Wednesday, January 23, 2013

အစိုးရထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်

အစိုးရထုတ်ပြန်ချက်မှာ တဖက်သတ် ဝါဒဖြန့်ခြင်းသာဖြစ်ဟု UNFC ဝေဖန်
ကွန်းချမ်း၊ တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၁၉ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) နှင့် ပတ်သက်သည့် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် တဖက်သတ် ဝါဒဖြန့်ချိရေးလုပ်ရပ်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

“အစိုးရတပ်တွေက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်တယ်။ အဲဒါတွေက တလုံးမှမပြောဘူး။ KIO/KIA တပ်တွေက တံတားချိုးတာ၊ လမ်းဖျက်တာ၊ လုယက်တာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာ အဲဒီကို လျှောက်ပြောတာကိုး။ ဒါတွေက လူထုတွေ မုန်းတီးအောင် မျက်စိလည်အောင် လုပ်တာပဲ။ အဲဒါက တဖက်ကို အပြစ်တင်ပြီးတော့ သူတို့တိုက်တာက မှန်တယ်ဆိုတာ ထောက်ပြချင်တာ။ ဒါတွေဟာ နာဇီဝါဒပဲ” ဟု UNFC ဒု-ဥက္ကဋ္ဌ၊ လူထုဆက်ဆံရေးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် စောဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည့် “မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက်ထိုးစစ်ဆင်ခြင်း တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတားဖောက်ခွဲဖျက်ဆီးမှု ၁၂၂ ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း ၆၄ ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း ၃၀ ကြိမ်၊ လုယက်ဖျက်ဆီးခြင်း ၆၀ ကြိမ်၊ လူသစ်စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း ၂၈ ကြိမ် ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း ၁၀၉၅ ကြိမ် ဖြစ်ပွားခဲ့ကာ အရာရှိစစ်သည်အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်” ဟူသည်ကို UNFC က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်သည်ဟု စောဒေးဗစ်သာကပေါက ဆိုသည်။

ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ကလည်း အဆိုပါ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးကို ရှေးရှုသည့်လုပ်ရပ် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

“ဒီထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုတဲ့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်စပ်ပြီးတော့ လွှမ်းခြုံနိုင်တဲ့၊ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တဲ့ သဘောထားမျိုးလို့ ကျနော်တို့ လက်ခံလို့ မရဘူး။ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ report တွေ၊ ဖြစ်စဉ်လောက်ကိုပဲ ထုတ်ပြန်တဲ့ သဘောထားလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NCUB တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိန်းက ဆိုသည်။

သတင်းထုတ်ပြန်ချက်သည် ကချင်ဒေသတခုလုံးကို အပစ်အခတ်ရပ်စဲခြင်း မဟုတ်ဘဲ လဂျားယန်ဒေသတခုကိုသာ အပစ်ရပ်သဘောသက်ရောက်ကြောင်းလည်း UNFC နှင့် NCUB တို့က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ လဂျားယန်ဒေသတွင်မကဘဲ ကချင်ဒေသတခုလုံး စစ်ဆင်ရေးများ လျှော့ချရန် လိုလားကာ အစိုးရကြေညာချက်မှ အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားပြီး အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကောမတီနှင့် ဆွေးနွေးပွဲများကိုမူ KIO နှင့် ဆွေးနွေးမည့်အစား UNFC နှင့်သာ ဆွေးနွေးသင့်ကြောင်း ကြေညာထားသည်။

လက်ရှိအစိုးရ၏ လုပ်ရပ်မှာ လွန်ခဲ့သည့် ၁၈ နှစ်ခန့်က ကရင်အမျိုးသားအစည်းအရုံး (KNU) အား အထီးကျန်အောင် လုပ်ဆောင်သကဲ့သို့ KIO/KIA အား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု UNFC က ထောက်ပြပြောဆိုသည်။

“အဲဒီတုန်း (၁၉၉၄ ခုနှစ်ဝန်းကျင်) က မြောက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ KIO တို့၊ ကရင်နီတို့ကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးသွားတယ်။ နောက်ဆုံး (၁၉၉၅ ခုနှစ်)မှာ မွန် (NMSP) လည်း လက်မှတ်ထိုးလိုက်တယ်။ KNU တဖွဲ့ပဲ ကျန်ခဲ့တယ်လေ။ KNU ကို အထီးကျန်အောင် အစိုးရက လုပ်ခဲ့တယ်။ အခုလည်း ဒီဘက်မှာ လွယ်လွယ်နဲ့ လက်မှတ်ထိုးလိုက်ကြတာပဲ။ စီးပွားရေးတွေ ဘာညာ မက်လုံးပေးပြီး လက်မှတ်ထိုးကြတာပေါ့ဗျာ။ ကချင်ကျတော့ အထီးကျန်တဲ့သဘောဖြစ်နေတယ်။ ဒါ သူတို့ (အစိုးရ) ရဲ့ သေနင်္ဂဗျူဟာလို့ ကျနော်တို့ ယူဆတယ်” ဟု ဗဒိုစောဒေးဗစ်သာကပေါက သုံးသပ်သည်။

KIO/KIA အပေါ် အစိုးရတပ်၏ ထိုးစစ်ဆင်မှု မရပ်မချင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်သွားမည်မဟုတ်ကြောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် UNFC က သဘောထားထုတ်ပြန်ထားသည်။

16 comments:

Shancherry said...

ငြိမ်းချမ်းရေးမလုပ်ချင်လည်းနေပေါ့ကွာ. အစိုးရကလည်းစောက်ဂရုမစိုက်ပါဘူး

chai said...

ချယ် ရီချာပီး မင်းအစိုးရကိုလဲ ငါတို့ကဂရုမစိုက်ဘူးဟေ့

Unknown said...

တိုင်ပြည် တိုးတက်စေခြင် ရင်တော့ငြမ်းခြမ်းမှရမယ် လက်နက်ကိုင် ဆိုတာလဲ တဖွဲ့ဘဲရှိရ မယ်ဒီတော့ ဘာလုပ်မလဲ တိုက်မလား ညိမ်းခြမ်း ရေးယူမလား လက်နက်ခြမလား ပါစပ်က ပြေားနေတဲ့ ပြည်သူတွေညိမ်းခြမ်း တိုးတက်စေချင် တယ်ဆိုရင်တော့အခုဘဲဆုံးဖြတ်လိုက်ပါ

aristhteinwin said...

တကယ်တော့ အစိုး၇မှာ အပြစ်မရှိပါဘူး-မယုံရတဲ့ အစိုးရ ကို ယုံကြည်တဲ့သူမှာသာ အပြစ်ရှိတာ- အစိုးရက မြဲလိမ်နေတာဘဲလေ-
ငြိမ်းချမ်းရေးစကားပြောမယ်ဆိုရင်
ဘက်ပေါင်းစုံမှ အသေးစိတ် လေ့လာပြီး ချည်မိတုတ်မိအောင် လုပ်ထားပြီးမှ
ငြိမ်းချမ်းရေးစကားပြောသင့်တယ်။
အဖွဲ့ ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီးမှ ကျမ်းကျိန်တဲ့ စာသားကို သတိမပြုမိတာလား-သတိပြုမိပါလျှက် ဝေ့လည်လည်လုပ်တာလား မသိပါ- ၂၀၁၀ အောက် ခေါင်းငုံ့  ၀င်ခဲ့ရတယ်။

ကျော်လော said...

''စစ်ပွဲများ ဖြစ်ပွားလာပါက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ရခြင်းသည် စစ်ပွဲ၏ သဘောတရားသာဖြစ်သည်ဟု'' ဒါကြောင့် အစိုးရ က လေကြောင်းက တိုက်တာကိုး

Uncle Chan's အမလ said...


မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု စနစ်ကို အမေရိကန်ပြည်ထောင်စုနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ အမေရိကန်ပြည်တွင်းစစ်က မြောက်နဲ့တောင် သဘောထားခြင်းမတိုက်ဆိုင်လို့ အသေအကျေတိုက်ခဲ့ရပြီး နောက်ပိုင်း အခြေခံဥပဒေရေးဆွဲပြီးလို့ အမေရိကန်ပြည်ထောင်စုအဖြစ်ကြေညာနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘာပြသနာမှမရှိခဲ့ဘူး အဲဒါဘာလို့လဲဆိုရင် တောင်နဲ့ျြေမာက်ဟာ ဘာသာရေးယုံကြည်ချက်တူညီသလို လူမျိုးလဲတူလို့ပဲဖြစ်တယ်။ မြန်မာနိုင်ငံကတိုင်းရင်းသားတေါနဲ့ ဗမာတို့ ဟာ ပြည်ထောင်စုတခုအဖြစ် ပုံဖော်လို့ အတူတကွ နေချင်တယ်ဆိုရင်တော့ အမေရိကန်ပြည်တွင်းစစ်လို့ လက်နက်အင်အားနဲ့ တိုက်ယူပြီး နိုင်ငံတည်ထောင်လို့မရပါ။ မတူညီတာတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တခုတည်းသော ငြိမ်းချမ်းခြင်းနဲ့ အတူတကွနေထိုင်နိုင်တဲ့ ပြည်ထောင်စုစနစ်ကို ပုံဖော်နိုင်တဲ့ ဖော်မြူလာကတော့ ပင်လုံစာချုပ်နဲ့ ဖက်ဒရယ်ပဲ ။ ဒီအချက်တွေကို လျစ်လျှူရှုထားမယ်ဆိုလျင် ဘယ်သောအခါမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်တူတကွ နေထိုင်လို့မရနိုင်ပါ။

Unknown said...

KIA ကဘာကောင်းလဲ။ ပြုတ်သွားအေးတာပဲ။ နအဖလက်ထက်တုန်းက အကိုကြီး ညီလေးနဲ့ ပေါင်းစားလို့ရတုန်းကတော့ ငြိမ်နေတာပဲ။ သမိုင်းကို ဖျောက်လို့ရမယ်ထင်နေတယ်။ ရွှေဝါရောင်လဲမသိ။ ဒေါ်အောင်ဆန်းစုကြည်လည်း မသိတဲ့ဟာတွေပဲ။ လက်နက်ကိုင်ချင်းတိုက်နေတာပဲ။ ယောကျာ်းတွေမဟုတ်တာကျနေတာပဲ။ ဟိုအော်ဒီအော်နဲ့။ ဂန်ဒူးကျင့် သူတောင်းစားကျင့်က မပျောက်ဘူး။

လက်နဲ့မဲ့ခံခဲ့ရတဲ့ ဘုန်းကြီးတွေတောင် ဘာမှပြောမနေဘူး။ ဂန်ဒူးတွေ။ ခုလဲ comment ကို ချက်နဲ့လက်နဲ့ပြန်မပြောရဲဘူး။ ဂန်ဒူးလိုပဲ။ ဖျက်ဖျက်ပစ်တယ်။

Unknown said...

ဟေ့ကောင်လွန်ဆွေ။ မင်းကဒေါက်တာဆို သေချာပြန်ရှင်းပါလား။ ဂန်ဒူးလား။ အာဝါဒါး။ မင်းသေချာရှင်းနိုင်ရင် ငါပြန်ရုပ်သိမ်းပေးမယ်။

Thu said...

KIO wants sepration only shown by their logo of fragmented Myanmar map.
They overestimate own power constructed during cease fire time since 1993.
If they love true Peace for sake of people, it should honestly attend Peace Talk.

Unknown said...

Tq UNFC...Please be showed that we kachin karen karenni mon shan and our 88 students are all the time struggling for getting HUMANRIGHT.Every human being wants PEACE and LIVE.Burmese goverment creat crooked ideas..release untrue news..rewrite and teach to generations not true history..cover and close people's brain ,eyes.Killed and still killing who has open eyes...

ညီသန့်ရှင်း said...



world Saver ဆိုတဲ့ နွား မင်းတောင် ရွှေဝါရောင်တုန်းက ဘုန်းကြီးတွေကို ကိုယ်တိုင် ရိုက်သတ်ခဲ့တဲ့ စစ်ခွေးမဟုတ်လား။
မင်းကမှ ဂန်ဒူး ခွက်ပြောက် လေသံနဲ့ ဆရာလာလုပ်နေတာ ။ ကို့ဟာကို ခြောက်နေရင်လဲ အခြောက်လိုနေပါကွာ ဒီလိုနိုင်ငံရေးတွေ လာပြီး မပတ်သက်နေပါနဲ့။ မင်းနဲ့လဲမဆိုင်ဘူး။
နအဖ ခေတ်က မင်းလဲသူတောင်းစားလိုတောင်းစားခဲ့ပြီးတော့များကွာ သူတောင်းစား တန်ရာတန်ရာမပြောဘူး။ အခုမှ တောင်းစားလို့မရလို့ စောက်ခြောက်ကြီးလို့ လူတကာလိုက်ဆဲနေတာပေါ့ ဟုတ်လာ နွားမျိုးရ။

drmyochit said...

UNFC ရေ ကေအိုင်အေတွေ ဘာတွေလုပ်လုပ် ဘာမှမပြော ရဘူး မဝေဖန်ရဘူး လို့ဆိုလိုချင်တာလား။ ခင်ဗျားတို့က တစ်ဖွဲ့တည်းပဲထင်ပါတယ်။ ခင်ဗျား အမေတွေ၊ ညီမတွေ ၊ ခင်ဗျားဆွေမျိုးတွေ အဲဒီလို မုဒိန်းကျင့်ခံရမှ ဘယ်လိုခံစားရမလဲ။ ခင်ဗျားတို့က ငြိမ်းချမ်းရေးမှ မလိုလား တာဗျာ၊ ခင်ဗျားတို့က ရန်ပဲတိုက်ပေးနေမှာပေါ့

မောင်ပြောချင် said...

"စီးပွါးရေးတွေဘာညာမက်လုံးပေးပြီးလက်မှတ် ထိုးကြတာပေါ့ဗျာ။လွယ်လွယ်နဲ့လက်မှတ်ထိုးလိုက်ကြတာပဲ။"
ဟေ့ကောင်ဒေးဗစ်တာက ပေါ် ၊ငြိမ်းချမ်းရေးလာလုပ်တဲ့KNU တဖွဲ့လုံးရဲ့ဦးတည်ချက် သဘောထား ရပ်တည်ချက်တွေကို အဲဒီလိုပြောဆိုပြီးစော်ကားလိုက်တာပဲ။လွယ်လွယ်လုပ်လားမလုပ်လားဆိုတာကိုအဆင့်ဆင့်တ ဖြေးဖြေးချင်းလုပ်သွားတာကြည့်ရင်သိနိုင်တယ်။မေးတဲ့လူရှိရင်ပြောချင်တာပြောလို့ရပြီထင်ပြီးတစ်မျိုးသားလုံးကိုငပေါတွေဆိုတဲ့ပုံစံနဲ့မပြောဆိုနဲ့။မင်းတို့တွေလည်းအာဏာတွေလုပ်ပိုင်ခွင့်တွေလုနေပြီး တစ်ယောက်ကဒီလိုလုပ်ရင်တစ်နေရာမှာငါကဟိုလိုပြော မယ်ဆိုတဲ့အချိုးမျိုးမချိုးကြနဲ့။တော်လှန်ရေးကို ကရင့်သွေးအများကြီးတွေနဲ့စတေးခဲ့ရတယ်။မင်းတို့ချွေးတစ်စက်မထွက်တိုင်းကရင့်တော်လှန်ရေးအ တွက်အသက်စတေးခဲ့ကြတဲ့ကရင့်ရဲဘော်တွေရဲ့သွေးတွေနဲ့မင်းတို့ဘဝကိုလိုသလိုမတည်ဆောက်ကြနဲ့။အဲဒီသွေးတွေအားလုံးက ကရင်တစ်မျိုးသားလုံးနဲ့ဆိုင်တယ်ကွ။ နောက် မန်းရှာလဖန်ကိုသတ်တဲ့လူတွေကိုဖော်ထုတ်ပေးပါ။ကရင်အများစုကအမှန်တရားကိုချစ်မြတ်နိုးတယ်။အကောင်းဆုံးလူမျိုး။ဧည့်ဝတ်ကျေပွန်တယ်။မင်းတို့ရဲ့အကောင်းဆုံးများကိုငါချစ်မြတ်နိုးတယ်။

Unknown said...

DVB News : ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင်ကောင်း မယ်လို့ ဇန်ဝါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီက ဆွေး နွေးသွားခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရ ရှိ မယ့် ခိုင်မာတဲ့အခြေခံမူများချမှတ်ပေးရေးအဆိုကို ကိုယ်စားလှယ် ၁၆ဦးက ၀ိုင်းဆွေးနွေးခဲ့ကြရာမှာ မ ကွေးတိုင်း အမှတ်၁၂ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့ တာ ပါ။ ဦးလှဆွေဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှုးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလဲ ဖြစ်ပါ တယ်။ ဦးလှဆွေကို ဒီဗွီဘီ သတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။https://soundcloud.com/#dvbradio/ksa-u-hla-swe-view-25012013

ကိုသစ္စာ mdy said...

ဟိုဘက်လဲမပါ ဒီဘက်လဲမလိုက် ခြုံငုံ သုံးသပ်ပြီး ဖြစ်သင့် ဖြစ်ထိုက်သည်များကို နည်းဟန် ကျကျ စုံစုံလင်လင် တင်ပြ ဆွေးနွေးခြင်းအား အထူး သဘောကျမိပါသည် လေးစားလျက့် မောင်သစ္စာ

ကိုသစ္စာ mdy said...

UNFC + KIO/KIA တို့၏သဘောထား အပစ်မရပ်လျှင် မဆွေးနွေးလို အစိုးရ၏ သဘောထား မဆွေးနွေးလျှင် အပစ်မရပ်လို ဒီလိုဆိုရင် ဘယ်လိုလုပ်ရမလဲ မိတ်ဆွေများ ခင်ဗျာ့း