Saturday, July 26, 2014

မဗေဒါသို့ ပေးစာ

Aung Naing Moe's Facebook Status

မဗေဒါသို့ ပေးစာ
ကိုပေါ

ဓာတ်ကြိုးပြုတ်ကျလို့
သေကြရတယ်။

တိုက်ပြိုကျလို့
သေကြရတယ်။

အဟာရချို့တဲ့လို့
သေကြရတယ်။

ဆေးကုသခ မတတ်နိုင်လို့
သေကြရတယ်။

မြွေဆိပ်ဖြေဆေးမရှိလို့
သေကြရတယ်။

အမြန်လမ်းမကောင်းလို့
သေကြရတယ်။

အဓိကရုဏ်းကြောင့်
သေကြရတယ်။

ပြည်တွင်းစစ်ကြောင့်
သေကြရတယ်။

ဟုတ်ပ ဟုတ်ပ
ပြည်သူတွေ ဘယ်မှာနာလို့လဲ။
လမ်းပေါ်ထွက်မှ ပြည်သူတွေ နာတာမျိုးကလား။

မဗေဒါကတော့ ပန်းပန်ပျက်ချင်မှ ပျက်မယ်။
ပြည်သူကတော့ လျှာရော အသက်ပါ ထွက်ကုန်ကြပြီ။
ပြည်သူတွေ အနာမခံချင်လို့
အသေမြန်ကုန်ကြပြီ။

ရွှေသုံးရောင်ခြယ်
လွှတ်တော်လယ်တွင်
ရယ်ကာမောကာ
မျက်နှာငွေလ
ရွှင်ပပနှင့်
ခင်မ ဝမ်းမြောက်ပါလေတော့ …။ ။

ကိုပေါ

No comments: