Friday, May 16, 2014

စစ်မှန်တဲ့ လူထုလှုပ်ရှားမှုလို့ မမြင်ဘူး

မျိုးမြင့်
(Myo Myint ဖေ့စ်ဘွတ်ခ်မှ ...)

(ဓာတ်ပုံ - Myo Gyi ဖေ့စ်ဘွတ်ခ်မှ ...)
၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပါ့မယ့် ကျမ်းကျိန်ပြီး လွှတ်တော်ထဲ ဒူးတုပ်ဝင်သွားတာ ပြည်သူတွေ မဟုတ်ဘူး။ အဲ့ဒါကြီးကို ပြင်မယ်ပြောလို့ လူတွေက မဲပေးရွေးချယ်ခဲ့ကြတာ။ ဒီဖွဲ့စည်းပုံကို ကြိုက်လား/မကြိုက်ဘူးလားက ပြည်သူတွေကို မေးနေစရာ မလိုဘူး။ လူထုက ပြောပြီးသား ဆန့်ကျင်တယ်ဆိုတာ။ မနိုင်လို့ သည်းခံနေရတာ မဟုတ်ဘူး။ ဒီ့လောက် ပေါင်းပြီး ဖိနှိပ်နေတဲ့ကြားက ရတဲ့နည်းနဲ့ ခုခံတွန်းလှန်နေတာ ကမ္ဘာသိပဲ။ အဲ့ဒီလူတွေကို ”ဥပဒေချိုးဖောက်ရင် အရေးယူဖို့ ကျမကိုယ်တိုင် ပြောထားတယ်” ဆိုတဲ့ စကားက ပြည်သူတွေက ပြောခဲ့တာ မဟုတ်ဘူး။ ပြည်သူတွေကို တိုက်ရိုက် အတိအလင်း ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ခြိမ်းခြောက်စိန်ခေါ်တဲ့ စကားသာဖြစ်တယ်။ ဒီမတရားတဲ့ဥပဒေကို မိမိကိုယ်တိုင် လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရုံနဲ့တင်အားမရ ဒါနဲ့လှည့်ပါ ခြောက်ခဲ့တာ ပြည်သူတွေ မဟုတ်ဘူး။ ခု လက်မှတ်ကောက်ယူစုဆောင်းပြီး လွှတ်တော်ထဲကနေတဆင့် တင်ပြမယ်ဆိုတဲ့ လုပ်ဟန်ဟာ စစ်အုပ်စုကြိုက်လုံးကို တဖက်လှည့်နဲ့ ကပြတဲ့ လုပ်ဇာတ်လို့ မြင်တယ်။ ရွှေမန်းလွှတ်တော်/ကာချုပ်/သိန်းစိန်တို့နဲ့ လက်ဝါးရိုက်တဲ့ ကြံစည်ချက်လောက်ပဲ မြင်တယ်။ နိုင်ငံတကာကို ဒီမိုကရေစီရနေပါပြီလို့ ကူလိမ်ပေးနေတာလို့ မြင်တယ်။ စစ်မှန်တဲ့ လူထုလှုပ်ရှားမှုလို့ မမြင်ဘူး။ လွှတ်တော်ပြင်ပ လူထုလှုပ်ရှားမှုလို့ မမြင်ဘူး။ အပြင်က လူထုအသံကို မျက်နှာထွက်ပြ သိမ်းယူပြီး လွှတ်တော်ထဲ အင်ပို့တ်လုပ်တာလို့ပဲ မြင်တယ်။ အခြားပါတီတွေ အဖွဲ့အစည်းတွေ လူမျိုးစုတွေ အပစ်ရပ်/မရပ်တွေ ပါမလာရအောင် ကန့်ထားတာကိုက နိုင်ငံရေးကစားကွက်လို့ မြင်တယ်။ တတိုင်းပြည်လုံး တမျိုးသားလုံး လူထုတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စလို့ သဘောမထားမှန်း ပေါ်လွင်တယ်။ အဲ့ဒီလုပ်ရပ်ဟာ ဘာနဲ့တူသလဲဆိုတော့ အထွေထွေမကျေနပ်ချက်တွေ မတရားမှုတွေ ဒင်းကြမ်းပြည့် ခါးစည်းခံနေရလို့ မခံရပ်နိုင်လို့ လမ်းပေါ်တက်လာမယ့် လူထုကို ဇက်ကူခွံ့ပေးတာ ဇက်သတ်တာမျိုး အရှိန်တန့်သွားအောင် လုပ်တာပဲလို့ မှတ်တယ်။

1 comment:

Unknown said...

Do u have any idea better than what they doing in local practical politic,please go to inside country and do the practical politic .
Don't say bullshits too much from outside country.Go to the hell !!!!