Wednesday, June 26, 2019

ကျနော် သတိထားမိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖောင်းကြီးကြီးများ

"ကျနော် သတိထားမိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖောင်းကြီးကြီးများ"

၁။ စစ်အုပ်စုအလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုအားနဲ့ ပြင်ဆင်ဖို့ ကြိုးပမ်းအားထုတ်ကြည့်ခြင်း အလျဉ်းမရှိဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်လေးစားလိုက်နာခဲ့ခြင်း

၂။ ၂၀၁၅ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ်အများစု အနိုင်ရရှိတဲ့ RNDP ပါတီနဲ့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်အများစု အနိုင်ရရှိတဲ့ SNLD ပါတီတို့ကို မဟာမိတ်သဖွယ် မဆက်ဆံ၊ အာဏာခွဲဝေမပေးဘဲ ပါတီကြီးမူဝါဒကို ကျင့်သုံးကာ ရသလောက်အာဏာကို လက်ဝါးကြီးအုပ်ခဲ့ခြင်း

၃။ စစ်ခေါင်းဆောင်များနဲ့ ခရိုနီတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ကူညီဖယ်ရှားပေးခဲ့ခြင်း၊ အာဏာအပြည့်အ၀မရှိဘဲ တဖက်သတ် ရင်ကြားစေ့ဖို့ ကြိုစားခဲ့ခြင်း

၎။ ဦးသိန်းစိန်စစ်တပိုင်းအစိုးရထက်ပင် တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာသမားတွေကို မတရားဥပဒေတွေနဲ့ ပိုမိုနှိပ်ကွပ်ခဲ့ခြင်း

၅။ လက်ပံတောင်း အကြမ်းဖက်ဖြိုခွဲခံရမှု၊ ရိုဟင်ဂျာပဋိပက္ခနဲ့ ကိုဝလုံး+ကိုကျော်စိုးဦးတို့ အမှုကိစ္စတွေမှာ အမှန်တရားဘက်မှ မရပ်တည်ခဲ့ခြင်း၊ စာနာထောက်ထားမှုမပြခဲ့ခြင်း

၆။ ဒေသခံတွေ ကန့်ကွက်တဲ့ကြားက ဗိုလ်ချုပ်အောင်ဆန်းတံတားကို အာဏာသုံးဖွင့်လှစ်ခဲ့မှု၊ ပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုပ်တုများ လိုက်လံထားရှိမှု၊ ဆန့်ကျင်ကန့်ကွက်တဲ့ တိုင်းရင်းသားတွေကို ဖမ်းဆီးတရားစွဲဆိုမှုတွေအပေါ် ရေငုံနှုတ်ပိတ်နေခဲ့ခြင်း

၇။ တိုက်ပွဲပဋိပက္ခကြား ကျရောက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့ကို အင်တာနက်ဖြတ်တောက်ခဲ့ခြင်း

(ဖောင်းသေးသေးများကိုတော့ မရေးပြတော့ပါ။)

အားလုံးသို့ လေးစားစွာဖြင့် ...

ဒေါက်တာလွဏ်းဆွေ
နေ့လည်း ၂း၁၅ နာရီ
၂၆ ဇွန် ၂၀၁၉

No comments: