Tuesday, June 10, 2014

ကံမကောင်းခြင်းဟူ၍ ထောက်ပြစရာ တချက်သာ ...

Aung Naing Moe's Facebook Status

အဆွေတို့ ...

တွေးကြည့်လျှင် ငါတို့သည် ကံကောင်းလှချေ၏။

လယ်ယာမြေများကို ငါတို့ကိုယ်တိုင် မပိုင်ဆိုင်ဘဲ လူတစုအကျိုးစီးပွားအတွက်သာ လုပ်ကိုင်ပေးရသော မြေရှင်ပဒေသရာဇ်ခေတ်ကို ငါတို့ မမီခဲ့။

ရေ၊ မြေ၊ လေ သနင်းကို ပိုင်စိုးရုံမက သူသနားမှ ငါတို့၏ အသက်နှင့်ခန္ဓာ အိုးစားမကွဲနိုင်မည်ဖြစ်သော သက်ဦးဆံပိုင်ဘုရင်စနစ်ကိုလည်း ငါတို့ မကြုံကြိုက်ခဲ့။

အမျိုးသားရေးဝါဒကို အစွန်းရောက်စွာ ကျင့်သုံးပြီး လူမျိုးခြားရော၊ ကိုယ့်ပြည်သားပါ ရက်စက်စွာ နှိပ်ကွပ်တတ်သည့် ဖက်ဆစ်စနစ်ကိုလည်း ပွတ်ကာသီကာ လွတ်ခဲ့ပြန်၏။

တဖန် လူနှင့်လူချင်း မတူမတန်၊ ခွဲခြားဆက်ဆံ ဖိနှိပ်ပြန်သည့် ကျွန်ပိုင်ရှင်စနစ်နှင့်လည်း လွဲချော်ခဲ့၏။

ဤသည်ကား ငါတို့အားလုံး၏ ကံကောင်းခြင်းများပင်တည်း။

ငါတို့မှာ ကံမကောင်းခြင်းဟူ၍ ထောက်ပြစရာ တချက်သာလျှင်ရှိသည်။

ယင်းမှာ ... အထက်က ဆိုခဲ့သော စနစ်များ၏ စရိုက်လက္ခဏာအားလုံး အကျုံးဝင် ရောသမမွှေထားသည့် စစ်အရင်းရှင်စနစ်ဆိုးကြီးအောက် ကျရောက်နေရခြင်းပေတည်း။ ။

No comments: