Thursday, October 8, 2009

ပြောချင်လို့ ... (ပေးစာ)

မင်္ဂလာပါ ...

ကျနော်လည်း ရဲအရာရှိတယောက်ပါ။ ခုတလော ရဲအကြောင်းတွေ ပါပါလာတော့ ကျနော်လည်း ပြောချင်လာ တယ်။

၁။ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်သတင်း အင်တာနက်မှာပါလာပြီးတော့ စစ်ဆေးရေးအဖွဲ့ ရောက်လာတယ်။ စစ်တာက ကရင် ပယက အတွင်းရေးမှူး ဦးဇော်လင်းထွန်း (စစ်တပ်ကလာတာ ဗိုလ်မှူးအ ဆင့်နဲ့)၊ စသုံးလုံးက လက်ထောက်ညွှန်မှူး ဦးညိုဝင်း၊ နောက်တဦးက CID က ဒုရဲမှူးကြီးတဦး ပေါင်း (၃) ဦး ၀န်ကြီးက ဖွဲ့ပေးလိုက်တယ်။ မပေါ်ပေါ်အောင် စစ်ခိုင်းတယ်ဆိုပဲ။ ဘာလို့လဲဆိုတော့ ဦးခင်မောင်လွင်က ရဲချုပ် ရဲ့လူ ဖြစ်နေလို့ပါ။ အပေါ်မှာလည်း ရန်စောင်နေကြတယ်။ ၀န်ကြီးတပည့်၊ ရဲချုပ်တပည့်နဲ့ ရှုပ်နေကြတယ်။ အဲ ဒီတော့ လာစစ်တဲ့အဖွဲ့ကလည်း ဆီလိုအပေါက်ရှာတော့တာပဲ။ ဒါပေမယ့် မပေါ်ဘူးဖြစ်နေတယ်။ ကံကောင်း ချင်တော့ လိုင်စင်မဲ့ကားကမပေါ်ဘဲ ဒုရဲမှူးကြီးတင်မြင့် (စစ်တပ်က) လက်ထက်က ပိုင်ရှင်မဲ့သိမ်းထားတဲ့ ကား တစီးရှိတယ်။ သူပြောင်းတော့ ဒုရဲမှူးကြီးကြည်ညွန့် (ရဲစစ်စစ်) ကို လွှဲတယ်။ နောက် ဒုရဲမှူးကြီး ကျော်မိုးကြည် (စစ်တပ်က) အဲဒီကနေမှ အခု ဦးခင်မောင်လွင်ကို လွှဲတာ။ တရားဝင်လွဲတာ မဟုတ်ဘူးနော်။ အားလုံးက နား လည်မှုနဲ့ လွှဲတာ။ အလွတ်လွှဲတာဆိုပါတော့။ သူ့လက်ထက်လည်းရောက်ရော ရောင်းစားပစ်လိုက်တယ်လေ။ အဲဒါနဲ့ ၀န်ကြီးက ဘယ်သူ့ကို တင်ပြခဲ့သလဲဆိုပြီးကိုင်တာ (လူခင်ရင် မူပြင်တယ်၊ လူမုန်းရင် မူသုံးမယ်ပေါ့)။ အခုနေပြည်တော်ကို ခေါ်တွဲထားတယ်။ သူ့နေရာကို ပြည်နယ်က ရဲမှူးတယောက် ပို့ထားတယ် ယာယီပေါ့။ ရဲ မှာက တွဲရင်တွယ်တာပဲလို့ ဆိုရိုးစကားရှိတယ်။

၂။ ရဲမှူးကြီး ၀င်းနိုင်သတင်းကိုလည်း နေပြည်တော်မှာနေတဲ့ ကြောင်တောင်တောင် ရဲမှူးကြီးတွေက မဟုတ် ဘူးလို့ ငြင်းနေပေမယ့် တိတ်တိတ်လေး စုံစမ်းခိုင်းနေတယ်။ ဦးဝင်းနိုင် ဘယ်မှာတွေ့မိသလဲဆိုပြီး ထိုင်းမှာလို လို တရုတ်မှာလိုလို သတင်းတွေကဖြစ်နေတယ်လေ။ သူ့အမျိုးသမီးက လှိုင်းဘွဲ့သူလေ ဦးဝင်းနိုင်က အရင်ရှမ်း မြောက်ရဲမင်းကြီးပေါ့။ ဆင်းရွှေလီစပါးအစိုက်ကောင်းလို့ သူတို့ပဲ နေရာပေးခဲ့တာ။ ရဲမှာ ဘယ်လိုဖြစ်နေသလဲ ဆိုတော့ ရဲလုပ်ငန်းကလွဲပြီး အကုန်လုပ်နေရတယ်။

ရဲမှာလည်း နှစ်ပိုင်းကွဲနေတယ်။ စစ်တပ်ကလာတဲ့သူကို စစ်ပုလိပ်လို့ခေါ်ကြတယ်။ နောက်တမျိုးက ရဲစစ်စစ် ပေါ့။ တကယ်သနားစရာကောင်းတာက ရဲစစ်စစ်တွေပါ။ သူတို့က အလွန်ဆုံး ဒုရဲမှူး၊ ရဲမှူးလောက်ပဲဖြစ်ကြတာ လေ။ စစ်တပ်ကသူတွေပဲ နေရာရကြတာပါ။ တိုင်း/ပြည်နယ် ရဲတပ်ဖွဲ့မှူး စုစုပေါင်း (၁၇) ဦးရှိပေမယ့် ရဲစစ်စစ် က ကရင်၊ မွန်၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းတောင် ဒီ (၅) ရောက်ပဲရှိတယ်လေ။ ကျန်တာ စစ်တပ်ကချည်းပဲ။ ဒီစစ် ပုလိပ်တွေက ပိုက်ဆံကို ငန်းငန်းတက်ရှာကြတယ်။ ဘယ်လိုနည်းနဲ့ရရဆိုပါတော့။ ဒါကြောင့် ပြုတ်ရင် သူတို့တ တွေပဲလေ။ ... နောက်ဆက်ပါဦးမယ်။

ရဲအရာရှိတဦး

2 comments:

min said...

ရဲကိုကိုတို့လည်းအမြင်မှန်အသိမှန်တွေနဲ့ပြည်သူတွေ
ဘက်ကရပ်တည်သင့်ပါပြီဗျာ.ခင်ဗျားတို့နဲ့ခင်ဗျားတို့ရဲ့
မိသားစုတွေစားနေတဲ့ထမင်းတွေဟာပြည်သူတွေရဲ့မျက်
ရည်တွေသွေးစက်တွေပေကျံနေတယ်ဆိုတာသတိပြုကြ
ပါဗျာ.မိသားစုစားဝတ်နေရေးကိုဒီနည်းနဲ့မဖြေရှင်းဘဲသ
မာအာဇီဝကျတဲ့နည်းနဲ့ဖြေရှင်းနိုင်ကြပါစေလို့ဆန္ဒပြုပါ
တယ်.မြန်မာပြည်သူလူထုစစ်ခွေးတွေရဲ့မတရားဖိနှိတ်
အုပ်ချုပ်မှု့အောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေ။

Nyo Gyi, Don Nyo Gyi, Original Nyo Gyi said...

အို...
အားလုံးကို ရှုပ်နေတာပဲ