Saturday, January 4, 2014

၄၄ နှစ်ပြည့် မွေးနေ့တွင် မိတ်ဆွေများသို့ လေးစားစွာ အသိပေးခြင်း

ဒေါက်တာလွဏ်းဆွေ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဦးနှောက်သွေးကြောပိတ်ဆို့မှုဝေဒနာ ခံစားခဲ့ရပြီးနောက် လအတန်ကြာ ဆေးကုသမှုခံယူနေခဲ့ရသည့် ကျနော်၏ ကျန်းမာရေးအခြေအနေသည် ယနေ့အချိန်အခါတွင် အတော်အသင့် ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် လုပ်လက်စအလုပ်များကို လက်စသတ်ပြီးသကာလ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်ထဲတွင် မြ၀တီမြို့မှတဆင့် ကျနော်၏ ကျေးဇူးရှင် မိဘနှစ်ပါး နေထိုင်ရာ တောင်ငူမြို့နေအိမ်သို့ ပြန်လာတော့မည်ဖြစ်ကြောင်း ကျနော့်အား ချစ်သော၊ ခင်သော၊ မုန်းတီးသော၊ ရန်သူလိုသဘောထားသော မိတ်ဆွေအပေါင်းအသင်းရောင်းရင်းများအား လေးစားစွာ အသိပေးအပ်ပါသည်။

အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ...

- မိဘနှစ်ပါးနှင့်အတူ လအနည်းငယ် နေထိုင်အနားယူခြင်း၊
- အနားယူပြီးပါက နှစ်အတန်ကြာ ဝေးကွာနေခဲ့သော မိတ်ဆွေရင်းချာများ၊ စာပေမိတ်ဆွေများ၊
ရင်းချာသော မြားနတ်မောင်စာဖတ်ပရိသတ်များနှင့် ပြန်လည်ဆုံဆည်းခွင့်ရရန် နေရာအတော်များများသို့ ခရီးထွက်ခြင်း၊
- ခရီးထွက်ခြင်းအစီအစဉ်များ ပြီးဆုံးပါက ထမင်းနှစ်နပ် ပုံမှန်စားနိုင်ရေးအတွက် ကြံဆောင်ရင်း အမိနိုင်ငံနှင့် ပြည်သူလူထုအတွက် အရေးတကြီး လိုအပ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စိတ်တူကိုယ်တူ၊ ရင်ဘတ်တူ၊ ယုံကြည်ချက်တူ မိတ်ဆွေများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲ၍ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
ည ၈ နာရီ ၃၆ မိနစ်
၎-၁-၂၀၁၄ (လွတ်လပ်ရေးနေ့)

14 comments:

linlet-journal said...

ဝမ်းသာပါတယ်ဆရာ
တွေ့ချင်ပါတယ်
အမိမြေကသားကောင်းရတနာကို
ဆည်းကြိုနေမှာပါ
အလုပ်တွေပိုများလာမယ့်အတွက်
ကျန်းမာရေးပိုဂရုစိုက်ပေးပါခင်ဗျာ။
လေးစားစွာဖြင့်

S.Maung Chain said...

May healthy and wealthy Dr lawn.Ofcourse you need to move in Burma for pure democracy and silly constitution.

pannei said...

ဆရာ ဝမ်းသာပါတယ်
ဆရာရဲ့စာဖတ်ပရိတ်သတ်တစ်ဦးပါ
ပြီးတော့မွေးရက်လဲတူတယ်ဆရာ
ကျွန်တော်လဲလွတ်လပ်ရေးနေ့မွေးတာ
မန္တလေးရောက်ရင်ဆရာနဲ့ဆုံတွေ့ချင်ပါတယ်
ဆရာအစစအရာရာအဆင်ပြေပါစေ

Unknown said...

ဝမ်းသာမိပါတယ်..
မြားနတ်မောင်လေးကိုလဲ စောင့်မျှော်နေပါတယ်..
စိတ်ဖိအားများတဲ့ အလုပ်တွေမို့ ကျန်းမာရေးအတွက် ပိုလို့ သတိရှိစေချင်ပါတယ်..။

yoo said...

I hope your birthday was all that you hoped for.

ak said...

Thanks for myanmar sayar we love u

Anonymous said...

welcome back

JACBA said...

မြန်မာပြည်မှာခင်ဗျားတစ်ချိန်လုံးတိုက်ခိုက်ခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံတဲ့အခါခင်ဗျားဘယ်လိုပုံစံလည်းဆိုတာမြင်ချင်ပါဘိ

ဒေါက်တာလွဏ်းဆွေ said...

Comment ရေးသားပေးသူများ၊ မွေးနေ့ဆုတောင်းပေးသူများကို အထူးကျေးဇူးတင်ပါသည်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးရှုထောင့်မှသာ ဝေဖန်ရေးသားခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရေးသားခြင်း မရှိခဲ့၍ ကိုယ့်ကိုယ်ကိုယ် အမြဲလိပ်ပြာသန့်ပါသည်။ လူချင်း တွေ့ဆုံသည့်အခါ ဒေါ်အောင်ဆန်းစုကြည် မပြုံးပြလည်း ကျနော်ကတော့ ပြုံးပြပါမည်။ JACBA ကိုလည်း Comment ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ :)

genius said...

အမြင်မှန် ၊ အတွေးမှန် ပြီး အရေးမှန်ကြပါစေ ။

thanlwinkha said...

ဆရာကိုယ်ရောစိတ်ပါချမ်းသာပြီးခံစားနေရတဲ့ရောဂါတွေ
ရှင်းရှင်းပျောက်သွားပါစေလို့ကိုယ်ချင်းစာနာစွာနဲ့
့ဆုတောင်းပေးနေပါတယ်....

thar said...

Dr Swe,
Good luck Dr. Swe. Time is gradually change. We are nature of human being and part of that changing circle but lion philosophy wouldn't change as long as old group of lion still healthy. Don't forget that.
One day, hopefully that day not so far we may see each other in our homeland.
Keep take care yourself becomes more healthy and be ready for next battle field.
The show is not finish yet and long way to go.
With best wishes.
Thar Dhu

Unknown said...

Thar Du Bar KIn Byar

yadanar.latyar said...

Warmly welcome.Takecare your health.