ညီညွတ်ရေးတည်ဆောက်နိုင်မှု မရှိသည့်အ တွက် ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများထံ ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိ သည်ကို တွေ့ရပေသည်။ ထို့အတွက် ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်း၏ အားနည်းချက်များကို မိမိအနေ နှင့် တဦးချင်းအမြင်ဖြင့် ရှာဖွေဆန်းစစ်ကြည့်မိပေသည် (ကျနော်၏ အမြင်ကို သဘောတူသူ ရှိကောင်းရှိမည် ဖြစ်သလို သဘောမတူသူ ရှိပါကလည်း လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ သဘောထားကွဲလွဲသူ များ လွတ်လပ်စွာ ဝေဖန်ပြောဆိုလာမည်ကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်)။

ပထမဦးစွာ ဦးဆောင်မှုအပိုင်းကို သုံးသပ်ရာတွင် လွတ်မြောက်နယ်မြေ၌ ဖဆပလအဖွဲ့ချုပ်ကြီးကဲ့သို့ တခု တည်းသော ညီညွတ်သည့် တပ်ပေါင်းစုကို မတွေ့ရဘဲ လှေကြီးပေါ်တွင် လှေကလေးတွေ တင်လိုက်၊ လှေက လေးပေါ်တွင် လှေကြီးတွေ ပြန်တွေ့ရလိုက်နှင့် ရယ်မောစရာ ကမောက်ကမဖြစ်နေသည့် အနေအထားကိုသာ တွေ့နေရပေသည်။ ထို့အပြင် …

(၁) ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံမှ အထောက်အပံ့ရသည့် အကူအညီများကို ဒီမိုကရေစီရေးတိုက်ပွဲအ တွက် ထိထိရောက်ရောက် အသုံးချခြင်းမပြုနိုင်ဘဲ ဦးဆောင်မှုအခန်းကဏ္ဍကို အုပ်စီးထားကြသည့် လက်တ ဆုပ်စာ လူတချို့က ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ကြခြင်း (၀ါ) ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ်ဆောင်နေသူတချို့က ဦးဆောင်မှုအခန်းကဏ္ဍများကို အုပ်စီးထားကြခြင်း၊

(၂) ဦးဆောင်မှုအခန်းကဏ္ဍကို ရယူထားကြသူများသည် လွတ်မြောက်နယ်မြေရှိ အောက်ခြေလူထုနှင့် ထိ တွေ့ဆက်စပ်မှု (အောက်ခြေလူထုကို စည်းရုံးလုပ်ဆောင်မှု) မရှိသလောက် နည်းပါးလှခြင်း၊ ကိုယ်ကျိုးစွန့် အ နစ်နာခံ လုပ်ဆောင်မှုများ မတွေ့ရသလောက် နည်းပါးခြင်း၊

(၃) “တူရာကို တွဲလုပ်မည်၊ မတူရာကို ခွဲလုပ်မည်” ဆိုသည့်မူနှင့် ချီတက်နေကြသော်ငြား ‘၀ါးစေ ဝေစား’ သည့် အလုပ်များတွင်သာ တူညီနေကြပြီး စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်ရမည့်အပိုင်းတွင် မတူညီသည်က များသည့်အတွက် တော်လှန်ရေးခရီး ထင်သလောက် မပေါက်ရောက်နိုင်ခြင်း၊

(၄) ကျယ်ပြန်သည့် စည်းရုံးရေးအမြင်ဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ မာဖီးယားဆန်ဆန် အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ ၍ ဝေစုခွဲသည့် ကန့်သတ်နိုင်ငံရေးမျိုး လုပ်ဆောင်နေကြခြင်း၊

(၅) ဦးဆောင်မှုကဏ္ဍကို ရယူထားကြသူများအနေနှင့် လူထုအင်အားကို အခိုင်အမာ တည်ဆောက်ရမည့်အ စား နိုင်ငံရပ်ခြားခရီးစဉ်များ အပြိုင်အဆိုင်ထွက်ပြီး လက်ဖြန့်အသနားခံခြင်း နည်းနာများလောက်သာ ဆောင် ရွက်ကာ အချိန်ဖြုန်းနေကြခြင်း (၀ါ) ရေပေါ်ဆီနိုင်ငံရေး လုပ်ဆောင်မှုလောက်တွင်သာ မွေ့လျော်နေကြခြင်း၊

(၆) နအဖစစ်အုပ်စုကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတချို့၏ လိုအပ်ချက်များအပေါ် ၀ိုင်းဝန်းအထောက်အကူပြုမှု နည်းပါးလှခြင်း၊

(၇) ဒီမိုကရေစီရေးလုပ်ဆောင်နေသူများနှင့် လွတ်မြောက်နယ်မြေရှိ လူထုအကြား တသားတည်း ဆက်စပ်မှု မျိုး မတွေ့ရဘဲ “အဖွဲ့အစည်းလူတန်းစား” သဘောမျိုး သီးခြားဖြစ်တည်နေခြင်း၊

… စသည့် စသည့် အားနည်းချက်များကြောင့် ခေါင်းဆောင်မှုအပိုင်းကို လွတ်မြောက်နယ်မြေရှိ မြန်မာလူထုက အယုံအကြည် ကင်းမဲ့လာခြင်းသည် ညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း၏ အကြောင်းတချက် ဖြစ်လာတော့ သည်။

ဒုတိယအချက်အနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်နေကြသော လူတကိုယ်ချင်းစီ၏ ဗြဟ္မစိုရ်တ ရား လက်ကိုင်ထားနိုင်မှု အနေအထားကို သုံးသပ်ကြည့်မိပေသည်။ မြန်မာလူမျိုးတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားသည်ဟု ဆိုကြသော်လည်း ဗြဟ္မ စိုရ်တရား လေးပါးထဲမှ မုဒိတာတရား ပွားများနိုင်မှုအပိုင်းကိုမူ ခံယူကျင့်သုံးနိုင်သူ လွန်စွာနည်းပါးလှသည်ဟု ထင်မိပေသည်။ ဥပမာအားဖြင့် …

(၁) တော်လှန်ရေးနယ်ထဲသို့ အရင်ရောက်နှင့်သူများက ‘မောင်ဦး’ ဘွဲ့ခံယူကာ မိမိထက် အရည်အချင်းရှိသူ များကို နေရာပေးရန် ၀န်လေးတတ်ကြခြင်း၊ မိမိထက် လုပ်ကိုင်ဆောင်ရွက်နိုင်သူများ မိမိတို့စည်းဝိုင်းအတွင်း ၀င်ရောက်လာကြမည်ကို အကြီးအကျယ် စိုးရိမ်ကာ ကန့်သတ်ဖို့ ကြိုးစားကြခြင်း (အာဏာရှင်များကဲ့သို့ပင် ရ ထားသည့် ကုလားထိုင်နေရာများကို ရာသက်ပန် ရယူထားလိုကြခြင်း)။ ထို့ကြောင့်ပင် အမှန်တကယ် တိုက်ပွဲ ၀င်လိုစိတ်ရှိသူတချို့ စိတ်ဓာတ်ကျကာ တတိယနိုင်ငံသို့ ထွက်ခွာကုန်ကြခြင်း၊

(၂) မုဒိတာတရား ပွားများနိုင်မှု နည်းပါးခြင်းက တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့အကြား အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု ကင်းမဲ့ခြင်းဆီသို့လည်း ဦးတည်စေသဖြင့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် အားနည်းလာခြင်း၊

… စသည့် စသည့် အချက်များကြောင့် အနှစ် (၂၀) ကြာလာသည်နှင့်အမျှ ခေါင်းဆောင်မှုအပိုင်း၊ ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် ထက်မြက်သွက်လက်လာခြင်း မရှိတော့ဘဲ တနေ့တခြား ချုံးချုံးကျလာခြင်းသည် ညီ ညွတ်ရေး မတည်ဆောက်နိုင်ခြင်း (၀ါ) ညီညွတ်ရေးတည်ဆောက်ရန် ကြိုးပမ်းလိုစိတ်မရှိတော့ခြင်း၏ အ ကြောင်းတချက် ဖြစ်လာပေတော့သည်။

ထို့ပြင်တ၀ ညီညွတ်ရေး မတည်ဆောက်နိုင်ခြင်း၏ အခြားအကြောင်းတရားများလည်း များစွာ ရှိဦးမည်ဖြစ် သည့်အားလျော်စွာ ဆက်လက်တိုက်ပွဲဝင်ရဦးမည့် တော်လှန်ရေးခရီးကြမ်းအတွက် ညီညွတ်ရေးကို ကြိုးပမ်း လိုစိတ်ရှိသူများ တတ်အားသရွေ့ ရှာဖွေဆန်းစစ်ကြရမည်ဖြစ်ပေသည်။ ထိုထိုသော ညီညွတ်ရေး မတည် ဆောက်နိုင်ခြင်း၏ အကြောင်းတရားပေါင်းစုံကို ရှာဖွေသုံးသပ်ပြီးသကာလ အထက်တွင် ဆိုခဲ့သကဲ့သို့ ဦး ဆောင်မှုအပိုင်းကို အယုံအကြည်ကင်းမဲ့နေမှုအား ပြန်လည်တည့်မတ်နိုင်ကာ လူတကိုယ်ချင်းစီ၏ စိတ်ထား များကို ပြုပြင်ပြီး နိုင်ငံနှင့် ပြည်သူအပေါ် အမှန်တကယ် စိတ်စေတနာကောင်းထား ဆောင်ရွက်မည့်သူများ ဦး ဆောင်မှုအခန်းကဏ္ဍ၌ ပိုမိုပါဝင်လာနိုင်သည့် တနေ့တွင် ညီညွတ်ရေးတည်ဆောက်နိုင်ရန် ပိုမိုနီးစပ်လာမည် ဟု ယုံကြည်မိပါသည်။ ။

ဒေါက်တာလွဏ်းဆွေ

14 comments:

ABC said...

ဒေါက်တာကြီး ရေးတာတွေက အမှန်တွေပါပဲ ၊ အနှစ် ၂၀ ကျော် မစည်းလုံးခဲ့တာကို ခုမှပဲ အစပြုပြီးတော့စည်းလုံးရေးတွေလုပ်ရမယ် ဆိုရင်တော့ တော်တော်လေးကို နောက်ကျသွားပါပြီ ၊ ဘယ်တတ်နိုင်မလဲ လုပ်စရာရှိတာကိုတော့ ဆက်ပြီး လုပ်နေရမယ်မဟုတ်ပါလား လိုရာပန်းတိုင် ကိုတစ်နေ.တော့ရောက်နိုင်ပါတယ် ၊ လူတိုင်းသိပြီးတဲ့ Confucius ရဲ့အဆို အမိန်.ကို ကြိုက်လွန်းလို. ကျွန်တော် အောက်မှာ ပြန်လည်ကူးယူပေးလိုက်ပါတယ်

It doesn't matter how slowly you go- as long as you do not stop.

ကျွန်တော်ရဲ့အမြင်မှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမူက ရေအစီးအရမ်းကြမ်း နေတဲ့ ရေဆန်ကို လှော်တက်နေသလို ဖြစ်ပါတယ် ၊ ပန်းတိုင်ကိုရောက်ဖို. နေနေသာသာ ရေစုန်မမျောအောင် မနည်းလှော်ခတ် နေသလိုဖြစ်နေပါတယ် ၊ စိတ်ဓါတ်မကျပဲ ဆက်ပြီးလှော်ခတ်နေဖို.ပဲ လိုပါတယ် ၊ စိတ်ဓါတ်ကျပြီးရပ်လိုက်ပါက နလံမထူနိုင်ပဲ ရေစုန်မှာလုံးဝမျောဖို. ပဲရှိပါတယ်၊ ဒီဆောင်းပါးကို ကျွန်တော် တကယ့်ကို နှစ်သက်ပါတယ် ၊

ကျန်းမာရွှင်လန်းကြပါစေ ...

Unknown said...

Dr Lun Swe,

You know the causes of their weaknesses. We cannot see the right person in the right place in this area. I think it is a bad luck for the people. People are hoping for many years .Sadly , the usual events are going on. SPDC will laugh at them . They are talking all the time but nothing happened.
Thank

ကျော်စိုးမိုး said...

ဆရာလွဏ်းရေ
ဆရာ အမှန်တကယ်လုပ်နေတယ်လို့ ယုံကြည်တဲ့အတွက် ဆရာ့ဆီကိုစာရေးတာပါ ။ အသင်းတစ်သင်းထောင်လိုက်ရင် နှစ်ခြမ်း သုံးခြမ်းကွဲတာ မြန်မာတွေရဲ့ ထုံးစံ ဖြစ်နေပါပြီ ဆရာ ။ အင်္ဂလိပ် တွေပြောသွားတာ တစ်ခုရှိတယ် ၊ မင်းတို့ မြန်မာတွေ ဆွမ်းလောင်းအသင်းတောင် နှစ်ခြမ်းကွဲတယ် တဲ့ ။ ဂျီစီဘီအေ တို့ ၊ တို့ဗမာအစည်းအရုံး တို့ အကုန် နှစ်ခြမ်း ကွဲခဲ့ကြတာပါ ။ ဆရာ ပြောတဲ့ ဖဆပလ အဖွဲ့ကြီး အောက်က ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ခဲ့ကြတယ် ဆိုတာ လူထုက အင်မတန် ကြည်ညိုလေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့လို့ ပါ ။။ ဗိုလ်ချုပ်အောင်ဆန်း လဲ မရှိတော့ရော ဖဆပလ လည်း နှစ်ခြမ်းကွဲတာပါပဲ ဆရာ ။ ပင်လုံစာချုပ် ကို တိုင်းရင်းသားတွေက လက်မှတ်ထိုးခဲ့ကြတယ် ဆိုတာလည်း ဗိုလ်ချုပ်အောင်ဆန်း ကို ကြည်ညိုလေးစားလို့ ၊ ဗိုလ်ချုပ်အောင်ဆန်း ပေးတဲ့ကတိတွေကိုယုံကြည်ပြီး ထိုးခဲ့ကြတာပါ ။ဗိုလ်ချုပ်အောင်ဆန်း အစား အခြား တစ်ယောက်ယောက် တောင်တန်းတွေပေါ်တက်ပြီး စည်းရုံးရင် ပင်လုံစာချုပ် ဖြစ်လာမယ်မထင်ဘူး ဆရာ ။ အခုလည်း ပြည်သူလူထုက အင်မတန်ကြည်ညိုလေးစားတဲ့ အန်တီစု ရှိပါတယ် ။ အန်တီစု တစ်ခွန်းပြော လိုက်ရင် နားထောင်ပြီး လိုက်လုပ်မဲ့ သူတွေ အများ ကြီးပါ ။ မဟတ္တမဂန္ဒီ အကြမ်းမဖက်တဲ့ နည်းနဲ့ လွတ်လပ်ရေး ရခဲ့တာ တရားဥပဒေ စိုးမိုးရေး ကို လေးစားတဲ့ အင်္ဂလိပ် တွေဆီက တောင်းလို့ပါ ။အန္ဒိယ ကို ဂျပန်တွေ မရောက်ခဲ့လို့ ဂန္ဒီ ကံကောင်းသွားတာပါ ။ ဂျပန် တွေကို အကြမ်းမဖက်တဲ့နည်းနဲ့ သွားတောင်းရင် ဂန္ဒီ ကြီး လည်း လက်သည်းခွံ ခွါခံရမှာပါ ။ ဗိုလ်ချုပ်အောင်ဆန်း လည်းအဲဒါကိုသိလို့ ဂျပန်ကို လက်နက်နဲ့ တော်လှန်ခဲ့ တာပါ ။ အခု စစ်အစိုးရက ဂျပန် ထက်ဆိုး ပါတယ် ဆရာ ။ အဲဒါ ကို အန်ကယ်ဦးတင်ဦး တို့က အန်အယ်လ်ဒီ ဖျက်သိမ်းခံရတာကို တရားရုံးမှာ ဥပဒေ ကြောင်းအရ အယူခံဝင် ထားတယ်လို့ ပြောပါတယ် ။ ကိုယ်ထုတ်တဲ့ ဥပဒေ ကိုမှ ကိုယ်မလေးစားတဲ့ သူတွေကို ဒီလိုပုံစံ နဲ့ ရင်ဆိုင် လို့ မရ နိုင်ဘူး ဆိုတာ လောက်တော့ လူတိုင်းသိမှာပါ ။
ကျွန်တော်ပြောချင်တာ က အန်တီစု ၊ ဒါမှမဟုတ် အန်တီစု လို ပြည်သူလူထု နဲ့ တိုင်းရင်းသား တွေအပေါ် ဩဇာညောင်းတဲ့ ခေါင်းဆောင် တစ်ယောက်ယောက် က ရရင်ရ မရရင်ချ လို့ ထပြောပြီး လူသူလက်နက် စုဆောင်း ရမဲ့ အချိန် ရောက်ပြီ လို့ ကျွန်တော် ထင်တာပဲဆရာ ။

ဆရာလွဏ်း ကျန်းမာပါစေ၊ ပျော်ရွှင်ပါစေ ခင်ဗျား ။
လေးစားစွာဖြင့်

ကျွန်တော့် တစ်ကိုယ်စာ အမြင်ကို တင်ပြချင်းဖြစ်ပါတယ် ။ ပုဂ္ဂိုလ် ရေး လာရောက်ဆဲဆို ချင်း များကို ပြန်လည် ချေပ ခုခံ ဆဲဆို ဖို့ အစီအစဉ် မရှိ ပါ ခင်ဗျား ။

Unknown said...

အနိမ့်ဆုံးတော့ နာရေးကူညီမှုအသင်း(မဲဆောက်)ကို ဆရာလွမ်းဆီမှာ လင့်ချိတ်ပေးစေချင်ပါတယ်။ တူရာစုတဲ့ နေရာမှာ အလွန်ညီနေကြလို့ပါ။ သုဘရာဇာတွေပေါ့။ ညတိုင်း ဆမ်ဆောင်းတပြား မသောက်နိုင်သူတွေပေါ့။ အသုဘကျရင်တော့ တစ်ယောက် လေးငါးရာ ဝိုင်းစိုက်ကြသူတွေပေါ့။ လူက လူဆန်တာကို လူတွေထဲက လူတွေကပဲ အပြစ်တင်နေကြတယ်။ လစာမရှိ အထောက်အပံ့မရှိပဲ အလုပ်လုပ်ကြည့်ကြပါအုံး။ ဆရာ လွမ်းဆွေ (ဘာမှမလုပ်ဘူးပဲ သောက်ပြောကောင်း၍ သောက်ကောင်တွေအောက်မှာ သောက်တပြားမှ မရသည်အထိ ဖော်လံဖားလာသူ၊ အခုမှ လာဖင်ခေါင်း ကျယ်နေသူ။ ဆရာဟုခေါ်ခြင်းမှာ ဘာမှန်းမသိ၍ ဖြစ်ပါသည်။ မတော် အောင်မျိုးမင်းတိုကအုပ်စု ဖြစ်နေမှ။

yoo said...

ကို ABC

ရေဆန်ကို လှော်တက်နေသလိုမဖြစ်ပဲ၊အားလုးံမစည်းလုံးခဲ့ လို့  တစ်နေရာတည်း မှာပဲ ဖြစ်တည် လည်ပတ်နေတဲ့ ဒီမိုကရေစီ ၀ဲဂရက် ထဲမှာပဲ လှော်ခတ်ရင်း ပတ်ချာလည် နေကြသလိုဖြစ်နေကြသလားလို့ ။

mg said...

ဒီမိုတွေ စည်းလုံးဖို့ဆိုတာ ပြည်ပမှာစည်းလုံးဖို့ကအဓိကမကျပါဘူး လက်တွေ့ဝင်နွှဲကြမယ့် ဒီမိုကရေစီဘက်တော်သားတွေနဲ့အတူ လက်တွဲညီညာအောင်ပဲ အရင်လုပ်စေချင်တယ်...သူတို့ကပဲ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုမှာ အမှန်တကယ်လုပ်ဆောင်နိုင်ကြမယ့်သူတွေဖြစ်လို့ပဲ...အဓိကမကျတဲ့သူတွေကို စည်းလုံးဖို့လှုံ့ဆော်နေတာထက် အဓိကကျတဲ့ ပြည်တွင်းမှာ ၀င်ရောက်ရွေးချယ်ပြိုင်ကြမယ့် ဒီမိုကရေစီသားတွေကိုပဲ တစ်စည်းတစ်လုံးတည်းဖြစ်နိုင်အောင် အရင်ကြိုးစားကြည့်ပါ...

သူတို့တွေနဲ့ပူးပေါင်းပြီး စည်းလုံးညီညွတ်စွာ အားပေးလုပ်ဆောင်ကြရင်ဖြင့် ပိုပြီး အကျိုးရှိပါလိမ့််မယ်...ဒီလိုဆိုရင် မဲမပေးပဲနေခိုင်းတဲ့ လှုံဆော်မှုတွေကို ရပ်သင့်တယ်...လှုံ့ဆော်နေလို့လည်း ပြည်သူတွေက ထည့်မှာပဲ...မထည့်မှာက ကိုယ်တိုင်လှုံ့ဆော်နေကြတဲ့ ဒီမိုအသိုင်းဝန်းတွေပဲ...သူတို့ရဲ့ မဲတွေက မထည့်တော့ ဒီမိုကရေစီဘက်တော်သားတွေ ပါတီတွက် အလကားဖြစ်သွားမယ်...တစ်ချိန်က အတူလက်တွဲလုပ်လာခဲ့တဲ့သူတွေကို မိမိတို့အသိုင်းဝန်းကမှ အမာခံမထည့်ကြဘူး မလုပ်ကြဘူး မဲမပေးပဲ တိုက်တွန်းနေရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီဘက်တော်သားတွေက လွှတ်တော်မှာ များများစားစားရောက်လာမှာလဲ...

သူတို့ကို အားမပေးတာဟာ ဒီမိုတွေအချင်းချင်း မစည်းလုံးတာကိုပြနေတာနဲ့အတူတူပဲ...လက်တွေ့အသုံးမ၀င်တဲ့ ပြည်ပကလူတွေစည်းလုံးတော့ ဘာအကောင်ထည် ရရှိလာမှာလဲ....ရွေးကောက်ပွဲ ရက် နီးကပ်နေတဲ့အချိန် အသုံးမလိုသေးတဲ့ ပြည်ပက ဒီမိုတွေစည်းလုံးဖို့လုပ်နေဖို့ အချိန်မရှိဘူး...နှစ် ၂၀ လုံးတောင်မစည်းလုံးနိုင်ခဲ့သေးတာ ရက်သတ္တပတ်လောက်လေးကျန်တော့တဲ့အချိန်မှာ စည်းလုံးဖို့ပြောလည်း အလကားပဲ...

ဒီချိန်မှာလုပ်ရမှာက မိမိတို့ကိုယ်တိုင်မပါဝင်သော်လည်း ပါဝင်ကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေကို တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ အများကြီးပါဝင်နိုင်အောင် သူတို့ကို မဲပေးကြဖို့ မဲထည့်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ရမှာဖြစ်သလို ကိုယ်တိုင်ကလည်း ဒီမိုကရေစီဘက်တော်သားပါတီတွေကို အားပေးထည့်သွားကြရမှာပဲ...ဒါမှအကျိုးရှိမယ်...


အကျိုးရှိမယ့်အလုပ်က ဒီမိုကရေစီဘက်တော်သားလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုပဲ မဲထည့်ကြ အားပေးကြရမှာပါ...ဒါကြောင့် မဲမထည့်ကြနဲ့ No vote လှုံ့ဆော်မနေပဲ မိမိတို့ဘက်တော်သားတွေကို မိမိတို့ကိုယ်တိုင် မဲပေးကြပြီး တိုက်တွန်းတဲ့ နည်းလမ်းကသာလျှင် အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး ပြောင်းလဲမှုလို့ပဲ မြင်တယ်...

Anonymous said...

အမျိုးသားညီညွတ်ရေးဘာကြောင့်မရ ပဲ..အမြဲတမ်း ကွဲပြဲနေရတာပါလဲ ..?

အဓိက တချက် ကတော့ မြန်မာတွေ အသင်းအပင်း အဖွဲ့ အစည်း နဲ့  အလုပ် လုပ် တာ
မယဉ်ပါးကြသေး လို့ ပါပဲ..။

ဒီ ကိစ္စ မှာ အနှစ်သာရ ပိုင်း ကို တိုက် ရိုက် ပြောရရင်…မြန်မာ့ လူ့  အဖွဲ့ အစည်း ဟာ
မြေယာ လူ့  အဖွဲ့ အစည်း မှာ ပဲ ရှိနေသေး ဆဲ ဖြစ် နေ လို့ ပါ ပဲ ..။
အရင်းရှင် လူ့  အဖွဲ့ အစည်း မှာ တော့ ဖြင့် ရင်..ကုန်ထုတ်လုပ်ငန်း နဲ့  ကုန်စည်ကူးသန်းရောင်းဝယ်
ရေးတွေမှာ .. အသင်းအပင်း အဖွဲ့ အစည်း နဲ့  ဆက်ဆံမှု ဓလေ့ ထွန်းကားပြီး…စည်းကမ်းဥပဒေ..
စည်းစနစ် နဲ့  အချိန် ကို လေးစားမှု တွေ ပါ …စံ နဲ့  တန်ဘိုး ဖြစ်လာ တော့ တယ်..။

လူ့  အဖွဲ့ အစည်း ချင်း ခြားနား ရင် လူတန်းစား ပဋိပက္ခ ပုံစံ ချင်း ပါ ခြားနား လေ့ရှိ ပါ တယ်..။
စီးပွားရေး ဖြစ်ပေါ် တိုးတက်မှု ရဲ့  အကျိုး ဆက် လူတန်းစား ဖြစ်ပေါ် တိုးတက်မှု ပါ ပဲ..။

ဒါ ကြောင့် …..
အများစု ကြီး အနေ နဲ့ …အစု အဖွဲ့  အသင်း ဘုံလုပ်ငန်း တဦးချင်းစီ ရဲ့  တန်ဘိုး…စတာတွေကို..
ကောင်းစွာ နားလည် သဘောပေါက် နိုင် စွမ်း အလွန်တရာ နည်းပါးပြီး .. တသွေးတသံတမိန့် ..
ဆို တဲ့ မြေယာ လူ့  အဖွဲ့ အစည်း ရဲ့  စရိုက် နဲ့  အလေ့အကျင့် ကို သာ …ကျင့်သားရ..ခံယူ..
ကာ ပျပ်ဝပ်ရိုကျိုးရေး ၊ အမိန့် နာခံရေး ၊ သူရဲကောင်း သူတော်ကောင်း ကိုးကွယ်ရေး …စတဲ့..
မြေရှင် လူ့  အဖွဲ့ အစည်း ဓလေ့စရိုက် တို့  ကို..လိုလိုလားလား…လက်ခံကျင့်ကြံ နေကြတာပါ..။


ဒါ ကြောင့် …..
အုပ်စိုးသူ ရော အုပ်စိုးခံ ရော …အစိုးရ ပိုင်း ရော ပြည်သူ ပိုင်း ရော…..
အာဏာရ ရော အာဏာမဲ့ ရော….
ဘက် နှစ် ဖက် စလုံး မှာ..
မြေရှင် လူ့  အဖွဲ့ အစည်း ရဲ့  ဓလေ့စရိုက် သွင်ပြင်လက္ခဏာ ရပ် တွေ ကိုထင်ထင်ရှားရှား တွေ့ မြင် နေရနိုင် တာ…ရှင်း နေ တာ ပါပဲ…။
ဥပမာ တွေ နမူနာ တွေ…အသေးစိပ် ပြီး…
မြန်မာ့နိုင်ငံရေး သမိုင်း ကို ပုဂ္ဂလ ဓိဌာန် တွေ နဲ့ …ပြောပြနေ ဘို..
မလိုတော့ပါဘူး..။
အရိပ်ပြ အကောင် မြင်…အပွေးမြင် အပင် သိ နိုင် ကောင်း ပါ ရဲ့ …..။

ဝါဒ သဘောတရား ကိစ္စ ကို တော့ .. ဓမ္မ ဓိဌာန် လို့  ယူဆ ပြီး..ပြောပါရစေ…၊၊
မြန်မာ့နိုင်ငံရေး မညီမညွတ် ဖြစ် ရ တာ…
လက်ဝဲ-လက်ျာ ပဋိပက္ခ ပါ..။
ဝါဒ သဘောတရား ကိစ္စ ပါ..။
လက်ဝဲ-လက်ျာ ၀ါဒ သဘောတရား ကို မှန်မှန်ကန်ကန်…မြန်မာတွေ မြင် တတ်ပြီလား…?
ကျောင်းသင်ရိုး သုတ လောက် နဲ့ …နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ လုပ်ကြ မယ် ဆိုရင်တော့……
မတွေးဝံ့ စရာ အနန္တ ပါ..။
မြန်မာ့ နိုင်ငံရေး ဂိုဏ်း ကြီး တွေ မှာ…….
ဘယ် ဂိုဏ်း ဘယ် ပါ တီ က လက်ျာ…….
ဘယ် ဂိုဏ်း ဘယ် ပါ တီ က လက်ဝဲ…….
သေချာစွာ မှန်ကန်စွာ
ခွဲခြား လို့  သိထားပြီးပါပြီ လား……?
လက်ဝဲ၀ါဒ ကြီးစိုးမှု…ယခုထိ…မြန်မာ့ လူ့  အဖွဲ့ အစည်း မှာ တည်ရှိ နေ ကြောင်း
ထို့ ကြောင့် ……
အမျိုးသားပြန်လည်သင့်မြတ်ရေး …..သည်…
NLD နှင့် တပ်မတော် ကြား ဆောင်ရွက်ရန် ကိစ္စ…ဟု
ထင် မှတ် မှား မနေ ကြ သင့်….ပေ…။
အမျိုးသားပြန်လည်သင့်မြတ်ရေး …..သည်…
လက်ဝဲ-လက်ျာ စေ့စပ် ညှိနှိင်းရေး သာ ဖြစ် ပါ ပေ ၏ ။
ဆက် ရန် ရှိ ဟု သာ မှတ် ပါ လော့ အို မိတ် ဆွေ…….!
ဤ သည် ပင် …..
အမျိုးသား ညီညွတ်ရေး ဟု ခေါ် ၏ …။ ။

Anonymous said...

ဒီမိုကရေစိကို
တကယ်ကောင်အထည်ဖော်နိုင်ပြီဆိုတဲ့ နိုင်ငံတွေ
ရှိနေပြီလား......
ဘယ်နိုင်ငံတွေလဲ
ထိုင်းလား.
အမေရိကန်လား...

ABC said...

ကို yoo ရေ

ဟုတ်တယ်ဗျို.

ခုထက်ထိတော့ ၀ဲဂရက်ထဲမှာ ပတ်ချာလည် တဲ့အဆင့်ပဲရှိသေးတယ် ၊ နောက်ပိုင်း တဖြေးဖြေးနဲ.စုံးစုံးမြုပ်ဖို.ပဲရှိတော့တယ် ၊

ဒေါက်တာလွဏ်းဆွေ ၊ ကိုဇော်မင်း ၊ အက်ဆစ်တို.ရဲ့ မှန်တယ်ထင်ရင် မညှာမတာ ဝေဖန်ရဲတဲ့ ဆောင်းပါးတွေကို ကြိုက်နှစ်သက်မိတာ တော့ အမှန်ပဲဗျို.

burmaloveburma said...

we need some one who can really scarify for the county , we need some one who have Good leadership skill,We need a real leader that must have acceptable Moral,acceptable education,acceptable Leadership skill, in the other hand he is some kind of servant leadership for all Myanmar people. If we can have that kind of leader...........i believe ,people will listen , people will follow his direction, all the people will become unite under his leadership and than with the unity of all Myanmar people ,finally we will achieve what we want.............

Unknown said...

Aung San Su Kyi is a national leader which arised in Burma after Independence of Burma. Not the commanders of military . They pretend to do good jobs . Really , people in Burma are still in poverty.They have no human rights . Education levels are very low. They are closed in a small place. All are like prisoners caught by gun men. What a pity'. They feared and fear our national leader like the British government feared her father Aung San. If the army men did not fear her , they will not keep Aunty Su like this . The junta know that Unity of Burmese people will be got by our Aunty Su.Unity of the all nationalities will shake their chairs.And they will have no place.

ကျော်စိုးမိုး said...

Peace4 ရေ
အကို မှန်း အမ မှန်း မသိတဲ့အတွက် Peace လို့ပဲခေါ်ပါရစေ ။ ဆရာလွဏ်းတို့အကြောင်း အခုလို ပြောပြပေးတဲ့ အတွက်ကျေးဇူးပါ ခင်ဗျား ။ Peace သိနေတာတွေရှိသေးရင် အထောက်အထား အခိုင်အလုံနဲ့ မဲဆောက် မရောက်ဖူး သေးတဲ့ ကျွန်တော့် လိုလူတွေ နားရှင်း လောက်မည့် ရှင်းလင်းတိကျတဲ့ အရေးအသား မျိုးနဲ့ ထပ်ပြီးပြောပြပေးပါဦးလား ။ ကျွန်တော်ကတော့ ဆရာလွဏ်း တို့ အမှန်တကယ် လုပ်နေတယ် လို့ ယုံကြည်တဲ့ အတွက် တလေးတစားနဲ့ စာရေးတာပါ ။ ဆရာလွဏ်း ရေးတဲ့စာတွေ ကိုလည်း ခုချိန်ထိ တလေးတစား နဲ့ ဖတ်နေတုန်းပါ ခင်ဗျ ။ Peace ပြောသလို သာ ဆရာလွဏ်း တို့ အမှန်တကယ် ဝေလေလေ လုပ်နေတယ်ဆိုရင် ကျွန်တော် အကြီးအကျယ် စိတ်မကောင်း ဖြစ်ရမှာပါ ။
Peace ကျန်းမာရွှင်လန်းပါစေ ခင်ဗျား ၊
လေးစားစွာဖြင့်
ဝါခေါင်

Unknown said...

ပြည်တွင်းပြည်ပ မစည်းရုံးဘဲ ကိုယ်ကျိုးကိုအလေးထားနေတဲ့သူတွေ အတိုက်အခံအဖွဲ့ အစည်းတွေမှာရှိနေသမျှ အောင်မြင်မှာ မဟုတ်ပါ.။

zt said...

ဒေါက်တာ လွဏ်းဆွေဆိုတာ ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ ယခု သူရေးသော ဆောင်းပါးသည် ပြည်ပရောက် ဒီမိုတွေကြား တကယ့်လက်တွေ့ဖြစ်နေသော အခြေအနေများ ဖြစ်ပါသည်။

နောက်လိုက်လည်းမရှိဘဲ ခေါင်းဆောင်ကြီးတွေလုပ်နေ၊ လေယာဉ်စရိတ်တွေ အကုန်ခံ ကွန်ဖရင့်တွေ အစည်းအဝေးတွေ တက်၊ လွတ်မြောက်နယ်မြေရောက် လာတဲ့ ကိုယ့်ပြည်သူ အောက်ခြေလူထုကို ဂရုမစိုက်၊ မထိတွေ့၊ လူငယ်တွေ တက်ကြွသူတွေကို နေရာမပေး။ အဲတော့ ဘယ်လိုလုပ် စည်းရေးမှု ဖြစ်လာမတုန်း။

ဒါကို ပြုပြင်ချင်သောသူများက အမြော်အမြင်ရှိရှိနဲ့ ကိုယ်တိုင် အနစ်နာခံ ထလုပ်၊ ထစည်းရုံးလျှင် အချိန်မနှောင်းသေးဟု ထင်မြင်မိပါကြောင်း...။

ရှေ့ကလည်း မလိုက်၊ နောက်ကလည်း မနေ၊ ဘေးက ကန့်လန့်လိုက်နေမယ့် နိုင်ငံရေး ဘေးလွယ်အိတ်လို လူစားတွေတော့ ဘေးမဲ့သာ ပေးထားလိုက်ပါတော့။