RFA ၁၈ ဧပြီ ၂၀၁၉
အဲဒီဆန်အိတ်တွေကို ဆိပ်ကမ်းကနေ ထရပ်ကားတွေနဲ့ တင်ဆောင်ပြီး တနေရာမှာ စွန့်ပစ်လိုက်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ဆန်တွေကို ဂါနာ၊ ဂီနီယာ နဲ့ တိုဂို စတဲ့ အနောက်အာဖရိက ကမ်းရိုးတန်းနိုင်ငံ ဆိပ်ကမ်းတွေက အရည်အသွေး မပြည့်မီဘူးဆိုပြီး လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။
နောက်ဆုံးမှာ အိုင်ဗရီကို့စ် နိုင်ငံ၊ အဘစ်ဂျန်မြို့ ဆိပ်ကမ်းက လက်ခံပြီး အရည်အသွေး စစ်ဆေးရာမှာ စားသုံးဖို့ မသင့်တော်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အာဖရိက နိုင်ငံတွေဟာ ဆန်စပါးကို အဓိကထား စားသုံးကြတဲ့ နိုင်ငံတွေဖြစ်ပေမယ့် ပြည်တွင်းထုတ်လုပ်မှုနဲ့ မလုံလောက်တဲ့အတွက် နိုင်ငံခြားတိုင်းပြည်တွေက တင်သွင်းတဲ့ ဆန်အပေါ် မှီခိုနေကြရပါတယ်။
အခုလို မြန်မာပြည်က တင်ပို့တဲ့ဆန်တွေကို ဘယ်လို အချက်တွေကြောင့် စားသုံးဖို့ အရည်အသွေး မပြည့်မီဘူးဆိုပြီး ဆုံးဖြတ် ဖျက်ဆီးရသလဲဆိုတာ အသေအချာ မသိရသေးသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ဆန်စပါး တင်ပို့သူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။
(Photo - AFP) - အိုင်ဗရီကို့စ် နိုင်ငံ အဘစ်ဂျန်မြို့တွင် ဧပြီလ ၁၆ရက်နေ့က မြန်မာနိုင်ငံမှ တင်ပို့သော ဆန်များကို ဖျက်ဆီးနေစဉ်။
No comments:
Post a Comment