Sunday, June 8, 2014

ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ အမှာစကား

Zawzaw Zaw's Facebook Status

ဗိုလ်ချုပ်ကြီး စောဘိုမြသည် ၁၉၃၀ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက် နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် လူကြီးရောဂါဖြင့် မဲဆောက်မြို့ ဖဝေါ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဖာပွန်ခရိုင် ၊ လူသောမြို့နယ်ရှိ ထီးမူခီးကျေးရွာတွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီး စောဘိုမြသည် ကျေးလက်ဒေသ၌ပင် ပညာသင်ပြီး တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာကာ ၅၇ နှစ် တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ ဖြတ်သန်းမှုကို ကွယ်လွန်သူ KNU အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းက “ဗိုလ်ချုပ်မြ (သို့) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တပင်” ဆောင်းပါးကို ရေးသားခဲ့သည်။

ယင်းဆောင်းပါးတွင် “နအဖက ငါ့ကို ဆေးကုဖို့ ရန်ကုန်ကို ခေါ်တယ်။ ကရင်ပြည် မပေးရင် ငါ မသွားနိုင်ဘူး။ သူတို့က ဒို့ကရင်အမျိုးသားတွေကို စစ်ဆင်နေတယ်။ သတ်ဖြတ်နေတယ်။ သစ္စာကတိမတည်ဘူး။ ရိုးသားမှုမရှိဘူး။ ကရင့်တော်လှန်ရေးဟာ လက်နက်ချဖို့ မပြောနဲ့၊ လက်နက်ချစကားတောင် မပြောရဘူး” ဟု နေမကောင်းဖြစ်နေချိန် ၂၀၀၆ ခုနှစ် ၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် နောက်ဆုံး ပြောကြားခဲ့ကြောင်းလည်း ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး စောဘိုမြသည် တော်လှန်ရေးသမိုင်းတလျှောက်တွင် တပ်သားဘ၀မှ စတင်ပြီး KNU စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဌာနနှင့် ဥက္ကဌတာဝန်တို့ အပြင် NDF ၊ DAB ၊ NCUB စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့အစည်းကြီးများတွင်လည်း ဥက္ကဌနှင့် အခြားတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကေအိုင်စီ

1 comment:

Unknown said...

လေးစားပါတယ်၊ဗိုလ်ခူပ်စောဘိုမြ။ဒါပေမဲ့ယနေ့အဘသားသမီတွေမှာ၊ဗိုလ်ခူပ်စော
ဘိုမြနှင့်တှုတာတယောက်မျမရိုပါ။