Friday, June 28, 2013

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၆-၂၀၁၃ - ညပိုင်း)

- စစ်တပ်သိမ်းမြေများ ပြန်ပေးမည် click
- စစ်တပ် သိမ်းထားသည့် လယ်မြေများ ဒီလကုန် ပြန်ပေးမည် click
- တပ်သိမ်းဆည်း မြေများ ဇူလိုင်အတွင်း လွှဲအပ်တော့မည်ကို အောက်ခြေတပ်များ မသိသေး click
- ဧရာဝတီမြစ်အတွင်း စက်လှေသမားများထံမှ အစိုးရစစ်တပ် အဓမ္မ ငွေတောင်း click
- သိမ်းဆည်းမြေ ပြန်ရရေး သင်္ကေတအရ လယ်သမားများ ဆန္ဒပြ click
- သင်္ဃန်းကျွန်း မိကျောင်းကန် မူလပိုင်ရှင်များ မြေနေရာ ပြန်ယူလို click
- အလုပ်သမားများ၏ အခြေခံလုပ်အားခ လစာ သတ်မှတ်ရေးပြဿနာ click
- SSA မြောက်ပိုင်း စခန်းတခုကို အစိုးရတပ် သိမ်း click
- မူစယ်ခရိုင်အတွင်း KIA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား click
- ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရတပ်များ တင်းမာနေဆဲ၊ ရွာသားများ ထွက်ပြေးတိမ်းရှောင် click
- တိုက်ပွဲများကြောင့် ထောင်ချီ တအာင်း ကျောင်းသားများ စာသင့်ခွင့် မဲ့သွား click
- ကျပ်သိန်း ၂၉ဝ ခန့် တန်သည့် မူးယစ်ဆေးများ ရှမ်းပြည်တောင်ပိုင်းတွင် ဖမ်းမိ click
- စစ်ဘေးဒဏ်သင့် ဒေသများရှိ အမျိုးသမီးတို့ကို ဦးစားပေး ထောက်ပံ့သွားရန် အရပ်ဘက်အဖွဲ့များ စီစဉ်နေ click
- အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး အမြန်ဆုံး ခေါ်ယူပေးရန် တောင်းဆို click
- ဆက်သွယ်ရေးတင်ဒါရွေးချယ်မှု ဆိုင်းငံ့ရန် အဆိုတင်သွင်းခြင်း လွှတ်တော်အလုပ် လွှတ်တော်လုပ်ခြင်းဟု ဦးရွှေမန်း ပြော click
- “သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးရမယ်” ဒေါ်အောင်ဆန်းစုကြည် (မေးမြန်းခန်း) click
- ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အချိတ်အဆက် လွဲနေပြီလော (အယ်ဒီတာ့အာဘော်) click
- ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် ပြဌာန်းရေး AAPP တိုက်တွန်း click
- ရခိုင်တွင် ပုဒ်မ ၁၈ အမှုများ စီရင်ချက်ချရန် တလကျော် ကြာဖွယ်ရှိ၊ ပုဒ်မ ပြဋ္ဌာန်းချက်ကို ဝေဖန် click
- ရခိုင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒုက္ခသည်များကြား ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး click
- ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ်မှု အတွင်း လူ ၂ ဦး သေဆုံး click
- ဘင်္ဂလားဒေ့ရှ်က ဖျက်ဆီးခံ ဗုဒ္ဓဘာသာ အဆောက်အဦးများ ပြန်ဆောက် (ရုပ်သံ) click
- မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး ရတက်မအေးရသေးပါ click
- မုန်းတီးမှုဖြစ်စေသည့် ပြောဆိုချက်များ ဖေ့စ်ဘွတ်ကြောင့်ဟု ဦးရဲထွဋ် ပြော click
- မြန်မာအမျိုးသမီးထုကို ဖိနှိပ်ဖို့ ပြင်ဆင်လာတဲ့ ဥပဒေအပေါ် မြန်မာအမျိုးသမီး ၂ ဦးရဲ့ အမြင် (ရုပ်သံ) click
- မျိုးစောင့်ဥပဒေ သဘောမတူခြင်းသည် လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး၏ သဘောထားဖြစ် click
- မျိုးစောင့်ဥပဒေ အတည်ပြု ပြဌာန်းရန် ဆက်လုပ်မည် click
- မျိုးစောင့်ဥပဒေကို သံဃာတော်များ ထောက်ခံ click
- ''မျိုးစောင့်ဥပဒေ'' ကို ကန့်ကွက်သည့် အမတ်ကို ၂ဝ၁၅ တွင် မဲမပေးရန် စည်းရုံးမည်ဟု ဆို click
- မျိုးစောင့်ဥပဒေကြမ်းလှုပ်ရှားမှု ၉၆၉ အဖွဲ့နဲ့ လုံးဝမသက်ဆိုင်ကြောင်း ဦးဒေဝိန္ဒာဘိဝံသ မိန့်ကြား (ရုပ်သံ) click
- အမျိုးချစ်သူများ စဉ်းစားစရာ (သူ့အတွေး သူ့အမြင်) click
- တိုင်းမဂ္ဂဇင်း ပိတ်ပင်ခံရမှုအပေါ် သူတို့အမြင်များ (အင်တာဗျူး) click
- ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ - အပိုင်း (၆) click
- တိုင်းဒေသကြီး အစိုးရအဖွဲ့သတင်းများ ပြန်ကြားရေးဝက်ဘ်ဆိုဒ်တွင် တင်ရန် ကြေညာသော်လည်း အသုံးမပြုနိုင်သေး click
- အထင်ကရ တိုင်းရင်းသားခေါင်းဆောင်များအား ဂါရ၀ပြုပွဲ ကျင်းပရန် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ စီစဉ် click
- အစဉ်အလာ ကြီးမြင့်သော တိုင်းရင်းသားခေါင်းဆောင်များ၏ ဂါရ၀ပွဲ click
- တိုင်းရင်းသားခေါင်းဆောင်များ ဂုဏ်ပြုကန်တော့ပွဲ၊ နိုင်ငွေသိမ်း အထ္ထုပ္ပတ္တိ စတင်ရောင်းချမည် click
- ရှမ်းဘာသာဖြင့် ဂျာနယ် ထုတ်ဝေမည် click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- သုဝဏ္ဏဘူမိမြို့ဟောင်း မိုးကုန်လျှင် စတင်တူးဖော်မည် click
- ပညာရေးစနစ် ပြုပြင်ပြောင်းမှု မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆွေးနွေးမည် click
- အခြေခံပညာ မူလတန်းအဆင့်သင်ရိုးတွင် ကုလလူ့အခွင့်အရေး ကြေညာစာတမ်းပါ အကြောင်းအရာများ ထည့်သွင်းဖွယ်ရှိ click
- အခြေခံပညာ ဆရာ၊ ဆရာမများ ရာထူးတိုးပုံစံ ပြောင်းလဲရန် ဆွေးနွေးနေ click
- ရန်ကုန်တက္ကသိုလ်တွင် သင်တန်း ၁၁ ခု ဖွင့်လှစ်မည် click
- မွန်ပြည်နယ်၏ ပထမဆုံး ပုဂ္ဂလိကကျောင်း ကျောင်းဝင်ကြေး တနှစ်လျှင် ရှစ်သိန်း ရှိနေ click
- ကိုယ်ပိုင်ကျောင်း ၄ ကျောင်းနှင့် စင်ကာပူကောလိပ်တို့ ပူးပေါင်းဆောင်ရွက်မည် click
- အစဉ်အလာကို စိန်ခေါ်ရဲခဲ့တဲ့ ကျောင်းသား (သို့မဟုတ်) 3 idiots ရုပ်ရှင်ဇာတ်ကား click
- ရွှေရောင်အိပ်မက်များဆီသို့ (သူ့အမြင်) click
- ဟင်းပေါင်းနဲ့ ကျောင်း (အက်ဆေး) click
- နယ်စပ်ကုန်သွယ်မှု ယခင်နှစ် ကာလတူထက် ဒေါ်လာ ၈၆ သန်းကျော် လျော့နည်း click
- နှစ်နိုင်ငံသဘောတူညီချက်အရ စေလွှတ်ထားသည့် အလုပ်သမားအချို့ အခက်တွေ့ click
- အဓမ္မ လုပ်အားပေးမှု ပပျောက်ဖို့ အလုပ်သမား-အလုပ်ရှင် နားလည်မှုတည်ဆောက်ဖို့လို (ရုပ်သံ) click
- သဘာဝဘေးကျရောက်လျှင် ထောက်ပံ့ရန် မိသားစု ၃,၀၀၀ စာ အသင့်ပြင်ထား click
- မန္တလေးတိုင်းမှ ရွာပေါင်း ၂,၈ဝဝ ကျော်ကို နေစွမ်းအင်လျှပ်စစ် သုံးနိုင်ရန် စီစဉ် click
- နိုင်ငံတကာမှ ပေါင်းဆန်အမှာ တိုးလာသော်လည်း နှစ်ကုန်မှ တင်ပို့နိုင်မည် click
- Apex ပျံသန်းမည့် ထားဝယ် အများပိုင် ကုမ္ပဏီမှ အစုရှယ်ယာများ ရောင်းချရန် စီစဉ် click
- ပြည်တွင်းရေကြောင်း နှစ်လအတွင်း သန်း ၁၆ဝ ခန့် အရှုံးပေါ် click
- အမေရိကန်-မြန်မာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မည် click
- နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့ဆက်သွယ်ရေး တင်ဒါ အနိုင်ရရှိ click
- အများမျှော်လင့်နေသည့် ဆက်သွယ်ရေးတင်ဒါ Telenor နှင့် Ooredoo ရရှိ click
- တယ်လီဖုန်းပြောခ အခုနှစ်အတွင်း လျှော့ချမည်ဟု ဆက်သွယ်ရေး ပြော click
- မိုဘိုင်းလ်ဖုန်း ပြောဆိုခ ထပ်မံလျှော့ချမည်ဟု ဆက်သွယ်ရေး ဒု-၀န်ကြီး ကတိပြု click
- လမ်းဘေး ဖုန်းဆိုင်တွေ ပျောက်ကွယ်တော့မလား click
- ရေဆိုးမသန့်စင်သည့် စက်ရုံများ အပိတ်ခံရမည် click
- စက်ရုံလုပ်သား ကလေးတဦး မတော်တဆဖြစ်ကာ သေဆုံး click
- ဖူးကက်တွင် မြန်မာတဦး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ click
- အသက်မပြည့်သူ အိမ်ဖော်မိန်းကလေးကို ဖမ်းဝရမ်းမပါဘဲ ခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီးမှု ဖြစ်ပွား click
- ယာဉ်တိုက်မှုနဲ့ သေဆုံးမှု မူးယစ်သောက်စားခြင်းနဲ့ စည်းကမ်းမဲ့ခြင်းကြောင့်ဟု တာဝန်ရှိသူ ဆို (ရုပ်သံ) click
- ရှေ့မီး မှိုင်းမတိုးနိုင်လို့ ကားတိမ်းမှောက်၊ ဒရိုင်ဘာနှင့် စပယ်ယာ ၂ ဦးလုံး သေ click
- မယ်လစခန်းတွင် MFLF အဖွဲ့မှ သွားနှင့်ဆိုင်သော ကုသမှု အခမဲ့ လာရောက်ပြုလုပ်ပေး click
- အထူးကိုယ်စားလှယ်လွှဲစာ သက်တမ်း ၃ နှစ် တိုးလိုက်၍ အိမ်ခြံမြေအရောင်းအဝယ် ပြန်သွက်နိုင်ဟု ဆို click
- မြိတ် ကမ်းနားလမ်း လုံးချင်းအိမ်ရာများ အရောင်းအဝယ်ဖြစ် click
- မလေးရှား၊ ထိုင်း ၊ စင်ကာပူတို့မှ ပြန်လာသူများကို အိမ်အလှဆင်လုပ်ငန်းတွင် အလုပ်ပေးမည် click
- ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲ ဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည် click
- ပရိသတ်များအား ထိခိုက်စေသည့် ဇာတ်ဝင်ခန်းများကို ပြန်လည် ဖြတ်တောက်တော့မည် click
- အိုလံပစ်နေ့အကြို ကာယဗလပြိုင်ပွဲ ကျင်းပ (သတင်းဓာတ်ပုံ) click
- ကာယဗလမောင်နဲ့ မယ်ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပ၊ ဆီဂိမ်းအတွက် ကြိုတင်ပြင်ဆင် (ရုပ်သံ) click
- မြန်မာနိုင်ငံသား မျက်လှည့်ပညာရှင် Mr.Top ရဲ့ မျက်လှည့်ပြပွဲ - အပိုင်း ၁ (ရုပ်သံ) click

2 comments:

Unknown said...

မြန်မာ့ လူနေမှုဘ၀မှာ နိုင်ငံတကာနဲ့ မတူတဲ့ ထူးခြားချက်က မြန်မာအမျိုးသမီးထုရဲ့ နိစ္စဓူဝ တွေ့ကြုံနေရတဲ့ အခက်အခက်တွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ပိုလို့နားလည်ပေးနိုင်စွမ်း ရှိတာပါပဲ။ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ်၊ တရားပွဲတွေမှာပဲဖြစ်ဖြစ် အများစုက အမျိုးသမီးတွေက ရာခိုင်နှုန်း(၉၀)ကျော်ပါတယ်။ အမျိုးသမီးတွေကလည်း သူတို့ တွေ့ကြုံနေရတဲ့ လူမှုအခက်အခဲမျိုးစုံကို သူတို့အားထားကိုးကွယ် ယုံကြည်ရာ ဘုန်းဘုန်းတွေစီမှာပဲ လျှောက်ထား၊ ရင်ဖွင့်၊ အကြံအဥာဏ်ယူ၊ အဆုံးအမ ခံယူတဲ့ဓလေ့ဟာ မြန်မာ့ လူမှုဝန်းကျင်မှာ ရှေးအစဉ်အဆက် ကတည်းက ဒီနေ့အထိ ကျယ်ပြန့်စွာ အမြစ်တွယ် ဖြစ်တည်ခဲ့တာပါ။ အိမ်ရှင်မ အမျိုးသမီးတွေကလည်း သူတို့ကိုးကွယ်အားထားတဲ့ ဘုန်းတော်ကြီးတွေရဲ့ အထွေထွေ လိုအပ်ချက်ကို အမျိုးသားတွေထက် တတ်သိလိမ္မာစွာ ၀တ်ဖြည့် ကုသိုလ်ယူကြတယ်။ သူတို့ရဲ့ လောကီ၊ လောကုတ္တရာ အကျိုးနဲ့ စိတ်ပိုင်းလုံခြုံမှုအတွက် အားထားယုံကြည်ရာ အဖြစ် သတ်မှတ်ထားကြတယ်။ ဒါကြောင့် မြန်မာ လူနေမှုဘ၀မှာ အမျိုးသမျိုးသမီးထုရဲ့ လိုအပ်ချက် ကိစ္စအ၀၀ကို အမျိုးသားထုထက်၊ ဘုန်းတော်ကြီးတွေက လက်တွေ့ဆန်စွာ ပိုလို့သိရှိ နားလည်နေကြတာဟာ ထူးဆန်းသလိုလိုနဲ့ တကယ့်အရှိတရား တစ်ခုဖြစ်တယ်။
အမျိုးစောင့်ဥပဒေမူကြမ်းဆိုတာ အပေါ်ယံကြည့်ရင်တော့ မိန်းမတွေ လင်ယူမယ့်ကိစ္စကို ဘုန်းတော်ကြီးတွေက မဆီမဆိုင် ၀င်ရှုတ်နေသလို မြင်နိုင်တယ်။ တကယ်တော့ ဒီဥပဒေဆိုတာဟာလည်း အမျိုးသမီးထုကို ဖိနှိပ်ဖို့ လုံးဝမဟုတ်ဘဲ၊ အမျိုးသမီးထုရဲ့ သူတို့ကိုယ်ပိုင်ဆန္ဒမပါဘဲ အခက်အခဲ အမျိုးမျိုးရဲ့ ဖိအားကြောင့် အိမ်ထောင် ပြုပြီးတာနဲ့ ဘာသာတရား အတင်းသွပ်သွင်းခံရခြင်းက အကာအကွယ်ပေးဖို့ဖြစ်တယ်။ သူတို့ရဲ့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးနဲ့ ဘ၀အာမခံချက်ကို ကာကွယ်ပေးဖို့က ရည်ရွယ်ရင်းဖြစ်တယ်။ ဒီဥပဒေကို ဆန့်ကျင်နေကြတာထက် ဘယ်ဟာတွေကိုတော့ လိုတိုးပိုလျှော့ လုပ်သင့်တယ်ဆိုပြီး အပြုသဘောဆန်ဆန် ဆွေးနွေးသင့်တယ်လို့ မြင်မိတယ်။ တချို့အမျိုးသမီးတွေက သူတို့ လင်ယူသားမွေးကိစ္စကို လူမျိုးခြား၊ ဘာသာခြားနဲ့ယူရာမှာ အကန့်အသပ် ဖြစ်သွားနိုင်တာ တစ်ခုကိုပဲ လူခွင့်အရေးအကြောင်းပြပြီး လုံးဝခါးခါးသီးသီး ငြင်းဆန်နေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကျနော့ ပုဂ္ဂလိကအမြင်ကတော့ ဘုန်းတော်ကြီးတွေအနေနဲ့ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့ မူကို နှလုံးသွင်းပြီး အကြံပြုတဲ့ မူကြမ်းအဆင့်မှာ ခပ်တင်းတင်း တင်ပြထားတာလို့ နားလည်မိတယ်။ ဥပဒေတစ်ခုဆိုတာ ပြဌာန်းအတည်ပြုမယ့်သူတွေက ဘက်စုံထောင့်စုံ အပြန်ပြန်အလှန်လှန် သုံးသပ်ဆွေးနွေးပြီး ပြည်သူအများစုက ထောက်ခံမှ ဖြစ်လာမှာပါ။ ဘုန်းကြီးတွေ တင်ပြတိုင်း တသွေမသိမ်း ဖြစ်လာနိုင်တာ မဟုတ်လို့ ခါးခါးတူးတူး ငြင်းဆန်နေကြတဲ့ အမျိုးသမီးအချို့ကို သိပ်ပြီးစိတ်မပူပန်ဖို့ ပြောချင်ပါတယ်။ ဘုန်းကြီးတွေက ဥပဒေကြမ်းကို တင်ပြခွင့်ရှိသူတွေဆီ တစ်ဆင့်တင်ပြပေးယုံကလွဲပြီး အဲဒီထက်ပိုပြီး လုပ်လို့မရပါဘူး။
အမျိုးသမီးထုရဲ့ ဥာဏ်ရည်၊ အသိတရား၊ အတွေးအခေါ်တွေ မြင့်မားလာဖို့က အဓိကကျပြီး ဒီလိုဥပဒေတွေ ပြဌာန်းဖို့ အဓိက မကျဘူးလို့ မဇင်မာအောင်က ဆွေးနွေးထားတယ်။ အဲဒါဟုတ်ပါတယ်၊ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ လူမဆန်မှုတဲ့ ဖိနှိပ်မှုတွေကြောင့် လူအများစုမှာ အသိဥာဏ်၊ အတွေးအခေါ်၊ ဘာသာရေးနားလည်နိုင်မှုစတဲ့ အသိတရားတွေ အလွန်တရာ နိမ့်ကျလာတဲ့အပြင် ဒီနေ့ဆိုရင် နိုင်ငံခြားရုပ်ရှင်တွေရဲ့ ကောင်းတာတွေထက် မကောင်းတာတွေရဲ့လွှမ်းမိုးမှု၊ သတင်းအချက်အလက်တွေရဲ့ မြန်ဆန်မှုက မျိုးဆက်သစ်လူထုရဲ့ လူမှု၊ ဘာသာအသိတရား တိုးတက်နားလည်နိုင်မှုထက် များစွာကျော်လွန် နေရာယူလာတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အသိတရား အားနည်းနေစဉ် အခိုက်အတံ့ကာလမှာ ဒီလိုမှ ဖေးမ မထိန်းထားလိုက်နိုင်ရင် ရာစုနှစ်ဝက်လောက်မှာ ပြန်ပြီးအဖတ်ဆယ်ဖို့ ဘယ်လိုမှ အချိန်မမီနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ အသိဥာဏ်တွေ အတွေးအခေါ်တွေ ဘယ်လိုပဲ မြင့်နေနေ ပြန်ပြီး ပြုပြင်ဖို့ ဆေးမမီနိုင်တော့ပါဘူး။ ဒါကြောင့် ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ကြမလဲလို့ဘဲ စဉ်းစားသင့်ကြပါတယ်။ ကိုယ့်အမျိုးအနွယ် တည်တံ့ခိုင်မြဲရေးအတွက် စိတ်ဆန္ဒရှိတာခြင်းတူရင် ညှိနှိုင်း အဖြေရှာလို့ ရနိုင်ပါတယ်။ ကိုယ့်အတွေးအခေါ် အယူအဆ လမ်းစဉ်နဲ့မတူတာနဲ့ မတူသူကို ဖယ်ထုတ်ဖို့ ကြိုးစားတာဟာ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ အာဏာရှင်တွေရဲ့ လမ်းစဉ်ဖြစ်တယ်။ ဒီမိုကရေစီရဲ့ ကျင့်ထုံးက ညှိနှိုင်းအဖြေရှာခြင်းပါ။

COBRA said...

ငွေကြေးအရင်းပြု၍ လယ်ယာမြေကို အခြားစီးပွားရေး လုပ်ငန်းအဖြစ် အသွင်ပြောင်း ကိုယ်ကျိုးရှာသူများကို စုံစမ်းဖော်ထုတ် အရေးယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်း က ပြောကြား တာကို
လှိုက်လှဲစွာကြိုဆိုပါတယ် ။
.. လက်တွေ.အလျင်အမြန် အကောင်အထည်ဖေါ်မယ်လို.လည်းမျှော်လင်.ပါတယ် ။