Sunday, April 14, 2013

ဂျပန်ရောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ စပ်လျဉ်းတဲ့ ရှင်းလင်းဖြေကြားချက်များ (အသံ)

မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ စပ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုကျိုက မြန်မာတွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ရှင်းလင်း ဖြေကြားထားတာတွေကို နားဆင်နိုင်ကြပါတယ်။

4 comments:

ှဲKaung said...

ဒေါ်အောင်ဆန်းကြည်ကပြောတယ်။ ကျမက အပြစ်ရှာတာထက် အဖြေရှာတာကို လုပ်တယ်တဲ့။ မှတ်ထားနော် မောင်လွဏ်းဆွေ အပြစ်ရှာတာတွေ့ လျှော့တော့နော်။ အသက်တွေလည်းကြီးနေပြီ။
နိုင်ငံကိုချစ်ရင် နိုင်ငံအတွက် အပြစ်တွေရှာ၊ ပြဿနာတွေပဲ ထိုင်ရှာနေလို့ မပြီးဘူး။ အဖြေရှာရမှာနော်။

Unknown said...

ကိုကောင်းရေ.. ခင်ဗျားလည်းဘာထူးလို့လည်း. ဦလွဏ်းဆွေလည်း သူ့ဟာသူအပြစ်ရှာရှာ ခင်းဗျားက သူ့ Blog မှာလာပြီးအပြစ်ရှာနေတာကော ခင်းဗျားလည်း ဘာထူးလို့လည်း. လူတိုင်းက ကောင်းတာပဲအပြောခံချင်တာမှန်ပါတယ်။ သူတပါးကိုအပြစ်ရှာတာနဲ့အားနဲချက်ထောက်ပြတာ ကွာပါတယ်။ အပြစ်ရှာတယ်ဆိုတာ အခုလို ကျွန်တော်ခင်းကိုထောက်ပြတာ လည်းအပြစ်ရှာတယ်လို့ယူဆရင်လည်းမမှာပါဘူး။ အားနည်းချက်ထောက်ပြတယ်ဆိုတာ အများကောင်းကြိုးကို အ လေးထားပြီး ကိုယ့်လူကြီးရဲ့ အားနည်းချက် ကို ပြန်သုံးသပ်ဖို့ပါ.. လူကြီးလူကောင်းတိုင်းအားနည်းချက်ရှိပါတယ်.. ဒါကို လူတိုင်းက လက်ခံပါတယ်. ဒါပေမဲ့ဝေဖန်ခွင့်တော့ရှိမယ်လို့ ယူဆပါတယ်. အဖြေမရှာခင်လည်း ပြသနာကို အရင်သိရမည်. ကိုယ်လုပ်နိုင်တာမလုပ်နိုင်တာအပ ထား...လူတိုင်းက ကိုယ့်တိုင်းပြည်ကို ချစ်လို့ ကိုယ့်ခေါင်းဆောင်ကို အမျော်အမြင် ရှိရှိအုပ်ချုပ်စေချင်လို့ ဝေဖန်တာတွေပဲရှိပါတယ်. ပုဂိုလ်ရေးကို တိုက်ခိုက်တယ်လို့မယူဆသင့်ပါဘူး။ လူတိုင်းကအပြောနှင့်အလုပ်ကိုက်မှ ကြိုက်တယ်။ ကိုယ်မလုပ်နိုင်တာကိုမပြောဖို့က ပိုအရေးကြီးပါသည်။ ဦးလွဏ်းဆွေက သူ့ blog ကို ခင်ဗျားအတွက်ရော၊ ကျွန်တော့အတွက်ရော ကိုယ့်တိုင်းပြည်အရေးကိုသိဖို့ သူ့တတ်နိုင်သလောက်သတင်းတင်ပေးတာပါ။ သူအမြင် ကို သူတင်ပြတာပါ။ လူတိုင်းက အမြင်မတူဘူးဆိုတာ ခင်းဗျားလည်းသိတာပဲ. အမြင်မတူတိုင်းရန်သူမှတ် အငြိုးထား အပြစ်ရှာကြမယ်ဆိုရင် ဘာအဓိပါယ်ရှိတော့မှာလည်း.. အောင်းဆန်းစုကြည်တော့ အမြင်မတူသူကို dialogue လုပ်အဖြေရှာမယ် ဆိုတဲ့ မူဝါဒကိုအမြဲကိုင်စွဲလို့ သူ အခုထိ နိုင်ငံရေးနယ်ပယ်မှာ အသက်ရှင်နေတာပါ.. ဦးလွဏ်းဆွေ အမြင်မတူတာတင်ပြလာလောက်တော့ ဘာပြသနာမရှိဘူးလို့ယူဆပါတယ်.

Unknown said...

Thang Aung Lay Lay ဆွေးနွေးတာ ကောင်းတယ်..။

a said...

ကျွန်တော်ကအန်တီစုကိုလေးစားချစ်ခင်ပြီးအမြဲဂုဏ်ယူတဲ့သူပါ။အန်တီစုနဲ့တွဲပြီးအဖြေရှာတဲ့သူတွေကပုံမှန်သူလိုကိုယ်လိုသူတွေမဟုတ်ပါဘူး၊တစ်လျှောက်လုံးအများကောင်းကျိုးတိုင်းပြည်ကောင်းကျိုးတစ်ခုမှမလုပ်ခဲ့တဲ့အမှောင်ဖုံးနေတဲ့သူတွေပါ။အဖြေဆိုတာအမှားအမှန်ရှိတာမို့(ပညာရှိသတိဖြစ်ခဲ)ဖြစ်မှာအလွန်စိုးရိမ်ပါတယ်၊အဖြေမှန်ရဖို့အကျိုးကိုရှာတွေးသလိုအပြစ်ကိုလည်းရှာတွေးရမှာပါ။