Tuesday, March 31, 2009

ဒီလောက်သက်သေခိုင်မာနေတာကို သူမရေးဘူး ငြင်းဦးမလား

ကျော်ဝင်းစာတမ်း၊ ကျော်ဝင်းဟောပြောပွဲ ဓာတ်ပုံများ၊ ကျော်ဝင်းအသံ
နားဆင်လိုက ...
- ကျော်ဝင်းဟောပြောပွဲမိတ်ဆက် (အသံ) click
- ကျော်ဝင်းဟောပြောပွဲ (အသံ) click
Kyaw Win's Papers + Kyaw Win's Public Lecture Photos Kyaw Win's Papers + Kyaw Win's Public Lecture Photos ko latt
(Kyaw Win's Papers များကို ဂါမဏိ ပေးပို့သည်)

9 comments:

Burmese Mind said...

ဟုတ်သည်ဖြစ်စေ.. မဟုတ်သည်ဖြစ်စေ သူ့ဟာသူ လွတ်လပ်စွာ ယုံကြည်ရာကို ရေးသားပိုင်ခွင့် ရှိသည်၊၊ အထဲထဲမှ လူတစ်ယောက်ရဲ့ အကျပ်အတည်းကိုလဲ နားလည်သင့်သည်။ Exile activists များသည် ပြောတော့ ဒီမိုကရေစီ သို့သော် မတူညီသော အမြင်များကို နည်းနည်းလေးမှ သီးခံနိုင်စွမ်း မရှိ၊၊ ရပ်ကွက်ထိပ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အိမ်ပေါက်စိ တရပ်ကွက်လုံးကို အပြစ်ထိုင် ပြောလေ့ရှိသော အလုပ်မရှိအကိုင်မရှိ ဘေးထိုင်ဘိုင်ကျ ဘုပြောလေ့ရှိသည့် မိန်းမကြီးများနှင့် တူသည်။ ပြီးတော့သူတို့ အချင်းချင်းလဲ မတည့်ကြ။

International Writing program အတွက် ရေးသော paper ကိုလဲ လက်ညှိုး ငေါက်ငေါက်ထိုးကြသည်။ Democracy Activists များ လွတ်လပ်စွာ ရေးသားခွင့်ကို တကယ်မှ နားလည်ရဲ့လားဟု
သံသယ ဖြစ်မိသည်။

IWP သည် Iowa university မှပြုလုပ်သော 3 လကြာသည့် program လေးတစ်ခုဖြစ်သည်၊၊ Project များ လုပ်ရသည်၊ Paper များ ရေးရသည်။ နောက်ဆို ကျောင်းသားများသည် သူတို့ ၏ paper များ အတွက် Exile Activists များ ညိုငြင်မှု့ မရှိစေရန် (သို့ ) ခွင့်ပြုချက်ရရန် မည့်သို့မည်ပုံ ဆောင်ရွက်သင့်သည်ကို လေ့လာပြီးမှသာ paper များ ရေးသင့်ပေသည်။

9/27victim said...

Did anyone see match with paper & photos? He just lectured about Third Wave, i don't see any third group or first group, WTF! Don't push him into jail, i know alot of Communist wanaa fuk with him cause of he against them. Go fuk urself!

Burmese Mind said...

Hi 9/27/victim

You bring the good point. I notice about that too. Forget to mention in my comment

Unknown said...

အထက်က ကွန်မင့်နှစ်ခုကို ဖတ်ကြည့်သည်။ burmese mind ကိုမေးချင်ပါသည်။ လွတ်လပ်မှုကို ယုံကြည်လက်ခံပါသည်။ တာဝန်ယူမှု၊ လူထုရပ်တည်မှု မရှိသော လွတ်လပ်မှုကို ဘယ်လိုသဘောထားပါသနည်း။ ပြည်ပရောက် တက်ကြွသူများဟု ယေဘုယျပြု သမုဒ်ထားသည်မှာလည်း အတော့်ကို ယောင်ဝါးနေပါသည်။ လွတ်လပ်စွာရေးသားခွင့်မှာ တာဝန်ယူမှုရှိရပါမည်။ ဝေဖန်ရေးကို မခံနိုင်လျှင် စင်ပေါ်တက်ပြီး ပရိသတ်ကို မစော်ကားဖို့လိုပါသည်။ ကျိုးကြေနေသည့် လူထုဘ၀ကို ၂၀၁၀ သတ်ကွင်းထဲမှာ ပညာတတ်ဆင်ကန်းတောတိုးလုပ်ရပ်ဖြင့် မစတေးသင့်ပါ။
၉/၂၇ victim ကို တော့ ကိုယ်ရေးတဲ့စာဖြင့် ကိုယ့်မိဘနှစ်ပါးကို မျက်နှာငယ်အောင်မလုပ်စေချင်ပါ။
ဒါလောက်ပါပဲ။

Burmese Mind said...

မည်သူမျှ 2010 သက်ကွင်းတွင် အနစ်မွမ်း မခံချင်ကြ၊
ကျော်ဝင်းတို့ မောင်စူးစမ်းတို့ ကိုယ်တိုင်လဲ
သဘောကျလွန်း၍ အားပေးနေကြခြင်းမဟုတ်
ဟုယုံကြည်သည်၊ ဒါပေမယ့် ပြည်တွင်းရော
ပြည်ပ အတိုက်အခံများတွင် အားမရှိကြ၊
မည်သူ့မျှ ဘာမှလုပ်နိုင်မည်မထင်၊
ပြည်တွင်း အတိုက်အခံများသည်
ပြင်းပြင်းထန်ထန် အဖိအနှိပ်ခံနေရသည်၊
ပြည်ပမှလူအများသည် လေ သာရှိ
ကိုယ်ဘဝရပ်တည်ရေးအတွက်ပင်
မနည်းရုံးကန်နေရသည်၊
လူ မွှေးလူတောင်ပင်မပြောင်၊
နအဖကတော့
သူတို့အာဏာတည်မြဲရေးအတွက်
ဇွတ်ကိုလုပ်လေ့မည်၊
ဒါ brutal truth ဖြစ်သည်၊
ခင်ဗျား (သို့) တစ်ယောက်ယောက်က
2010 ကိုရအောင်ပျက်မည်၊ နအဖ ကို
နည်း နည်း လေး မျှ အလျှော့ပေးစရာမလို၊
ပြောသည့်အတိုင်းလည်းဖြစ်အောင်လုပ်ပြမည်
ဆိုပါက ကျတော်မှားကြောင်းဝန်ချတောင်းပန်ပါမည်၊
ခင်ဗျားကိုဦးလဲညွတ်ပါမည်။
ကျွန်တော်မှားကြောင်းအားတက်
သရောဝန်ချတောင်းပန်ဖို့အသင့်ရှိနေပါသည်။

Anonymous said...

ကျောင်းသားတစ်ယောက်ရဲ့ Term paper သို့မဟုတ် research paper တစ်ခုလောက်ဟုဆိုလို့ရတဲ့ စာတမ်းတစ်ခုလို့ပဲလက်ခံရပါတယ်… အဲဒီစာတမ်းရဲ့ အောက်မှာ citation ဆန်ဆန် ရေးထားတဲ့ စာကြောင်းတချို့ကိုလေံ့လာကြည့်ရင်မြင်တွေ့နိုင်ပါတယ်…
ကျောင်းသားတစ်ယောက်သူ့အမြင်ကို လေ့လာသုံးသပ်တင်ပြသွားတာထက်ဘာမှမပိုတဲ့ အရေးအသားကိုပဲတွေ့မြင်ခဲ့ရပါတယ်… ဘာအတွက်ကြောင့် ဒီလို စာတမ်းတခုအပေါ်ဘေးထိုင်ဘိုင်ကျ ဘုပြောနေကြတယ်ဆိုနားမလည်ပါဘူး…. ဘယ်လိုတွေပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခုကိုပြုပြင်တည်ထောင်ရာမှာ လူတိုင်းရဲ့ အမြင်ကိုလက်ခံနားလည်ပေးဖို့လိုအပ်မယ်လို့ ထင်ပါတယ်… ကိုယ့်မှန်ရာထင်ရာကိုထောက်ခံတဲ့လူကို မှ အမြင်မှန် ရှိသူလို့ သေးသိမ်ကျဉ်းမြောင်းတဲ့ အတွေးအခေါ်တွေရှိနေသ၍ မြန်မာ နိုင်ငံရဲ့နိုင်ငံရေးဟာ အဖတ်ဆယ်မရတဲ့ ဒိုက်ဖတ်သာသာပဲဖြစ်နေအုံးမှာပါပဲ….

Unknown said...

ကျော်ဝင်းက သူမရေးရပါဘူး ဖင်ပိတ်ငြင်းနေလို့ ဂါမဏိက မူရင်း Kyaw Win's Papers ကို ပို့ပေးတာနေမှာပါ။ ကျော်လင်းဦး ဘာသာပြန်နဲ့ တိုက်ဖတ်ကြည့်ကြလကွာ။ ဓာတ်ပုံနဲ့ အသံကတော့ Third Wave ဟောပြောပွဲကမှန်း ငါတို့လည်း ခွဲခြားသိပါတယ်ကွာ။ မင်းတို့ထောက်ပြမှ မဟုတ်ပါဘူး Burmese Mind နဲ့ 9/27 victim ရာ။ ဒေါသကြီးလှချည်လား ကျော်ဝင်းငတိတို့ရာ။

Unknown said...

burmese mind ခင်ဗျား
ခုလို အဆင့်ရှိရှိပြန်ဆွေးနွေးတာ လေးစားပါတယ်။
ခင်ဗျားမေးခွန်းတွေကိုရှင်းပါမယ်၊ ပြည်တွင်းနဲ့ပြည်ပမှာ ပြည်တွင်းကိစ္စပဲပြောချင်ပါတယ်။
၈၈၈၈ နဲ့ ၂၀၀၇ ကြားမှာ နှစ်တွေကြာလာတာနဲ့အမျှ လူထုကြီးကကြောက်သွားပြီ။ စီးပွားရေးဘ၀ထဲနစ်နေပြီ တိုက်ပွဲဝင်မှမဟုတ်တော့ဘူးဆိုပြီး အတော့်ကိုကျယ်ကျယ်လောင်လောင်ပြောကြပါတယ်။ ဒါပေမယ့် ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှု အားကောင်းမောင်းသန်ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ နအဖ အခြေခံဥပဒေကို ဘယ်လိုယုတ်ယုတ်မာမာ အတည်ပြုသွားတယ်ဆိုတာ ကမ္ဘာသိပါ။
ပြည်ပက လေ၊လုပ်စားနဲ့ ချွတ်ခြုံကျနေသူ elite တစုကိုကြည့်ပြီး brutal truth လို့ နိဂုံးချုပ်ရင် ဒါဟာ လက်တွေ့နဲ့ တည့်တည့်လွဲနေတဲ့ အဆိုးမြင်ဖြစ်နေပါလိမ့်မယ်။
-၂၀၁၀ကို မဖျက်နိုင်တာနဲ့ ၂၀၁၀ကို ခေါင်းငုံ့ လက်ခံရမယ်ဆိုတဲ့ logic ကသာ brutal trend (ရက်စက်တဲ့ တိန်းညွှတ်မှု) ဖြစ်မနေဘူးလားဗျာ။
-၂၀၁၀ ဆိုတာ ကျနော်တဦးထဲကိစ္စ မဟုတ်ပါဘူး။ အဖိနှိပ်ခံပြည်သူတွေအားလုံးရဲ့ အကျိုးစီးပွားတိုက်ပွဲကြီးပါ။ ကျနော်လည်း ပြည်သူတဦးအနေနဲ့ တိုက်ပွဲဝင်နေသူပါ။ သူပုန်တယောက်အနေနဲ့ရောပေါ့။
-အဖိနှိပ်ခံပြည်သူလူထုအတွက် ကျနော်တို့ လုပ်နိုင်၊ မလုပ်နိုင်တာက ကျနော်တို့ တဦးချင်းတဖွဲ့ခြင်းရဲ့ ကိစ္စပါ။ ကျနော်တို့မစွမ်းနိုင်တာနဲ့ ဒါကို တရားအဖြစ် ဖြားယောင်းမသွေးဆောင်သင့်ဘူးလို့ ခံယူပါတယ်။
-ဘာလို့လဲဆို history is marcyless သမိုင်းက အညှာအတာကင်းတယ် လို့ဆိုတယ်မလား။
-သမိုင်းဆိုတာကလည်း အဖိနှိပ်ခံပြည်သူလူထုကြီးက တိုက်ပွဲဝင်ရေးနေတာဖြစ်တယ်လို့ ကျနော်ကတော့ ခံယူယုံကြည်ပါတယ်။
ကျနော့်ကိုတောင်းပန်ဖို့ မလိုပါဘူး။ ကျနော်တို့ကသာ တာဝန်မကျေခဲ့ရင် တိုက်ပွဲဝင်ပြည်သူလူထုကြီးကိုတောင်းပန်ရမှာပါ။

မသူတော် said...

ကျုပ်ကတော့ဥပမာတစ်ခုနဲ့ပြောချင်တယ်..

ပိုကာကစားသလိုပေါ့ဗျာ..

နအဖ ရယ်..3rd Party လို့ပြောနေတဲ့သူတွေရယ်..
Hardliners စွပ်စွဲခံရတဲ့ကျုပ်တို့လိုလူတွေရယ်..ကစားနေတယ်ဆိုကြပါစို့..

နအဖ က ဖဲလိမ်ပြီးဒေါင်းနေတာ (၃) ခါရှိနေပြီ..
2010 ဝင်ချင်တဲ့သူတွေ..ဝင်စေချင်တဲ့သူတွေ..
ခင်ဗျားတို့ဗျာ..လိမ်နေမှန်းသိရဲ့နဲ့..ငါတော့နောက်တစ်ချီဒေါင်းမလားဆိုပြီး..နောက်တစ်ပွဲအသစ်မြန်မြန်စအောင်ဆိုပြီးတော့..
တခြားသူတွေကို နအဖ အကြိုက်ဖဲအတင်းမပြစ်ခိုင်းပါနဲ့ဗျာ..

ကျုပ်ကတော့တုတ်အိမ်အထက်ကဆိုတော့ နောက်တစ်ခေါက်မဒေါင်းအောင်ဖဲကုန်တဲ့အထိ.ပြစ်နေရမှာပဲ...

ဘာဖြစ်လို့လဲဆိုတော့ဒီတခေါက်သာ နအဖ ဒေါင်းခဲ့ရင်..ခင်ဗျားရော..ကျုပ်ပါ အဆပေါင်းများစွာပေးရတော့မယ်..

နောက်ပြီးပြည်ပကနိုင်ငံရေးသမားတွေတောင်းစားတယ်..လေတွေချည်းပဲ..လိမ်စားနေတယ်..ဆိုတဲ့စကားတွေအတွက်ပြောချင်ပါတယ်..

အဲဒါလူတိုင်းသိတဲ့အဖြစ်တွေပါ..အဲဒါကို.အလုပ်လက်မဲ့ဖြစ်နေတိုင်း..ဗမာစာကောင်းကောင်းရိုက်တတ်တိုင်း.တွေတဲ့Blog..media..တွေမှာဆရာကြီးလေသံနဲ့ဝင်ရေးနေကြတာတွေ
ွရပ်ပါတော့..GET THE JOB!!!

နောက်ဆုံးပြည်တွင်းထဲကတောင့်ခံနေသူတွေကို
ပြောခွင့်ရမယ်ဆိုရင်..
မိတ်ဆွေများခင်ဗျာ..
အဝေးရောက်နေသူတွေထဲမှာအာသမားတွေရှိသလို..သမာအာဇီဝနဲ့အလုပ်လုပ်ပြီး..စားပြီးသောက်ပြီးကျန်သမျှဝင်ငွေအားလုံးကို
တတ်နိုင်တဲ့နေရာကပါဝင်တဲ့အနေနဲ့
ပြည်တွင်းကိုအမြဲပို့နေသူတွေရှိနေပါသေးတယ်...ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်မရောက်မချင်း..ရှိနေဦးမှာပါ..

လောက်ဖျား