Wednesday, June 4, 2014

စစ်အာဏာရှင်တွေကို ကာကွယ်တဲ့ လုပ်ရပ်မျှသာပဲ

Myo Myint's Facebook Status

ကော်မရှင် ပြောတာကို ဖွဲ့စည်းပုံခုံရုံးနဲ့ လှည့်ကိုင်တာ ဘာနဲ့တူသလဲဆိုတော့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားကို ထောင်အာဏာပိုင်က ရိုက်တော့ စစ်ထောက်လှမ်းရေး ခေါ်ပေး၊ စစ်ထောက်လှမ်းရေးနဲ့ တိုင်မယ်ဆိုတဲ့ အပေါက်မျိုး။ အပေါ်က ပြောင်းနေပါပြီ၊ အောက်ခြေက မပြောင်းသေးလို့ပါ ဆိုပြီး အောက်ခြေဝန်ထမ်းတွေကို လှည့်ပတ်ရန်လုပ်ပြရင်း ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်စနစ်ကို လိုက်ကာကွယ်ပေးနေသလိုမျိုးနဲ့ ဘာများခြားသလဲ။ ထောက်လှမ်းရေးက (တနည်းပြောရရင် စစ်အစိုးရက) ရိုက်ခိုင်းလို့ ထောင်က ရိုက်တာ။ အပေါ်က အောက်ကို (တနည်းပြောရရင် အစိုးရက သူ့အစိုးရယန္တရားကို) ဒီအတိုင်း လည်ပတ်နေစေ့ချင်လို့သာ ဒီအတိုင်း မောင်းနှင်နေတာပဲ။ ဒီတုတ်တွေနဲ့ တဘက်လှည့်ရိုက်ပြီး လူထုနဲ့ ရန်မီးမွှေးထားရတာ ဒါကို နားလည်သိမြင်ဖို့ လိုမယ် တွေးတယ်။ အောက်ခြေဝန်ထမ်းလေးတွေကို လှည့်ပတ်ရန်လုပ်ရင်း အထက်က ပြောင်းနေပြီ မင်းတို့ မပြောင်းလို့ ပြည်သူတွေ နစ်နာတာဆိုပြီး တဘက်လှည့်နဲ့ အစိုးရအတွက် ဝါဒဖြန့် ပေါ်ပြူလာနိုင်ငံရေးနဲ့ အကျိုးစီးပွားဖြစ်ထွန်းနေသူကို ဘယ့်နှယ့်လို့ လူထုနိုင်ငံရေးသမား လူထုအကျိုးဆောင်သူလို့ ခေါ်နိုင်မလဲ။ အဲ့သလို လုပ်တဲ့ ပေါ်ပြူလာနိုင်ငံရေးသမားတွေ စစ်အာဏာရှင်အကြိုက် ဘယ့်လောက် ဝါဒကူဖြန့်ဖြန့် ဘယ့်လောက် ထောက်ထောက်ကူကူ ဂျိုနည်းနည်းထောင်လာရင်တော့ ငါ့ကောင်ကြီး တော်ရှာတယ် ဆိုတာ၊ မေ့ပြစ်လိုက်တာ လက်တွေ့တွေမှ အများကြီး။ အဲ့လူမျိုးတွေ ခဏတဖြုတ် အထိန်းသိမ်းခံရတာကို လူထုသူရဲကောင်းလိုလို ပုံဖော်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်မယ်ဆို ရေရှည်မှာ ပြောစရာတွေ ရှိလာလိမ့်မယ်။

နောက်ဆုံးပြောချင်တာက စစ်အာဏာရှင်ဟာ စစ်ထောက်လှမ်းရေး (အစိုးရ) က မရိုက်နဲ့ဆို ထောင်က လက်ဖျားနဲ့တောင် မတို့ဝံဘူး။ ဒီအတိုင်းပဲ လူထုကို အနိုင်မကျင့်ရဆို အောက်ခြေဝန်ထမ်းက လူထုကို မော်တောင် မကြည့်ဘူး။ ခုက အပေါ်က ပေါ်လစီကို အတိအကျ အကောင်အထည်ဖော် လိုက်နာနေရတဲ့ ထောင်အာဏာပိုင်နဲ့ အောက်ခြေဝန်ထမ်းကို ရန်လိုက်လုပ်ပြနေတာ စစ်အာဏာရှင်တွေကို ကာကွယ်တဲ့ လုပ်ရပ်မျှသာပဲ။ လူထုကို မဖိနှိပ်ရလို့ ဥပဒေထုတ်ထားတဲ့ ကြားထဲကမှ ဖောက်ပြီး ကိုယ့်ဆန္ဒအလျောက် လုပ်လာရင် လုပ်တဲ့ ထောင်အာဏာပိုင်ဖြစ်ဖြစ် အောက်ခြေဝန်ထမ်းကိုဖြစ်ဖြစ် တိတိကျကျ အရေးယူပြလိုက်၊ နောင် လုပ်ဝံ့ဦးမလား။

No comments: