Wednesday, August 19, 2009

ဖြောင့်ညာညာတဲ့ ဖြာ့ညောင်ညောင်

တုတ်ကြီး (တာဝတိံတာ)
ကိုဂျင်ဝက်ဟာ စစ်သားတယောက်ဖြစ်ပါတယ်။ ဗီယက်နမ်စစ် ပွဲမှာ အရာရှိငယ်တယောက်အနေနဲ့ အမှတ် (၅) မရိန်းတပ် ရင်းမှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။ အမေရိကန်တိုက်ခဲ့တဲ့စစ်ပွဲ တွေ တော်တော်များများရဲ့ ထုံးစံအတိုင်း ဗီယက်နမ်ကို ၀င် တိုက်ခဲ့တာလည်း တရားသောစစ်ပွဲ မဟုတ်ခဲ့ပါဘူး။ မတရား သောစစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တယ်လို့ ယူဆရတဲ့ စစ်သား တယောက်တော့ဖြစ်သလို သူရထားတဲ့ စစ်ပွဲနဲ့ဆိုင်တဲ့ သူရဲ ကောင်းတံဆိပ်တွေက မနည်းဘူး။

ပြီးတော့ သူဟာ အမေရိကန်ရေတပ်မတော်မှာ Secretary of Navy အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သလို စာ အုပ်တွေတော်တော်များများလည်း ရေးခဲ့သူပဲ။ အမေရိကားမှာ သူ့ဟာနဲ့သူတော့ အဆင့်နေရာတခု၊ ကြွယ်ဝမှုတခုနဲ့ အလုပ် ဖြစ်နေတဲ့ သူတယောက် ဖြစ်ပြန်သလို လူရိုသေရှင်ရိုသေထဲက တယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးအားလုံးဟာ သူ့အဆင့်နေရာနဲ့သူ လူရိုသေရှင်ရိုသေတွေ ဖြစ်ပါ တယ်။ နောက်ဆုံး တတိယဇနီးဖြစ်တဲ့ ဗီယက်နမ်လူမျိုး ဇနီးကအစပေါ့။ လေးစားဖွယ်ဂုဏ်ပုဒ်တွေနဲ့ လူတ ယောက်ပါ။

သို့သော် သူ မြန်မာနိုင်ငံကိုသွားခဲ့တာရဲ့နောက်ပိုင်း သတင်းစာရှင်းလင်းပွဲက သူ့စကားတွေကို ပြန်ကြည့်ကြရ အောင်လား။

"With respect to Aung San Suu Kyi, I don't want to take the risk of misrepresenting her views but I would say to you it was my clear impression from her that she is not opposed to lifting some sanctions," Webb said.

"I can say it was my impression from listening to her in the conversation that there were some areas that she would be willing to look at," he told reporters in Bangkok.

အထက်ပါအတိုင်း ကိုဂျင်ဝက်က ပြောခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်နှုတ်က ထုတ်ပြောခဲ့တဲ့ စကားမဟုတ်တဲ့ သူ့ရဲ့ဆန္ဒစွဲနဲ့ သူလိုရာလမ်းကို ကမ္ဘာ့နိုင်ငံအ သီးသီးနဲ့ သူ့အမေရိကန်အစိုးရ လိုက်လာနိုင်အောင် ခင်းတဲ့ခြေခင်း ဖြစ်ပါတယ်။ ပိတ်ဆို့ရေးတွေ ဖွင့်ဖို့ မဖွင့်ဖို့ ကို အကြောင်းအရာတခုအနေနဲ့ အလေးအနက်ထားပြီး ကျုပ်မဆွေးနွေးပါဘူး။

ဒီနေရာမှာ ဆွေးနွေးချင်တာ၊ အလေးအနက်ပြောချင်တာ တချက်ပဲရှိပါတယ်။ နအဖကို မလိုလားသူတွေရဲ့ အ မေရိကန်ကို အားကိုးမှု၊ အမေရိကန်အစိုးရသာ အာနိုးကြီးကို မျက်နှာအိုးမဲသုတ် စက်သေနတ်ကြီးလွယ်ခိုင်းပြီး မရိန်းတပ်ဖွဲ့နဲ့ မိုးကျရွှေကိုယ်တွေလို လေထီးနဲ့ခုန်ချ နောက်တော့ ဘကြီးသန်းကို ၀င်ဖမ်းရင်ဖြင့် ဘယ်လို ... ရော့ကက်ကြီးနဲ့ ပျဉ်းမနားကို လှမ်းပစ်လိုက်ရင်တော့ ဘယ့်နှယ် .. အဲသလို .. အဲသလို စိတ်ကူးတွေယဉ်ကြတဲ့ လူတွေကတမျိုး၊ အဲသလိုတွေ မလုပ်ပေးနိုင်ဘူးသိပေမယ့် နှစ်စဉ် အမေရိကန်က ချပေးတဲ့ ရန်ပုံငွေနဲ့ အလုပ် ဖြစ်နေတဲ့ ဆရာတွေက တဖုံပေါ့။

ခုတော့မြင်ကွင်းက ရှင်းသွားသလောက်ရှိပါပြီ။ ကိုဂျင်ဝက်ဆိုတာ အမေရိကန်အစိုးရရဲ့ တကယ့်စီနီယာကြီးတ ယောက်ပါ ။ အဲသလို စီနီယာတယောက်က စကားပရိယာယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောဆိုခဲ့တာ တွေမဟုတ်ဘဲ သူခံစားလိုက်မိတယ်၊ အာရုံရလိုက်ပါတယ်လို့ လူလည်ကျပြီး နအဖနဲ့ အကွက်ပေါင်းရွှေ့ဖို့ လုပ် တဲ့ လုပ်ရပ်ကို ကြည့်ချင်းဖြင့် မရိုးသားတဲ့ ခြေကွက်တွေနဲ့ ယခု အိုဘားမားရုံးအဖွဲ့က မြန်မာ့နိုင်ငံရေးကွင်းမှာ ၀င်ကစားတော့မှာ သိပ်မြင်သာထင်သာလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိကစားမှာလဲ ဘယ်အတိုင်းအ တာအထိ ၀င်လာမှာလဲဆိုတာကတော့ နအဖဘက်က ဘာတွေပြန်ရွှေ့ပေးမလဲဆိုတဲ့ အကွက်အပေါ်မှာ အ များကြီးမူတည်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပုံစံကျတဲ့ စစ်မှန်တဲ့ လမ်းကြောင်းပေါ်က စတင်ဖို့ အမြဲကမ်းလှမ်းပြီး ဖွင့်ထားပေးတဲ့သူပါ။

သို့သော် အဲဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေးတံခါးကို ဖွင့်ထားပေးတဲ့ လူထုခေါင်းဆောင်တယောက်၊ အ နိုင်ရပါတီက ခေါင်းဆောင်တယောက်ကို ခုလို ဖမ်းဆီးချုပ်နှောင်ဆဲ ဖြစ်နေတာကိုလလည်း ကိုဂျင်ဝက် မြင် လျက်သိလျက်ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျရသူတွေ ထောင်ပေါင်းများစွာ အကျဉ်းစခန်းတွေ မှာ ရှိနေတာကိုလည်း ကိုဂျင်ဝက် သိပါတယ်။ ၂၀၀၇ မှာ သံဃာတွေကို အရှင်လတ်လတ် ပစ်သတ်၊ ခေါင်းရိုက် ခွဲ၊ ဆွဲထိုး၊ ခြေထောက်နဲ့ ဆောင့်ကန် လုပ်ခဲ့တာတွေကိုလည်း ကိုဂျင်ဝက် သိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတုအ ယောင်ကို အဓမ္မလိမ်ညာပြီး လုပ်ခဲ့တာကိုလည်း ကိုဂျင်ဝက် အသိပါပဲ။ အားလုံးကို သူ့ဟာနဲ့သူ သိပြီးသားဖြစ် သလို သူမသွားခင်ကတည်းကလည်း CIA က Briefing ပေးပြီးသားဖြစ်ပါတယ်။

အမေရိကန်အားကိုးတဲ့ စိတ်ကူးယဉ်အိပ်ရာထဲက ဖိတ်စာအပြဲစနဲ့ လူတွေအတွက်ကတော့ အထက်က ဆွေး နွေးချက်အတိုင်း ကိုဂျင်ဝက်ဟာ ဘာဆိုတဲ့ ရုပ်လုံးကို မြင်ကြမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန် ပြီ။ အမေရိကန်လည်း သူ့အကျိုးစီးပွားအတွက်ပဲ ကြည့်တယ်။

တရုတ်လည်း သူ့အကျိုးစီးပွားအတွက်ပဲကြည့်တယ်။ ကျန်နိုင်ငံတွေလည်း အလားတူပါပဲ။ သူတိုအကျိုးစီးပွား အတွက် ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီက ရသမျှကို နှုတ်ယူထုတ်ယူသွားမှာတွေချည်းပါပဲ။ ဒီတော့ မမျှော်နဲ့။ ကိုယ် လုပ်စရာရှိတာကို ပြတ်ပြတ်သားသားပဲ မမှိတ်မသုန် လုပ်ကြသင့်ပြီလို့ပဲ သတိပေးချင်ပါတယ်။

တုတ်ကြီး (တာဝတိံသာ)

9 comments:

Kane said...

There was no history that the Burmese could do without foreign assistance. When they have it, they will look forward to their own interest as in the past & present and so will be in the future. But it's not likely anyone wanna help the Burmese at the moment and in the mean while almost all the opposition forces are helping themselves with the so-called foreign donations like beggars-in-exile. In true words, why Burma can't achieve their victory and prosperity so far is not because of Junta but Burmese minded opposition groups have lack of unity, practice of arrogance and prior to own interest rather than common objective. That's why Burma will never have peace & prosperity as in the past and present. Burmese Genes & Mindset, Culture & Traditions, the way of practicing their so-called State Religion lead to their past, present and future failure. Burma is permanent failed state. Only God can help it but it's not likely God wanna help it. Try to stay away from this truth. (Several Burmese minded Juntas and Beggars-in-Exile are lining up in the Queue to screw the Burmese minded poor people ahead in the mean while). Both are merely Beggars.
May God bless Burma.

Unknown said...

Dear Sayar, It is a great article. Have a good day! From SG

Shwe Myanmar said...

ဘယ်နိုင်ငံကမှ ကိုယ့်အကျိုးစီးပွားမပါဘဲ ကူညီပါ့မလဲဗျာ။ ကျွန်တော်တို့နိုင်ငံက ရေခံမြေခံကောင်းတယ်လေ။ တော်တဲ့အစိုးရတက်လာတာနဲ့။ အရမ်းကိုတိုးတက်သွားနိုင်တာပါပဲ။ ပတ်ဝန်းကျင်က ဒီလိုမျိုးကြီးတော့ သိပ်ဖြစ်စေချင်မယ်မထင်မိပါဘူး။ ကွန်တော်နိုင်ငံက ငယ်ငယ်ကသင်ခဲ့ရတဲ့ ပညာမတတ်တဲ့ သူဌေးသားနဲ့အလွန်တူတာ။ ပထမဆုံးလုပ်သင့်တာကတော့ လူတစ်ယောက်ချင်း ကိုယ်နိုင်သလောက် စည်းကမ်းရှိအောင်နေဖို့နဲ့၊ တိုင်းသူပြည်သားချင်း စောင့်ရှောက်ဖို့ပါဘဲ။ အားလုံးက ဂွင်ရှာသလိုလုပ်နေရင်တော့ ကျွန်တော်တို့ ပြည်သူတွေဘဲ ဒုက္ခရောက်ကြရမှာပါ။

santun said...

I agree with Kane.
In addition, if military continues ruling Myanmar for a couple of decades, Myanmar may become a dying race and a split country half of it owned by Chinese influenced states. The more SPDC is isolated, the more they reply on China, and more and more Myanmar has become a part of China.
Many times, I doubt that do we really want Democracy? If yes, then why don't every one of us don't fight for our rights?
If we don't do something now, we will not be liberated for next few decades. I think we must do all means to fight our rights. I think it is fair to do so because even SPDC's thugs are doing mafia ways.
We have to try to eliminate our fear to react against the unfair instruction/act from authorities. If we are not able to sacrifice our own interest for the others, we will never ever have our rights in this life.
For the Buddhist monks please don't dare to resist unlawful instruction from authorities if those instruction are against the Buddha's teaching.
If we don't like the junta, we can do many things like not going to football match. not watching MRTV etc.

Unknown said...

Dr. Lun Swe

Your view and words are so strong and correct.
Please let him (Webb) know immediately.

Zaw

mgmg said...

ကျနော်တို့ ပြည်ပရောက်ခေါင်းဆောင်အများစုသည် ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ မျှော်တော်ယောင်နဲ့  သူများအားကိုး လမ်းစဉ်ကိုသာ သဘောကျပါတယ်။

သတိ said...

အားလုံးသတိ

ဟားဟား.. အရင်းအနှီးကြီးကြီးပေးခဲ့ရတဲ့ နှစ်နှစ်ဆယ်သက်သေကို ကြည့်လို့ ဒီပိတ်ဆို့မှုလမ်းကြောင်းဟာ လုံးဝမအောင်မြင်နိုင်တာ.. ပြည်သူကိုသာ အထိနာစေတာ သိသာနေတာတောင် ဘာကြောင့်များ ဒါကြီးရပ်လိုက်မှာ စိုးရိမ်တကြီး ရှိကြပါလိမ့်ဗျာ.. ပူးပေါင်းဆောင်ရွက်လို့ရော ကောင်းပါ့မလား.. မသေချာဘူးဆိုရင်တောင် ဘာမှဖြစ်ထွန်းမလာတဲ့ လမ်းဟောင်းအစား လမ်းသစ်တစ်ခုခု စမ်းကြည့်တာ ပိုမကောင်းဘူးလား.. ခုတော့ ဒီပိတ်ဆို့မှုတွေ ရပ်သွားမှာ စိုးရိမ်တကြီးဖြစ်.. အစိုးရနဲ့ ပူးပေါင်းသူတွေကို ပတ်လည်ရန်လုပ်နေတဲ့ လူတွေကြည့်ရတာဗျာ.. အင်း.. လေတော့လေသားဗျ.. သူတို့ခမျာ ဒီမထိရောက်ပါဆိုတဲ့ လမ်းလေးကိုပဲ ကုတ်ကတ်ဖက်တွယ်လို့ ..

အားလုံးသက်သာဗျို့..
မောင်သတိ

sk said...

I think Mr Webb did his job as he was suppose to do because he is an American and he worked for US interest.

You (we) are Myanmar citizen so we
(would) think for our country's interest.

There are different interests and different views and apporachs.

sk said...

I think Mr Webb did his job as he was suppose to do because he is an American and he worked for US interest.

You (we) are Myanmar citizen so we
(would) think for our country's interest.

There are different interests and different views and apporachs.