Wednesday, July 15, 2009

စင်ကာပူရှိ မြန်မာသံရုံးမှ အတွင်းဝန်နှင့်ပေါင်း၍ တရားမ၀င် လုပ်ကိုင်နေသည့် အကြောင်း (ပေးစာ)

သို့/
ဒေါက်တာလွဏ်းဆွေ
၁၅-၇-၂၀၀၉ (ဗုဒ္ဓဟူးနေ့)

အကြောင်းအရာ။ ။ သတင်းပေးခြင်း

ဆရာ၏ ၀က်ဆိုက်ဒ်တွင် ဖော်ပြနိုင်ရန်အတွက် စင်ကာပူရှိ မြန်မာသံရုံးမှ အတွင်းဝန်နှင့်ပေါင်း၍ တရားမ၀င် လုပ်ကိုင်နေသည့်အကြောင်းကို ရေးသားပေးပို့ပါသည်။ လိုအပ်သလို တည်းဖြတ်၍ ဆရာ၏ ၀က်ဆိုက်ဒ်တွင် ဖော်ပြပေးပါရန်။ ဖြစ်ရပ်မှန်များကို ရေးသားပေးပို့ခြင်းဖြစ်ပါကြောင်း ၀န်ခံကတိပြုပါသည်။

ကျွန်မသည် စင်ကာပူတွင် S-Pass ဖြင့် အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပြီး၊ ရွယ်တူမိန်းကလေး သူငယ်ချင်း (၅) ယောက်စု၍၊ အိမ်ခန်း (၁) ခန်း ငှားရမ်းနေထိုင်ကြပါသည်။

တရက်တွင် အိမ်၌ အတူနေထိုင်သူ သူငယ်ချင်းတယောက်မှ သတင်းတခုကို သယ်ဆောင်လာပါသည်။ ယင်း သတင်းမှာ အခွန်ရုံးသို့သွားရောက်၍ အခွန်ဆောင်စရာမလိုဘဲ Passport များကို သက်တမ်းတိုးလို့ရကြောင်း၊ တအုပ်လျှင် စင်ကာပူ (၅၀၀) ပေးရကြောင်း၊ သက်တမ်းတိုးလိုလျှင် အန်တီကြီး တယောက်ကို ဆက်သွယ်လို့ ရကြောင်း၊ ကျွန်မလည်း ထိုသတင်းကို ကြားသောအခါ အရမ်းဝမ်းသာသွားပါသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်မ၏ S-Pass အား သက်တမ်းတိုးရန်ရှိသဖြင့် ဖြစ်ပါသည်။ S'pore ICA သည် IC Card သက်တမ်းတိုးပါက Passport တွင် လုံလောက်သော သက်တမ်းရှိမှ တိုးပေးပါသည်။ မြန်မာသံရုံးမှ လည်း အခွန်ရုံးတွင် အခွန်ထမ်းဆောင်မှသာ Passport သက်တမ်းတိုးပေးပါသည်။ ၀င်ငွေခွန် မထမ်းဆောင် လျှင် သက်တမ်းတိုးမပေးပါ။ ကျွန်မ စလုံးသို့ ရောက်နေသည်မှာ (၂) နှစ်ခန့် ရှိပြီဖြစ်ပြီး၊ တကြိမ်မျှ အခွန်မ ဆောင်ရသေးပါ။ Passport သက်တမ်းမှာ (၁၀) လခန့်ကျန်ရှိနေပါသေးသည်။ အမှန်အတိုင်းပြောရလျှင် ကျွန် မ အခွန်မဆောင်ချင်ပါ။ ရန်ကုန်ရှိ မိဘများကိုပင် လစဉ်မထောက်ပံ့နိုင်ဘဲ၊ မြန်မာသံရုံးသို့ မိမိရရှိသည့် ၀င်ငွေ ထဲမှ ၁၀% ဖဲ့ပေးရသည်မှာ တော်တော် စိတ်ပျက်ဝမ်းနည်းဖို့ကောင်းသည့် အလုပ်ဖြစ်သည်။

ကျွန်မလည်း အခွန်ဆောင်စရာမလိုဘဲ Passport သက်တမ်းတိုးပေးသည့် ပွဲစားအန်တီကြီးဆိုသူကို ဆက် သွယ်စုံစမ်းရာ လွယ်ကူစွာ ဆက်သွယ်စုံစမ်းမရဘဲ တပတ်ခန့်ကြာသောအခါမှ သူငယ်ချင်း၏ အစ်မ၀မ်းကွဲတ ယောက်မှ ယင်းအန်တီကြီးနှင့် ရင်းနှီးကြောင်း၊ သိချင်သည်များကို မေးမြန်းပေးမည်ဖြစ်ကြောင်း ပြောပါသည်။

မေးမြန်းပြီးသည့်အခါ အခွန်ဆောင်စရာမလိုဘဲ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း၊ Passport သက်တမ်းတိုး ခ (၅၀၀) နှင့် အန်တီကြီးအတွက် ၀န်ဆောင်ခ (၅၀)၊ စုစုပေါင်း ဒေါ်လာ (၅၅၀) ပေးရမည်ဖြစ်ကြောင်း၊ (၂) ရက် (၃) ရက်ခန့် ကြာမည်ဖြစ်ကြောင်း၊ ငွေရပြေစာ မပေးကြောင်း၊ သံရုံးမှ အတွင်းဝန်ကိုယ်တိုင် အမှန်အကန် လက်မှတ်ထိုးပေးခြင်းဖြစ်ကြောင်း၊ ကာယကံရှင် စိတ်ကျေနပ်မှလုပ်ရန်ဟု အန်တီကြီးမှပြောကြောင်း ယင်း အစ်မမှ ပြောပြပါသည်။

ကျွန်မလည်း ကျေနပ်စွာဖြင့် ယင်းအစ်မမှတဆင့် ဒေါ်လာ (၅၅၀) နှင့် Passport ပေးလိုက်ပါသည်။ ကျွန်မ လည်း ပိုက်ဆံနှင့် Passport ပေးပြီးမှ စိုးရိမ်စိတ်ဝင်သွားပါသည်။ လိမ်ခံထိရင် ဒုက္ခပေါ့။ အတုလုပ်ခံထိရင် လည်း မလွယ်ဘူးပေါ့။ (၂) ရက်ခန့်ကြာသောအခါ စိုးရိမ်စိတ်ဝင်လာသဖြင့် ယင်းအစ်မကို ဖုန်းဆက်မေးရာ အန်တီကြီးမှလာမပို့သေးကြောင်း၊ လာပို့သည်နှင့် ချက်ချင်းဖုန်းဆက်မည်ဖြစ်ကြောင်း၊ စိတ်မပူရန်နှင့် အန်တီ ကြီးသည် ယင်းအလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ စိတ်ချရပါကြောင်း၊ ၄င်း၏ သူငယ်ချင်းတော်တော် များများကို ဆက်သွယ်ပေးဘူးကြောင်းများ ပြောကြားပါသည်။ (၃) ရက်ကြာသောအခါ ကျွန်မဆီသို့ Passport ပြန် ရောက်လာပါသည်။ ကျွန်မလည်း ကျွန်မ၏ Passport ကို ဖင်ပြန်ခေါင်းပြန် စစ်ဆေးပါတော့သည်။ အရင် တုန်းကတော့ မိမိ Passport ကို သေချာပင် မကြည့်ဖူးပါ။

Passport တွင် လက်မှတ်ထိုးပေးသည့် နာမည်ကို ကြည့်လိုက်ရာ Mang Hau Thang, First Secretary ဟု တွေ့ရပါသည် (ချင်းလူမျိုးဟု ထင်ပါသည်)။ ကျွန်မလည်း လွန်ခဲ့သော (၃) လခန့်က အခွန်ရုံးသို့ သွားရောက်၍ အခွန်ဆောင်ပြီး သက်တမ်းတိုးထားသည့် အတူနေသူငယ်ချင်း၏ Passport နှင့် အသေးစိတ် တိုက်ဆိုင်စစ် ဆေးကြည့်ရာ ကွဲလွဲမှုမရှိကြောင်း တွေ့ရသဖြင့် စိတ်ကျေနပ်သွားပါသည်။

ကျွန်မလည်း ထိုအလုပ်ကို တော်တော်စိတ်ဝင်စားသွားပါသည်။ စင်ကာပူရောက် မြန်မာတော်တော်များများ သည် ဖြစ်နိုင်လျှင် အခွန်ရုံးသို့ သွားရောက်၍ အခွန်မဆောင်လိုကြပါ။ မြန်မာပြည် အလည်ပြန်ရန် (သို့မဟုတ်) Passport သက်တမ်းတိုးရန်ရှိမှသာ သွားရောက်ဆက်သွယ်ကြပါသည်။ ၄င်းကြောင့် ယခုကဲ့သို့ အခွန်မဆောင် ဘဲ သက်တမ်းတိုးပေးသည့် Service ကို ကျွန်မအနေဖြင့် အရမ်းကို သဘောကျသွားပါသည်။

ကျွန်မလည်း သူငယ်ချင်းအစ်မထံ ဖုန်းဆက်၍ အကျိုးဆောင်ပေးသည့် အန်တီကြီးနှင့် မိတ်ဆက်ပေးရန် ပြော ကြားပါသည်။ သူငယ်ချင်းအစ်မမှ အန်တီကြီးသည် လူသိမခံကြောင်း၊ မိတ်ဆက်ပေးရန်ခက်ခဲကြောင်း၊ ပြောပါ သည်။ ကျွန်မလည်း ယင်းအစ်မ၏ ညီမဖြစ်သူ သူငယ်ချင်းနှင့် လူကိုယ်တိုင်သွားရောက်၍ ပူဆာရာ အစ်မမှ အန်တီကြီးအား ကိုယ်တိုင်ဆက်သွယ်ကြည့်ရန် ဖုန်းနံပါတ်ပေးပါသည်။

ကျွန်မလည်း အန်တီကြီးထံ ဖုန်းဆက်၍ မိမိမည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်ပြီး ထိုအလုပ်ကို စိတ်ဝင်စား ကြောင်း၊ မိမိမှဆက်သွယ်ပေးလျှင် အကျိုးဆောင်ခ မည်မျှပေးမည်ကို သိလိုကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြော ပါရန်နှင့် တတ်နိုင်သမျှ သတင်းမပေါက်ကြားရန် တာဝန်ယူပါကြောင်း၊ ကျွန်မဦးလေး GM လုပ်နေသည့် ကုမ္ပဏီတွင် မြန်မာဝန်ထမ်းများ ရာချီရှိကြောင်း၊ ယခုအခါ ၎င်းတို့အားလုံးလိုလို Passport သက်တမ်းတိုးရန် လိုနေကြောင်း၊ အဆင်ပြေပါက အကုန်လုံး အခွန်မဆောင်ဘဲ သက်တမ်းတိုးလိုကြောင်း ပြောရာ၊ အန်တီကြီး လည်း အံ့သြသွားပြီး မိမိအနေဖြင့် ယခုလောက်အများကြီးကို တကြိမ်တည်း တခါမျှ မလုပ်ဘူးကြောင်း၊ ရ မရ မေးပြီး ဖုံးပြန်ဆက်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။

နောက်နေ့တွင် အန်တီကြီးမှ လုပ်ပေးမည်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဒီအလုပ်သည် လူများများ အသိခံ၍မရကြောင်း၊ နှုတ်လုံရန်လိုကြောင်း၊ မိမိအနေဖြင့် Passport တအုပ်လျှင် ဟိုဘက်ဒီဘက် ဒေါ်လာ (၅၀) စီရကြောင်း၊ ရာနှင့်ချီ၍ရှိလျှင် Passport တအုပ်လျှင် ကျွန်မဆီမှ (၂၅) ဒေါ်လာသာ ယူမည်ဖြစ်ကြောင်း၊ အုပ်ရေများသဖြင့် နှစ်ပတ် သုံးပတ်ခန့် အချိန်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် ငွေရပြေစာပေးမည်မ ဟုတ်ကြောင်း ပြောပါသည်။ ကျွန်မကလည်း ထိုအချက်များကို သိထားပြီးသားဖြစ်သဖြင့် သဘောတူလိုက်ပါ သည်။

ဦးလေးအား တိုင်ပင်ကြည့်ရာ ဦးလေးမှလည်းသဘောတူသဖြင့် အန်တီကြီးနှင့် အပြင်တွင်တွေ့ရန် ချိန်းလိုက် ပါသည်။ ဦးလေးမှ Passport စာအုပ်များနှင့် ပေးရမည့် ငွေပမာဏ များသဖြင့် စိုးရိမ်သောကြောင့် ကိုယ်တိုင် လိုက်လိုကြောင်း ပြောသည်ကို အန်တီကြီးအား ဖုံးဆက်ပြောရာ လိုက်လို့မရကြောင်းနှင့် ငွေကြေးအတွက် စိုး ရိမ်ပါက ယခုလောလောဆယ် Passport စာအုပ်များသာ အရင်ပေးလိုက်ရန်နှင့် ငွေကို Passport ရပြီးမှသာ ပေးရန်ပြောပါသည်။

ဦးလေးကို ပြောပြရာ ဦးလေးမှလည်း သဘောတူသဖြင့် Passport စာအုပ်များကို အရင်ပေးလိုက်ပါသည်။ တ ပတ်ခန့်ကြာသောအခါ အန်တီကြီးမှ Passport စာအုပ် (၅၀) ကို အရင်ပေးလာပြီး ကျသင့်ငွေကို ယူသွားပါ သည်။ နောက်တပတ်ခန့်ကြာသောအခါ ကျန် Passport စာအုပ် (၅၀) ကျော်ကို လာပေးပြီး ကျန်ငွေများကို ယူသွားပါသည်။ ကျွန်မလည်း Passport စာအုပ်များကို ဦးလေးထံမပေးမီ စစ်ဆေးကြည့်ရာ၊ စာအုပ်အားလုံး ကို Mang Hau Thang, First Secretary မှချည်း လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရပါသည်။ ကျွန်မအ တွက် ပွဲခအဖြစ် ဒေါ်လာ (၂၅၀၀) ကျော် ရလိုက်ပါသည်။

ကျွန်မလည်း ထိုအလုပ်ကို ထိုတကြိမ်သာ ငွေကြေးအရ မြိုးမြိုးမျက်မျက်ရ၍ လုပ်လိုက်မိပါသည်။ နောက်ပိုင်း တွင်တော့ မလုပ်ဖြစ်တော့ပါ။ လုပ်လည်း မလုပ်ချင်တော့ပါ။ အန်တီကြီးနှင့်လည်း မဆက်သွယ်မိတော့ပါ။ အ ဘယ်ကြောင့်ဆိုသော် နောင်တွင်ဖြစ်ပွားနိုင်သည့် ပြဿနာများကို ကြောက်လန့်မိ၍ ဖြစ်ပါသည်။ သို့သော် အန်တီကြီးနှင့် ရံဖန်ရံခါ ဆက်သွယ်လုပ်ကိုင်နေကြသည့် သူငယ်ချင်းတချို့တော့ ရှိပါသေးသည်။ သူတို့က တော့ ကျွန်မလို များများစားစား မလုပ်ကြပါ။ တအုပ်စ နှစ်အုပ်စသာ လုပ်ကိုင်ကြပါသည်။ ထိုအလုပ်မှာ ယခုအ ချိန်ထိတော့ အဆင်ပြေနေကြပါသေးသည်။

သို့သော် စင်ကာပူတွင် မိဝေးဖဝေး ပင်ပန်းစွာ အလုပ်လုပ်ကိုင်၍ ရရှိသည့် ၀င်ငွေများထဲမှ မြန်မာသံရုံးမှ လူ များက အောက်လမ်းနည်းဖြင့် ငွေလွယ်ကူစွာ ရယူနေကြသည်ကို အောင့်အည်းသည်းခံနိုင်ခြင်း မရှိတော့ပါသ ဖြင့် အများပြည်သူ သိသာစေဖို့ ဖော်ပြနိုင်ရန်အတွက် ယခုကဲ့သို့ ရေးသားပေးပို့ခြင်း ဖြစ်ပါသည်။

စင်ကာပူရောက် မြန်မာတဦး

မှတ်ချက် ။ ။ ပေးစာအဖြစ်သာ ဖော်ပြခြင်းဖြစ်ပြီး အတည်ပြုချက် ရယူထားခြင်းမရှိပါ။ အတည်ပြုချက် ရယူလို သူများအနေနှင့် ဤဘလော့ဂ်၏ အီးမေးလ်လိပ်စာသို့ ဆက်သွယ်၍ သက်ဆိုင်ရာ ဖုန်းနံပါတ်များ တောင်းယူ နိုင်ပါသည်။

55 comments:

kk said...

ဖေါ်ကေါင် လုပ်တိုင်း မကေါင်းပါ။

Unknown said...

ကိုယ်တိုင်လဲ မရိုးသား။လုပ်စား။ပြီးတော့ သူများ မကောင်းကြောင်းပြော။ မကောင်းပါဘူး။

Unknown said...

ဒါမျိုးကို ကိုယ်လွတ်ရုန်းတာလားလို့တောင်မေးရအုံးမယ်...မကောင်းမှန်း သိရင် အစတည်းက ဖော်ထုတ် အရေးယူဖို့တောင်းဆိုပါ..အချိန်ကောင်းတုန်းကကိုယ်တိုင် မှိတ်ကြိတ်လုပ်နေပြီးတော့မှ ကိုယ်မလုပ်ချင်လို့(သို့မဟုတ်)အဖြစ်မှန်ပေါ်ခါနီးမှ ကိုယ်လွတ်ရုန်းပြီး သူများကို လွဲချအပြစ်ပုံတင်ဟာ ဘယ်လိုနားလည်ရမှာလား..ကိစ္စတစ်ခုဟာ ဖော်ထုတ်လို့ကောင်းလား မကောင်းဘူးလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်..

Unknown said...

I think she is not bad..
nobody dare to open their mistake to tell public.
Anyway,we know about their story and to find out that story is true or not???
may be it's possible..

Unknown said...

တကယ်တော.အားလုံးသူအတွက်အဆင်ပြေတာကိုခက်
ခဲပြီးပိုကုန်အောင်ဖော်ကောင်လုပ်တာဘဲ။စင်္ကာပူနိုင်ငံ
သားဖြစ်သွားပုံ၇တယ်။ဆက်သွယ်ပေးသူ၊သူငယ်ချင်း
မျက်နှာကိုတောင်မထောက်တဲ.ဒီလိုလူမျိုးသတိထား
သင်.တယ်။သံ၇ုံးနဲ.မကင်းတဲ.သူတွေတ၇ားဝင်ဆောင်
တဲ.ပိုက်ဆံလည်းနိုင်ငံတော်အတွက်မှမသုံးတာ၊ပိုက်ဆံ
အဆင်မပြေသူတွေကိုပိုကုန်အောင်ယုတ်မာကောက်
ကျစ်တာချီးကျူး၇မှာလား။

Unknown said...

သံရုံးက မှန်မှန်ကန်ကန် လုပ်ပြီး အစိုးရအသုံးငွေထဲရောက်သွားရင် ဒေါက်တာလွဏ်းဆွေအနေနမှန်တယ်ထင်လိုဲ့ဒီပို့စ်ကိုတင်တာလား....။ သံရုံးကို မှန်မှန်ကန်ကန် လုပ်စေချင်တဲ့ စေတနာ တော့ဟုတ်မယ်မထင်ပါ....။
ဒီပို့စ်ရဲ့  ရည်ရွယ်ချက်လေး ကိုပါ ဒီကောမန့် အောက်မှာ ပြန်ရေးပေးဖို့တောင်းဆိုပါရစေ..။ ရွှေဝါရောင်တော်လှန်ရေးပြီကတည်းက ဖတ်နေခဲ့ပေမယ့် ကောမန့်တော့တစ်ခါမှမရေးဖူးပါ..။

Unknown said...

Sayar ,

You should not have posted this. It make more troubled to some of burmese who have little income and not enough money to pay tax for non-sense embassy. Even if they paid tax to embassy, crazy Gov will use them in killing people. So better not to pay mm embessy.
I also think that the writer will have personal problem with the so called aunty. So she used you blog to fight her. real upset for you standing point Dr.

zayar oo said...

ဆရာ
အဲဒီအမျိုးသမီးပြောတာ နဲနဲနောက်ကျသွားတယ်။ ကျနော်လဲသူ့လို့တိုးပါတယ်။
ဘာပြောပြောပြော လူနပ်ချမ်းသာပဲလေ။ အပြစ်တင်လို့လဲမရဘူး။
ဒါပေမဲ့ သေချာတာကတော့ သူရတဲ့ ၂၅၀၀ ဟာ သူ့ကိုအကျိုးပေးမှာမဟုတ်ပါဘူး။
လေးစားစွာဖြင့်
စာဖတ်သူတဦး

ကိုစူးစမ်း said...

လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ ပြီးမဲ့ကိစ္စတစ်ခုကို ခက်ခဲပြီးအကုန်အကျများအောင် လုပ်တာပဲ

သံရုံးကို ဆက်ကြေးပေးရတာကို ကောင်းတယ်လို့ထင်နေတယ်နဲ့တူတယ်

Unknown said...

ဘယ်သူအကျိုးရှိမယ်ထင်လို. ဒီpostကိုတင်တာပါလဲ?

စင်ကာပူမှာအလုပ်လုပ်နေရသူတွေမှာ ရတဲ့လခလေးကို နှစ်နိုင်ငံအခွန်ပေးနေရတာပါ။ မြန်မာသံရုံးကိုဘယ်သူမှနှစ်ထပ်ကွမ်း အခွန်မပေးချင်ပါဘူး ။

ကိုယ်.ချွေးနဲစာ ၊ စိတ်ဖိဆီးမူတွေနဲ့ရင်းနီးပြီးမှရတဲ့ငွေကို လူမိုက်တွေသတ်ဆိုးရှည်ဖို. ဘယ်သူမှစေတနာမရှိပါ။

သူတို.ဟာသူတို. အထဲမှာဘယ်လောက်ပဲ ဘာတွေဖြစ်ဖြစ် ၊လိုရင်းကပြည်သူလူထုမနစ်နာဖို.ပါ ။
နအဖဆိုတာ အကျင့်ပျက်တွေဆိုတာ သူဂွင်နဲ့သူပြည်တွင်းမှာတောင် ထိပ်ဆုံးကနေ အောက်ဆုံးထိ ပေါ်တင်တောင်းစားနေတယ်ဆိုတာ လူတိုင်းသိ ၊ကမ္ဘာသိကိတ်စပါ ။

ပြည်သူအတွက် မတရားသဖြင့်ပေးနေရတဲ့ငွေ မပေးရလေကောင်းလေဆိုတာ သိသင့်ပါတယ်။

ကိုယ်.တိုင်းပြည်အကျိုးရှိဖို.ဆိုရင်ဘယ်သူမှလက်မနေးပါ ။ ရွှေဝါရောင်မှာ နာဂစ်မှာ penisula မှာတတ်နိုင်သမျှပြေးလှူခဲ့ကျတာ သက်သေပါ ။
သတင်းဖြစ်တိုင်း တင်ပလိုက်မှာပဲဆိုတာထက် နောက်ဆက်တွဲကို ဖြစ်နိုင်ချေတွေကိုပါ အရင်စဉ်းစားစေချင်ပါတယ်။

စင်ကာပူဆိုတာ ကျဉ်းကျဉ်းလေးပါ။ စင်ကာပူမှာနေတဲ့ ဗမာတိုင်း ဒီသံရုံးအထာကောင်းကောင်းသိပြီး သားတွေချည်းပါပဲ။

Unknown said...

အံ့သြစရာပဲ။ ကျုပ်တို့မြန်မာတွေကတော့ ကိုယ့်အတ္တတခုထဲကိုပဲကြည့်၊ ကိုယ်အဆင်ပြေရေးတခုထဲ ကွက်ကွက်လေးကိုပဲတွေးပြီး မဟုတ်တာလုပ်နေတဲ့သူတွေကိုတောင် လုပ်ပါစေဆိုပြီး ပစ်ထောက်ခံနေကြပါပေါ့လား။ မြန်မာပြည်ကြီးတော့ သွားပါပြီ။ ကျွတ် ကျွတ် ကျွတ် ကျွတ်။

Unknown said...

သူတော်ကောင်းတရားဟာ လူယုတ်မာတွေအတွက်မတိုးပါဘူး။

လူမိုက်အားပေး၊ အဆိပ်ပင်ရေလောင်းကို ဦးနှောက်ပါတဲ့သူတိုင်း ဘယ်သူမှမလုပ်လိုပါ။

Unknown said...

အခုတလော ပါစင်နယ် ပုတ်ခတ်မှုတွေ ထွက်ထွက်လာ တတ်တဲ့ စလုံး က သတင်းကို သေချာ တယ် သိပြီးမှ ပဲ တင် သင့်ပါတယ် ဒေါက်တာ၊ ကျမကတော့ ၅၀ ၅၀ ပဲ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်၊

Unknown said...

မအဝှါရေ --- ကောင်းတုန်းက ငြိမ်နေပြီး၊ မကျေနပ်တဲ့အချိန်ရောက်မှ ကျမ အသက်မပြည့် သေးပါဘူး ဆိုပြီး ပြသနာထလုပ်တဲ့ အဖြစ်လိုပါဘဲ။

kmlay said...

သတိချပ်ပါ- ကိုလွဏ်းဆွေ လေးစားအပ်သော ဒေါက်တာ(လွဏ်းဆွေ)၊ အမည်မှ ဒေါက်တာ(ဖော်ကောင်) အဖြစ် မရောက်စေလိုပါ။

Unknown said...

ကျွန်တော်ဒီဆိုက်ကိုဖတ်သာဖတ်တာတခါမှ
မဝေဖန်ဘူးပါ ဒါပေမဲ့ဒီပေးစာကိုဖတ်ပြီး
တော်တော်စိတ်ပျက်ရပါတယ်
ကိုယ်တိုင်မရိုးမသားလုပ်စားတုန်းက
ပါးစပ်ကအသံမထွက်ပဲအခုမှသူတော်ကောင်း
လိုလိုလုပ်တာတော်တော်ရွံဖို့ ကောင်းပါတယ်
ဘာပဲဖြစ်ဖြစ်ဒီလိုပို့ မျိုးကိုတင်တဲ့ဒေါက်တာလွဏ်းဆွေ
နည်းနည်းတော့ဘာရည်ရွယ်ချက်နဲ့ တင်လဲပြန်ရှင်းသင့်ပါတယ်

ဒေါက်တာလွဏ်းဆွေ said...

ပေးစာဖော်ပြမှုနှင့် ပတ်သက်၍ ဝေဖန်အကြံပြုသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ဦးစွာပြောကြားလိုပါသည်။ ကျနော်အနေနှင့် ပေးစာကို ဖတ်ကြည့်ပြီး စင်္ကာပူရောက် မြန်မာညီအကိုမောင်နှမများ ပင်ပင်ပန်းပန်း ရှာဖွေထားသည့် ချွေးနဲစာအပေါ် မတရားခေါင်းပုံဖြတ် အမြတ်ထုတ်နေသည့် လုပ်ရပ်ဟု ရှုမြင်၍ တရားသည့်နည်းလမ်းအတိုင်း ပြုပြင်ဆောင်ရွက်စေလို့သည့် ရည်ရွယ်ချက်ဖြင့် တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ညီညီညွတ်ညွတ် တိုက်ပွဲဝင် အရေးဆိုတတ်သည့် ကိစ္စမျိုး လုပ်လေ့လုပ်ထမရှိသည့် ကျနော်တို့နိုင်ငံသားများ၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူ စော်ကားလွန်းသည့် လုပ်ရပ်ဟုလည်း ရှုမြင်ပါသည်။ စင်္ကာပူရောက် မြန်မာညီအစ်ကိုမောင်နှမများအားလုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်အရေးဆိုလျှင် နောက်နောင် ထိုသို့လုပ်ရဲတော့မည်မဟုတ်ဟု ကျနော့်အနေနှင့် ရိုးသားစွာ ရှုမြင်ပါသည်။

ပေးစာကို ရေးသားပေးပို့သည့် ကာယကံရှင်အနေနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ရေးသားပေးပို့သည်ဆိုသည်ကိုမူ ကာယကံရှင်သာ အသိဆုံးဖြစ်မည်ထင်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ

AUNG -Spore said...

this case is hard to comment..
Embassy staff does corruption for self pocket.
Each tax payers save a lot and can support family.
That aunty helps people and she also benefits.
Country loose $ but , even if country gets $, is that $ used for people? No.
The writer is good to open out, but wrong to involve in this case to get 2500$.

Unknown said...

ဒီ process နဲ့ပတ်သတ်ပြီး မှန် မ မှန် အထောက်ထားများနဲ့တင်ပြပါ...ဖြစ်စဉ်ဟာ အမှန်တကယ် မှန်နေရင် ဖြစ်စဉ်ထဲမှာပါဝင်တဲ့ သူတွေအားလုံးကို အရေးယူမည်...သံရုံးမှ အန်တီကြီးဆိုသူရော ယခုစာကိုပေးပို့သော သူနဲ့ နောက်ဆက်တွဲပါဝင်သူအားလုံးကို သက်ဆိုင်ရာမှ အရေးယူသွားမည်...ဖြစ်စဉ်မှန် မမှန် စင်္ကာပူ သံရုံးကို ဒီစာကိုတာဝန်ခံရေးသူမှ ဖုန်း သို့မဟုတ် fax တစ်နည်းနည်းနဲ့ဆက်သွယ်ပါ..ရရှိလာတဲ့ သံရုံးဖြေရှင်းချက်တွေကို ဒီဘလော့မှာ ပြန်လည်တင်ပြန်ရန်...

Unknown said...

ဟုတ်ကဲ့ အမိန့်အတိုင်းပါ kyaw
ရယ်လိုက်တော့မယ် ဗြဲ ဟဲ ဟဲ

Unknown said...

ဒေါက်တာအမြင်နဲ့ ဒီပိုစ့် ရည်ရွယ်ချက်ကို ကောမန့်မှာ ရေးထားတာပြန်ပြောရရင် ဒီကိစ္စမှာ ဘယ်သူတွေက ခေါင်းငုံ့ခံနေရလို့ပါလဲ ။ ဒီသတင်းအမှန်ပဲထား၊ သံရုံးက၀န်ထမ်း နဲ့ စင်္ကာပူအဖွဲ့ နှစ်ဦးအကျိုးရှိတယ်။ နောက်ပြည်တွင်းက ပြည်သူကိုရောထိခိုက်ပါသလား၊ အစိုးရရဲ့  အုပ်ချုပ်ရေးယန္တရားကိုသာ ထိခိုက်တဲ့ ကိစ္စဖြစ်မှာပါ..။ အခွင့်ကောင်းယူ အစော်ကားခံတယ်ဆိုရအောင်လည်း သွားပြီး ကျေကျေနပ်နပ်နဲ့ အစော်ကားခံတာပါ။ ဒီလိုလုပ်ရင်ဖြစ်နိုင်တယ်ဆိုတာလည်း လူတိုင်းသိတဲ့ ကိစ္စပါ..။ ပညာပေးဖြန့်ဝေဖို့လိုပါသလား။ သို့မဟုတ် ဘယ်သူကို အကျိုးရှိစေချင်ပြီး ဘယ်သူကို အကျိုးမရှိစေချင်တာလဲ။ ပြည်သူလူထုအားလုံးကိုလား၊ သံရုံးဝန်ထမ်းတွေကိုလား၊ အခွန်ဆောင် တဲ့သူတွေကိုလား၊ အစိုးရကိုလား....။ သတင်းဆိုတဲ့အရာတစ်ခုကိုလည်း သတင်းတိုင်းတင်တာထက် ရည်ရွယ်ချက်နဲ့ တင်တာကို ပိုကြိုက်တယ်လို့ ဒေါက်တာရဲ့  ဘလော့ စာဖတ်သူတစ်ယောက်အနေနဲ့ feedback ပေးပါရစေ..။

နောက်တစ်ခုကတော့ ဒီပို့စ်နဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး။ လွတ်လပ်ရေး ရယူဖို့ ပြည်ပထွက်ပညာသင်တာ ရဲဘော်သုံးကျိပ်ထဲဗျ..။ အခုပြည်ပမှာ နိုင်ငံရေးနဲ့ ရောက်နေတာ ၂ သိန်းလောက်များ ရှိမလားပဲ..။ နောက်ပြီး သွားသမျှတွေကလည်း ဘွဲ့ရပြီးပညာတတ်တွေ မနည်းပါပဲ..။ ကျောင်းထပ်တက်ကြတဲ့သူတွေရှိကြောင်းလည်းကြားမိပါရဲ့ တကယ်ကြိုးစားလုပ်ဆောင်နေသူများကို တိုက်ခိုက်လိုရင်းမဟုတ်ပါ ချီးကျူးပါ၏။။။
ဒေါက်တာစုစည်းပေးထားတာတွေဖတ်ရင်းနဲ့ နိုင်ငံအရေး ဆောင်ရွက်သူတွေတော်တော်များတယ် ဘယ်သူတွေက ဘယ်နေရာမှာ ဘယ်မျှလောက်တော့ ပြင်သင့်တဲ့ ဆိုတဲ့ နိုင်ငံရေး မျိုးချစ်စိတ် သွားပေါက် လာတယ်ဆိုတာ ၀န်ခံပါတယ်..။ ကျေးဇူးတင်ပါတယ်...။

Unknown said...

pyi ကလေးလိုလို ခွေးလိုလို ရှုးသလိုလိုပေါသလိုလို ကြောင်တောင်တောင်လုပ် မနေနဲ့

Unknown said...

This article should be published. I agreed with Dr. L S. It is very sad to learn that most of us think cheating is acceptable in relation to myanmar government. Whatever it is, cheating is wrong for everyone.

Unknown said...

ပေးစာတင်တာကို ကန့်ကွက်နေကြပုံအတိုင်းဆိုရင်တော့ စင်ကာပူသံရုံးက မသမာမှုတွေလုပ်နေတဲ့ နအဖအတွင်းဝန်နဲ့ အန်တီကြီးကို သူရဲကောင်းဘွဲ့ ချီးမြှင့်ရတော့မယ်ထင်တယ်။ ကိုယ်အဆင်ပြေတာပဲသိတယ်။ အပိုပေးလိုက်ရတဲ့ ပိုက်ဆံတွေအားလုံး အတွင်းဝန်ဆီကတဆင့် နအဖစစ်ရာဇ၀တ်ကောင်တွေဆီ ဆယ်ဆမက အဆတရာမက ပိုရောက်သွားတယ်ဆိုတာ မသိရှာကြဘဲကိုး။ ပြည်သူတွေကို အဲဒီပိုက်ဆံတွေနဲ့ သေနတ်ဝယ်ပြီး ပစ်နေတာဟ အမောင်တို့အမယ်တို့ရ သွပ် သွပ် သွပ် သွပ်။ လူမိုက်အားပေးမလုပ်ကြလေနဲ့။ မြန်မာဆိုတာ မသမာမှုတွေကို အားပေးတဲ့ လူမျိုးတွေပါလားဆိုတာကိုပါ အခြားလူမျိုးတွေ သိကုန်မှဖြင့် ပိုပြီးသောက်ကျိုးနည်းကုန်တော့မှာပဲ။

ပိုင်ဖြိုးကို said...

ပေးရမှာခြင်းအတူတူ နဲနဲပဲပေးရမယ့်ကိစ္စကို ဘာလို့ရှုပ်အောင်လုပ်ကြပါလိမ့်၊ ပေးစာရှင်ကသဘောရိုး နဲ့တော့မဟုတ်လောက်ဘူး။ ပင်ပင်ပန်းပန်း လုပ်ထားသမျှကို နဲနဲပါးပါးနဲ့ပဲ ပြီးလိုက်ရင်မကောင်းဘူးလား။ ကိုယ်ခြင်းစာကြပါဦးဗျာ။ ကိုယ့်တုန်းကတော့ လုပ်လိုက်ပြီး ခုကြမှ ....

Unknown said...

- ဒီစာကို ဖေါ်ပြပေးတဲ့ ဒေါက်တာလွဏ်းဆွေ ကို ကျေးဇူးတင်ပါတယ်။ ဘာလိုဆိုတော့ စင်ကပူရောက်မြန်မာ သူခိုးတွေကို ဖေါ်ပြပေးလိုက်သလိုပါပဲ။ ကိုဝမ်းထွင်းစိတ်ထဲကိုက သူခိုးစိတ် ၊ သူများ မြန်မာပြည်၏ ပြည်သူပိုင်ငွေ အလုံးအရင်နဲ ခိုးနေတာကိုလည်း အားပေးတယ်၊ ထောက်ခံတယ် ၊ ဖေါ်ပြပေးတဲ့ သူကို အပြစ်တင်တယ် ၊ ကိုကိုယ်တိုင်ကလဲ သီလ မလုံတော့ ဘယ်လို စေတနာနဲ ကောင်းအောင်လုပ်လုပ် အကောင်းမြင်မှာ မဟုတ်ပါဘူ ၊ ဒါကြောင့်လည်း မျိုးနဲရိုးနဲ ဘ၀ တစ်သက်လုံး စစ်ကျွှန်အဖြစ့် ခံနေကြရတာပါ။ ဒီလို ပြည်သူဝန်ထမ်း ၊ ပြည်သူအခွန်ငွေ လာစာ စားနေရတဲ့သူက ဒီလို ပြည်သူပိုင်ငွေကို မသာမာတဲ့ နည်းနဲ ပေါင်ပြီး ခိုးစားနေတာ အခွန်ငွေ ပေးဆောင်နေကြတဲ့ မြန်မာတွေအားလုံး ညီညီညွတ်ညွတ်နဲ ပူးပေါင်ပြီး ဆက်မလုပ်ကြရအောင် ထိန်သိမ်းကြမယ် စိတ်မရှိဘူး ရေတဲသူရေား တင်တဲသူကိုပါ ၀ိုင်ပြီး မေတ္တာပိုနေကြတယ်။ ဒီတင်ထားတဲ့ စာကိုဖတ်ပြီး သူခိုးလက္ခံ လူတန်စားတွေ များများပေါ်လာသလိုဖြစ်ကုန်ပြီ ၊

မလေးရှားမှာလည်း ပထမ အတွင်ဝန် ဦးတင့်ဇော် ဆိုတာလည်း ဒီအတိုင်ပါပဲ အောင်က လက်ထောက်တွေထားပြီးတော့ သံရုံးဝန်းထဲးလက်ဖက်ရည်ဆိုင်တည် သံရုံးရှေ လမ်းဘေး ကွမ်းယာ ဘမ်းချ ၊ အောက်လမ်းက တက်လာတဲ့ အိုဘာစတေးလ် ကုလားနဲ အတု့  မှန်သမျှ အကုန်လုပ်စားနေတဲ့ မြန်မာ သူခိုးတွေကို လက်သတ်မွေးပြီး ရိုးရိုးသားသား စမာအာဇီဝ ကျကျနဲ သံရုံး အခွန်ဆောင် သက်တမ်းတိုးလာတဲ့ မြန်မာ အမျိုးသမီးတွေကို သားပြေားမယားပြေား ပြေားပြီး ၊ လင်ငယ်နေ ၊ မယင်ငယ်နေ ၊ အပြာကားကြည့် ၊ ဖဲရိုတ် ၊ ဖာလိုက် ၊ အရက်ဂျိုး ၊ မြန်မာသံရုံးက မြန်မာ အမျိုးဖျက်တွေကို မြန်မာပြည်သား အမျိုးကောင်းသား အမျိုးကောင် သမီးများက ၀ိုင်ဝန်း ဆောင့်ရှောက် ထိန်သိမ်းပေးကြပါရန် ဆက်လက်ဖေါ်ပြပေးလိုက်ပါသည်။

Unknown said...

ကျွန်မကလည်း အခွန်မဆောင်ချင်လို့  ကျွန်မ Passport ကို ပိုက်ဆံပေးပြီး သက်တမ်းတိုးထားတာပါ။ ကျွန်မတုန်းကတော့ ၅၅၀ မဟုတ်ဘူး။ ၅၀၀ ဘဲ ပေးရတယ်။ ဒါပေမယ့် ကျွန်မ စဉ်းစားကြည့်တယ်။ လောလောဆယ် ရန်ကုန် မပြန်ဘူးဆိုပြီးတော့သာ၊ အရေးပေါ် လုပ်လိုက်ရတာ။ အခွန်မဆောင်ထားတော့ ရန်ကုန်ပြန်ဖြစ်ရင် လေဆိပ်က မသာတွေကို ထပ်ပေးရအုံးမှာဘဲ။ ဒီနအဖ အစိုးရ လက်ထက်မှာတော့ အကုန်လုံးကို ပေးနေရတာပါဘဲ။ နည်းနည်းပေးရတာနဲ့  များများပေးရတာဘဲ ကွာပါတယ်။

Unknown said...

အဲဒီလိုမျိုး လုပ်လို့ ရတာ ချင်းလူမျိုးတစ်ယောက်ရှိ သေးတယ်လေ။ ကျွန်တော်လည်း လုပ်ထားတယ်။ နာမည်တော့ သိဘူး။ အသက်ကတော့ ၃၅ လောက်ရှိ ပြီး။ ကျွန်တော့တို့တုန်းကတော့ 350 ဘဲ ပေးရတယ်ဗျ။ လွန်ခဲ့တဲ့ ၄ လလောက်က။ သူငယ်ချင်း ၅ ယောက်စလုံး လုပ်ကြတာ။ ၅၀၀ များတာပေါ့ဗျာ။ အတဲ့လူတွေ ခံပေါ့။ ဟဲဟဲ။ အခု ကျွန်တော်လည်း စဉ်းစားနေတာ။ passport သက်တမ်းကုန်ခါနီးရင် စလုံး လုပ်ရင် ကောင်းမလား။ တစ်ခြားနိုင်ငံပြောင်းရင် ကောင်းမလားလို့ ။ အကြံပေးကြပါအုံး။

Unknown said...

ဟေ့ pho... ဟုတ်ပါတယ်။ ကျွန်မတို့က အ ပါတယ်။ ရှင်က လူလည်ကြီးပေါ့။ ရှင်ပြောတဲ့ ချင်းအစ်ကိုကြီးကို လိုက်စုံစမ်းတာ မရလို့ ၊ ရတဲ့လူနဲ့ လုပ်လိုက်တာ ဈေး များသွားတယ်။ အဲဒီလူကတော့ ဈေးသက်သာတယ်လို့  ကြားပါတယ်။ ဒါပေမယ့် ဆက်သွယ်ရတာ အရမ်းခက်တယ်လေ။ urgent လည်း ဖြစ်နေလို့  အဆင်ပြေတဲ့လူနဲ့ လုပ်လိုက်ရတာ။ ဘာဘဲပြောပြော အခွန်ရုံးက အဲဒီ အတွင်းဝန်ကို ကျေးဇူးတင်ရမယ်။ သူ့လက်ထက်မှာမှ ဒါမျိုးတွေ ရတာလေ။ အရင်လူတွေ တုန်းက မရဘူး။ အခွန်ရုံးကို သွားပြီး အခွန်ဆောင်ရင် တောင် အဟောက်ခံရသေးတယ်။ တစ်နေကုန်လည်း စောင့်ရတယ်တဲ့။ အရမ်းဆိုးတဲ့ လူတွေဆိုဘဲ။ အရင် ရောက်နေတဲ့ သူငယ်ချင်းတွေ ပြောပြတာ။ နင်တို့ ကံကောင်းတယ်တဲ့။ ငါတို့တုန်းက အဲဒီလိုမျိုးတွေ မရှိဘူးတဲ့။ အခု သံအမတ်ကြီးကလည်း အဲဒါမျိုးတွေ အားပေးထားတယ် ထင်တယ်တဲ့။ သူ့ လူတွေကို ဘာမှ မပြောဘူးတဲ့။ လင်း ကတော့ အားလုံး အဆင်ပြေရင် ကျေနပ်ပါတယ်။ လင်း တို့ ပိုက်ဆံကတော့ ဘယ်သူ့ဆီ ရောက်ရောက်ပေါ့လေ။ ကျေနပ်ပါတယ်။ အဲဒီလိုဘဲ ခံယူထားပါတယ်။ ဗမာပြည်မှာ လူဖြစ်မိမှတော့ ဒီဒုက္ခတွေလောက်တော့ မှု မနေ တော့ပါဘူး။ pho လည်း စလုံးတော့ မလုပ်ပါနဲ့။ သြဇီကို သွားပေါ့။ လင်းလည်း သက်တမ်းကုန်ခါနီးရင် အမေရိကားကို သွားဖို့ စဉ်းစားထားတယ်။

Unknown said...

ဒီမှာ အလုပ်လာလုပ်နေ တဲ့သူတွေတော်တော်မျာများက သူများ အနှိမ်ခံပြီး ၊မျက်နှာ အငယ်ခံပြီး လုပ်နေရတဲ့ သူတွေများတယ်၊ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်တဲ့ သူကစောက်သုံးမကျတော့ တိုင်းတပါးထွက်ပြီး ပိုက်ဆံရှာရတယ်၊ ရတဲ့ ချွေးနဲစာလေးကို Embassy က ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ ဂုတ်သွေးဆုတ်နေတာ ကို ဘယ်သူကမှ စေတနာ ဗလပွနဲ့  မပေးချင်ကြဘူး ၊ ကိုယ့်တိုင်းပြည် ဖွံဖြိုးတိုးတက် နေရင် ကိုယ့်နိုင်ငံမှာဘဲလုပ်မှာပေါ့၊ မဟ၀ါ နဲ့ ကို ဟ၀ါ တို့ ရေ----ကိုယ်ကိုတိုင်တောင် ရက်ရက်ရောရော မပေးချင်လို့ ဒီနည်းလမ်း ကို သုံးခဲ့ပြိးမှ သူများ အလှည့်ရောက်မှ ဖေါ်ကောင် လုပ်ရသလား။ ရေးတဲ့သူ ရဲ့ စိတ်ထား ဘယ်လောက် အောက်တန်းကျ တယ်ဆိုတာ သိသာပါတယ်၊ ကောက်ရိုးပုံစောင့်တဲ့ခွေး မဖြစ်ချင်ပါနဲ. ၊ မြတ်စွာဘုရား ကဟော ထားတယ် စိတ်ထားကောင်းမှ ကံကောင်းမယ် တဲ့။ မယုံမရှိနဲ့ မဟ၀ါ ရေ..... သူများရတာ မနာလို ။ သူများပေးရတာ နည်းတာ မနာ လို။ နောက်ဆုံး ပြောချင်တာကတော့ (( မုဒီတာ ပွားပါ မဟ၀ါ ))

ဇင်မင်း said...

ရေးလဲရေးပြရသေးအပြောလဲခံရသေး..ဘာလုပ်သင့်တယ်ထင်လဲ

zaw zaw said...

စင်ကာပူရောက် မြန်မာတစ်ဦး ဆိုတဲ့ ..... နာမည် တောင်ရဲရဲ မဖေါ်ပြ နိုင်သူ တစ်ယောက် အနေနဲ့.... သတင်းပေးစာ တစ်စောင် ကို ရေးပြီး ဖေါ်ပြရဲတဲ့ သူကိုတော့ လေးစားပါတယ်

အခုဖတ်ခဲ့ရတဲ့ သတင်းပေးစာမှာ စင်ကာပူရောက် မြန်မာတစ်ဦး ဆိုတဲ့ သူ တော်တော်လေး အကျိုးအမြတ် ရခဲ့ပါတယ် ၂၅၀၀ ဆိုတာ နည်းတာမှ မဟုတ်တာပဲနော်။

ပြီးတော့ သတင်းပေးစာလေးရေးပြီး အားလုံးကို ဒုက္ခ ရောက်အောင်လုပ်.... ပြီးမှ စင်ကာပူရောက် မြန်မာတစ်ဦး ဆိုတဲ့ နာမည်ကောင်းကို ယူသွားတယ်။

အမှန်က စင်ကာပူရောက် မြန်မာတွေ ပေးနေရတဲ့ နှစ်ထပ်ကွမ်း အခွန်ဆိုတာ ... နအဖ ကလူတွေ သားသမီးတွေကျောင်းထားဖို့၊ ဆေးကုဖို့၊ ဈေးဝယ်ထွက်ဖို့ ဆိုတာတွေအတွက် ပါ.......

ဒီအချိန်မှာ အခုလို အကျိုးဆောင်ပေးသူတွေရှိနေတဲ့အတွက် အခွန်ပေးရတာ သက်သာနေတယ်ဆိုရင် အားလုံးလက်ခံမယ်လို့ထင်ပါတယ်.....

singapore ကိုရောက်နေတဲ့ နအဖ ၀င်တွေရဲ့ သားသမီး ဆွေမျိုးတွေကတော့ ကြိုက်မယ် မထင်ဘူးပေါ့လေ.....

ဒီတော့ ဒေါက်တာ လွဏ်းဆွေ အနေနဲ့ ဒီပို့စ် ကို မတင်ခင် လေ့လာသင့်ပါတယ် .......

ငါတို့ အတွက်ရပြီးပြီ နောက် လူတွေ ဒုက္ခရောက်စေ ဆိုတာမျိုးတော့ မလုပ်သင့်ဘူးထင်တယ်။

ဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ ဖေါ်ကောင်လုပ်တိုင်း မကောင်းပါဘူးဗျာ။

Unknown said...

Dear Dr. Lun Swe,

This is my first time of comment writing. I respected your passion, altitude and efforts. Most of people may know intention of lady who wrote this letter. Although your opinion on this letter is right, unexpected results will generate benefits for junta and Embassy instead of people. This is controversy matter as like Catch-22.

Regards

may tharawun said...

ဆရာလွဏ်း ရေ ဘာဘဲပြောပြော ပွဲကတော့ဆူသွားပြီဗျာ၊ ပေးစာရေးတဲ့ သူကလည်း ငယ်ဦးမယ်ထင်ပါတယ်၊comment တွေ အားလုံးထဲကတော့ tun nay ရဲ့ comment ကတော့ အထိမိဆုံးပါဘဲဗျာ၊ ဒီပွဲကိုမြင်ရတော့ ကိုဦးဆွေ ရဲ့ ဖိတ်စာ လို မလို ဆိုတဲ့ ပွဲကို သတိရမိသွားတယ်ဗျာ၊ ဆရာလွဏ်း ပွဲသွင်းကောင်းတယ်ဗျို့

Unknown said...

I totally agree with harry. You are used by that wicked woman, DR. Clearly you can see that she used that chance not only for her personal affair but also for her business.You shouldn't post that kind of letter. Actually that one gives no benefit to myanmar people because that all tax gone for nothing to our myanmar people but for generals' wives,children and relatives fun.I request you to drop that post for all goodness.Thanks.

Thesplu said...

ဆရာ အနေ နဲ့ ပို့ စ် မတင် ခင် လေ့ လာ သင့်ပါ တယ် ။ ဆရာ အယ်ဒီ တာ ဘဝ တုန်း က ငြိနိုင် တဲ့ စာမူတွေ လွတ် ပြီးတော့ မှ ပြည်ပ စာနယ် ဇင်း တွေ က ထ အော် လိုက် ရင် စိစစ် ရေး က ထပ် ထပ် ပြီး ကျပ် တော့ ၊ ဆရာ တို့ မှာ လုပ် ရ ကိုင် ရ တာတွေ ပို ပြီး ကျပ် လာ တာ ကြုံ ဖူး မှာ ပါ ။ ကျွန်တော် တို့ မှာ မကောင်း တဲ့ အစိုးရ တစ်ရပ် ရှိ နေ တော့ ပြည်ပ မှာတောင် အခွန် မဆောင် မနေ ရ ဆို ပြီး ကြောက် ရ ပါ တယ် ။ ဒီ က ဗမာ တော် တော် များများ လည်း စလုံး ပြောင်း ဖြစ် တာ အဲဒီ ကိစ္စ က အဓိက ပါ ပါ တယ် ။ မတရား တာ တော့ မတရား တာ ပဲ ဗျာ ။ ဒါ ပေ မယ့် ပူး ပေါင်း လုပ် ရ တာ ၊ လည်း တစ် ပိုင်း ပဲ ဗျာ ။ ဂျပန် ခေတ် မှာ အသက် ရှင် ချင် ရင် ဂျပန် ကို မာစတာ ခေါ် ရ သ လို ပေါ့ ဗျာ ။ သူတို့ တွေ မသထာရေ စာ စား သောက် နေ ကြ တာ ကျွန်တော် တို့ မြင် နေ တာ ပဲ ။ အော်ချတ်လမ်း က ဆိုင် တွေ မှာ ဝယ် သုံးနေ တာ မြင် နေ တာ ပဲ ။ ဗမာ အများ စု လာ တဲ့ ပင်နင်ဆူလာ ကိုတောင် မလာ ပါ ဘူး ။ ဒီ လို မျိုး လွတ် ရာ လွတ် ကြောင်း ရှာ ကြံ ပြီး လုပ် ရ တဲ့ အဖြစ် မျိုး တွေ ကို တော့ ဗမာတွေ ဘက် က ကြည့် ပြီး လက် ရှောင် ပေး ဖို့ ကောင်း ပါ တယ် ဗျာ ။ ဖြစ် နိုင် ရင် တော့ ဒါတွေ ကို record လုပ် ထားပေါ့ ဗျာ ။ ခေတ် တစ် ခေတ် ကျ တော့ စကားပြော ကျ တာ ပေါ့ ဗျာ ။ စလုံး မှာ ဗမာ စစ် ဗိုလ် ဘယ် နှစ် ယောက် ဆိုင်ဖွင့် ထား တယ် တို့ ၊ ကွန်ဒို ဘယ် နှစ် လုံး ဝယ် ထား တယ် တို့ ဘာ တို့ ပေါ့ ဗျာ ။ နောက် ပိုင်း ဒီကေဘီအေ က ဗိုလ် တွေ ပါကွန် ဒို ဝယ် နိုင် ပြီ ဆို တော့ အံ့ သြ စရာ ပေါ့ ဗျာ ။ စလုံး က တော့ သူတို့ အတွက် လော က နိဗာန် ပါ ပဲ ဗျာ ။

Unknown said...

ှဒီပေးစာကို ဝင်ရောက်ကွန့် မန့် ဝင်းရေးသည်များကို ဖတ်ရ၍ စိတ်ပျက်မိပါသည်လို့ ပြောချင်ပါသည် ။မိမိ အပြစ်ကို မမြင်ဘဲ အေုကာင်းပြချက်များစွာ ပြောနေကြသည့်  မြန်မာများ၊ အေုကာင်းအရာကို မစဉ်းစားဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရေးသားနေသူများကိုတွေ့ရ၍ဖြစ်ပါသည်။ ယခု အဖြစ်အပျက်သည် အမှန်တကယ်ဟု ယူဆနိုင်စရာရှိပါသည်။ဘယ်လိုပင်ဖြစ်ဖြစ် ယခုလို မြန်မာများ၏ အကျုင့်ပျက် ခြစားမှူတွေကို ပျောက်ပျက်လျော့နည်းအောင်.၊ မလုပ်ဖြစ်အောင် အာလုံးမှာတာဝန်ရှိတယ်ဆိုတာ နားလည်ူကဖို့ အချိန်ရောက်နေပါပြီလို့ပြောပါရစေ။ မိမိအဆင်ပြေရင်ပြီးရော၊ နိုင်ငံတော်ငွေဘဲ နှစ်ဦးနှစ်ဘက်အဆင်ပြေရင်ပြီးတာဘဲ၊ ဘယ်သူ့ မှမထိခိုက်ဘူးဟုမှားယွင်းစွာ ယူဆနေမှူများ၊ ငါတို့ မှန်လည်း နိုင်ငံအတွက်မဟုတ် အာဏာရှင် မိသားစုတွေဘဲ သုံးနေတာဟု နာမည်တပ်ကာကွယ်နေမှူများ ကို ပြောချင်သည်မှာ မိမိမှ စတင်၍ အမှန်အတိုင်းနေနိုင်အောင် မကျင့်သ၍ သံသရာလည်နေမည့် အဖြစ်ကို မမေ့ ပါနဲ့ လို့ ပြောပါရစေ။အမှန်တရားကို မြတ်နိုးပြီး ကိုယ်တိုင်ကျင့်ကြံ့နိုင်ပါလို့  အုကံပေးချင်ပါသည်ခင်ဗျာ။

Unknown said...

Given the obvious (military dictatorship) that the whole system is corrupt, the top people (in this case, the Ambassador) probably know what is going on. Every one (in this case, the Embassy staff) probably shares a piece of the pie. A friend in one Embassy says that a few Embassies (including Singapore) where a lot of Burmese are registered cover costs and salaries of other Embassies without many taxpaying Burmese in their country. That means, even the Minister of the MOFA might know what is going on.
Burmese Diasporas everywhere can tell similar corrupt stories. Majority of comments question the intention of the letter writer. Dr Lun Swe tries to justify his “wishful” expected results. If my understanding is correct, he sees evidences of exploitation in the content and he expects that “Burmese usually without Solidarity” will voice one voice (or should I translate as?) “will fight one battle together” so as to stop such abnormalities or corruption. I commend him for his attempt.
Personally I have dealt with at least 5 Burmese Embassies abroad to have paperwork in order. Many times, I have been advised to use such informal channels. However, I have always used official procedures. My choice is based on my conscience and my principles. I understand blue-workers’ or illegal workers’ choice not to pay the full fare because they cannot afford it. I try my best to understand white-collar professionals’ or legal workers’ justifications that their tax money would not benefit the people inside. It is 90% reasonable argument. It is not my choice but I can accept their choice. I will not argue that there is a benefit of the doubt and perhaps 10% (non-laundered money) will benefit the government employees, not all of whom are corrupt and many are average Burmese suffering also from the military dictatorship.
The probable outcome of the letter, if read by related authorities and if any disciplinary action is taken, would be the removal of present staff. The corrupt channel will be run by another team; will not disappear until the democratic era (if we can dream about it).
My point is there will be no immediate good outcome for people living abroad who send money home. If their families can benefit by not paying tax, so be it. If corrupt people pocket tax money, let them do it. Issues with Embassies are not only money. Laws from PyinMaNa are “verbal” and people in power degree ridiculous rules and regulations. Often the only way to get paperwork in order is through an informal channel. Not everyone can afford to get another citizenship, move to another country or have intention to ask for asylum. Struggles outside home are hard as they are; no one needs to fight battles that can’t be won, especially these are “structural problems”. Like one comment suggests, if you have good information, you just document with evidences for the time of the trials and ICC.
The letter is like attacking the branches, not the roots (not to mention the questionable sincerity of the writer). And there is the question of Timing. Dr Lun Swe should have waited for the right time and the right place for the right ears and eyes (anti-corruption taskforce if a democratic government could ever emerge one day!). I wish he had understood before publishing this letter that this is not an isolated case (for Burmese abroad) that Burmese in Singapore can fight.
P.S – I am practicing the right to agree to disagree and have no intention of blaming Dr Lun Swe whom I respect for his journalistic and humanitarian work. I share opinions of Zaw, Yar,Viper.MaungMaung and Open.

sk said...

Incredible!..Dr
1. the person who wrote this letter and the corrupted officers are exactly in the same category in terms of dishonesty.

2. perhaps, every body knows the whole Myanmar Government system has already corrupted to it's core over more than half a century..not just Myanmar Embassy in Singapore today..

3. the quality and moral standard of the writer is as rubbish and crap as article-writers in Burmese government media who write about about eg Daw Su ..(attacking on personal rather than the system as whole)...utterly disgusting..

4. I hope drlunswe.blogspot.com would be a bit different from Burmese government media, next time..

Unknown said...

Hi Saya, we are a group of Myanmar working in Singapore. We want to raise our concern about
the open letter you posted on your website without any concrete evidences. Due to your unethical
conduct somebody particularly the official of the embassy suffered alot. We, a group of myanmar want to
have the actual name and phone number including her SPass number and employment address.
We all surprise that having good reputation over myanmar media world, you posted such groudless
open letter, our high respects placed on you were dramatically dwindled by your shallow thought of choosing
such personal attacking expressions. You are very worthy of a notorious tiltle of STUPID Journalist of the year 2009.
Thank you very much. Looking forward to your response. A gruop of myanmar worker,Singapore.

Unknown said...

I like this...
"You are very worthy of a notorious tiltle of STUPID Journalist of the year 2009."
He deserved this title.

Unknown said...

I think the writer of the open letter don't even exist. No one will reveal this kind of deal even if it exist.

ဒေါက်တာလွဏ်းဆွေ said...

Dorothy ခင်ဗျား …

ပေးစာရေးသူနှင့် ပတ်သက်သည့် တောင်းဆိုမှုများကို မလိုက်လျောနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားလိုပါသည်။ မြန်မာ့သမိုင်းတွင် အထင်ကရရှိခဲ့သော “ငရဲခွေးကြီးလွတ်နေသည်” ဖြစ်ရပ်ကို အမှတ်ရမည်ဆိုလျှင် ကျနော် မလိုက်လျောနိုင်သည့်ကိစ္စအပေါ် နားလည်ပေးနိုင်မည်ဟု ယူဆပါသည်။ ကျနော်အနေနှင့် မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် ဖြစ်ပျက်နေသည့် အကျင့်ပျက်ခြစားမှုကိစ္စတခုကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ရေးအတွက် ၀ိုင်းဝန်းစဉ်စားနိုင်အောင် တက်ဆက်ပေးခြင်းသာဖြစ်ပါသည်။ ဥပမာအနေနှင့် … နအဖ၏ အခွန်စည်းကြပ်မှုများ တရားမျှတမှုမရှိဟုယူဆလျှင် မတရားသည့် အမိန့်အာဏာဟူသမျှကို စုစုစည်းစည်း ညီညီညွတ်ညွတ် ဖီဆန်ကြရမည်ဖြစ်သလို အခွန်လုံးဝမပေးသင့်ဟု ယူဆလျှင်လည်း လုံးဝမပေးရသည်အထိ ညီညီညွတ်ညွတ် တောင်းဆိုတိုက်ပွဲဝင်ရမည်ဟု ယူဆပါသည်။ ထိုသို့နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်မှသာ ကျနော်တို့ မြန်မာနိုင်ငံသားများ၏ ဂုဏ်သိက္ခာသည် ကမ္ဘာ့အလယ်တွင် ပြန်လည်ဝင့်ထည်လာမည်ဟု ယုံကြည်ပါသည်။ ‘မည်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့လိုသည်’ ဟူသည့် တန်းဖိုးရှိသော အဆုံးအမအတိုင်း ကျနော်တို့၏ နောင်လာနောက်သား အဆက်ဆက်အတွက် ကောင်းသာအစဉ်အလာသာ ကျန်ရစ်စေလိုသည့် စေတနာဖြင့် ဤပေးစာကို တင်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဝေဖန်အကြံပြုကြသူများအားလုံးကို အထူးကျေးဇူးတင်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

Unknown said...

ဒေါက်တာလွဏ်းဆွေ ခင်ဗျား။

ဆရာရေးထားတဲ့ အချက်တွေကို ကျွန်တော်အပြည့်အ၀ ထောက်ခံပါတယ်။ အခုဆိုရင် မြန်မာပြည်မှာ ဒီလိုအကျင့်ပျက် ၀န်ထမ်းတွေ တစ်ဖြည်းဖြည်း များပြားလာတာနဲ့အမျှ အစိုးရစနစ်ဟာ ခြစား ပျက်စီး လာလိုက်တာ၊ ယခုဆို မြန်မာပြည်တွင်းမှာ အခြေအနေ တော်တော်ဆိုးနေပါပြီ။ နေရာတိုင်းလိုလို လာဘ်ပေး လာဘ်ယူမှုတွေနဲ့မကင်းကြတော့ပါဘူး။ လာဘ်ယူ တယ်ဆိုတာ လာဘ်ပေးနေတဲ့ လူတွေ ရှိနေလို့ပါ။ ကျွန်တော်အပေါ်မှာ ရေးထားတဲ့ comments တွေကို ဖတ်ကြည့်ပြီး၊ တော်တော်အံသြသွားပါတယ်။ ရေးတဲ့လူ တော်တော်များများက စင်ကာပူကို ရောက်နေတဲ့ မြန်မာ အများစု ရေးထားကြတာပါ။ ကျွန်တော်တို့ လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ လာဘ်ပေးလာဘ်ယူမှု အနည်းဆုံး နိုင်ငံဖြစ်တဲ့ စင်ကာပူလိုနိုင်ငံမျိုး ရောက်နေတာတောင်၊ မြန်မာပြည်က အကျင့်ဆိုးတွေ ကို လက်ဆင့်ကမ်း သယ်ဆောင်လာပြီး စင်ကာပူမှာ ကျင့်သုံးနေကြပါတယ်။ ဘာဖြစ်လို့များ ဒီလို စိတ်ဓါတ်တွေကို မပြောင်းလဲချင်ကြတာလည်းဗျာ။ ရောမ ရောက်ရင်တော့ ရောမလို ကျင့်သင့်ပါတယ်။ ဒီလိုနိုင်ငံမျိုး ရောက်နေတာတောင် ဒီလိုစိတ်ဓါတ်မျိုးတွေ မဖျောက်ပစ်နိုင်သေးဘူး ဆိုရင်တော့ ဒါဟာ နိုင်ငံနဲ့ မဆိုင်တော့ပါဘူး။ လူမျိုးနဲ့ ဆိုင်လာပြီလို့ ပြောရပါတော့မယ်။ စင်ကာပူမှာကြည့်ပါ။ ဘယ်နေရာမှာများ လာဘ်ပေးစရာ လိုပါသလည်း။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ဘာဖြစ်လို့ ဒီလိုမျိုး လာဘ်ပေးနေကြပါသလဲ။ အားလုံးဝိုင်းစဉ်းစားပြီး အဖြေရှာကြည့်ဖို့တော့ လိုနေပါပြီ။ အခွန်ရုံးကို ဘယ်သူမှ အခွန်မဆောင်ချင်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အခွန် မဆောင်ချင်တာနဲ့တော့ ဒီလို သူခိုးအားပေး လုပ်ရပ်မျိုးတွေ မလုပ်သင့်ပါဘူး။ ကြာလာရင်တော့ ကျွန်တော်တို့ လူမျိုးတွေရဲ့ လာဘ် ပေးလာဘ်ယူမှု အကျင့်ဟာ ဒေသတွင်း နိုင်ငံတွေထဲမှာ ဆိုးသထက် ဆိုးလာပါတော့မယ်။ အားလုံး ၀ိုင်းဝန်း စဉ်းစားပြီး အခုဖြစ်နေတဲ့ ပြသာနာကို နည်းမှန် လမ်းမှန်နဲ့ဖြေရှင်းဖို့ ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။ ဒေါက်တာလွဏ်းဆွေရဲ့ စာဖတ်ပရိသတ်တစ်ဦး

zaw zaw said...

ဒေါက်တာလွဏ်းဆွေရဲ့ စာဖတ်ပရိသတ်တစ်ဦး နှင့် ဒေါက်တာလွဏ်းဆွေ ခင်ဗျား

မထမမေးခွန်းကတော့ ဒေါက်တာတို့ သံရုံးမှာ အခွန်ပေးဘူးပါသလား။

ဒုတိယမေးခွန်းက မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် ဖြစ်ပျက်နေသည့် အကျင့်ပျက်ခြစားမှုကိစ္စတခုကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ရေးအတွက် ၀ိုင်းဝန်းစဉ်စားပေးစေလိုပါ။

တတိယ နအဖ၏ အခွန်စည်းကြပ်မှုများ တရားမျှတမှုမရှိပါ။ မတရားသည့် အမိန့်အာဏာဟူသမျှကို စုစုစည်းစည်း ညီညီညွတ်ညွတ် ဖီဆန်ကြရမည်ဆိုလျှင် အခွန်လုံးဝမပေးရသည်အထိ ဘယ်လို တောင်းဆိုတိုက်ပွဲဝင်ရမလဲဆိုတာပါ။

နောက်ဆုံးအနေနဲ့....ပြောချင်တာက အခုလို သံရုံးဝန်ထမ်းတစ်ဦးကပေးနေတဲ့ service ဟာ... စင်ကာပူရောက် အခွန်ထမ်းတွေအတွက် သက်သာမှုကိုရစေတယ်ဟူဆရင်.... ဒေါက်တာလွဏ်းဆွေ အနေနဲ့ .... ဘယ်လိုတုန့်ပြန်မလဲ.......

လေလောဆယ် စင်ကာပူမှာ... S$40/month for work pass , S$80/month for S Pass, S$100/month for Employment pass & S$120/month for PR and adding on, S$300 for passport ext.

ဒေါက်တာလွဏ်းဆွေ အနေနဲ့ သံရုံးကို ၀င်ငွေခွန် မှန်မှန်ကန်ကန်ပေးသင့်ပါတယ် လို့ ဆုံးဖြတ်ရင်တော့ ကျွှန်တော် တို့်ရဲ့ ကံ ပဲပေါ့ဗျာ။

Unknown said...

ဒေါက်တာလွဏ်းဆွေရှင့်

ဒီပေးစာ ဆောင်းပါးဟာ မကြာခင် old post ထဲ ရောက်သွားတော့မှာမို့၊ အသစ်ပြန်တင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင့်။ ဒီပေးစာ ဆောင်းပါးဟာ စင်ကာပူရောက်နေတဲ့ မြန်မာအများစုနဲ့ သက်ဆိုင် နေတဲ့ ဆောင်းပါးမို့ အခုလိုတောင်းဆိုရခြင်း ဖြစ်ပါတယ်။ ကျွန်မရဲ့ တစ်ချို့သူငယ်ချင်းတွေက အကြောင်းကြောင်းနဲ့မို့ ယခုထိ ဒီဆောင်းပါးကို မဖတ်ရသေးပါဘူး။ ပြီးတော့ ဒီဆောင်းပါးကို ဖတ်ပြီး comments ရေးတဲ့လူလည်း များလားလို့ပါ။ ကျေးဇူးတင်ပါတယ်။

Unknown said...

The writer must have courage to mention his name, if she is sincere, the official name should not be stated byname. Thus, it can draw that she did it intentionally for the purpose of assassinating the official's character, and must prove all relevant material. We all know that, here in Singapore nobody wants to give SD300 for passport extention. The demand written SD 500 is totally out of the question. If i were her, I will never do it. So we can draw one conclusion is that it is not true, but it is of groundless accussation. Another point here is that, in Singapore, there is no company belong to myanmar business having 100 even 50 S pass holders, or even if, their time of passpot extention will not be in coincedence meaning could not do it at the same time. Another conclusion again should be that, the writter is extremely jealous of the guy who signed on passports. Or may be a real stupid with no brain or very very unreasonal writer. Hopefully the writer might be a man and wrote as a woman creating a makeup story. In conclusion, the writer must be the person of the lowest IQ level over the world.

Unknown said...

စင်ကာပူမှမြန်မာအမျိုးသမီးတစ်ဦးရေ....ကိုယ်မျိုးမျိုးမျက်
မျက်ရပြီးမှ...ကိုယ်ရေးကိုယ်တာပြသနာကြောင့်သာအဲလို
လုပ်ချတယ်လို့ပဲထင်ပါတယ်...အန်တီကြီးနဲ့လား..အတွင်း
ဝန်နဲ့လားတော့မသိဘူးပေါ့...နောက်ပြီး..အခုဟာကြောင့်
သေချာတယ်..စင်ကာပူမှမြန်မာများသေရောပေါ့...ကျွန်တော်ထင်
တာကတော့...အတွင်းဝန်ဆိုတဲ့သူကိုမနာလိုတဲ့သံရုံး
ဝန်ထမ်းတစ်ယောက်ယောက်ကပဲလုပ်တာနေမှာ....အခုလို
သက်သေအထောက်အထားမရှိတဲ့ပေးစာကိုတင်လိုက်တဲ့
ဆရာ့ကိုလည်းအံ့သြမိပါတယ်...ကျွန်တော့်ယုံကြည်ချက်
ကတော့နအဖတော်လှန်ရေးကိုလုပ်ဆောင်နေသောကျွန်တော်
တို့ဟာအရာရာမှာသမာသမတ်ရှိရှိနဲ့ချင့်ချင့်ချိန်ချိန်နဲ့လုပ်
ဆောင်သင့်တယ်..ထိုအကျင့်ကိုလည်းအခုကတည်းက
မွေးမြူထားသင့်တယ်လို့ထင်ပါတယ်....နအဖလို
စဉ်းစားချင့်ချိန်မှုမရှိတဲ့အလုပ်တွေမျိုးကိုကျွန်တော်တို့
လည်းလုပ်နေရင်တော့ကျွန်တော်တို့လည်းအဲပုတ်ထဲကအဲပဲ
ဘဲဖြစ်သွားမှာပေါ့...မဟုတ်ဘူးလား....

Unknown said...

ီDEMOCRACY ဆိုတာကိုလိုချင်ရင်ကျွန်တော်တို့လည်း
ထို DEMOCRACY ရဲ့ STANDARD အတိုင်းရှိနေရပါ
မယ်...ကိုယ်ရေးကိုယ်တာပြသနာလား..ဘယ်လို
ကြောင့်လည်းဆိုတာကိုသေသေချာချာမသိဘဲနဲ့အခု
လိုပွဲဆူအောင်လုပ်လိုက်တာမကောင်းဘာဘူး...အခု
ဆိုထိုအတွင်းဝန်နှင့်ဝန်ထမ်းများသာမကစင်ကာပူမှမြန်မာပြည်သူ၊သား
များအတွက်ပါသိပ်ပြီးမကောင်းဘာဘူး...အခုထိုပေးစာ
ကိုကြိုက်ပါသည်ဆိုသောသူများတွင်လည်းအချို့သောသူ
များမှာစင်ကာပူမှာရှိသောသူများဖြစ်နိုင်ပါသည်...ထိုနိုင်
ငံသားများတောင်ဖြစ်နေနိုင်ပါသည်...ဘယ်သူသေသေ
ငတေမာရင်ပြီးရောဆိုပြီးဝိုင်းပြီးထောက်ခံနေတာလား???

sk said...

I totally agree with Lulay..

If we don't like a system and are fighting against that system, We Must Be Different (better) from that system. If you have the same attitute, then you are nothing more.

Unknown said...

ဖာသည်မ....
မျိုလို့ ဆို့ လို့ ဝပြီးတော့မှ...
သူများနာမည်ကျတော့ဖော်ပြပြီးတော့ ကိုယ့်နာမည်ကျတော့ကိုယ်မေ့နေလား
ရိုးရိုးသားသားကိုယ့်အပြစ်ဝင်ခံချင်ရင်နာမည်နဲ့  S pass FIN No... ပေးလေ
့နင့်အလှည့်ကျရင်မြန်မာပြည်ပြန်ပြီးအခွန်ဆောင်...သက်တမ်းတိုး.....
နိုင်ငံကြီးသားမကြီးပီသအောင်ပေါ့

Unknown said...

အရမ်းအံ့သြမိတယ်...
အဲဒီမိန်းမက လူစိတ်မရှိတာတော့ကျိန်းသေတယ်
ဒီလိုမိန်းမမျိုးကို လည်း ပက်ပက်စက်စက်ဆဲပစ်ရမှာ

ပိုက်ဆံလိုချင်တုန်းကတော့ ဒီအကြောင်းမပေါက်ကြားစေရပါဘူးဆိုပြီး ...
ဘယ်သူ့ မှမသိစေရပါဘူးဆိုပြီး.... အတင်းကာရောဖုန်းတွေဆက်...
အယောက်တစ်ရာကျော်လောက်ရှိတယ်ဆိုပြီး
မက်လုံးတွေတသီကြီးပေးပြီး..

သူ့ ဂွင်လည်းပျောက်ရော ဖော်တော့တာပဲ
သူ့ ဦးလေးကရောဘယ်လောက်ထပ်ပြီးမျိုဆို့ ခဲ့လဲ မသိဘူး၊ ဒီလိုကောင်မျိုးက စင်ကာပူမှာ GM ဆိုတော့ သူ့ လက်အောက်မှာလုပ်နေရတဲ့ဝန်ထမ်းတွေ...

သက်တမ်းက ၃နှစ်တိုးပေးတာဆိုတော့ နောက်ထပ် ၃နှစ်အတွင်း စားပေါက်မရှိတော့ဘူးလေ၊

ဒီလိုကောင်မမျိုးကပေးတဲ့ပစ်စာကို အရေးတယူနဲ့ ဖော်ပြပေးတဲ့ဆရာနဲ့ သူ့ ကိုအမှားဝန်ခံရဲတဲ့ သူဆိုပြီးအားပေးတဲ့လူတွေရော .... လေးစားလောက်ရဲ့ လားးးးး

ရမယ်ဆိုရင်တော့ အတည်ပြုချက်လေးလိုချင်တယ်။

Unknown said...

I appreciate your courage or actions as whisle blower for the right thing to do. I don't seen that she is bad. Why our Burmese people want to follow the corupption characters beside want to live with the higher standard?

Unknown said...

I appreciate your courage or actions as whisle blower for the right thing to do. I don't seen that she is bad. Why our Burmese people want to follow the corupption characters beside want to live with the higher standard?

shwekamawet said...

အားလုံးပဲ မင်္ဂလာပါခင်ဗျာ့
ကျွန်တော့်ကိုတစ်ခုလောက်အကြံညာဏ်ပေးကျပါခင်ဗျာ့ သိချင်တာလေရှိလို့ပါ
ကျွန်တော့် ပတ်ပို့သက်တမ်းက ဒီနစ် 19.July.2014 မှာကုန်မှာပါ အခုလုက်ရှိအလုပ်လုပ်နေတာကတော့ ဒူဘိုင်းမှာပါ ဆိုတော့ ပတ်ပို့သက်တမ်းမကုန်ခင် တစ်ပတ်လောက်အလိုမှာ ပြန်လို့ရမယ်လိုထင်သာပဲ ဒါပေမယ့် လေဆိပ်မှာ ရစ်နေမှာစိုးလို့ သိတဲ့လူရှိရင်ပြေားပြပေးပါလာ အားကိုးပါတယ်နော်.....