Thursday, January 31, 2013

လယ်သမားတွေ အကြွေးကျေအောင် ထမင်းလျှော့စားဖို့ ဝန်ကြီး ဦးမြင့်လှိုင် တိုက်တွန်း

လယ်သမားတွေ အကြွေးကျေအောင် ထမင်းလျှော့စားဖို့ ဝန်ကြီး ဦးမြင့်လှိုင် တိုက်တွန်း
မအေးအေးမာ (VOA)၊ 30.01.2013

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်းမှာ လယ်သမားတွေကို ခြိုးခြံချွေတာဖို့ တိုက်တွန်းတဲ့ မှတ်ချက်အပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ခြိုးခြံချွေတာရေးအတွက် ထမင်းလျှော့စားပါလို့ ဝန်ကြီးက ပြောခဲ့တာကြောင့် အခုလို မကျေမနပ် ဖြစ်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အခြေခံ တောင်သူလယ်သမားတွေ၊ ဝင်ငွေနည်း လူနေမှုဘဝ တိုးတက်မြင့်မားစေဖို့ တိကျတဲ့ ရည်မှန်းချက်တွေထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်ဆိုပြီး လယ်ယာနဲ့ စိုက်ပျိုးရေး၊ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်နဲ့အဖွဲ့က ပြောခဲ့ပါတယ်။

ဦးမြင့်လှိုင်နဲ့အဖွဲ့ဟာ လယ်သမားတွေရဲ့ အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ရာမှာတော့ ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ လယ်ယာကဏ္ဍတွေမှာ အကူအညီပေးမယ့် လုပ်ငန်းတွေကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချိန်မှာ အကြွေးတင်ပြီး အဆင်မပြေဖြစ်နေတဲ့ လယ်သမားတွေကို လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က အခုလို ပြောသွားပါတယ်။

“ကြွေးတင်တာကို ဆပ်လို့ရအောင် ထမင်းတစ်နပ် လျှော့စားပေါ့။ တလပြည့်လို့ရှိရင် ငါ ဘယ်လောက် ဆပ်နိုင်မလဲ၊ ခြောက်လဆိုရင် ဘယ်လောက်ဆပ်နိုင်မလဲ၊ ငါနဲ့ ငါ့မိသားစုတွေလည်း တစ်နပ်လျှော့စားမယ်၊ ဒီလိုစိတ်ဓာတ်မျိုး ဥပုသ်စောင့်တဲ့သဘောမျိုးပေါ့ဗျာ။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပေါ့။၊ ငါတို့ ဥပုသ်စောင့်နေတယ်၊ ဒီလိုစိတ်ဓာတ်နဲ့လုပ်လိုက်ရင် အကြွေးကျေသွားမှာပေါ့။ ရလာပါလိမ့်မယ်ကွာ၊ ရလာပါလိမ့်မယ်ကွာနဲ့ နေရင် မရရင် ကြွေးမကျေဘူး၊ အကြွေးမကျေရင် သံသရာထဲက လွတ်မှာ မဟုတ်ဘူး။ နောင်ဘဝကျရင် ကျွန်ပြန်ဖြစ်လိမ့်မယ်။”


လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်အနေနဲ့ အကြွေးတင်နေတဲ့ လယ်သမားတွေကို ထမင်းတနပ်ပဲ လျှော့စားပါဆိုတဲ့ ဖြေရှင်းနည်းထက် လယ်သမားတွေရဲ့ လက်ရှိဖြစ်နေရတဲ့ အခက်အခဲတွေကို နားလည်စာနာပြီး ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူ ဦးဌေးက ပြောပါတယ်။

“လယ်သမားအများစုဟာ ဒီနှစ်ကာလမှာ အတိဒုက္ခရောက်နေကြရပါတယ်။ လယ်ယာမြေ အများစုဟာ ခရိုနီတွေ အပါအဝင် တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့တို့၊ ဌာနဆိုင်ရာတို့၊ ကုမ္ပဏီတို့ သိမ်းပိုက်မှုကြောင့် လယ်မြေလက်လွှတ် ဆုံးရှုံးရတာတွေလည်း တော်တော်များပါတယ်။ တဘက်ကလည်း မြို့မြေတွေ၊ ရွာမြေတွေ တိုးချဲ့တယ်ဆိုရင်လည်း လက်လွှတ် ဆုံးရှုံးရတာတွေ လည်း များပါတယ်။ သီးနှံဈေးနှုန်းတွေက ကျဆင်းပါတယ်။ လယ်သမားတွေ အဓိက အားထားရ တဲ့ ထွက်ကုန်ဖြစ်တဲ့ စပါးဈေးနှုန်းတွေက အတော်ကျဆင်းနေပါတယ်။ ဝယ်ယူရတဲ့ ဓာတ်မြေသြဇာတို့၊ ပိုးသတ်ဆေးတို့အပါအဝင် ဒီဇယ်ဆီတို့၊ ကျွဲနွားစရိတ်တွေ ဈေးတွေက အကုန်လုံး တက်နေပါတယ်။ အတော် အတိဒုက္ခရောက်ပါတယ်။

နိုင်ငံတော်ကနေ ချေးမယ်ဆိုတာကလည်း လယ်သမားတွေမှာ အပြည့်အဝ မရကြပါဘူး။ အပြည့်အဝ မရတဲ့အခါမှာ အပြင်ကနေ ယူတဲ့အခါမှာ အတိုးက အနည်းဆုံး လစဉ် ၅ % အနည်းဆုံးပေးရပါတယ်။ အတိုးတွေက ရှိနေပါတယ်။ အဲဒီကျတော့ ဒီလို အနေအထားမျိုးမှာ လယ်သမားတွေကို ထမင်းတနပ် လျှော့စားဖို့ ပြောတာကတော့ ဒါကတော့ လက်လွတ်စပယ်နိုင်လွန်းတယ်လို့ ကျနော်တို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်လက်ထက် ဆင်းရဲမွဲတေမှုပပျောက်အောင် ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း ထိရောက်တဲ့ ဆောင်ရွက်တာမျိုးတွေ အားနည်းနေသေးတဲ့အတွက်လည်း မြန်မာနိုင်ငံ၊ အဓိက လူတန်းစားနှစ်ရပ်ဖြစ်တဲ့ လယ်သမားနဲ့ အလုပ်သမားတွေရဲ့ ဘဝတွေဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ဆင်းရဲမွဲတေမှုပပျောက်ဖို့အတွက် လယ်သမားတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူ ဦးဌေးက ဆက်ပြောပြပါတယ်။

“ဆင်းရဲမွဲတေမှုပပျောက်အောင်၊ အလုပ်သမား၊ လယ်သမားတွေအတွက် အကျိုးရှိအောင် ဘယ်လို ပိုမို လုပ်ပေးနိုင်မလဲ၊ အဲဒီရှုဒေါင့်ကနေ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ လယ်သမားတွေအနေနဲ့ ထမင်းတနပ် လျှော့စားဖို့ဆိုရင် ဒီစကားမျိုးကတော့ မသင့်ပါဘူး။”

ဝန်ကြီးဦးမြင့်လှိုင်ကတော့ အစိုးရသစ်အနေနဲ့ အခြေခံ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေနဲ့ လူနေမှုဘဝ တိုးတက်မြင့်မားလာစေဖို့ တိကျတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်း၊ လယ်သမားတွေရဲ့ နိုးကြားထကြွစွာ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့အကြောင်း၊ စက်မှုလယ်ယာလုပ်ငန်းစဉ်စနစ်ကို ပြောင်းလဲတဲ့နေရာမှာ အားလုံးပါဝင်ဖို့ လိုအပ်ကြောင်းတွေကိုလည်း လယ်သမားတွေနဲ့ တွေ့တဲ့ အချိန်မှာ ပြောဆိုသွားခဲ့ပါတယ်ရှင်။

46 comments:

a said...

ကြည့်လုပ်အုံးသိန်းစိန်၊မင်းဝန်ကြီး၇ူးနေလားမသိဘူး။

Unknown said...

ဝန်ကြီးဆိုတဲ့ကောင်ကခွေးစကားပြောနေတယ်

myotun said...

ဟေ.ကောင်ဝန်ကြီး ချီးစားပြီး ခွေးစကားပြောတာလား။။

myotun said...

နိုင်ငံပိုက်ဆံတွေ ခိုးစားနေတဲ.မြင်.လှိုင် မင်းတို.တွေသေ၇င် မိသားတစုလုံး နောင်ဘ၀မှာ ကျွန်ခံ၇မှာကွ။။ခွေးသား၇.

Myanmar said...

လျှပ်စစ်ဝန်ကြီး ဇော်မင်းလိုကောင်တွေကလည်း မြန်မာပြည်မှာ ၇ိုက်သတ်လို့မကုန်နိုင်အောင်ပါလား။ စိတ်ပျက်လိုက်တာ။ ။

traveller.zlc said...

စောက်ရူး
ရာထူးနဲ့  တန်ရဲ့ လား
မင်း အလုပ်ပြုတ် မှ ထမင်းတနပ် လျှော့ စား။

မောင်ပြောချင် said...

အမလေး ဝန်ကြီးရယ် ထမင်းတနပ်လျော့စားဖို့နေနေသာသာ ထမင်းတောင်နပ် မမှန်ပါဘူးကွယ်။ ထမင်းမစားရတဲ့ရက်တွေလည်း ခပ်များများပါကွယ်။ငတ်တလှည့်ပြတ်တလှည့်နဲ့ ဝတဲ့အလှည့်ကိုမရောက်နိုင်သေးဘူး။ ဒါတောင်နိုင်ငံတော်အပေါ်တာဝန်ကျေစပါးမသွင်းရတော့လို့။ ဝန်ကြီးရယ် ဝနိကြီးလိုတာဝန်မကျေတဲ့အမိုက်အမဲလေးကိုဗွေမယူပါနဲ့။
ဝန်ကြီးရယ် ဝန်ကြီးလစာလေးနဲ့ ဝန်ကြီးကိုယ်တိုင်သာမက တဆွေလုံးတမျိုးလုံးဝဝလင်လင်လှလှပပဆင်နိင်ပြီးသားသမီးမြေးမြစ်တွေအတွက်အမွေတွေတပုံကြီးချန်ထားနိုင် အောင်လည်းမစားတတ်မသောက်တတ်သေးလို့ခုလိုလမ်းညွှန်ပေးတာ ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး။

Unknown said...

သွေးရူးသွေးတန်း ၊ ကယောင် ကယမ်း ၊ ကယောင်ချောက်ခြား ၊ ကစဉ့်ကလျား .....အုတ်ကြားမျက် စကား ။

Unity To Fight Dictatorship said...

ဒီလိုဦးနှောက်၊ ဒီလိုအဆင့်အတန်းနှင့်များဝန်ကြီးလုပ်နေကြတာက တိုင်းပြည်ဂုဏ်သိက္ခာချနေသလို သူတို့အမျိုးတွေလဲ ရှက်တတ်ရင် လဲသေလို့ရလောက်အောင် လုပ်ပေးနေသလိုပါပဲ။ ဘယ်လိုခိုးနည်းမျိုးနဲ့များ ဝန်ကြီးဖြစ်နေပါလိမ့်။ ဦးသိန်း စိန်အစိုးရအတွက် နောက်ထပ်ဂုဏ်ယူစရာတခုတိုးတာပါပဲ။

Unknown said...

နွားကြီး အရူးစကားပြောတယ်

Unknown said...

တောင်သူတွေ စားသောက်နေတဲ့ ဘဝကိုမသိတဲ့သူပဲ



Unknown said...

သူ့သားသမီးတရက် တောင်သူသားသမီး တစ်လစားနေတဲ့ ဘဝနားလည်ပေးပါသားရယ်

kyawthusukyi said...

အော် ... ရူးများနေလား ဝန်ကြီးရယ် ပြောရက်လိုက်တာ
ကိုယ်ဘာသာမစားပဲနေပ်ါလား ...
ပြောရင်း တွေးရင်း စိတ်တိုစရာကောင်းလိုက်တာ

Unknown said...

လွှတ်တော်ထဲမှာ အားလုံးက ကလိုလူမျိုးတွေပဲဆိုရင်တော..
ဟူး ရင်မောတယ်.. မောင်ရင်ရယ်။
လူတစ်ယောက်မှာ ရသင့်တဲ့ အဟာရတောင် မရကြတဲ့ တိုင်းပြည်မှာ ထမင်းလျှော့စားဖို့ပြောသေးတယ်နော်! အံ့ပါ့

မျီုး ချစ် said...

ဒီလို ချီးဦးနှောက် တွေ ဝန် ကြီး ဖြစ်နေမှတော့ ဖွတ်ကျားတိုင်းပြည် ဖြစ်တာ နဲတောင် နဲသေး

ဒေါင်းယောင်ဆောင်တဲ့ကျီး said...

ပြည်သူကိုတော့ထမင်းတနှပ်လျော့စားခိုင်းတယ်
ပြည်သူဘဏ္ဌာငွေကျတော့လည်းလိုငွေပြ နေတယ်
စစ်သားလူဝတ်လဲတွေနဲ့နာမည်ခံခရိုနီတွေက
တော့ရွှေတွေငွေတွေဒေါလာတွေစက္ကန့်မလပ်စား
နေတာတရားမျှတရဲ့လားတောင် သူတွေတင် တဲ့
အ ကြွေးကိုဆပ်ပေးရင်တောင် ဒင်းတို့စားထားတာ
တွေရဲ့အစွန်းထွက်ပါးပါးလေးပဲရှိတာ။

LITTLE BURMA GROCERY said...

ဒီလို ၀န်ကြီးမျိုးတွေကိုတော့ တညီတညွတ်ထဲ ၀ိုင်းဝန်းဆဲရေးကြပါ။ ဖြစ်နိုင်ယင် လုံးဝဖြုတ်ချကြပါ။ဒီလောက် သေးသိမ်ညံ့ဖျင်း အောက်တန်းကျတဲ့လူကို မဖြုတ်ပေးရင် အစိုးရတခုလုံးကို ဖြုတ်ကြရပါလိမ်မယ်။

LITTLE BURMA GROCERY said...

အေး ငါတို့လယ်သမားတွေ ထမင်းငတ်ခံပြီး မင်းတို့အကြွေးကို ပြန်ဆပ်မယ် မင်းတို့လုပ်လို့ တိုင်းပြည်မှာတင်နေတဲ့ အကြွေးတွေကိုတော့ မင်းအမေ မင်းနှမ မင်းသမီးတွေကို ဖာရုံပို့ပြီး ပြန်ဆပ်ရမယ်ဆို ဖြစ်နိုင်မလားးးးးး

LITTLE BURMA GROCERY said...

ဒီလယ်သမားတွေ ဆင်းရဲနွမ်းပါးနေရတာက ခင်ဗျားတို့တွေ စောက်သုံးမကျလို့ ခင်ဗျားတို့တွေ အကြီးအကျယ် ခိုးနေကြလို့ ခင်ဗျားတို့တွေ မတရား အုပ်ချုပ်နေလို့ဆိုတာ သဘောပေါက်။ ခင်ဗျားတို့လို လူ့အောက်တန်းကျတွေမရှိတော့ယင် လယ်သမားတွေရော တိုင်းပြည်ရော မကြာခင် ကြီးပွားချမ်းသာလာမှာဆိုတာ မလွဲမသွေ ကျုပ်တို့ယုံတယ်။

Aung said...

shameful government

Aung said...

useless government

Unknown said...

ဆဲဆိုကျုပ်လည်ဆဲမယ်ဗျားမြင့်လှိုင်တို့မိသားစုဆွေမျိုးအတိုင်းအဝိုင်းအားလုံးဘဝဆက်တိုင်းတိုင်းဝက်ဖြစ်ပါစေဗျား

Junky's Dreams said...

ဒေါက်တာနေ၀င်းမောင်ပြောတဲ့ ငပေါတွေဆိုတာ မင်းလိုဝန်ကြီး မျိုးကိုပြောတာ ငတုံးရဲ့။ ခုထိမသိသေးဘူးလား။ပြောရတာမောတယ်။ ဟော ဟဲ ဟော ဟဲ....

Unknown said...

သူကထမင်းစားတဲ့ဝန်ကြီးမဟုတ်ဘူး။

myo said...

တောင်သူတွေဆင်းရဲတွင်းနက်နေရတာဟာ အစိုးရရဲ့ ညံ့ဖျင်းတဲ့ဥပဒေတွေကြောင့်ပါ။ ကိုယ်ပစ္စည်းရောင်းရတော့ ပြည်တွင်းသာရောင်းရပြီး ကိုယ်ကဝယ်သုံးရတာနေရတာတွေကြတော့ ပြည်ပစ္စည်းတွေလေ။ လုပ်အားခ၊ ဓာတ်မြေဩစာ စသည်တို.နုတ်လိုက်ရင် စပါးထွက်တာတောင် တောင်သူတွေမှာအရှုံးပေါ်နေတယ်လေ။ ကုန်ဈေးနူန်းတွေတက်မှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ စပါးအပါအဝင်တချို့သီးနှံတွေ ပြည်ပပို့ခွင့်ပိတ်ထားတာ။ ပြည်တွင်းကပိုလို့ရောင်းရတော့လဲ သတင်းဦးဦးဖျားဖျားရတဲံ့သူတွေပဲ ဈေးချိုချိုနဲ့ဝယ်ပြီး လုပ်စားသွားကြတာ။ ဘယ်မှာလဲတောင်သူတွေရဲ့ခံစားခွင့်။ တောင်သူတွေက အရမ်းရိုးသားတော့ အရှုံးတွေနှစ်တိုင်းပေါ်နေတာတောင် မိရိုးဖလာဆိုပြီးဆက်လုပ်နေကြတယ်။ ကျေးဇူးရှင်တွေပါ။

Unity To Fight Dictatorship said...

ထိုင်းနိုင်ငံမှာ စပါးဈေးနိမ့်ကျရုံလောက်နဲ့ အစိုးရက စပါးဈေးကို ဖေးကူပေးတယ်။ ရေကြီးတော့ ရေဒါဏ်ခံရတဲ့လယ်မြေ တွေအတွက် ထောက်ပံ့ကြေးပံ့ပိုးပေးတယ်။ အခုမကြာသေးခင်စပါးမရိတ်ရသေးခင်မိုးကြီးတော့ မိုးမိခံရတဲ့ စပါးတွေပျက် တာအတွက် လယ်ယာတစိုက်ခင်းကို ဒေါ်လာ၂ထောင်နီးပါးအထောက်အပံ့ပေးတယ်။ မြန်မာပြည်က ရွှေချထားရမယ့် ဦး နှောက်ပိုင်ရှင်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဆိုပြီး ကိုယ့်အိတ်ထဲကိုယ်သွင်းနေတဲ့သူကကျတော့ ထမင်းအနပ်မမှန်တဲ့ တောင်သူလယ်သမားတွေကို ထမင်းနောက်တနပ်ထပ်လျှော့စားတဲ့။ ဘယ်လိုအမေကမွေးလာတဲ့ဦးနှောက်မျိုးလဲမသိဘူး။ တိုင်းပြည်ကိုသူတို့တအုပ်လုပ်ချင်သလိုလုပ်ကြလို့ဖြစ်လာတဲ့ ကြွေးတွေတပြုံကြီးကိုကျတော့ ဘယ်လိုပြန်ဆပ်ကြမလဲ မသိဘူး။ အဆင်းရဲဆုံးနိုင်ငံဖြစ်တာလဲ ကြွေးတွေလျှော်ခံရတယ်ဆိုပြီး ဂုဏ်ယူခိုင်းမဲ့နောက် လူပုံပေါက်ပေမဲ့ လူစိတ်မရှိတဲ့ သတ္တဝါတကောင်ဝန်ကြီးအဖြစ်ပေါ်လာပြန်ပြီ။ နောက်ထပ်ဒီလို သတ္တဝါတွေဘယ်လောက်များတောင်မှ ရှိနေဦးမလဲ မသိဘူး သိန်းစိန်ရယ်။

speakslikychattergirl said...

မင်းတို့ လိုလူတွေရိုတေလိုမြန်နိုင်ငံမတိုးတတ်တာ

Unknown said...

very BAD GOVERMENT..shy for u.if we are ur son or daughter in law..or relative..we will hang ourselve...bec we so shy in the world...such as stupid idea and words u used for our thankful parents farmers... u should do a meal a week..bec u all eating from cutting our heads... HOW HEARTLESS WORDS THEIR BRAIN HAS JUST FOR HOW TO BE SELFISH ONLY..BAD AND STUPID LEADERS..

speakslikychattergirl said...

မင်းအမေလင်းမလိုတစ်နက်လျှော့စားရမှာလား

zaw min let said...

ခွေးမသား ဆဲရင်ငရဲကြီးအုံးမယ် မင်းပထွေးတွေကိုစားခိုင်းပါလား အခုလိုပြောတာဦးသိန်းစိန်ကြီးနားမကြားဘူးလားဒီလိုသုံးမကျကောင်ကိုဒီရာထူးပေးထားတာ ပေါ်နဲ့အောက်တူလိုပေါ့နော်

myo said...

တစ်နပ်စား မြင့်နိုင်။ မင်းကကျေှးဇူးရှင်တွေကို စော်ကားနေပါလား ဒီလူတွေ ပင်ပင်ပန်းပန်းလုပ်ကျွေးနေလို့ မင်းထမင်းနပ်မှန်အောင်စားနေရတာလေ။ မင်းကသူတို့ကျွေးတဲ့ထမင်းစားပြီး သူတို့ကိုထမင်းတစ်နပ်ပဲစားခိုင်းတာ မင်းမရှက်ဘူးလား။ တကယ်ဆိုရင် သူတို့တွေအတွက်လိုအပ်တဲ့ အကူအညီတွေကိုဖြည့်ဆည်းနိုင်ဖို့ နည်းလမ်းရှာရမှာ။ မင်းဝန်ကြီးဖြစ်နေတာ တိုင်းပြည်အတွက်အရမ်းနက်နာတယ်။

LITTLE BURMA GROCERY said...

ကိုယ့်မေကိုရိုး ၀န်ကြီးလို့ဆဲယင်တောင် အဲဒီစကားလုံး က ဦးမြင့်လှိုင်ထက် မြင့်မြတ်နေသေးတယ်။

LITTLE BURMA GROCERY said...

ရှားရှားပါးပါး ကမ်းကုန်အောင် အောက်တန်းကျတဲ့ ၀န်ကြီးတွေ မြန်မာပြည်မှာဘဲ ရှိတော့တယ်။

LITTLE BURMA GROCERY said...

ကိုယ့်မေကိုရိုး ၀န်ကြီးလို့ဆဲယင်တောင် အဲဒီစကားလုံး က ဦးမြင့်လှိုင်ထက် မြင့်မြတ်နေသေးတယ်။

might said...

စူးရောက်လှတဲ့ဝန်ကြီးတွေပဲ..မြန်မာနိုင်ငံကတော့လေ..သမ္မတကြီးက လဲ ဒီလို ရှောက်ပြောတဲ့ ၀န်ကြီးကိုဆက်ထားတာပဲလား....

Unknown said...

သမတ က ညာလိုက် ဝန်ကြီးတွေက စောက်တစ်လွဲလုပ်
လိုက်နဲ့  ဒို့ ရဲ့မြန်မာနှိုင်ငံကြီးကတော့ မတွေးဝံ့စရာပါလား
ကွယ် ဒီမအေလိုး အစိုးရကလည်း မသေနှိုင်ကြသေးဘူး
လားကွာ ဝန်ကြီး ပါးစပ်ထည်းမှာ ခွေးလီးသွင်းပစ်ရမယ်
မင်းတို့ ဝန်ကြီးတွေကို လီးပဲကွာ

badboyyk8 said...

တို့ကဧရာဝတီသားကွ ဝန်ကြီးမင်းရဲရင် လာခဲ့ပါလား ပါးစပ်အါးတိုင်း ညော်မ နေနဲ့  အ ပေါက်ပိတ်ထါးရင်ကောင်းမယ် မဟုတ် ရင် ငါပိတ်ပေးရလိမ့် မယ် ဝန်ကြက် ရဲ့ 

UShinGyi said...


အော် ...လူတွေတွေ ဒီလောက်ထိ မတရား ယုတ်မာတဲ့
အတွေးအခေါ်မျိုး ဘာကြောင့်ရှိနေရတာလဲ ။
ဘယ်ကနေ စပြီး ဒေါသဖြစ်ရမှန်းတောင်မသိ
လောက်အောင်ပဲ ဒေါသဖြစ်မိတယ်။
ဦးမြင့်လှိုင်ကြီး အသက်ရာကျော်ရှည်ပါစေဗျာ။
လွယ်လွယ်နဲ့ မသေပဲ အသက် ၁၀၀ ကျော်တဲ့အထိ
မိမိပြုသော အကုသိုလ် ကံအကျိုးကို တမြေ့မြေ့နဲ့ခံစားသွား
ရပါစေလို့...

chai said...

ဘယ်လိုမှအဆင့်မရှိတဲ့ဝန်ချီးတွေပါလားနော် ဇာတ်ထဲသာဝင် ခိုင်းပြီးဝန်ကြီးနေရာပေးကရင်တော့ဖိနပ်စာ ပြောင်းဖူးရိုးစာထိမှာသေချာဘဲ

Unknown said...

တချို့သော အကြောင်းအရာတွေက ပုဂ္ဂိုလ်ရေး သောက်မြင်ကပ်လို့ကို လိုရာဆွဲတွေးပြီး ဆဲကြတာ..
ဒီဝန်ကြီးမြင့်လှိုင်ကတော့ အတွေးအခေါ်ရော စိတ်ဓါတ်ပါ တော်တော်အောက်တန်းကြလွန်းလို့ ဆဲတဲ့လူတွေကို အပြည့်အ၀ ထောက်ခံတယ်။ ဦးသိန်းစိန်က ဒီလောက် အသိဥာဏ်နိမ့်ပါးလွန်းတဲ့ လူမျိုးကို ၀န်ကြီးနေရာပေးထားတာ အံသြသလိုလိုနဲ့ မအံ့သြတော့ပါဘူး....။

Unknown said...

အရမ်းကိုရက်စက်လိုက်တာ။

jp.myintswe said...

shameless minister i agree all comments i know that,s all same agreements 100%.

Unknown said...

ခွေးချီး ပယ်နေတဲ့ ဖိနပ် နင့် ပါးရိုက်ပေးဖို့ကောင်းတယ်

thanthanusoe said...

ဒီပုတ်ထဲကဒီပဲတွေပေါ့ တော်လိုက်တဲ့ဝန်ကြီးတွေ ပြညသူတွေကိုတောင် ထမင်းဝအောင်ကျွေးဖို့တာဝန်မယူချင်
တဲ့ကောင်တွေ ၀န်ကြီးမလုပ်ဘဲ မြင်းလှဲမောင်းစားရင်ခင်
ဗျားနှင့်ပိုပြီးသင့်တော်မယ်ထင်တာဘဲ။

ထမင်းဝအောင်မစားရမှတော့ ဘယ်လိုအလုပ် လုပ်နှိုင်မလည်း ပြည်သူတွေမကျင့်ခင် မင်းဘဲထမင်းမ စားဘဲ ၃ ရက်လောက်နေကြည့်ပေါ့ကွာ။

Unknown said...

အရူး ဝန်ကြီး ထမင်ပီးပြောတာလား

haymar said...

The minister is no good ah!