Tuesday, March 12, 2013

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၃-၂၀၁၃ - ညပိုင်း)

- ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်ဟု ကော်မရှင် အကြံပြု click
- လက်ပံတောင်း အစီရင်ခံစာကို သဘောမတွေ့ကြ click
- စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပေါ် လက်ပံတောင်းအရေး လှုပ်ရှားသူများ ဝေဖန် click
- ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အမြင်သဘောထား click
- ငြိမ်းချမ်းရေးလမ်းလျှောက်တဖွဲ့ မြစ်ကြီးနားမှ ကြိုဆို၊ တဖွဲ့ကို အစိုးရစစ်တပ် တားမြစ်ထား click
- KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည် click
- ကေအိုင်အိုနှင့် အစိုးရ တိုက်ပွဲများ ဆက်လက်လျှော့ချရေး သဘောတူ click
- KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ အစိုးရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိ click
- ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွင့်လှစ်ပေးရန် အဆိုထပ်မံ တင်သွင်းမည် click
- မတရားအသင်း ဥပဒေအပေါ် ဝေဖန်မှုများရှိနေ click
- ပုံနှိပ်ဥပဒေကြမ်း ရုပ်သိမ်းရန် ဝိုင်းဝန်း တောင်းဆို click
- ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရုပ်သိမ်းရန် တောင်းဆို click
- စစ်ဌာနချုပ်က သိမ်းထားသည့် လယ်မြေများကို လယ်သမားများ ပြန်တောင်း (ရုပ်သံ) click
- ဇေကမ္ဘာပိုင် လယ်မြေအတွက် ကိုယ့်မြေကို အတူးခံလိုက်ရတဲ့ လယ်သမားတဦး (ရုပ်သံ) click
- ကျောက်နီမော် ရေလုပ်သားများ ဘင်္ဂလီများရန် ကြောက်နေရ (ရုပ်သံ) click
- မြန်မာ့ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော click
- အမေရိကန်သံအမတ် ဦးဆောင်သော အနောက်နိုင်ငံသံတမန်အဖွဲ့ ရွှေစေတီဆရာတော်နှင့် ရခိုင်အရေး ဆွေးနွေး click
- ဒီချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (ရုပ်သံ) click
- ယုံကြည်ချက် (အက်ဆေး) click
- ကိုဖုန်းမော်အတွက် ဘာလုပ်ပေးကြမလဲ (ဆောင်းပါး) click
- နာဂသည် ချင်းမဟုတ် click
- နာဂတိုင်းရင်းသားများသည် ချင်းမျိုးနွယ်စုတွင် မပါဝင်ဟုဆို click
- နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက် click
- နာဂအရေး ပဋိပက္ခဖြစ်နိုင်ဟုဆို (ရုပ်သံ) click
- နာဂလူမျိုးများ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံသတင်း) click
- ချင်းမျိုးနွယ်စုအဖြစ် သတ်မှတ်ခြင်းကို နာဂလူမျိုးတွေ လက်မခံ (ရုပ်သံ) click
- ပြည်သူက ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူး အတည်ပြုရေး ဆန္ဒပြ click
- တိုင်းရင်းသားဒေသတွင် ကျန်းမာရေးလုပ်ငန်းများ ဆက်လုပ်မည် click
- လိုက်လျောညီထွေသည့် ကျန်းမာရေးစနစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု HCCG ပြော click
- ဝပ်ဆိုင်းမွန်း ဆရာတော်ဈာပန (ရုပ်သံ) click
- ပထမဆုံးအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲ စစ်ရေးလေ့ကျင့်မည် click
- မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်း ဧပြီ ၁ ရက်နေ့ ဖွင့်မည် click
- ဘင်္ဂလာဒေခ်ျ့ အ၀ကျွန်း ငှက်ချေကုန်းဘုရား အလှူခံသေတ္တာ အခိုးခံရ click
- မူဆယ်ကို နိုင်ငံ့ကျက်သရေဆောင် မြို့ပြအဖြစ် အကောင်အထည်ဖော်မည် click
- နိုင်ငံခြားသားများ နေ့စဉ် ငွေထုတ်နိုင်ပြီ click
- တလအတွင်း မူဆယ်ဇုန် ကုန်သွယ်မှု ဒေါ်လာ ၁၈၉ သန်းခန့် ရှိခဲ့ click
- ခဲမဖြူနှင့် အဖြိုက်နက်ကို ပုဂ္ဂလိကနှင့် ဖက်စပ် တူးဖော် ထုတ်လုပ်မည် click
- အနောက်တိုင်း ဆေးဝါးပစ္စည်းထုတ်လုပ်မှုများကို ဖက်စပ်လုပ်ကိုင်ခွင့်ပြု click
- အကောက်အခွန်မဲ့ တင်သွင်းမှု ကျပ်ငွေ ၁ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ click
- ၃ လအတွင်း မာစတာကတ် အကြိမ် ၉,၀၀၀ နီးပါး သုံးစွဲ click
- လှိုင်သာယာ မြန်မာမန်း ကုမ္ပဏီဝင်းအတွင်း မီးလောင် click
- ဘုရင့်နောင်တံတားအနီးတွင် ဆီဘောက်ဆာကားမှတဆင့် မီးလောင်မှုဖြစ်ပွား (ဓာတ်ပုံ) click
- ကျောင်းကြိုကား အတိုက်ခံရ၊ ၄၀ ကျော် ဒဏ်ရာရ၊ ကလေး ၁ ဦး သေဆုံး click
- မဲဆောက်ရှိအထည်ချုပ်စက်ရုံ မြန်မာအလုပ်သမား ၁၈ ဦး ခြိမ်းခြောက်ခံရပြီး အလုပ်မှ ထုတ်ပယ်ခံရ click
- ပြည်ပတက္ကသိုလ်များတွင် လေ့လာသင်ယူနေသော မြန်မာစာ click
- ရခိုင်စာကို ရခိုင်တိုင်းရင်းသားတို့ သင်ခွင့်ရတော့မည် click
- ရခိုင်စာပေ သင်ရိုးညွှန်းတမ်း ပထမအဆင့် အောင်မြင်စွာ ရေးဆွဲပြီးစီး click
- လိင်မှုဆိုင်ရာ အသိပညာပေးရေးနှင့် ဆယ်ကျော်သက် (ဆောင်းပါး) click
- ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓ္ဓမပြုကျင့်ခံရ (ရုပ်သံ) click
- နယူးယော့ခ်မှ ဆရာ၊ အပေါ်ပိုင်းဗလာပုံကြောင့် ကျောင်းထုတ်ခံရ click
- ဒေါ်လာ လေးထောင်ကျော်ဖိုး အွန်လိုင်းမှာ ဂိမ်းကစားတဲ့ ကလေး click

5 comments:

yoo said...

(ကေအိုင်အို နှင့် အစိုးရ တိုက်ပွဲများ
ဆက်လက်လျှော့ချရေး သဘောတူ)

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က
ဦးလမိုင်ဂွမ်ဂျာက...
"အရင်တုန်းကလို
စစ်ရှိန်မြှင့် တိုက်ခိုက်တာမျိုး မဟုတ်ပဲ
ကြိုကြားပေါ့ လေ" တဲ့..။

ကြိုကြား ဆက်တိုက် ကြဖို့ သဘောတူ
လက်မှတ်ရေးထိုးကြတယ်.ဆိုပဲ...။

ဒီတော့ကာ...
လမ်းလျှောက်တဲ့ သူတွေ သတိထားကြပေတော့ပဲ။
သေတာတောင် ရိုးရိုး မသေပဲ...
ခြေတောက် တွေ အသကုန်
ညောင်းညာကိုက်ခဲ ပြီး သကာလ
ကြိုကြား နဲ့  ညားပြီး
သေပွဲ ၀င်သွားရပြန်လေရင်လည်း..
မကိုက် ဘူး..။

ခင်လို့ ပါ..။

Unknown said...

လက်ပံတောင်းတောင် အစီရင်ခံစာမှာ လယ်တီဆရာတော်ဘုရားကြီး ၁နှစ်ကျော် သီတင်းသုံးနေထိုင်သွားတဲ့ နေရာအဆောက်အဦနဲ့ ပတ်သက်ပြီး သုံးသပ်ပြထားတာဟာ အယူအဆ သဘောထား အတော်လွဲနေတယ်လို့မြင်တယ်။
ဦးပိုင်က လက်ပံတောင်းတောင်ကြေးနီမိုင်းတာဝန်ခံ ဗိုလ်မှူးကြီးမြင့်အောင်(ငြိမ်း)ဆိုသူကလည်း ဒီစေတီနဲ့ သိမ်ဟာ လယ်တီဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က တည်ထားတာမဟုတ်လို့ တန်ဖိုးမရှိသယောင် ပြောဆိုသွားတာ ဗွီဒီယိုဖိုင်တစ်ခုမှာ အသေအချာ တွေ့လိုက်ဖူးတယ်။ လက်ပံတောင်းတောင်မှာရှိတဲ့ စေတီနဲ့ သိမ်ကျောင်းတော်ဟာ ဆရာတော်ဘုရားကြီးနေထိုင်သတင်းသုံးသွားတဲ့ နေရာကို ဘာသာရေးအထိမ်းအမှတ်အဖြစ် သတ်မှတ် တည်ထားကိုးကွယ်ခြင်းဖြစ်တယ်။ အဆောက်အဦ စေတီဆိုတာ တည်နေရာကို ဖေါ်ညွှန်းဖို့ တည်ဆောက်ထားတာဖြစ်တယ်။ အရင်တုန်းကပဲတည်တည်၊ နောက်မှပဲဆောက်ဆောက် အဆောက်အဦးတွေဟာ ရှေးခေတ်လက်ရာဖြစ်တယ်၊ နောက်မှဆောက်တယ်ဆိုတာတွေ အငြင်းပွားနေစရာ အကြောင်းကို မရှိပါဘူး။ အဓိက က ဒီနေရာပါတ်ဝန်းကျင်မှာ ဆရာတော်ကြီးနေထိုင်သီတင်းသုံးပြီး တရားကျင့်ကြံ သာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျမ်းစာအုပ်တွေ ရေးသားတော်မူသွားတယ်ဆိုတာကို ဂုဏ်ယူစရာ သမိုင်းဝင်နေရာအဖြစ် သတ်မှတ်တည်ထားခြင်းဖြစ်တယ်။ ဒီတန်ဖိုးကို ဥပေက္ခာပြုပြီး အဆောက်အဦကို ပုံစံမပျက် အခြားသင့်တော်ရာနေရာမှာ ပြန်ဆောက်ပေးသင့်တယ်လို့ အကြံပြုထားတာဟာတာ.. တည်နေရာ သမိုင်းတန်ဖိုးနဲ့ အဆောက်အဦတန်ဖိုးကို ခွဲခြားနားမလည်သလို ဖြစ်နေတယ်။ ဒီအဆောက်အဦတန်ဖိုးထက် အဆ၁၀၀၀မက တန်တဲ့အဆောက်အဦကို လယ်တီဆရာတော်ဘုရားကြီး အမှန်တကယ် သီတင်းမသုံးခဲ့တဲ့ အခြားတစ်နေရာမှာ အစားထိုးပေးတော့ကော ဒါဟာ အဆောက်အဦတန်ဖိုးပဲရှိမယ်၊ တကယ်တန်ဖိုးထားရမယ့် ဘာသာရေးဆိုင်ရာ တည်နေရာ သမိုင်းတန်ဖိုးဟာ သုညပဲ ဖြစ်မှာပါ။ ဒါကို ဘယ်လို အစားထိုးမလဲ။
ဗုဒ္ဓမြတ်စွာဘုရားနေထိုင်သွားလာခဲတဲ့နေရာတွေကို အာသောကမင်းက နှစ်ပေါင်း၁၀၀၀လောက် နောက်ကျပြီးမှ အထိမ်းအမှတ်အဆောက်အဦ အမှတ်အသားတွေ တည်ထားခဲ့တာပါ။ ဒီအဆောက်အဦးတွေရဲ့ တန်ဖိုးဟာ မြတ်စွာဘုရားအမှန်တကယ် သီတင်းသုံးခဲ့တယ်ဆိုတဲ့ တည်နေရာတွေအပေါ်မှာ တည်မှီနေတာပါ။ မြတ်စွာဘုရား အမှန်တကယ် နေထိုင်ခဲ့ရာနေရာ အမှတ်အသားတွေ ဖြစ်တဲ့အတွက် တကမ္ဘာလုံးက တန်ဖိုးထားကြသလို ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း ဂုဏ်ယူစရာဖြစ်ကြရတယ်။ ဒီအဆောက်အဦးတွေကို တခြားမဆီမဆိုင်နေရာမှာ ပုံစံမပျက်ပြန်ပြီး တည်ဆောက်တော့ကော တန်ဖိုးရှိနိုင်ပါ့မလား။ မူလတန်ဖိုးနဲ့ တူညီနိုင်ပါ့မလား။ ရန်ကုန်မှာရှိတဲ့ သမိုင်းဝင်ရွှေတိဂုံဘုရားနဲ့ နေပြည်တော်မှာ ပုံစံတူတည်ထားတဲ့ ဥပါတသန္တိစေတီဟာ ဘယ်လိုမှ ထပ်တူမပြုနိုင်ပါဘူး။ သမိုင်းတန်ဖိုးခြင်းဟာ မိုးနဲ့မြေလို ကွာခြားလွန်းလှပါတယ်။
လက်ပံတောင်းတောင်မှာ တည်ထားတဲ့ စေတီနဲ့ သိမ်ဆိုတာဟာ ဘယ်ခေတ်ဘယ်အချိန်ကပဲ တည်တည် ဒါဟာ တည်နေရာပြအထိန်းအမှတ် အမှတ်အသားတစ်ခုဖြစ်တယ်။ ဒါကို ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။
လက်ပံတောင်းတောင်ကြီး မရှိတော့ရင် ဒီနေရာကို ဘယ်လို ညွှန်းဆိုမလဲ။
အဓိက..ကတော့ ကော်မတီမှာ ပါဝင်ကြသူတွေ ဘာသာရေးတန်ဖိုး၊ သမိုင်းတန်ဖိုးကို ခွဲခြား နားမလည်တာ ထင်ရှားတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး စိတ်စေတနာ သဒ္ဓါတရားမူမမှန်ဘူးလို့ ယူဆတယ်။ တကယ်တော့ ဒီအဆောက်အဦနဲ့ စေတီဟာ အရင်ထဲကရှိတာ၊ နောက်မှတည်တာ အငြင်းပွားနေစရာ မလိုဘူး။ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တယ် ဆိုတာက ခိုင်မာတဲ့ မှတ်တမ်းအထောက်အထား မှတ်တမ်းတွေ အများကြီးရှိတယ်။ အဓိက..က ဆရာတော်ဘုရားကြီး အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ၊ မရှိဆိုတာကိုပဲ ဆုံးဖြတ်ရမှာ၊ အခုတော့ ဒီကိစ္စကို ဘယ်လိုမှ ငြင်းပယ်လို့မရတော့ မဆီမဆိုင် အဆောက်အဦတွေကို ယိုးမယ်ဖွဲ့နေတယ်။ မဆီမဆိုင်နေရာမှာ ပုံစံမပျက် ရွှေ့သင့်တယ်လို့ အကြံပြုထားတယ်။ တော်တော်စိတ်ကုန်တယ်ဗျာ။

Unknown said...

မြန်မာပြည်ကြီး ကြီးပွားတိုးတက်ဖို့က လက်ပံတောင်းတောင်ကြီးကို ဖြိုဖျက်လိုက်မှ ဖြစ်မယ်ဆိုတာ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကိုယ့်အိမ်တိုင်ကို ချွတ်ရောင်းတဲ့ နည်းလမ်းတွေကို တတ်နိုင်သမျှ ရှောင်ရှားရမှာပါ။ ဘယ်နည်းလမ်းမှ မရှိတော့မှ ဒီနည်းလမ်းကို ထုတ်သုံးရမှာပါ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလေယာဉ်လိုင်းလို ဟာမျိုးတွေတောင် ထောင်နိုင်နေကြပါလျှက် တိုင်းပြည်က ကုန်းကောက်စရာမရှိလောက်အောင် မွဲတေနေလို့ ဒီလိုလုပ်ရတာပါလို့ မျက်စိမှိတ်မငြင်းသင့်ပါဘူး။ ပြီးတော့ လက်ပံတောင်းတောင်ဆိုတာ တောကြီးမျက်မဲထဲမှာ တည်ရှိနေတာမဟုတ်ပါဘူုး။ လူနေစိပ်တဲ့ မြို့ပြနဲ့ ထိစပ်နေတဲ့ နေရာမှာ တည်ရှိနေတာပါ။ ထည့်တွက်စဉ်းစားစရာတွေ များစွာရှိပါတယ်။
နောက်တစ်ခုက ဒီတောင်ကြီးကို ဖြိုဖျက်လိုက်လို့ ရမယ့်အကျိုးအမြတ်ဟာ ဘယ်သူတွေအဓိက ကောင်းစားမလဲဆိုတာ သာမန်အသိဥာဏ်ရှိသူတိုင်း အလွယ်တကူ စဉ်းစားနိုင်ပါတယ်။ တကယ်တော့ ရာနှုန်းပြည့် ကိုယ့်နိုင်ငံကပဲ အကျိုးအမြတ်ရှိရှိ ထုတ်ယူနိုင်အောင် နည်းလမ်းပေါင်းစုံ ထုတ်သုံးပြီး ကြံဆသင့်တာပါ။ နည်းပညာနဲ့ အဆက်အသွယ် မရှိသေးရင် ရှိလာမယ့် တစ်နေ့ကို စောင့်ရမှာပါ။ တကယ်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လူတစ်စုက ကိုယ့်နိုင်ငံရဲ့ အရင်းအမြစ် ဒီလုပ်ငန်းကြီး တစ်ခုလုံးကို တိုင်းပြည် မျက်နှာကို မထောက်ပဲ သူတို့အကျိုးအမြတ်တစ်ခုတည်းအတွက် တရုတ်လက်ထဲ ထိုးထည့်လိုက်တာပါ။ ဒီတစ်ခုထဲမဟုတ်ပါဘူး။ အများကြီးပါ။ ကိုယ့်မှာ နည်းပညာနဲ့ အဆက်အသွယ်မရှိလို့၊ တိုင်းပြည် ဆင်းရဲလို့ ဆိုတာတွေဟာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မဟုတ်ပါဘူး။ စင်ကာပူဟာ ဘာသယံဇာတမှ မထွက်ပဲ ချမ်းသာနေတာ အနီးစပ်ဆုံး မြင်ကြည့်လို့ရပါတယ်။ ဒီနေရာမှာ အကျိုးအမြတ်ကို ဦးပိုင်ကရတာ အစိုးရကရတာ ဒါတွေမပြောလိုတော့ဘူး။ ဘယ်တော့မှ ပြန်လည် အစားထိုးလို့ မရနိုင်တဲ့ ကိုယ့်နိုင်ငံရဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို မိမိတို့ဖက်က ရာနှုန်းပြည့်အကျိုးအမြတ်မရပဲ အရာရာကို ထိုးကျွေးလိုက်ပြီး ကိုယ့်ဖက်က အရိုးအရင်းကိုက်ရတာကို များလှပြီဆိုပြီး ကျေနပ်နေတဲ့ နည်းလမ်းတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါပြီ။ ဖြစ်ချင်စိတ်ရှိရင် ကိုယ့်လက်ထဲမှာ နည်းပညာနဲ့ အဆက်အသွယ်တွေ အခိုင်အမာ ရှိလာတဲ့တစ်နေ့ဟာ မလွဲမသွေ ရောက်ရှိလာမှာပါပဲ။
ပြီးတော့ တရုတ်နဲ့ အကျိုးအမြတ်ကို ခွဲဝေရာမှာ ခိုင်ကြေးဆိုတာကို သဘောမပေါက်ဖူး။ အဲဒီခိုင်ကြေးဆိုတာကို သိပ်နားမလည်ပေမယ့် ရိုးသားမှု မရှိသလို၊ မလှိမ့်တပတ် လုပ်သလိုခံစားရတယ်။
မြန်မာ့မြေပေါ်မှာ နေထိုင်ကြမယ့် မိမိတို့ရဲ့ နောင်လာမယ့် မျိုးဆက်များစွာအတွက်ကိုလည်း မဖြစ်မနေ ထည့်တွက်စဉ်းစားပေးရမှာပါ။ တဒင်္ဂကောင်းစားရေးပဲ ကြည့်ခဲ့တာတွေ များလှပါပြီ။
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တယ်ဆို သေနတ်ကိုင်ပြီး စစ်တိုက်နေမှ မဟုတ်ပါဘူး။ မိမိနိုင်ငံအပေါ် စီးပွားရေးအကြောင်းပြနယ်ချဲ့တာ၊ မိမိမြေပေါ်မှာ လူသားချင်းစာနာ ထောက်ထားမှုမရှိပဲ ကိုယ်ကျိုးတစ်ခုပဲကြည့်ပြီး အနိုင်ကျင့်အမြတ်ထုတ်တာတွေကို ဆန့်ကျင်နေတာဟာလည်း နိုင်ငံတော်အပေါ် ကာကွယ်စောင့်ရှောက်ခြင်း လို့ဆိုနိုင်ပါတယ်။
တကယ်တော့ မိမိလူမျိုးနဲ့တိုင်းပြည် အစစ်အမှန်ကောင်းစားဖို့ဆိုရင် မြန်မာလူမျိုးတွေဟာ ကိုယ်ကျိုးကို မငဲ့ကွက်ပဲ အနစ်နာခံ ပေးဆပ်ဖို့ ၀န်မလေးကြပါဘူး။
သေချာတာက မဖြစ်မနေ လုပ်မယ်ဆိုရင်တောင်မှ လက်ပံတောင်းတောင်ကို တရုတ်နဲ့ အကျိုးတူမလုပ်ပဲ၊ တစ်စုတစ်ဖွဲ့ အကျိုးအမြတ်အတွက်မဟုတ်ဘဲ နိုင်ငံတော်အစိုးရကပဲ ရာနှုန်းပြည့်လုပ်ကိုင်မယ် အကျိုးအမြတ်ကိုလည်း တိုင်းပြည်နဲ့လူမျိုးအတွက် ပွင့်လင်းမြင်သာစွာ ရာနှုန်းပြည့်သုံးစွဲမယ်လို့ စီစဉ်လိုက်နိုင်ရင် ဒီပြဿနာက အဖြေထွက်လာမှာပါ။

COBRA said...

ဒီပဋိပက္ခ ဟာ စစ်အာဏာရှင် (ယနေ.တိုင်ရှိဆဲ) ယန္တရား
ကြီး ရဲ.လက်ဝါးကြီးအုပ် အနိုင်ကျင်.မှုများထဲက တစ်ခု
ကို မြန်မာနိုင်ငံ အရပ်ဒေသတစ်ခုက ပြည်သူတစ်စုရဲ.
အာခံဆန်.ကျင်မှု ဖြစ်ပါတယ် ၊ အင်အားချိန်ခွင်၇ှာကတော.
အများသိကြတဲ.အတိုင်းပါ ၊
အမှန်ကို မပြောဝင်.၊ မဝေဖန်ဝင်.ကြသူတွေလည်းအတော်၇ှိ
နေကြတာပါ ၊
ဒီ အချိန်မှာ မြန်မာနိုင်ငံ အရပ်ဒေသလေးတစ်ခုက ကိစ္စဘဲ ပြည်သူတွေက
ငါတို.နဲ.မဆိုင်ဘူး ဆို၇င် မြန်မာနိုင်ငံ ပြည်သူတွေနဲ.
သားစဉ်မြေးဆက် တွေဟာ (အချိန်ကာလတစ်ခုအထိ)
စစ်ကျွန်ဘ၀ ဆက်နေကြရအုံးမှာပါ ။ ။ ။
အားလုံးနဲ.ဆိုင်တဲ.ကိစ္စ ပါ ။

kyawthusukyi said...

ထည့်သွင်းစဉ်းစားသင့်တဲ့ ဆွေးနွေးမှုပဲ