Saturday, May 24, 2014

ခရိုနီ (ခ) ခေတ်ပျက်သူဌေး ခေတ်ကျော်သူဌေး ဆိုသည်မှာ ...

(Maha Mingyi's Facebook Status မှ ...)

ခရိုနီအား ထိရောက်စွာ အနက်အဓိပ္ပာယ်ဖွင့်ပြရပါမူ Business depends on close relationships between business people and government officials .(အစိုးရအရာရှိများနှင့် စီးပွါးရေးလောက၏ ၀ိသမသားများ အကြားတွင် တည်ရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ ရောထွေးယှက်တင် ပေါင်းဖက်မှီတည်ထားသော လုပ်ငန်းများ) ဟု ဆိုရပေမည်။ တနည်းပြောရသော် ခေတ်ပျက်သူဌေး ခေတ်ကျော်သူဌေးဟုလည်း ဆိုနိုင်ပေမည်။

ခေတ်ပျက်သူဌေးဆိုသည်မှာ လူတစု အသင်းဖွဲတခုမှ အများပြည်သူများအား အုပ်ချုပ်ကိုင်တွယ်စီမံကွပ်ကဲကြရာတွင် လူတောမတိုး လူထဲမရောက်မပေါက် ဖြစ်နေသောအခါဝယ် ၄င်းတို့နှင့် ထိစပ်မိရာ လူလည်များအား စေခိုင်းကာ ဆောင်ရွက်ခိုင်းရာမှ အဆိုပါ ဆောင်ရွက်ခွင့် ရရှိသွားသော လုပ်ငန်းရှင်ဖြစ်လာသူ သို့မဟုတ် လုပ်ငန်းသဘောအရ အုပ်ချုပ်သူ လူအ လူငနုံငနတို့ထံမှ ရလာသော အခွင့်ရေးများအား အများပြည်သူများ၏ နစ်နာမှုကို ထောက်ချင့် ဆက်ချင်ခြင်း မရှိဘဲ နည်းလမ်းပေါင်းစုံဖြင့် အုပ်ချုပ်သူတို့နှင့် ပေါင်းဖက်ကာ အမြတ်ထုတ် အခွင့်ရေးယူသူများဖြစ်လေသည်။

ခေတ်ကျော်သူဌေးဆိုသူမှာ အဆိုပါ မိမိတည်ရှိနေသော အုပ်ချုပ်မှုစနစ်တခုအတွင်း မိမိသည် ဥပဒေအရ လေးစားလိုက်နာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်များအား အရပ်ရှစ်မျက်နှာမှ လိုအပ်သလို အထောက်ပံ့ပေး၍ မိမိ၏ ကိုယ်ကျိုးစီးပွား တိုးတက်ကြီးပွားရေးကိုသာ အဓိကထားပြီး အများပြည်သူတို့ ဖြတ်သန်းနေကြရသော ဥပဒေနှင့် တရားစီရင်ရေး ဘောင်အပြင်ဘက်တွင် လှုပ်ရှားဆောင်ရွက်ကာ လူလည်ကျနေသော လူသားတဦး သို့မဟုတ် လူသားတစု ဖြစ်သောသူများကို ခရိုနီ (Crony) ဟု ဆိုရပါမည်။ (ဂိုရှယ်လေး)

No comments: