နအဖကျားနဲ့ အန်အယ်လ်ဒီဆင် လယ်ပြင်မှာ တွေ့ကြတော့မည်လော
ဒေါက်တာလွဏ်းဆွေ
(၂၀၀၉ ခုနှစ် ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)
ဒေါက်တာလွဏ်းဆွေ
(၂၀၀၉ ခုနှစ် ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)
နအဖကျွေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲမုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိ။ အတိုက်အခံတွေနှင့် နိုင် ငံတကာလူကြီးမင်းများဆီကတော့ နှုတ်ခမ်းနာနှင့် တည့်ပါ့မလားဆိုသည်မျိုး စိတ်ကူးယဉ် မှန်းဆချက်မျိုးစုံ၊ အသံဗလံမျိုးစုံ ကြွက်ကြွက်ညံလို့နေသည်။ ကုလသမဂ္ဂ၊ အီးယူအပါအ၀င် နိုင်ငံတကာလူကြီးမင်းများက တ မတ်သား အနှုတ်ခံထားရသည့် အတုအယောင် အခြေခံဥပဒေကို အလေးမထားတော့ဘဲ (မေ့ချင်ယောင် ဆောင်နေသည်လားမသိ) ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးကိုသာ လုပ်ဆောင်ဖို့ နအဖကို တိုက်တွန်းနေတော့သည်။ မသာအိမ် ဖဲတက်ရိုက်ရသည်ကို အရသာတွေ့နေသည့် တရုတ်၊ အိန္ဒိယနှင့် အာ ဆီယံ ငို့ဘများကလည်း နအဖလုပ်သမျှ ဆန့်ကျင်ပြောဆိုခြင်း အလျဉ်းမရှိဘဲ နအဖဖြစ်ချင်သည့်ပုံစံ ရှောရှော ရှူရှူ ဖြစ်မြောက်ရေးကိုသာ အသံတိတ် ဆုတောင်းပေးနေပုံပေါ်သည်။
နအဖဘက်က သွားချင်သည့် ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အာဏာကို အရပ်သားအစိုးရ စစ်စစ်ထံ လွှဲအပ်ပြီး စစ်တန်းလျားကိုပြန်ရန် လုံးဝစိတ်ကူးမရှိ။ မြန်မာ့နိုင်ငံရေးတွင် ဦးစီးဦးဆောင်အခန်း ကဏ္ဍမှ ဆက်လက်ဗိုလ်ကျ ပါဝင်လိုသည့်အတွက် ပါလီမန်၏ ကိုယ်စားလှယ်တမတ်သားကို ၂၀၀၈ ညောင် နှစ်ပင်အခြေခံဥပဒေအား မျက်နှာပြောင်တိုက် ဇွတ်အတင်း အတည်ပြုခြင်းဖြင့် ကြိုတင်ရယူထားသည်။ ထို့အ ပြင် စစ်တပ်မှ အရပ်ဘက်ပြောင်းကာ ကိုယ်စားလှယ်အရွေးခံမည့် ဘောင်းဘီချွတ်များ၊ နအဖအကြိုက် ခေါင်း ညိတ်ခေါင်းခါလုပ်မည့် စွမ်းအားရှင်၊ ကြံ့ဖွံ့၊ ၈၈ မျိုးဆက်အတု၊ အန်အယ်လ်ဒီခွဲထွက် အမတ်တွေလို ပုတ်သင် ညိုများနှင့်လည်း ကျန် ၇၅ % ကို ရာနှုန်းပြည့်နီးပါးရရှိအောင် နအဖက အကွက်ချလုပ်ဆောင်နေသည်။ တ နည်းအားဖြင့် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေမှုအား နိုင်ငံတကာက တရားဝင် အသိအမှတ်ပြု လက်ခံလာ ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြီး မျက်လှည့်ပြလိုခြင်းဖြစ်သည်။
လွှတ်တော်ထဲတွင် ရာခိုင်နှုန်းအနည်းငယ်သော အတိုက်အခံများအဖြစ် တချိန်က နအဖနှင့် မဟာမိတ်ဟောင်း ဖြစ်ခဲ့သည့် တစညပါတီ၊ လက်နက်ချ ငြိမ်းအဖွဲ့များ၊ ရွေးစရာလမ်းမရှိ ထွက်ပေါက်ပိတ်နေသည်ဟု ယူဆ၍ အ ကြံကုန်ဂဠုန်ဆားချက်မည့် ပြည်တွင်းမှ ဆရာမောင်စူးစမ်း၊ ပြည်ပမှ ဦးအောင်သူငြိမ်းတို့လိုင်းဝင် ရသလောက် ယူရေးသမားများနှင့် နအဖစစ်ဘောင်းဘီအောက် ခေါင်းဝင်လျှိုကာ ကိုယ်ကျိုးစီးပွားရှာမည့် သိုက်သမားအချို့ လောက်ကိုသာ မြင်ရကောင်းမြင်ရနိုင်သည်။
နအဖကတော့ ဖြစ်နိုင်လျှင် ကျန်သည့် ၇၅ % ကိုလည်း သူတို့လျာထားသည့် ကိုယ်စားလှယ်တွေချည်း အကုန် နီးပါး အနိုင်ရရှိအောင် ဇာတ်ကြမ်းတိုက် လုပ်ဆောင်ဦးမည်ဖြစ်သည်။ ဆန္ဒခံယူပွဲနမူနာကို ကြည့်ခြင်းအားဖြင့် နအဖတွင် လုပ်ဆောင်နိုင်သည့် အနေအထား၊ အင်အားရှိနေသည်ကို တွက်ဆနိုင်သည်။ နအဖအတွက် အ သက်တမျှ အရေးပါသည့် လမ်းပြမြေပုံအဆင့်ဖြစ်၍လည်း ဆန္ဒခံယူပွဲထက် ပိုလိမ် ပိုညစ် ပိုဇာတ်ကြမ်းတိုက် မည်မှာ ဗေဒင်မေးစရာလိုမည်မထင်။ ပါလီမန်တွင် နေရာအနည်းငယ် ရလိုရငြား ၀င်ရောက်ယှဉ်ပြိုင်မည့် ရ သလောက်ယူရေးသမားများ၊ သိုက်တူးမည့်သူများ၊ တစညများ၊ ငြိမ်းအဖွဲ့များအနေနှင့် နအဖ၏ အတုအ ယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက်ယှဉ်ပြိုင်သည်ဆိုသည့် သမိုင်းအမဲစက်ကြီးသာ အဖတ် တင်ကျန်ဖို့များပြီး အနိုင်ရဖို့ မသေချာ။
၂၀၁၀ ရွေးကောက်ပွဲကျင်းပဖြစ်လျှင် အထက်တွင်ပြောခဲ့သလို နအဖအနေနှင့် ဆန္ဒခံယူပွဲတုန်းကကဲ့သို့ သူ ထင်ရာ စိတ်ကြိုက်ကြဲနိုင်သည့် အခင်းအကျင်းမျိုးရအောင် လုပ်ဆောင်နိုင်သည့် အနေအထားရှိသော်လည်း နအဖ အခက်တွေ့နေသည့် အကျပ်အတည်းတွေလည်း ရှိနေသည်။ ထိုသို့အကျပ်အတည်းတွေ ရှိနေသည့်အ တွက် နအဖအနေနှင့် အခုအချိန်အထိ ပါတီများတည်ထောင်ခွင့်နှင့် ရွေးကောက်ပွဲဥပဒေကို မထုတ်ပြန်ရဲသေး တာဖြစ်နိုင်သည်။
နအဖအတွက် နံပါတ် (၁) အကျပ်အတည်းသည် နိုင်ငံတကာက ပြောဆိုနေသော အားလုံးပါဝင်ဖို့လိုသည် ဆိုသည့် အခင်းအကျင်း (အတုဖြစ်ဖြစ်) မျိုးရရှိအောင် သူတို့ပါဝင်ယှဉ်ပြိုင်စေချင်သည့် အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်များကို စည်းရုံးသိမ်းသွင်းနိုင်ခြင်း၊ ဖိအားပေး သိမ်းသွင်းနိုင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးသည့် အကျပ် အတည်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုရလျှင် နအဖအနေနှင့် သူတို့လုပ်သည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာစေရေးအတွက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီနှင့် အခြားတိုင်း ရင်းသားပါတီများ၊ ကေအန်ယူ၊ မွန်၊ အက်စ်အက်စ်အေ၊ ၀ အဖွဲ့တို့လိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် ယှဉ်ပြိုင်ဖို့လိုသည်ဟု ခံယူထားပုံပေါ်သည်။ ထို့အတွက်လည်း နည်းအမျိုးမျိုးနှင့် လိုက်လံစည်းရုံးသိမ်းသွင်း ဖိအားပေးလုပ်ဆောင်နေသည်။ သို့သော် ယခုအချိန်အထိ အန်အယ်ဒီပါတီအပါအ၀င် မြေပေါ်အဖွဲ့အစည်း များ၊ လက်နက်ကိုင်အဖွဲ့များအားလုံးက နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရေး၊ ရွေးကောက်ပွဲဥပဒေ ကို ပြန်လည်သုံးသပ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ကိုသာ တညီတညွတ်တည်း ရပ်ခံတောင်းဆိုနေကြ သည်။ နအဖအနေနှင့် သူတို့လည်ပင်းကြိုးကွင်းစွပ်မည်ဟု ယူဆသည့် ထိုတောင်းဆိုမှုများကို လိုက်လျောနိုင် ခြင်းမရှိသည့်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းမျိုး ဆိုက်နေခြင်းဖြစ်နိုင်သည်။
နအဖအတွက် ကြီးမားသည့် နံပါတ် (၂) အကျပ်အတည်းမှာ သူတို့အချင်းချင်း အဝေမတည့်သေးသည့် အ တွင်းစည်း အကျပ်အတည်း ဖြစ်နိုင်သည်။ စစ်တပ်အရာရှိများအနေနှင့် အထက်အမိန့်အရ စစ်တပ်မှထွက်ပြီး အရပ်သားအဖြစ်ကူးပြောင်းကာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်မှုများ၊ စိတ်မပါလက်မပါဖြစ်နေ မှုများ ရှိနိုင်သည်။ အရာရှိအများစုက သူတို့အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် တပ်ရာထူးတွင်သာ နေမြဲ ဆက်နေလိုမှုများကြောင့် အမိန့်မနာခံမှု၊ အာခံမှုများ ရှိလာနိုင်သည်ကို နအဖ အစိုးရိမ်ကြီးနေပုံပေါ်သည်။ တပ် တွင်းမတည်ငြိမ်မှုဖြစ်လျှင် အဆိုးဆုံးအနေအထားနှင့် အလျင်အမြန် ရင်ဆိုင်သွားရနိုင်သည်ကို နအဖစစ်အုပ်စု သဘောပေါက်သည့်အတွက်လည်း ထိုပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ယူနေရသည့် အကျပ်အတည်း ဆိုက်နေခြင်း ဖြစ်နိုင်သည်။
နံပါတ် (၃) အကျပ်အတည်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်း သားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်မပေးဘဲ ရွေးကောက်ပွဲ ကျင်းပသင့်မသင့် န အဖ ခေါင်းခဲနေပုံပေါ်သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကို ဇွတ်ကျင်းပလျှင် လက်နက်အားကိုးနှင့် ဖိနှိပ်ကျင်းပမှုကြောင့် ပြီးမြောက်သွားမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို နိုင်ငံတကာက လက်မခံလျှင် လုပ်မောကြီးဖြစ်သွားမည်ကို နအဖစိုးရိမ်ပုံပေါ်သည်။ နိုင်ငံတကာက လက်ခံယုံ ကြည်အောင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ပြန်လျှင်လည်း အတိုက်အခံအင်အား ပိုမိုတောင့် တင်းလာမည်ဖြစ်သည့်အတွက် ဆုပ်လည်းစူး စားလည်းရူး အကျပ်အတည်းမျိုး နအဖဆိုက်နေနိုင်သည်။
နအဖအနေနှင့် နံပါတ် (၂) အကျပ်အတည်းကို စစ်မိန့်စစ်သံနှင့် မီးသေသေ ကျော်လွှားနိုင်ပြီဆိုလျှင်တောင် နံပါတ် (၁) နှင့် နံပါတ် (၃) အကျပ်အတည်းကို အပြည့်အ၀ ကျော်လွှားနိုင်ရေးကတော့ နအဖအတွက် လုံးဝ လွယ်ကူနိုင်မည့် အခြေအနေမရှိပေ။ ဥပမာ - ကေအန်ယူအား ထိုင်းအစိုးရကတဆင့် ဖိအားပေးခိုင်းနေသော် လည်း အဆင်ပြေမည့်ပုံမရှိ။ ကေအန်ယူအပါအ၀င် လက်နက်ကိုင်ထားဆဲ အဖွဲ့အစည်းများသည် အခြားငြိမ်း အဖွဲ့များကဲ့သို့ လက်နက်ချကာ ပူးပေါင်းမည့်သဘောမျိုးနှင့် အညံ့ခံမည်မဟုတ်ဘဲ တန်းတူတွေ့ဆုံဆွေးနွေး ရေးမှတဆင့်သာ ရွေးကောက်ပွဲကို စဉ်းစားမည်ဆိုသည့် ရပ်ခံချက်မျိုးနှင့် တိုက်ပွဲဆက်ဝင်နေမည်မှာ သေချာ နေခြင်းကြောင့်ဖြစ်သည်။ အန်အယ်လ်ဒီပါတီအနေနှင့်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့် ဖွဲ့ စည်းကိုပြင်ဆင်ရေးကို နအဖက မလုပ်ဆောင်သရွေ့ ရွေးကောက်ပွဲကို မစဉ်းစားဟု ဆိုထားသဖြင့် နအဖအ နေနှင့် မလွယ်ရေးချမလွယ်ဖြစ်နေသည်။
ထိုသို့သော အခက်အခဲများရှိနေသည့်အတွက် နအဖက နိုင်ငံတကာမျက်စိလည်အောင် တ၀က်တပျက် ဖဲ့ ထုတ်သည့်နည်းနှင့် ကျုံးသွင်းနေသည်။ အန်အယ်လ်ဒီထဲက နည်းနည်း၊ အခြားလက်နက်ကိုင် အဖွဲ့အစည်း များထဲက နည်းနည်းစီပဲ့လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းဆိုင်းဘုတ်များနှင့် ရွေးကောက်ပွဲဝင်ပြိုင်အောင် လုပ် ဆောင်လာနိုင်သည်။ ထိုသို့ နည်းနည်းစီပဲ့ပါလာအောင်လုပ်ကာ ပါတီထောင်ခိုင်းဖို့ အိုကေပြီဟု အထင်ရောက် လေမှ ရွေးကောက်ပွဲဥပေဒနှင့် ပါတီထောင်ခွင့် နအဖ တရားဝင်ကြေညာမည်ဟု ယူဆရသည်။
နအဖအနေနှင့် အန်အယ်လ်ဒီအပါအ၀င် အခြားမြေပေါ်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို မလိုက်လျောဘဲ ရွေးကောက်ပွဲဥပေဒနှင့် ပါတီထောင်ခွင့်ကို ကြေညာချက်ကို ဇွတ်အ တင်း ထုတ်ပြန်လိုက်ပြီဆိုလျှင်တော့ အာဏာမစွန့်ချင်သည့် နအဖကျားငစဉ်းလဲနှင့် ပြည်သူလူထု၏ မန်းဒိတ်ရ ထားသည့် အန်အယ်လ်ဒီဆင်တို့ လယ်ပြင်မှာ (တွေ့ချင်ချင် မတွေ့ချင်ချင်) ထိပ်တိုက်တွေဆုံရနိုင်သည့် အခြေ အနေမျိုး ဖြစ်ပေါ်လာနိုင်သည်။ အန်အယ်လ်ဒီပါတီထဲမှ တချို့တလေ ရွေးကောက်ပွဲဝင်မည့်ဘက် ပဲ့ပါကောင်း ပါသွားနိုင်သော်လည်း အများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ၉၀ မန်းဒိတ်ကိုကိုင်ကာ လူထုတိုက်ပွဲ ဖော်လာနိုင်သည်။ နောက်ဆုံးအနေနှင့် အန်အယ်လ်ဒီသမိုင်းလှစေရေးအတွက် ရထားသည့် မန်းဒိတ်နှင့် ထိပ် တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လာနိုင်သည်။
ထိုအချိန်တွင်မှ ထိပ်တိုက်ရင်မဆိုင်လျှင်တော့ ၉၀ ရလဒ်အတွက် အဓိကတာဝန်ရှိသည့် အန်အယ်လ်ဒီပါတီအ နေနှင့် သမိုင်းကွေးရုံသာမက နောင်ရွေးကောက်ပွဲအဆက်ဆက်တွင်လည်း နလံထူနိုင်မည့်အခြေအနေ ရှိ တော့မည်မဟုတ်ပေ။ အန်အယ်လ်ဒီ သတ္တိရှိရှိလုပ်မည်ဆိုလျှင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အခြားအ တိုက်အခံအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့်အတူ ပြည်သူလူထုကလည်း မုချလိုက် ပါလာမည်မှာ သေချာသည်။ ထိုနောက်ဆုံးထိပ်တိုက်ရင်ဆိုင်ပွဲမှတဆင့် လူထုတိုက်ပွဲဖော်ကာ အဆုံးသတ် တိုက်ပွဲအထိ တက်လှမ်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြမည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးအနေနှင့် အဆုံးသတ်တိုက်ပွဲအတွက် အဆင် သင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားကြဖို့လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
ဒေါက်တာလွဏ်းဆွေ











7 comments:
NLD က ဆင် အဆင့် မရှိတော့ပါဘူးကွာ။ ပုရွက်ဆိတ် သာသာပဲ ရှိတော့တာပါ။ ကို့ ပါတီ ကိုကိုယ့်ဘာသာ သိက္ခာတင် မနေစမ်းပါနဲ့။
ပရွက်ဆိတ်လောက် ရှိတာကိုပဲ မင်းတို့ ကြောက်နေပြီး
အကုန်လိုက်ဖမ်းနေတာမို့ မင်းအမေလင်တွေကို ပြောပြထားပါကွာ သိတ်အကြောက်မကြီးပါနဲ့ လို့
မင်းပထွေးတွေ ကို ငါတော့ကျားလို့ မထင်ဘူး
ခွေးလို့ပဲ ထင်တယ် တွေသမျှလိုက်ကိုက်နေတဲ့ ခွေးရူးတစုလို့ ထင်တယ် မင်းလည်း ချီးစားတဲ့
ခွေးရူးတကောင်ပဲ ဖြစ်ရမယ်
မင်းပထွေးတွေ ကို ငါတော့ကျားလို့ မထင်ဘူး
ခွေးလို့ပဲ ထင်တယ် တွေသမျှလိုက်ကိုက်နေတဲ့ ခွေးရူးတစုလို့ ထင်တယ် မင်းလည်း ချီးစားတဲ့
ခွေးရူးတကောင်ပဲ ဖြစ်ရမယ်
အားလုံးသတိ
ဟားဟား.. နိုင်ငံတကာက ဒီရွေးကောက်ပွဲကိုပဲ အာရုံစိုက်လာတာလဲ ဒေါသတကြီး လိုက်ရန်မတွေ့ပါနဲ့ဗျာ.. နှစ်နှစ်ဆယ်က ရလဒ်ကြီးကို အကောင်အထည်ဖော်ရမယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ ရှိကောရှိလို့လားဗျ.. ဒီမိုကရေစီနည်းအရ ကြည့်ရင်တောင် အူကြောင်ကြောင်ကြီးဆိုတော့ သူတို့လည်း အဲဒါကြီးစွဲဖက်ထားရအောင် ငကြောင်ကြီးတွေမှ မဟုတ်တာလေ..
တော်သေးတာပေါ့.. အတိုက်အခံအနည်းစုလေးသာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်မှာ ကျန်ခဲ့ပေလို့.. မဟုတ်ရင်တော့ ဟိုးအရင် သီပေါမင်း အနွယ်ဝင်တွေ.. ဦးနုပါတီနဲ့ အန်အယ်ဒီတို့ မန်းဒိတ်လုရင်း ထချကုန်ကြမလား မသိဘူးဗျနော.. ဟားဟား..
ကဲ.. သက်သာဗျို့..
မောင်သတိ
လူလို နားမလည်တဲ့ မင်းပထွေးတွေက သေနတ်တွေကိုင်ပြီး အနိုင်ကျင့်ထားလို့ အနှစ်၂၀ ကြာခဲ့တာလေ။ အဆင့်တန်းရှိတဲ့ နိုင်ငံတကာခေါင်းဆောင်တွေကို ကြည့်စမ်းပါ နမူနာယူစမ်းပါ။နိုင်ငံတကာအာဏာရှင်တွေရဲ့ ခြေဖျားတွေလောက်ပဲ သွားလျှက်ရင် မင်းအမေလင်တွေ သဘောပေါက်လာမှာပါ။ အနှစ်၂၀မကလို့အနှစ် ၂၀၀၀လောက်ပဲ ကြာကြာ ခွေးကျင့်ခွေးကြံ ကြံနေတဲ့ မင်းတို့အတွက်တော့ ခွေးတွေလုပ်တဲ့ရွေးကောက်ပွဲဖြစ်လာပြီး ခွေးဒီမိုကရေစီတော့ ရလာမှာပေါ့ကွာ အဲဒီအခါ မင်းကော မင်းအမေကော မင်းတို့တမျိုးလုံးကော ကြက်ဆူဆီဆောင်ထားပေါ့ မောင်သတိရေ ဖင်ခံရအောင်
လူလို နားမလည်တဲ့ မင်းပထွေးတွေက သေနတ်တွေကိုင်ပြီး အနိုင်ကျင့်ထားလို့ အနှစ်၂၀ ကြာခဲ့တာလေ။ အဆင့်တန်းရှိတဲ့ နိုင်ငံတကာခေါင်းဆောင်တွေကို ကြည့်စမ်းပါ နမူနာယူစမ်းပါ။နိုင်ငံတကာအာဏာရှင်တွေရဲ့ ခြေဖျားတွေလောက်ပဲ သွားလျှက်ရင် မင်းအမေလင်တွေ သဘောပေါက်လာမှာပါ။ အနှစ်၂၀မကလို့အနှစ် ၂၀၀၀လောက်ပဲ ကြာကြာ ခွေးကျင့်ခွေးကြံ ကြံနေတဲ့ မင်းတို့အတွက်တော့ ခွေးတွေလုပ်တဲ့ရွေးကောက်ပွဲဖြစ်လာပြီး ခွေးဒီမိုကရေစီတော့ ရလာမှာပေါ့ကွာ အဲဒီအခါ မင်းကော မင်းအမေကော မင်းတို့တမျိုးလုံးကော ကြက်ဆူဆီဆောင်ထားပေါ့ မောင်သတိရေ ဖင်ခံရအောင်
Post a Comment