Sunday, June 8, 2014

နိုင်ငံရေး ဆွေးနွေးမှုမရှိဘဲ ကချင် အပစ်ရပ်ဖို့ မလွယ် ...

နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ လျှော့ချပစ်ဖို့ လိုအပ်မယ်ဆိုတာကိုလည်း ကချင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦး Gum Grawng Aung Kham က ထောက်ပြ ပြောဆိုပါတယ်။

“တကယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးမှု လုပ်မယ်ဆိုရင်၊ Cease Fire လုပ်မယ်ဆိုရင် ဒီတိုက်ပွဲတွေတော့ လျှော့ရမယ်။ အဓိကကတော့ လက်ရှိ အစိုးရ၊ လက်ရှိ စစ်တပ် အနေနဲ့ နောက်ဆုတ်ပေးရမယ်။ ဒါမှလည်း ဒီဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီဟာကို လိုလိုလားလားနဲ့ ဖြစ်လာမယ်။ အဓိကကတော့ ယုံကြည်မှု ရှိလာမယ်။ ဒါမဟုတ်ဘူးဆိုရင် လက်နက်ကိုင်တွေရော၊ လက်နက်ရှိနေတယ်။ စစ်တပ်ကလည်း သွားနေတယ်ဆို ပစ်ခတ်ကြမယ်။ အဓိကကတော့ ရှေ့တန်းမှာ ခွာပြီးမှ ဆုတ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။ အဓိကကတော့ စစ်တပ် အနေနဲ့ နောက်ဆုတ်ပေးရမယ်။ အခုဖြစ်နေတဲ့ အခြေအနေမျိုးက တနိုင်းဘက်ပဲဖြစ်ဖြစ်၊ ဧရာဝတီ အရှေ့ဘက်ပဲဖြစ်ဖြစ် အကုန်လုံး ထိုးစစ်နဲ့ အနီးစပ်ဆုံးဖြစ်နေတယ်။ ဒါကြောင့်မို့လည်း ဒီဟာမျိုး စစ်တပ်တွေက တိုးချဲ့နေတယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် ဒီဟာတွေအတွက်လည်း ပါလိမ့်မယ် Cease Fire လုပ်ဖို့၊ကြန့်ကြာတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့ ကြန့်ကြာတယ်ဆိုတာ အဲ့ဒီဘက်လည်း ပါလိမ့်မယ်။”

အကျယ်ဖတ်လိုပါက - နိုင်ငံရေး ဆွေးနွေးမှုမရှိဘဲ ကချင် အပစ်ရပ်ဖို့ မလွယ် ...

1 comment:

Dragon. said...

* စစ်တပ်အရာရှိကြီး လက်တစ်ဆုပ်စာ ကြီးပွားပြီးရင်းထပ်ကြီးပွားရအောင် တပ်မတော်သား
တွေက အသက် သွေးချွေး တွေ ရင်းပြီး ဘာဝဋ်ကြွေးနဲ.များ ပေးဆပ်နေရပါလိမ်.ဗျာ ။
.. စစ်တပ်အရာရှိကြီးတွေရဲ. သားစဉ်မြေးဆက် ထိုင်စား လို.မကုန်ဖြစ်နေချိန်မှာ .. ၊
ရွှေချောင်းတွေ ၊ ကွန်ဒိုတိုက်ခန်း တွေ ၊ နိုင်ငံခြားက လုံးချင်းတိုက်တွေ အပြိုင်အဆိုင်
ဝယ်စုနေချိန်မှာ ... ၊
တပ်သားတွေရဲ.ဘ၀က
ကချင်နဲ. ဖြစ်တဲ. စစ်ပွဲမှာ အကျအဆုံးများခဲ.တဲ.အခါ တုန်းက
ပြည်သူတွေ လက်ခုပ်တီး ပျော်ရလောက်အောင် အမုန်းခံနေကြရတဲ.ဘ၀ ပါ