Friday, February 8, 2013

နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့သည့် ရလဒ်သာ ဖြစ်သင့်

စောဇင်ညီ ၊ ကြာသပတေးနေ့၊ ဖေဖော်ဝါရီလ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအား အစိုးရအဖွဲ့မှ ဖွဲ့စည်းခြင်း၏ ရလဒ်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိတော့ခြင်းသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “နိုင်ငံရေးကို ယုံကြည်ချက်နဲ့ လုပ်နေတဲ့သူက နိုင်ငံရေးသမားပေါ့။ မှတ်ပုံတင်တယ် မတင်ဘူး မရှိဘူး။ ဒါက ဥပဒေထဲမှာပဲ ရှိတယ်။ အဲဒီကော်မတီက နိုင်ငံရေးသမားအားလုံး လွတ်အောင် ဆောင်ရွက်နိုင်ရင် အကျိုးရှိတာပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရာတွင်လည်း နိုင်ငံရေးဥပဒေများဖြင့် အရေးယူခံရကာ အကျဉ်းထောင်များအတွင်းသို့ ရောက်ရှိလာသူတိုင်း နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်သင့်ကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။

အကျဉ်းဦးစီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများတွင် စာရင်းကောက်ယူခြင်း နည်းလမ်းသည် နိုင်ငံရေးအကျဉ်းသားများကို စိစစ်ရန် အလွယ်ကူဆုံး နည်းလမ်းဖစ်သည်ဟု ၈၈ မျိုးဆက်သစ်ဖကျာင်းသားများအဖွဲ့မှ ကိုချစ်ကိုလင်းက မဇ္ဈိမကို ပြောသည်။

“ဒီကော်မတီအနေနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်သင့်တယ်” ဟု ၎င်းက အကြံပြုခဲ့သည်။

ထို့အပြင် နိုင်ငံရေးသမားဟု ပြောဆိုရာတွင် နိုင်ငံရေးအကျဉ်းသား နှစ်မျိုးရှိကြောင်း တော်လှန်ရေးပြုလုပ်၍ အကျဉ်းထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ရောက်နေသူများနှင့် လမ်းပေါ်ထွက်ကာ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သဖြင့် ထောင်ထဲရောက်နေသူများဖြစ်ကြောင်း ကိုချစ်ကိုလင်းမှ ဆက်လက်ပြောဆိုသည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်၍ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၆ ရက်နေ့တွင် ညွှန်ကြားခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရများလက်ထက်တွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း ငြင်းဆိုခဲ့ကာ ယခု အစိုးရလက်ထက်တွင် တရားဝင် နိုင်ငံရေးအကျဉ်းသားပာု သုံးနှုန်းကာ စိစစ်မှု ပြုလုပ်မည့် ကော်မတီတရပ်အား ပထမဆုံး ဖွဲ့စည်းခြင်းဖြစ်သည်။

ယခုလက်ရှိ အကျဉ်ထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ၂၀၀ နီးပါရှိကြောင်း အကြောင်းအရာ ၃ မျိုးခွဲ၍ နိုင်ငံရေးအကျဉ်းသားအဖြစ် အရေးယူခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားပောာင်းများအဖွဲ့ နိုင်ကျဉ်းရေးရာ ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

၎င်းက “နိုင်ငံရေးသမား နိုင်ငံရေးလုပ်တယ်။ အဲဒီအတွက် နိုင်ငံရေးသမားဆိုပြီး ထောင်ချတယ် အဲဒါတခု။ နိုင်ငံရေးသမား နိုင်ငံရေးလုပ်တယ်၊ အဲဒါကို နိုင်ငံတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး ထောင်ချတယ် အဲဒါတခု။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ရင် သတင်းပေးသူ နိုင်ငံရေးသမားဆိုပြီး မတော်မတရား ထောင်ချတယ်” ဟု ပြောသည်။

3 comments:

Watcher said...

သြော်...ဆြရာကြီး ဦးညံဝင်းရယ်... ပြောမှပြော တက်ပလေရယ်....
အစိုးရကို အတိုက်အခံလုပ်..အစိုးရက ပြဌန်းထား တဲ့ ဥပဒေတွေကို ဆန့်ကျင်ရုံနဲ့ နိုင်ငံရေးသမားဖြစ်ရောလား???
ဆြရာကြီး ဦးညံဝင်းရယ်... လှိုင်သာယာက မြေကွက်တွေပေါ် ကျူးကျော်ပြီး တဲထိုး.. စည်ပင်က ဖယ်ခိုင်းတော့ ၀န်ထမ်းတွေကို လိုက်ရိုက်... သူတို့လိုလူတွေကို အစိုးရက ဖမ်းရင် နိုင်ငံရေး အကျဉ်းသား စားရင်းဝင်သွား ရောလား... မသိလို့ပြောပြပါ....

ခွင့်ပြုချက်တောင်းခံချင်းမရှိဘဲ.. လမ်းလျှောက်ဆန္ဒပြ..အော်ချင်တိုင်အော်နေတာ ကကော... ဘယ်လို ဥပဒေတွေနဲ့ အရေးယူမလဲ.... ဆြရာကြီးသာ သမ္မတရာထူး ခဏ ရထားမယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ သိချင်လို့ပါ....

Ko Min said...

အဲ့ဒိလိုဆိုရင် ဦးသန်းရွှေတို့ ဦးခင်ညွန့်တို့.... နဲ့ တို့ပေါင်းများစွာသောသူတွေကိုနောင်အစိုးရ လက်ထက် မှာနိုင်ငံရေး အကျဉ်းသားလို့ ပြောနေကြဦးမယ်နော်....

Ko Min said...

Hay.. by the way I'm Not စစ်ခွေး....