Monday, February 28, 2011

Just Do It စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်ရန် တော်လှန်ရေးမီဒီ ယာ (၃) ခုသို့ သီးသန့်အသိပေးခြင်း

ရဟန်းရှင်လူ မိဘပြည်သူ တပ်မတော်သားများနှင့် လူငယ်ကျောင်းသားကျောင်းသူများခင်ဗျား...

မြန်မာနိုင်ငံ၏ စစ်အာဏာရှင် သန်းရွှေနှင့် ၎င်း၏ လက်တစ်ဆုပ်စာ အာဏာရှင် စစ်ဗိုလ်ချုပ်တစ်စုအား ဖယ် ရှားနိုင်ရန်အတွက် ယခုအချိန်သည် အချိန်ကောင်းအခါကောင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်း နေထိုင်သူအပေါင်းတို့ စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ရန် ပြင်ဆင်ကြ။
ယခုအချိန်ထက် ပိုကောင်းသော အချိန်မရှိ၊ အာဏာရှင်လက်အောက်မှ ပြည်သူများ အာဏာရှင်ကို ဖယ်ရှား နိုင်ခဲ့တာ ကျုပ်တို့ပြည်သူများ မျက်မြင်တွေ့ပြီး ဖြစ်ပါလိမ့်မည်။
အာဏာရှင်ကို ဖယ်ရှားနိုင်ရန် ယခုပင် ချက်ချင်းစကြလော့။
 
အာဏာရှင်ကို ဖယ်ရှားရန်အတွက် JUST DO IT လှုပ်ရှားမှုတွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT သည် သင်ကိုယ်တိုင်ဖြစ်သည်။ ပထမခြေလှမ်းအနေဖြင့် “JUST DO IT” ဟု ရေးပြီး သင်ကိုယ်တိုင် တစ်နေရာရာ တွင် ကပ်ထားနိုင်သည်။ သင့်သူ့ငယ်ချင်းတစ်ယောက်ထံကိုလည်း အီးမေးလ်ပို့နိုင်သည်။ ကိုယ်တိုင်ရေးထား သော စာအား သင့်မိတ်ဆွေကို ပေးနိုင်သည်။ သင်၏ Facebook စာမျက်နှာတွင် ရေးသားထားနိုင်သည်။
အာဏာရှင်ကို ဖယ်ရှားရန် ယခုပင် ချက်ချင်း စတင်ကြလော့။

အရေးတော်ပုံ အောင်ရမည် ...
အရေးတော်ပုံ အောင်ရမည် ... ...
အရေးတော်ပုံ အောင်ရမည် ... ... ...

စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရန် ဤနေရာတွင် သင်ပါဝင်ပါ။
http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500

8 comments:

DJ PHYO said...

Yes agreed, now is the best time.
The World is in revolution against all ruthless dictator.
Even in middle east, they can't shoot to peacefully protest unarmed civilian . The whole world is supporting democracy revolution.

If we uprise now Than shwe can't easily order to shoot like last time. The International body will interrupted.

No need to afraid brother and sister, let's start the revolution today.

DJ PHYO said...

Yes agreed, now is the best time.
The World is in revolution against all ruthless dictator.
Even in middle east, they can't shoot to peacefully protest unarmed civilian . The whole world is supporting democracy revolution.

If we uprise now Than shwe can't easily order to shoot like last time. The International body will interrupted.

No need to afraid brother and sister, let's start the revolution today.

mg said...

မလိုအပ်သောအရာကို ဘာအတွက်နဲ့များ လုပ်နေမှာလဲ။

william said...

အရီးဒေါ်ဘုံ အော်ရမည်။
အရီးဒေါ်ဘုံ အော်ရမည်။
အရီးဒေါ်ဘုံ အော်ရမည်။

yoo said...

(No need to afraid brother and sister, let's start the revolution today.)

မင်းလေး...ခု ဘယ်မှာလဲ။
ကြောက်တယ်....။
မင်းနဲ့  အတူနော်။
မင်းနဲ့  အတူ.. ဟာပဲ...ဟာပဲ...ဟာပဲကို။

yoo said...

(အာဏာရှင်ကို ဖယ်ရှားရန်အတွက် JUST DO IT လှုပ်ရှားမှုတွင် သင်ကိုယ်တိုင် ပါဝင်ပါ။ JUST DO IT သည် သင်ကိုယ်တိုင်ဖြစ်သည်။)

ကဲ..ဟုတ်ပါပြီ၊ သင်ကိုယ်တိုင် ပါဝင်ပါ။
သင်ကိုယ်တိုင်ဖြစ်သည်။

ဒီတော့..
မင်းအဘ ငါက လုပ်ရမဲ့ကောင်။
ဝင်တော့ ငါက ၀င်သွားရမယ်။

အတွေ့ အကြုံက စကားပြောတယ် ဟကောင်တွေ။

အရင်တိုက်ပွဲတွေတုန်းက..
" ရဟန်းရှင်လူ မိဘပြည်သူ တပ်မတော်သားများနှင့် လူငယ်ကျောင်းသားကျောင်းသူများခင်ဗျား "..လို့ လူလုးံပြနိုးဆော်ကြသူတွေတောင်...
တကယ်တမ်း ဖြစ်လာတော့ ပျောက်သွားလို့ 
ရမိရရာ ဖမ်းဆွဲထားမဟဲ့ ဆိုပြီး
ကြည့်လိုက်တော့ လူလုးံ ရဖို့ နေနေသာသာ၊
ဒါနဲ့ ပဲ သူတို့ "အရိပ်"လေးများတွေ့ လေမလားပေါ့၊
ရှာလိုက်သေးတာ။
ဘယ်ဟုတ်လိမ့်မလဲ...
သူတို့ ရဲ့ နှမဇောင်းအရိပ်တွေကတောင်
အရင်ဆုးံ လိပ်ပြာလွင့်ပြီး ပြေးပြီးနေပြီ။

မင်းက ဘယ်နေရာမှာလဲ။
ဘယ်နေရာက ပြောနေတာလဲ။
ဘယ်ချောင်ကြိုချောင်ကြားကမှန်း မသိ။

DJ PHYO said...

To Yoo,

Please read the following from the Moe Ma kha, coward people like you are exist every big event, do nothing and blaming activist,

We wont give up, we will revolts against the ruthless government.

နောက်တခါ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ်များကို ကျနော့်အတွေ့အကြုံလေးတွေ တင်ပြပေးချင်ပါ တယ်။ ကျနော်တို့ ၁၉၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ဖို့ ကြိုးစားဆောင်ရွက်နေတဲ့ ကာလများဆီမှာ အမြဲကြားရတဲ့ စကားရှိပါတယ်။ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်လို့ ဘာဖြစ်မှာလဲ။ တို့နံရံကို ကြက်ဥနဲ့ပေါက်သလို ဖြစ်မှာပေါ့ ဆိုတဲ့ စကားတွေပါ။ တော်တော်ခံရခက်တဲ့ စကားတွေဆို မမှားပါဘူး။ မင်းတို့လုပ်လို့ ဘာဖြစ်လာမှာလဲ၊ မင်းတို့မှာ လက်နက်ဆို အပ်တိုတချောင်းတောင် ရှိတာ မဟုတ်ဘူး။ ဟိုမှာက တတိုင်းပြည်လုံး လက်နက်နဲ့ အုပ်ချုပ်ထားတာတို့ … ဆိုတာတွေလည်း ပါသေးတယ်။ ဒီကြားထဲ မဆလပါတီ ဥက္ကဌကြီး အာဏာရှင် ဦးနေ၀င်းက ရုပ်မြင်သံကြားကနေ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင် ပစ်တယ် စသဖြင့်ပေါ့၊ ကျနော့်တို့ရင်ထဲ ဘယ်လိုဖြစ်ခဲ့မိသလဲ ဆိုတော့ နည်းနည်း အားငယ်မိတယ်။ ကြောက်မိတယ်။ ဒါအမှန်ပါ။ ငါတို့ ဖြစ်ကောဖြစ်ပါ့မလား ဆိုတဲ့ သံသယတွေ ၀င်မိတာလည်း အခါခါ။ နောက်ဆုံး ဇာတ်သိမ်းခန်းမှာတော့ မဆလပါတီကြီး ဗုန်းဗုန်းလဲ ပြိုကျသွားပြီး သမ္မတ သုံးဆက်ပြုတ်ကျသွားခဲ့တာ အားလုံးသိပြီးသားပါ။ အခုလည်း လူငယ်မျိုးဆက်သစ်တွေက လူထုတော်လှန်ရေးကြီး ဖော်ဆောင်မယ်ကြံတော့ ဒီလိုစကားလုံးတွေ မဟုတ်ပေမယ့် ဒီလိုအနှစ်သာရမျိုးကိုဆောင်တဲ့ စကားသံတွေ အရေးသားတွေ၊ အပြောအဆိုတွေ၊ ခနဲ့တဲ့တဲ့အသံတွေ ကြားရဦးမှာပါပဲ။

Thihathura said...

စစ်အုပ်စုကို ဖြုတ်ချရန်လွယ်လွယ်လေးပါ။ လူပေါင်း တသိန်းလောက် အသေခံ တိုက်ပွဲဝင်ရင် ပြီးပြီ။ အဲ့ီး တသိန်းထဲမှာ ခင်ဗျားပါမလား။ ငါတော့ မသေချင်သေးဘူး။