Sunday, June 15, 2014

နွားဆိုမှ နွား

Aung Naing Moe's Facebook Status

နွားတွေ ပျော်မဆုံးနိုင်ဖို့
နွားလိုရုန်းပြီး
နွားအသုံးတော် ခံဖူးတယ်။

နွားတွေကြောင့်ဖြစ်တဲ့
မပြည့်စုံမှုတွေအတွက်
ကိုယ်ထူကိုယ်ထ
နွားကျပေးခဲ့ဖူးတယ်။

နွားတွေ ရှင်သန်အသက်ဆက်ဖို့
နွားပလန်အေ၊ နွားပလန်ဘီ၊ နွားပလန်စီတွေထဲ
မျက်စိလည် စီးမျောရင်း
နွား စိတ်မောခဲ့ဖူးတယ်။

နောက်လိုက်ကောင်းပီသဖို့အတွက်
ရှေ့ဆောင်နွားလား ခေါ်ဆောင်ရာကို
ဘေးဘီမကြည့်
စိုက်စိုက်လိုက်မိရင်း
နွားပီသခဲ့ဖူးတယ်။

နွားချင်းတူရင်တောင်
နွားအချင်းချင်း နဖားကြိုးထိုးတာ ခံရတဲ့နွား။
နွားအချင်းချင်း နွားသတ်ရုံပို့တာ ခံရတဲ့နွား။
နွားအချင်းချင်း အရေခွံဆုတ်တာ ခံရတဲ့နွား။
နွားသတ်ရုံအဝရောက်မှ
နောင်တရပြီး ရုန်းကြည့်တဲ့နွား။

နွားအမှားအတွက်
နွားနောင်တရတယ်။

နွားလေ... သံဝေဂ လင်္ကာတပုဒ်
နှုတ်ဆက်ရင်း သီဆိုခဲ့ပါတယ် ...
((((((((((((ဘွတ်အဲ))))))))))))))

No comments: