Sunday, June 30, 2013

တိုင်းမ်မဂ္ဂဇင်း ပိတ်ပင်မှုလုပ်ရပ်မျိုး နောက်တကြိမ် လက်ခံမည်မဟုတ်ဟု စာရေးဆရာသမဂ္ဂ ပြော (ရုပ်သံ)

4 comments:

Unknown said...

ကမာရွတ် မီဒီယာ မှ သတင်းများကို နေ့ တိုင်း ကြည့်ဖြစ်ပါသည်၊ (တ) နဲ့ (သ) ကို ပီသအောင် မပြောနိုင်တဲ့ အမျိုးသမီး ၀င်ရောက်မပြောလျှင် ပိုပြီး ကောင်းပါလိမ့် မည်။

Unknown said...

လူတိုင်းလူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် ဆိုတိုင်း တဘက်သားထိခိုက်မဲ့ မမှန်မကန်တဲ့ အချက်အလက်တွေကို ပြောနေရင် သင်လက်ခံနိုင်ပါ့မလား။ ကိုယ့်စာရေးခ ဘယ်လောက်ရတယ်ဆိုတာကို ကိုယ့်မယားကိုတောင် အမှန်အတိုင်းမပြောရဲတဲ့ သူတွေက အမှန်တရား အမှန်တရားနဲ့ ပါးစပ်ဖျားက မချကြဘူး။ ဘုရှားရှင်တောင် မှန်တိုင်းမမိန့်ဘူးဆိုတာကိုလဲ မေ့မထားကြပါနဲ့အုန်း လူစွမ်းကောင်းတို့ရေ...။

Myo Aung said...

ဦးစာရေးဆရာတို့ရေ သူတဘက်သားကို အပုတ်ချပြီးရေးချင်တိုင်းရေးတာကို ခွင့်ပြုတယ်ဆိုရင် စာပေညစ်ညမ်းမှု့ဖြစ်သွားနိုင်တယ်ဆိုတာကို သိရဲ့လား။ တယောက်ယောက်က ဦးလေးသမီးကမြင်းနေပါတယ်လို့ ဖြတ်ညှပ်ကပ်ဓါတ်ပုံတွေနဲ့ ရေးလာရင် ဦးလေးရင်ထဲ့ဘယ်လိုခံစားရမလည်း။ ဦးလေးသမီးကော ဟုတ်သည်ဖြစ် မဟုတ်သည်ဖြစ် လမ်းမထွက်ရေးဖြစ်သွားနိုင်တယ်ဆိုတာ တွေးမိရဲ့လား။

aristhteinwin said...

စာရေးကြီးတို့ ရေ-ယူနီတီ (Unity)ဂျာနယ်က လွင်မိုး သမီးဖြစ်သူ ယွမ်းဝတီ လွင်မိုး ခိုးရာလိုက်ပြေးလို့  မဟုတ် မမှန်းတဲ့ သတင်းရေးသားမှူကို လွတ်လပ်စွာ ရေးသားခွင့်လို့ ဘယ်စာရေးဆရာပြောရဲမလဲ-ကာယကံရှင်မိသားစု မဟုတ်ပါဘူးလို့ ပြောပါလျှက်နဲ့ ဂျာနယ်ထဲ ထည့်ဖြစ်အောင်ထည့်တာ စာနယ်ဇင်းကျင့်ဝတ်လား- ဘာမှ မပြောကြပါလား- အံ့ နဲ့ သြလိုက်ရပါဘိ-