Saturday, May 17, 2014

စူဇကာပုဏ္ဏားလို လှူတာအကုန်စားကြမှာလား

(Aung Naing Moe's Facebook Status)

ကမ္ဘာအေးမှာ ဆရာတော်ကြီးတွေကို ဆွမ်းဆန်စိမ်းလောင်းတာ တီဗီပေါ်မှာ တွေ့လိုက်ရတယ်။ ဆရာတော်ကြီးတွေက ရှေ့က တုန်ချိတုန်ချိ လျှောက်။ နောက်က မီးသတ်ဝတ်စုံနဲ့ လူတွေက ဆာလာအိတ်တွေနဲ့ ဝန်းရံပြီးလိုက်။ ဘေးဝဲယာ လမ်းတလျှောက် လှူမယ့်သူတွေက ဝတ္ထုငွေ စာအိတ်တွေ၊ သင်္ကန်းတွေ ကပ်လှူလိုက်တဲ့အခါ ဆရာတော်ကြီးတွေက လက်နဲ့ထိ လက်ခံလိုက်ပြီး ဆာလာအိတ်ထဲ သိမ်းကျုံးထဲ့ကြ။ အဘိဇ္ဈာပဲပြောပြော၊ မစ္ဆေရိယလို့ပဲ သမုတ်သမုတ် ကျနော့်အမြင်တော့ အလကား ဗုံးပေါလအော လုပ်နေကြတာကို တွေ့မြင်လိုက်ရတယ်လို့ပဲ သဘောရတယ်။

ဝတ်ကြောင်နှင့်တကွသော လောကစည်းစိမ်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းခြင်းတရား ရှာဖို့ ရဟန်းဝတ်သွားသူကို ဒီလောက် ဝတ္ထုစည်းစိမ်တွေနဲ့ ထောက်ပံ့ဖို့ လိုလို့လား။ ဒကာ၊ ဒကာမတွေဘက်က မတန်တဆ ထောက်ပံ့လာရင်တောင် တော်ရုံတန်ရုံလောက်ပဲ လှူဖို့ လမ်းပြရမှာ ဘုန်းကြီးတွေ တာဝန်မဟုတ်ဘူးလား။ စူဇကာပုဏ္ဏားလို လှူတာအကုန်စားကြမှာလား။ ဒီလောက်များပြားတဲ့ သင်္ကန်းတွေ၊ ဝတ္ထုငွေတွေ ဘုန်းကြီးတွေက ဘယ်နေရာမှာ သုံးသလဲ။ သင်္ကန်းတိုက်မှာ ဈေးနှုန်းတစ်မျိုးနဲ့ ပြန်သွင်းသလား။ စက်မှုတက္ကသိုလ်ကျောင်းသားဘဝက ဝါဆိုသင်္ကန်းအတွက် သင်္ကန်းတွေကို (ဒေါက်တာသိန်းလှိုင်ရဲ့ ကားနဲ့) ကမ္ဘာအေး ကျက်သရေခန်းက ဈေးချိုချိုနဲ့ သွားဝယ်ခဲ့ရတာ ပြန်သတိရတယ်။

လူတွေကလည်း ဘုန်းကြီးတွေကို ဖျက်ဆီး၊ ဘုန်းကြီးတွေကလည်း လူတွေ ဖျက်ဆီးတာ ခံ၊ လူတွေ ပျက်စီးနေတာကိုလည်း မပြုမပြင်တဲ့အပြင် အားပေးအားမြှောက်တောင်ပြု။ "မလှူလို့ မရှိ" ဆိုရင်လည်း မရှိကာမှ နေရော။ ငါတော့ သူဌေးကြေးပံ့မလုပ်။ ရဟန်းဘဝနဲ့ ခြိုးခြံသူကို မြင်ရင် (တောတော်တော့ ရှားတယ်) လေးစားမိသလောက် ဇိမ်ခံပြီးသာယာတိမ်းမူးနေသူတွေ တွေ့ရင် တိပိဋက မကလို့ ဘာဘွဲ့ပဲရရ သောက်ထင်ကို ကြီးလို့မရ။ အနေအစားချောင်လို့ ဘုန်းကြီးဝတ်ကြရှာသူများလို့ပဲ သတ်မှတ်ပါတယ်။

3 comments:

zawtipala said...

အဲလိုဝါးလုံးရှည်နဲ့ သိမ်းမယမ်းနဲ့ မင်းမလှူချင် မကြည်ညိုချင်နေကွ ဆရာတော်တွေမှာ တပည့်ရဟန်း သာမဏေတွေရှိတယ် ကျောင်းသားကပ္ဗိယတွေရှိတယ် သူတို့ကိုထောက်ပံ့ကျွေးမွေးရတာ မင်းမသိဘူးလား အသားထဲကလောက်မထွက်နဲ့

Burman Managers,Engineers and Scientists said...

သူငယ်ချင်းရေ။
ကိုယ်လည်း RIT ကပါ။ ကိုယ် ဗုဒ်ဓ ဘာသာဝင် မဟုတ်ပေမဲ့။ တက္ကသိုလ်များ ဓမ္မာရုံ သန့် ရှင်းရေးမှာပါခဲ့တယ်။ ရွှေတဂုံ ဘုရားမြေပြိုကျ စဉ်က ဆရာ ဦးမင်းဝန် နောက်ကလိုက်ပြီး လုပ်အားပေးခဲ့ တယ်။ ဆရာတော်ကြီးတွေ ဆိုရင်ကြည်ညိုလေးစားတယ်။ ဖျာပုံ အသုံးလုံး သွားစဉ်က ကိုယ် ကနိရွာ ကျောင်းထိုင်ဆရာတော်ရဲ့ မေတ္တာ ကိုရခဲ့တယ်။
သူငယ်ချင်း ဤသို့ ရေးခြင်းမှာ မှားလေစွ။ လေးနက်စွာ ကန့် ကွက်ပါတယ်။
သူငယ်ချင်း ရဲ့ Post ကို ပြန်ရုတ်သိမ်းပါ လို့ ကိုယ်တောင်းဆို ပါတယ်။ အလျင်အမြန် ဖျက် ပေးပါ။ ကုလားမင်းသား စရကား။

Tomahawk said...

ဘာသာရေးဘက်လိုက်သူတွေကတော့ပြော
ကြပါလိမ့်မယ်၊သာသနာကိုမစော်ကားနဲ့လို့
ဒီစာရေးတဲ့သူကအမှန်တရားကိုဖေါ်ထုတ်
တာအသိအမှတ်ပြုပါတယ်၊
ခင်ဗျားတို့ပြောဖူးတဲ့ဆွမ်းဆန်ထဲကြွက်ချေး
ရောတယ်လို့၊ဗမာပြည်မှာကြွက်ချေးကအများစုဖြစ်နေတာ
အသေအချာပဲ၊အနေချောင်အစားချောင်လို့
သင်ကန်းခြုံနေတဲ့သူတွေကအများကြီး၊
ပာိုးအရင်ခေတ်ကတည်းကအနေချောင်ချင်
ရင်စစ်ထဲဝင်ဒါမှမပာုတ်ဘုန်းကြီးဝတ်ကြတာ
ပဲ၊ အမှန်အကန်သိပ်ခါနဲ့နေတဲ့သံဃာတွေက
သူတို့လိပ်ပြာလုံပါတယ်၊
အာဏာရှင်အလိုကျလိုက်ကမယ့်ခရိုနီသင်
ကန်းဝတ်တွေကတော့ဘာသာရေးဆိုပြီး
အသံကောင်းပာစ်ကြပါလိမ့်မယ်၊