Wednesday, June 4, 2014

ကွာခြားတာလည်း မပြောနဲ့တော့ ... ကွာတယ်ဗျာ

U Naing Win's Facebook Status

အင်္ဂလန်မှာတော့ ... ဒီလိုအရွယ်လေးတွေကို အသက် ၁၆ နှစ်အောက် ကလေးတွေကို ကျောင်းမထားမနေရ သတ်မှတ်ထားပါတယ်။ မည်သူမဆို ကောလိပ်ပြီးသည်အထိ ကျောင်းလခ မပေးရပါ။ ပိုက်ဆံမပြည့်စုံသူများအတွက် အစိုးရမှ ကျောင်းယူနီဖောင်းဝယ်ဖို့ ထောက်ပံ့ကြေးပေးပါတယ်။

ပိုက်ဆံမပြည့်စုံသူများအတွက် နေ့လည်စာကို ကျောင်းမှ ဖရီးကျွေးပါတယ်။ ပြည့်စုံသူများကတော့ ဝယ်စားရပါတယ်။ အစားအသောက်ချင်း အတူတူပါပဲ။ ဆင်းရဲချမ်းသာမရွေး ၁၈ နှစ်အောက် ကလေးများ ဘတ်စကား အလကား စီးရပါတယ်။ ကျောင်းသွားလာရေး အဆင်ပြေစေအောင်လို့ပါ။

ရထားစီးလျှင် လူကြီးများ တနေ့ကုန် မြိုပါတ်ရထားစီးက ၈ ပေါင်ခန့် ပေးရသော်လည်း ၁၈ နှစ်အောက် ကလေးများကို ၁ ပေါင်သာ ပေးရပါသည်။ ၁၆ နှစ်အောက် ကျောင်းသားရှိသော ဝင်ငွေနည်းသည့် မိသားစုအိမ်ကို လက်ပ်တော့ကွန်ပြူတာတလုံး အစိုးရမှ ပေးပါသည်။ ဝင်ငွေနည်းသော မိသားစုများအတွက် ၁၆ နှစ်အောက် ကလေးရှိသော မိသားစုများကို ကလေးစားရိတ် ထောက်ပံ့ငွေ လုံလောက်အောင် ပေးထားပါသည်။

အိမ်ပိုင်မရှိသော ဝင်ငွေနည်း မိသားစုများကို ကလေးများအတွက် အစိုးရမှ အိမ်လခ ထောက်ပံ့ပေးထားပါသည်။ ၁၆ နှစ်အောက် ကလေးငယ်များ မည်သို့သော ရောဂါအတွက် မည်သို့ပင် တန်ဖိုကြီးဖြစ်စေ လိုအပ်သေားဆေးဝါးနှင့် ကုသမှုများကို အစိုးရမှ တာဝန်ယူထားပါသည်။

အကယ်၍ မိဘများက အဆင်မပြေဟုဆိုကာ ကလေးများအား စောင့်ရှောက်မှုကို လုံးဝတာဝန်ယူလိုခြင်း မရှိတော့ပါက ထိုကလေးများကို အစိုးရမှ အပြည့်အစုံ တာဝန်ယူ၍ အထက်ပါကဲ့သို့သော ထောက်ပံ့ခြင်းများထက် မနိမ့်သော ထောက်ပံ့မှုကို တာဝန်ယူ စောင့်ရှောက်ထားပါသည်။

ဤသည်တို့မှာ ယူကေနိုင်ငံ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိတတ်မှု အစရှိသော နိုင်ငံတော်၏ ဂုဏ်ဒြပ်တခု ဖြစ်ပါသည်။

မှတ်ချက် ။ ။ ယနေ့ အထက်ပါကဲ့သို နိုင်ငံသူနိုင်ငံသားများအား တာဝန်ယူထားသော တာဝန်အရှိဆုံးသူဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံမှာ အာဏာရှင်သန်းရွှေ၏ အဆင့်ပင်လျှင် မဆိုထားဘိ သာမာန် ဗိုလ်ချုပ်အဆင့်ထက်ပင် ပို၍ မချမ်းသာသော နိုင်ငံ့ခေါင်းဆောင်တယောက်ဖြစ်ပါသည်။

အကျွန်ုပ်သည် ထို့ကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်စေချင်ပါသည်။

လူနှင့်တူသော လူသားများဖြစ်ကြ၍ လူသားဆန်သော စိတ်ဓာတ်များ မွေးဖွားနိုင်ကြပါစေ ...။

(ဦးနိုင်ဝင်း လန်ဒန်)

No comments: