Saturday, January 19, 2013

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်

ဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ရပ်ဆိုင်းမည့် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်
အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျှဉ်း၍ အောက်ပါအတိုင်း သုံးသပ်ပါသည်။

(၁) စစ်အစိုးရ၏ တပ်များသည် ကေအိုင်အေ တပ်များအား ကြီးကြီးမားမား စတင်ထိုးစစ်ဆင်သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ (၁၄) ရက်နေ့မှစ၍ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့အထိ ရက်ပေါင်း ၃၃ ရက်မျှတွင် ကျဆုံး၊ ဒဏ်ရာရ၊ ထိခိုက် ဘ၀နစ်နာ ပျက်စီးသွားကြရသော ရဲဘော်များ၏ အရေအတွက်မှာ ထောင်ဂဏန်းချီမျှ ရှိသည်ဟု သိရသည်။ တိုက်လေယာဉ်များ၊ စစ်ရဟတ်ယဉ်များ၊ ၁၂၀ နှင့် ၁၀၅ မီလီမီတာ အမြှောက်ကြီးများကိုပါ အသုံးပြု၍ ပြည်တွင်းစစ်သမိုင်း၌ အချိန်တိုအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ရသဖြင့် ခန့်မှန်းတွက်ချက်မှုများအရ အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ ကုန်ကျခဲ့ရသည်။ ရရှိသည့် အကျိုးအမြတ်မှာ ပထ၀ီအရ ပွိုင့် (၇၇၁) အပါအ၀င် လဂျားယန်တ၀ိုက်ရှိ တောင်ကုန်းအချို့မျှသာ ဖြစ်သည်။

(၂) အဆမတန်ကြီးမားလှသော စစ်လက်နက်အင်အားနှင့် လူအင်အားများကို အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း ကေအိုင်အို၊ ကေအိုင်အိုတခုလုံးကို အပြုတ်တိုက်နိုင်ရန်ဝေးစွ၊ ကချင်ပြည်နယ် ဒေသကြီးတခုလုံးကို လုံးဝ ချုပ်ကိုင်နိုင်ရန် အိပ်မက်၍ပင်မရ၊ ပထ၀ီနယ်မြေအချို့မျှကိုသာ တိုးချဲ့သိမ်းပိုက်ထိမ်းချုပ်နိုင်ကြောင်း ထင်ရှားသည်။ စစ်ရေးသဘောသက်သက်အရ ကြည့်လျှင်ပင် စစ်အစိုးရအတွက် အရှုံးအမြတ် လုံးဝပင် မကာမိသော စစ်ပွဲဖြစ်သည်။ အရှုံးကြီး ရှုံးခဲ့သော စစ်ပွဲဖြစ်သည်။ တပြည်လုံးလူထုကြီးတရပ်လုံးအတွက် ပညာရေး၊ ကျမ္မာရေး အတွက်သုံးရမည့် ငွေများ အလဟသ ဖြစ်ခဲ့ရသည်။ မသေသင့်သော အောက်ခြေတပ်မတော်သားများ၊ ပေးသည့် အမိန့်အတိုင်း နာခံ တိုက်ပွဲဝင်ပေးခဲ့ရသည့် တပ်မတော်သားများ မလိုအပ်ဘဲ ဘ၀နစ်နာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယင်းအတွက် သမတ ဦးသိန်းစိန် နှင့် ကာချုပ် မင်းအောင်လှိုင်တို့ ထိပ်ဆုံးတွင် တာဝန်ရှိသည်။ ၄င်းတို့အနေဖြင့် လူထုအကျိုးစီးပွားကို ထောက်ထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့တည်ဆောက်သင့်ကြောင်း ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။

(၃) အစိုးရ၏ ထုတ်ပြန်ချက်တခုလုံးကို ခြုံကြည့်လျှင် အောက်ပါအတိုင်း သုံးသပ်မိသည်။

(က) စစ်ရေးနှင့်စပ်လျှဉ်း၍ ဖြစ်သမျှကိစ္စအားလုံးကို ကေအိုင်အို၊ ကေအိုင်အေအပေါ်သို့ အပြစ်ပုံချထားသည်။ သူခိုးက လူဟစ်သလို ဖြစ်နေသည်။ ပင်လုံစာချုပ်မတိုင်ခင်က သူ့ဖာသာ လွတ်လပ်စွာ ရပ်တည်ခဲ့သော ကချင်ပြည်၊ ပင်လုံစာချုပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ကချင်ပြည်ကို ကချင်လူထုသဘောဆန္ဒနှင့် ဆန့်ကျင်ကာ အတင်းဝင်ရောက် ကျူးကျော်တိုက်ခိုက်နေပါလျှက် ကိုယ့်ကိုယ်ကိုခုခံကာ ကွယ်သည်ဟု အကြောင်းပြခြင်းမှာ အဓိပ္ပါယ်မရှိ။ ဥပဒေအရ တရားမ၀င်။

(ခ) အပုဒ် (ရ) တွင် ဖေါ်ပြထားသော “နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်။” ဟု ဖေါ်ပြထားခြင်းမှာ ခြိမ်းခြောက်သည့် သဘောဆောင်သည်။ လွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် ကေအိုင်အို၏ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ပိုင်ခွင့်ကို ၀င်ရောက်လွှမ်းမိုးရာရောက်သည်။ သမိုင်းကြောင်းအရကြည့်လျှင် ကချင်လူထုများ၏ သဘာဝသည် ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများကို မကြိုက်လက်မခံကြ၊ ယခုလက်တွေ့တိုက်ပွဲဝင်ရာတွင်လည်း ရွတ်ရွတ်ချွန်ချွန်ပြန်လည်ခုခံကြသည်ကို ယနေ့ မြန်မာ့တပ်မတော်ခေါင်းဆောင်များ နားလည်သင့်၊ တန်ဘိုးထားသင့်သည်။ ပြည်ထောင်စု တည်ဆောက်မှုကို ခြိမ်းခြောက် အကြပ်ကိုင်သည့်နည်းဖြင့် မချဉ်းကပ်သင့်။

(၄) ကေအိုင်အိုက ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံသည့် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် နိုင်ငံရေးအရ တောင်းဆိုသည့်အပေါ် မတန်တဆကြီးမားလှသော စစ်အင်အားကို အသုံးပြု၍ စစ်အစိုးရက စစ်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မတရားသောစစ်ဖြစ်သည်။ မတရားသော စစ်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပေါ်လာခဲ့သည်။ စစ်လေယာဉ်များသုံး၍ တိုက်ခိုက်ခြင်း၊ အမြှောက်ကြီးများနှင့် ပစ်သဖြင့် အရပ်သားလူထုများ သေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်လာသောအခါ နိုင်ငံတကာဖိအားများ ကျရောက်လာခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်သားများက ကြံ့ကြံ့ခံ ခုခံတိုက်ပွဲဝင်၊ စစ်အစိုးရဘက်မှ အဆုံးအရှုံးများများပြား၊ အစိုးရ၏ ထိုးစစ်ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ တစတစ အားကောင်းလာ၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ကြသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ကန့်ကွက်လာ၊ နိုင်ငံတကာဖိအားများလည်း သက်ရောက်လာ၊ သူ့နယ်မြေအတွင်း လက်နက်ကြီးများကျရောက်ခြင်းကြောင့် တရုတ်အစိုးရ၏ ဖိအားလည်း ကျရောက်လာ၊ စသည်တို့ ပေါင်းဆုံသွားခြင်းကြောင့် ထိုးစစ်ရပ်ရန် ဆုံးဖြတ်လိုက်ခြင်းဟု သုံးသပ်သည်။

(၅) မည်သို့ပင်ဖြစ်စေ၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံက်ခြောက်နာရီမှ စတင်ပြီး နယ်မြေရှင်းလင်းစစ်ဆင်ရေးများကို ရပ်ဆိုင်းလိုက်ခြင်းမှာမူ အပြုသဘောဘက်ကို ဦးတည်စေနိုင်မည့် ခြေလှမ်းဟု မှတ်ယူနိုင်ပါမည်။ တကယ်တန်း အပြုသဘောဘက်ကို ဦးတည်မတည် ဆိုသည်မှာ ဦးသိန်းစိန် ဆက်လှမ်းမည့် နိုင်ငံရေးခြေလှမ်းနှင့် ဆိုင်ပါမည်။ ဘာမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များဖြင့် နှစ်ပေါင်းမြောက်များစွာ အချိန်ဆွဲထားသည့်အချိန်တွင် စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်အသက်သွင်း ခိုင်မာအောင်လုပ်သွားနိုင်မည့် အနေအထားကို ကေအိုင်အိုက စိုးရိမ်ပုံရသည်။

(၆) ပြည်တွင်းငြိမ်းချမ်းရေးကို စစ်မှန်စွာတည်ဆောက်လိုပါက ဦးသိန်းစိန်အစိုး၇အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခွင့်ရစမည့် နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတိအလင်းကြေငြာလျှက် နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်လာရန် ဖိတ်ခေါ်သင့်သည်၊ ကေအိုင်အိုက တင်သွင်းလာမည့် နိုင်ငံရေးတောင်းဆိုချက်များကို လက်ခံစဉ်းစားသင့်သည်ဟု သုံးသပ်သည်။

(၇) အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များ၏ ဘ၀ကို ထိထိရောက်ရောက် ပြန်လည်ကုစားပေးရန်ဖြစ်သည်။ ၁၉၉၄ အပစ်အခတ်ရပ်စဲရေးကို စတင်ချိုးဖေါက် တိုက်ခိုက်သူမှာ အစိုးရဘက်မှဖြစ်သည်။ အစိုးရတပ်များက မီးတင်ရှို့ခဲ့သဖြင့် မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့သည့် လူထု၏ နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်၊ ဆုံးရှုံးသွားခဲ့သည့် ပစ္စည်းများအတွက် လျော်ကြေးပေးရန်၊ နေအိမ်များ၊ ဆေးပေးခန်းများ၊ ဘုရားရှိခိုးကျောင်းများအား မီးရှို့ဖျက်ဆီးခြင်းမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ရာရောက်သဖြင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖေါ်ထုတ်ပြီး အရပ်ဘက်ဆိုင်ရာ တရားရုံးတွင် ရုံးတင် တရားစွဲဆို အပြစ်ပေးရန် လိုအပ်သည်။

(၈) အစိုးရဆိုလျှင် လူထု၏ လုံခြုံမှုကို တာဝန်ယူရမြဲဖြစ်သည်။ ဤသည်မှာ တကမ္ဘာလုံးရှိ အစိုးရအားလုံး မည်သည့်အစိုးရမျှ မငြင်းနိင်သော အနိမ့်ဆုံးတာဝန် ဖြစ်သည်။ ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် လိုင်ဇာမြို့ပေါ်သို့ လက်နက်ကြီးများ ကျရောက်ပြီး အရပ်သားလူထုများ သေကြေဒဏ်ရာရခဲ့ကြသည်။ ယင်းအတွက် ဦးသိန်းစိန် အစိုးရတွင် လုံးဝတာဝန်ရှိသည်။ ၄င်းတို့စစ်တပ်မှ ပစ်ခြင်းမဟုတ်ဟု ဘူးကွယ်ရုံမျှနှင့် မလုံလောက်။ အခြားမည်သည့် အဖွဲ့အစည်းက ပစ်ကြောင်းလည်း အစိုးရက မဖေါ်ထုတ်နိုင်။ စစ်လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါလျှက် ရိက္ခာပို့တာပါ ငြင်းခဲ့ပြီး နောက်ပိုင်းကျမှ ထိုးစစ်ဆင်တိုက်ခိုက်တာပါ ဟူ၍ အစိုးရက ဗြောင်လိမ်ခဲ့သည့် သာဓက ရှိသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်မှာ အစိုးရတပ်မှလွဲ၍ အခြားမရှိ။ သေဆုံးသွားခဲ့သူ လူတဦးလျှင် အနည်းဆုံး အမေရိကန် ဒေါ်လာငွေ တသိန်းထက် မနည်းသော လျော်ကြေးငွေ ပေးအပ်ရန် အစိုးရတွင် တာဝန်ရှိသည်။

(၉) ကချင်ပြည်နယ်အတွင်း ကေအိုင်အေ ထိမ်းချုပ်ထားရာနေရာများတွင် ရောက်ရှိခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်ဦးရေမှာ ခုနှစ်သောင်းကျော်မျှ ရှိသည်ဟု သိရသည်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများက ၄င်းတို့အတွက် ရိက္ခာဆေးဝါးများ၊ အခြားလိုအပ်သော လူမှုရေးအကူအညီများ ပေးအပ်ရန်ကြိုးပမ်းသည်ကို ဦးသိန်းစိန်အစိုးရက လူသားချင်း စာနာစိတ်ကင်းမဲ့စွာ ပိတ်ဆို့ထားခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးအတည်ပြုထားသော ၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Convention relative to the Protection of Civilian Persons in Time of War) ပုဒ်မ ၂၃ ကို ချိုးဖေါက်၍ နိုင်ငံတကာပြစ်မှုကြီး ကျူးလွန်ခြင်းဖြစ်သည်။ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ရောမဥပဒေ (Rome Statue of the International Criminal Court) ၏ ပုဒ်မ (၈) စစ်ရာဇ၀တ်မှု ဆိုင်ရာ ပြဌာန်းချက် ပုဒ်မခွဲ (၂) အပုဒ် (၂၅) ကို ချိုးဖေါက်ကျူးလွန်ရာရောက်သည်။ ကချင်ပြည်နယ်တခုလုံးအတွင်းရှိ စစ်ဘေးဒုက္ခသည်များ အားလုံးအား ပေးအပ်မည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီမှန်သမျှ ချက်ခြင်းရရှိကြစေရန် ဦးသိန်းစိန်အစိုးရက အမြန်ဆုံး ဆောင်ရွက်ရန် တောင်းဆိုသည်။

အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်

---------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၃/၂၀၁၃) ၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက် (၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက်)

၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံပိတ်ဆို့ထားခြင်း၊ လဂျားယန်စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော်စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးကို အများပြည်သူများ အသုံးမပြုနိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/ KIA ခြေကုတ်စခန်းများအား တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။

၂။ ၂၀၁၁ ခုနှစ် ဇွန်လ၌ တပ်မတော်နှင့် KIO/KIA ကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားချိန်မှစပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန်အတွက်သာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် KIO/KIA လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လဂျားယန်စခန်းရှိ တပ်မတော်သားများထံသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို သုံးကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်သား(၃၅)ဦး ကျဆုံးကာ (၁၉ဝ)ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လဂျားယန်စခန်းမှာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေးမတိုင်မီ (KIO/KIA တို့၏ လိုင်ဇာစခန်းမရှိမီ) ကပင် တပ်မတော်က အခြေစိုက်၍ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သည့် စခန်းဖြစ်ပြီး ထိုစခန်းသို့ ရိက္ခာများ ပို့ဆောင်မည်ဖြစ်ကြောင်းကိုလည်း KIO/KIA အဖွဲ့သို့ ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်ခဲ့သည့်တိုင် KIO/KIA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိက္ခာပို့ဆောင်နိုင်ခြင်း မရှိသည့်အတွက် စခန်းအတွင်းရှိ တပ်မတော်သား စစ်သည်များအနေဖြင့် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိလာသောကြောင့် စစ်သည်များ အသက်ဆုံးးမှုမှ ကာကွယ်နိုင်ရန်အတွက် အထက်ပါနယ်မြေ ရှင်းလင်းမှုများကို တပ်မတော်က မလွဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

၃။ လေကြောင်းပစ်ကူ ရယူခဲ့ရခြင်းမှာလည်း KIO/KIA တပ်စခန်း ပစ်မှတ်များကိုသာ တိတိကျကျ ထိမှန် ချေမှုန်းနိုင်ရန်နှင့် စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို ရှောင်လွဲလိုသောကြောင့်ဖြစ်သည်။ KIO/ KIA တပ်များသည် လဂျားယန်စခန်းအား အပြင်မှ သံဆူးကြိုးခတ်၍ အဆက်အသွယ် ဖြတ်တောက်ထားသောကြောင့် တပ်စခန်းအတွင်းရှိ တပ်မတော်သားစစ်သည်များအတွက် ရိက္ခာပို့ရန်၊ စစ်ရေးအရ တိုက်ခိုက်ရန်သာ ရှိသဖြင့် မလုပ်မဖြစ် လုပ်ခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် ငြိမ်းချမ်းရေးစကားဝိုင်းမှတစ်ဆင့် မိမိတပ်စခန်းများကို ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ထားခဲ့သော်လည်း တစ်ဘက်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း စသည့် အကြောင်းအချက်များသည် ယခုတိုက်ပွဲများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လာစေသည်။

၎။ ယခုအခါ တပ်မတော်အနေဖြင့် လဂျားယန်စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် လိုအပ်သည့် ကန့်သတ်ရည်မှန်းချက်များကို ရရှိပြီးဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆း၀၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။

၅။ တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားသည်။ သို့သော် လက်နက်ကိုင် ပဋိပက္ခတစ်ခုတွင် တင်းမာမှု အရှိန်လျော့ကျစေရန်အတွက် နှစ်ဘက်လုံးက တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် KIO/KIA အနေဖြင့်လည်း တပ်မတော်တပ်ဖွဲ့များကို စတင်တိုက်ခိုက်မှုမပြုရေး လက်အောက်တပ်ဖွဲ့များကို ညွှန်ကြားကြပ်မတ်သွားရန် တိုက်တွန်းသည်။ ပြီးခဲ့သော ဖြစ်စဉ်များကို ပြန်လည် လေ့လာပါက မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် အထိ KIO/KIA အဖွဲ့အနေဖြင့် လမ်းတံတား ဖောက်ခွဲဖျက်ဆီးမှု (၁၂၂)ကြိမ်၊ မိမိတပ်စခန်းများအား လာရောက်ငေ့်ယှက်ပစ်ခတ်ခြင်း (၆၄) ကြိမ်၊ အရပ်သားများ မိုင်းနင်းမိခြင်း (၃ဝ)ကြိမ်၊ လုယက် ဖျက်ဆီးခြင်း (၆ဝ)ကြိမ်၊ လူသစ် စုဆောင်းခြင်းနှင့် အဓမ္မဖမ်းဆီးခြင်း (၂၈) ကြိမ်ရှိခဲ့ပြီး မိမိတပ်များနှင့် ထိတွေ့မှုပေါင်း (၁ဝ၉၅) ကြိမ် ဖြစ်ပွားခဲ့ကာ ၎င်းဖြစ်စဉ်များတွင် အရာရှိစစ်သည် အများအပြား ကျဆုံးခြင်း၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်။

၆။ ထို့ပြင် ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူများကို စာနာထောက်ထားသောအားဖြင့် အများပြည်သူ အသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများကို ပိတ်ဆို့ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် KIO/KIA လက်နက်ကိုင်အဖွဲ့များက မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၅၆) ကြိမ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ပူတာအိုလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု (၁၅) ကြိမ်၊ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတွင် မိုင်းခွဲတိုက်ခိုက်မှု (၄၂) ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးမှုများရှိသကဲ့သို့ လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ပြီး အထူးသဖြင့် ပူတာအိုဒေသရှိ ပြည်သူများ အနေဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသဖြင့် တပ်မတော်လေယာဉ်များနှင့်ပါ ရိက္ခာများ ကူညီပို့ဆောင်ပေးလျက် ရှိသည်။ တပ်မတော်အနေဖြင့် အရပ်ဘက်ပစ်မှတ်များကို လုံးဝတိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် KIO/KIA လက်နက်ကိုင်အဖွဲ့အနေဖြင့်လည်း အများပြည်သူ သွားလာနေသည့် ရထားလမ်း၊ ကားလမ်းများကို နှောင့်ယှက် တိုက်ခိုက်နေခြင်းများအား ရပ်ဆိုင်းရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ လက်နက်ကိုင်တိုက်ခိုက်မှုများ အရှိန်လျော့ကျလာသည့်နှင့်အမျှ ဒေသခံပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

၇။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ KIO/KIA နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ နောင်တွေ့ဆုံ ဆွေးနွေးမှုများတွင် KIO/KIA လက်နက်ကိုင်အဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။

၈။ နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် KIO/KIA အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

57 comments:

ကျော်လော said...

တော်တော်တရားမျှတတဲ့ ဦးအောင်ထူးပဲ မိုင်းထောင် မိုင်းခွဲတာ တော့ ဘာမှ မသုံးသပ်တော့ဘူး ဟူး တော်လေစွတကား

ှဲKaung said...

Aung Htoo,
KIA KIO is always right
By the way, how much are you paid for that post?

MMT said...

တော်တော် ကောင်းတဲ့ တဖက်စောင်းနင်း သုံးသပ်ချက်။

blinlin said...

Hi all
Mr.Aung Too is good writer,He's very good comparison person,all myanmar people
understanding soon,what hapen what going on,what was wrong!!you guy learning a bout
the political in myanmar.

Thank all
Bye

blinlin said...

Hi all
Mr.Aung Too is good writer,He's very good comparison person,all myanmar people
understanding soon,what hapen what going on,what was wrong!!you guy learning a bout
the political in myanmar.

Thank all
Bye

Unknown said...

uncle Aung Htoo..we are like you.we just have right eyes.. right brains..why some are so bad and blind.we burmar is so late today. all the leaders must repair quickly by rightly n peacefully. waste time ,waste money,and some more so shameful.all around the world how much we are stupid because all the eyes are closed by military..Go ahead and write ..alot to people shoud know and ponder where we are, how poor we are. appreciate u.thank you alot. UNCLE AUNG HTOO AND DR,LUM SWE.

Unknown said...

uncle Aung Htoo..we are like you.we just have right eyes.. right brains..why some are so bad and blind.we burmar is so late today. all the leaders must repair quickly by rightly n peacefully. waste time ,waste money,and some more so shameful.all around the world how much we are stupid because all the eyes are closed by military..Go ahead and write ..alot to people shoud know and ponder where we are, how poor we are. appreciate u.thank you alot. UNCLE AUNG HTOO AND DR,LUM SWE.

အောင်းသူ said...

ခွေးဘီလူးတော့လုပ်ပြန်ပြီ ဘာတွေငြာတာလဲသိဘူး

kyawthusukyi said...

I want to be Myanmar Leader , Myanmar President !

Thu said...

Ko Aung Htoo, please learn from Dr.Sate Phwar who shakes parliament and awareness to take action.
He analyzes the source data in full context and sharp critics, not solely based on negativism.
Please stress on more study and want to see technical, meaningful critics in future, it does not mean degree.

thang said...

I agree.this colony is full of lies, excuses and childishly irresponsible.the announcement is nonsense and opposite of the truth.they should stop wasting national budget since we are not a rich country and can't afford it.

အားလုံးကိုချေမှူန်းမယ် said...

လိုရင်တမျိုးမလိုရင်တမျိုးရေးတတ်ပြောတတ်တဲ့ သတင်းတွေရှိတယ်

အဲဒီတိုက်ပွဲမှာ ကျဆုံးတဲ့ စစ်သည်တွေ မသေဘဲမစွမ်းမသန်ဖြစ်သွား

တဲ့အရာရှိ စစ်သည်တွေကို အရင်အတိုင်းကကပြန်အောက်ပစ်ထားရင်

စွန့်စားရတာ မတန်ပါဘူး။

Unknown said...

ဒီလိုပေါတောတော ကြောင်တောင်တောင် တစ်ဘက်
စောင်းနင်း လူတွေ တိုင်းပြည်ထဲ မရှိတာကောင်းတယ်
ဆန်ကုန်မြေလေး ကာလသားပိုး ခေါင်းထဲရောက်နေပြီနဲ့
တူတယ် ဘာအကြောင်း နဲ့မှ တိုင်းပြည်ကို ပြန်မလာသင့်
ဘူး

UShinGyi said...

အခု ကိုအောင်ထူးရဲ့ သုံးသပ်ချက်ကို တဖက်စောင်းနင်း သုံးသပ်ချက်အဖြစ် ရှုမြင်နေကျသူများကတော့ တိုင်းပြည်ရဲ့ အခြေအနေကို အရှိကိုအရှိတိုင်းလက်မခံနိုင်ကျသူများနဲ့ တိုင်းပြည်ကို ဖျက်လိုဖျက်စီးလုပ်လိုသူများပဲ ဖြစ်တယ်။ တိုင်းပြည်ချောက်ထဲ မရောက်ရောက်အောင် လုပ်လိုကျတဲ့ တကယ့်ပြည်ဖျက် အမျိုးယုတ် စစ်ကျွန်တွေပဲဖြစ်မယ်။ bravo ကိုအောင်ထူး ဆက်ရေးပါ ဘယ်ကောင်မှ စောက်ဂရုမစိုက်နဲ့ ကို့ဟာကိုယ် ယိုးဒယားမကလို့ ဘယ်ဂြိုလ်မှာနေနေ ဒေါ်လာပဲစားစား ဒေါ်လှကိုပဲစားစား အရှိကိုအရှိတိုင်း အမှန်တရားအတိုင်း သုံးသပ် စာစီတဲ့အတွက် ကျေးဇူးတင်ပါတယ်။

saw kt oo said...

'''ပင်လုံစာချုပ်မတိုင်ခင်က သူ့ဖာသာ လွတ်လပ်စွာ ရပ်တည်ခဲ့သော ကချင်ပြည်''''
ဆိုပါလား ဟားဟားဟား
အောင်ထူးပေါချက်ကတော့ကမ်းကုန်ပါဘဲ
အကျအဆုံးစာရင်းကလဲဦးလာနန်လိမ်နေကြအတိုင်းပါဘဲလား
မင်းရဲ့ပထွေးဂန်ရှောင်တို့ကိုလဲလိုက်ရှာပါဦးအခုဘယ်နားမှာသွားပုန်းနေလဲလို့
လိမ်တဲ့နေရာမှာတော့အောင်ထူးတို့ကဦးကျော်ဆန်းနဲ့ဦးလာနန်တို့ကို
ကျော်တက်သွားပါပြီခင်ဗျာ
သတိလဲထားဦးအခုတလောခင်ဗျားလိုလူတွေလေဖြတ်တက်တယ်နော်

Unknown said...

U aung thu is burma goverment and army is not right post,I don't think so the goverment to be stop.

Unknown said...

I think the guy kyaw law is burma.his comment is the goverment.

UShinGyi said...



ဟုတ်ပဗျာ ကိုအောင်ထူးက ဒေါ်လာစားပြီး အော်တယ် အခုခင်ဗျားကို ၀ိုင်းဟောင်နေတဲ့ စစ်ခွေးတွေက သခင်အားရ ကျွန်ပါးဝလို့ ပြည်သူတွေရဲ့ မသဒါရေစာ စားပြီး အမှန်တရားပြောတဲ့လူတိုင်းကို လိုက်အော် လိုက်ဟောင်တယ် အဆင့်အတန်းကတော့ ကွာတာပေါ့ဗျာ ဒေါ်လာစားနဲ့ မသဒါရေစာ စားနဲ့ အဲလို အဲလို....

ဖြိုးသီဟ said...

ဘာပဲဖြစ်ဖြစ်အမှန်တရားကိုပဲမြဆ်နိုးတယ်။ဘယ်သူ့ကိုမှအလကားမပေးနိုင်သလိုဘယ်သူဟာကိုမှလည်းမတရားမလိုချင်ဘူး။တိုင်းရင်းသားအချင်းချင်းသွေးကွဲမဲ့အဖြစ်မျိုးနဲနဲမှမလိုလားဘူး။

myo said...

Stop fighting is good for all. Ko Aung Htoo What happen to you. Please don't write the post with your negative attitude.

Unknown said...

ဗမာ ဆိုတာလဲ တိုင်းရင်းသားပဲ ။ ကချင် ဆိုတာလဲ တိုင်းရင်းသားပဲ ။ သွေးကွဲစေမဲ့ comment တွေတော့ မ ရေးသင့်ဘူးဆိုတာ mg mg.blogspot မ ရေးသင့်ပါ ။ အဲလိုရေးတဲ့ အ တွေး အခေါ် ကလည်း အဆင့် မမှီ သေးလို့ ဘေးထွက်နေပါ ဦးဗျာ ။ အားလုံးသော comment ရှင် အပေါင်းတို့ လဲ အစိုးရသစ် ရဲ့ တိုင်းပြည် ပြန်လည်ပြု ပြင်ရေး ကို စိတ်အေး အေး ထားပြီး ပြည်ထောင် စုကြီး ဘယ်လို ခိုင်မြဲ တိုးတက်အောင် လုပ်ကြမလဲဆိုတာကို kio,kia အပါအဝင် တိုင်းရင်းသားအားလုံး နဲ့အတူတူ လက်တွဲပြီး လုပ်ကြပါစို့ဗျာ ။ အားလုံး တခု သိထားရမှာက ကချင် တ ယောက်တော်လာရင် ပြည်ထောင်စု မြန်မာ နိုင် ငံ ကြီးအတွက် ကောင်းသလိုပဲ ချင်းပြည်နယ် ကြီး ချမ်းသာလာရင် လည်း ကရင်လူမျိုး လည်း အဆင်ပြေလာမှာပဲ ။ ဆိုလို ချင်တာက ဘယ်လူမျိုး ဘယ်ပြည်နယ်က ဖြစ်ဖြစ် အားလုံး ဟာ မြန်မာနိင်ငံ သား အတူတူပါ ။ God bless to u all .

aristhteinwin said...

အင်း-ဘောင်းဘီချွတ်တွေကို ယုံတဲ့သူတွေကတော့ မျက်စိမှိတ်ပြီးယုံနေတာဘဲ- ကိုယ့်ဘာသာ ယုံတာ ယုံနိုင်ပါတယ်။ ဒီနေရာမှ ကိုအောင်ထူး မှန်တယ်။ သူ့ ရဲ့  တရားဥပဒေ ရှူဒေါင့်ကနေ ဝေဖန်တာကို မှားပါတယ်လို့ ဘယ်ရှေ့ နေ- ဘယ်တရားသူကြီး ဝေဖန်ထောက်ပြရသြလဲဗျာ- တကယ်မှားလို့  မှားတယ်လို့ ထောက်ပြလျှင် မဖမ်းတဲ့အပြင် ဦးသိန်းစိန် အစိုးရ က ဆုတော် လာဘ်တော်တွေတောင် ပေးသနားဦးမယ်။ ကဲ ဘယ်ဥပဒေ ၀န်ထမ်းရှိလဲ-မှားတယ်လို့  ထောက်ပြရအောင်- စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသားတွေသာမက လူထုကို ဖိနှိပ်လာတာ ရာစုနှစ် တ၀က်နင်းခဲ့ပြီ- ကျုပ်ဗမာပါ-အဲဒီလို ဖိနှိပ်ခံနေရတာ မခံနိုင်ဘူး-မကြည့်ရက်ဘူး- တိုင်းရင်းသားတွေ ခွဲထွက်မယ်လဲ သဘောတူသဗျာ- အဖိနှိပ်ခံဘ၀နဲ့  ပြေးလွှားနေရတာနဲ့ စာလျှင် ဒုက္ခ ရောက်ချင် ရောက်ပါစေ မကြောက်မရွံ့ အေးအေးချမ်းချမ်းနေရတဲ့ ဘ၀ ကိုဘဲလိုချင်တယ်။

Mr. Nay Lin said...

Fuck You aung Htoo

Mr. Nay Lin said...

go and s..ck kia.

win said...

ခွေးသား
မင့်မိသားစု ကိုဘဲအဆင်ပြေအောင်
အရင်လုပ်ကြည့်
လုပ်သမျှအကောင်း မမြင်ဘူး
မျက်ကန်း အုပ်စုဘဲ

win said...

လန်ကျောက် အောင်ထူး
ချီးဗိုက် အောင်ထူး
ဘော်ဒိုလ်အောင်ထူး

win said...

ခွေးသား
မင့်မိသားစု ကိုဘဲအဆင်ပြေအောင်
အရင်လုပ်ကြည့်
လုပ်သမျှအကောင်း မမြင်ဘူး
မျက်ကန်း အုပ်စုဘဲ

win said...

ခွေးသား
မင့်မိသားစု ကိုဘဲအဆင်ပြေအောင်
အရင်လုပ်ကြည့်
လုပ်သမျှအကောင်း မမြင်ဘူး
မျက်ကန်း အုပ်စုဘဲ

Unknown said...

မိုက် ရိုင်း တဲ့သူတွေ ဒီ comment ထဲ မလာကြပါနဲ့ ။ ဒီမိုကရေစီ စနစ်မှာ အတိုက်အခံ ရှိမှ ဖြစ်မယ်လေ ။ အစွန်းမ ရောက်ဖို့သာ အဓိက ကျပါတယ် ညီလေးတို့ ရယ် ။ ။ သတိ ။ ။ သင် ဟာ ဘယ်လူမျိုး ဘယ်ဘက်က ဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ပြည်ထောင် စု ကြီးက ခွဲထွက် သွားဖို့ ကိုတော့ စိတ်ကူးနဲ့တောင် မကြံ ပါနှင့် ။ ဘုရားသခင် ဒဏ် ခက်လိမ့်ပေမည် ။

Anonymous said...

ဟေ့ကောင်
မင်း ပိုင် တဲ့ blog လား။လာရင် လာမယ် မလာရင် မလာဘုး ။ အေးးး မင်းပ ထွေး ပိုင် တဲ့ တဲ့blog ဆိုရင်
တော့ ပြောပေါ့ကွာ

ကိုသစ္စာ mdy စက်မှုဇုံ said...

အောင်ထူးရေ မင်းတော့ မချောင်ဘူး မှတ်ပါ စာတတန် ပေတတန် ဆရာကြီး လေသံ နဲ့ တောင်အော် မြောက်အော် လျှောက်အော်မနေနဲ့ ငါ ဘယ်ဘက်မှ ပါလို့ ပြောတာမဟုတ် မင့်စာ ဖတ်ရတာ ဟုတ်မှာလိုလိုနဲ့ တစ်ခြမ်း စောင်းကြီး အဖျားရှုးတယ် ရှေ့နေသာပြောတယ် တရားသူကြီး လုပ်ပြီး အမိန့်ချတော့မလား မှတ်ရတယ် မင့်လေသံက စေ့စပ်တာ လိုလို သွေးခွဲတာလိုလို အလျော် တောင်းတာလိုလို ပိုဆွပေးတာလိုလို ဘာများကိုမသိဘူး မင်းက တဘက် ကရပ်တာလား နှစ်ဘက်စလုံးအပေါ် က ရပ်မှာလား ဒါမှမဟုတ် နှစ်ဘက်ချွန်လား စဉ်းစားရခက်ပါဘိ ချစ်ကြလို့ထွက်ပြေးတဲ့ ရည်းစားကို အ ခုပေးစားမလား အခု ခွဲတော့မှာလား အခု အလျော်တောင်းတော့မှာလား အမှုဖွင့်တော့မှာလား ဘာမှန်းမသိ လျှောက်ပြောနေတဲ့ ယောက်ခမကြီး နဲ့ နှိုင်းလိုက်ချင်တယ့့်ငတိ ရယ်

ROMA KYAR said...

သူဝေဖန်ပြတာကို ထောက်ခံ
မထောက်ခံတာထက်၊

ဗမာတိုင်းရင်းသားအများစုပြည်ထောင်စုစိတ်ဓါတ် တခြားတိုင်းရင်းသားတွေထက်ပို့ရှိကြတယ်။ ဒါပေမေ့ တခြားတိုင်းရင်းသားတွေကို ဒုတိယအဆင့်မှာထားပြီး
စစ်တပ်အားနဲ အနိုင်ကျင့်၊ ချင်ဗျားအားလုံးလက်မြှောက်အရှုံပေးပါ ငါတို့ပြည်ထောင်စုလုပ်မည်။ ဒါကတော့........???.........

ကိုသစ္စာ mdy စက်မှုဇုံ said...

မင့်စာ မင်း ပြန်ဖတ်ကြည့်အုံး ညှိတာလား တောင်းတာလား သွေးခွဲတာလား ပြည်ပျက်အောင် လုပ် တာလား မ တော့ မ တယ် အချွန် ကြီးနဲ့ ဆိုတာလို ဖြစ်နေတယ် အလျော်တောင်းတာတောင် ဒေါ်လာ စကားနဲ့ ဘာနဲ့ နာမည် နောက်က လူ့အခွင့်အရေး ဆိုတာတပ်ပြီး နားထောင်ကောင်းအောင် ပြောပါ စစ်တပ်က ငါ့အဖေ မဟုတ် သလို မင့်အဖေလဲ မဟုတ်ပါ သူတို့ကိုလဲ မချစ်ပါ မင်းကိုလဲ မယုံပါ ငါ့ကိုယ် ငါတောင် မယုံပါ ကိုယ့်လုပ်စာ ကိုယ်စား တဲ့ မန္တလေးက မင်းဆရာ ကိုသစ္စာ ။။။။

ကိုသစ္စာ mdy စက်မှုဇုံ said...

အောင်ထူးရေ မင်းလိုကောင် ဘေးဖယ်နေတာ အကောင်းဆုံး ညီညွတ် ဖို့ပဲ ပြော အပိုတွေမပြောနဲ့

ညီသန့်ရှင်း said...



အောင်ထူးရေးတာ မှန်တယ် မှားတယ်ဆိုတာထက် အောင်ထူးရေးတာ မှားပါတယ် ဒါက ဒီလိုရှိတယ် ဟိုဟာကတော့ဖြင့် ဟိုလိုရှိတယ် ဆိုပြီး စာနဲ့ ပေနဲ့ ပြန်ချေပပါလား ။ သူရေးတာတွေ တဖက်စောင်းနင်းဖြစ်ပြီး မှားနေရင်တောင် သူ့မှာ အများကြီးတွေးပြီးရေးထားတာ စာတိုလေးတကြောင်းနှစ်ကြောင်းလောက်နဲ့တော့ ဆောင်းပါရေးသူ မှာပါတယ်လို့ အော်နေလို့ရမလား ဒေါ်လာစားပြီး ရူးသွားလို့ ဟိုလျှောက်ခြစ်ဒီလျှောက်ခြစ်နေတယ်လို့ စွပ်ဆွဲလို့ရမလား ။ ရေးထားတဲ့ ကော်မန်းတွေလဲ ကြည့်ကျပါအုံး မိုက်ကြေးတွေခွဲထားလိုက်တာ ကိုအောင်ထူး ကို အခုပဲ နိုင်ငံရပ်ခြားအထိ လိုက်ပြီးသတ်ကျတော့မလိုလို အခုပဲ တစစီ ကိုက်ဖြဲသတ်ဖျက် ကျတော့မဲ့ အတိုင်းပဲ ။ မတရားတဲ့ စိတ်ရင်းအခြေခံနဲ့ ရေးထားတဲ့ကော်မန်းတွေဖတ်ရတာ ...အင် ... အောက်ကနေ ဟောင်ကျတော့မယ် ငါ့ကိုလဲ ... ငါကလဲ စစ်ခွေးဆို သောက်ဂရူကိုမစိုက်တာ ဟောင်ကွား မင်းတို့ဘယ်လောက်ဟောင်နိုင်မလဲ။

Unknown said...

ညီငယ် အ ကြောင်းအ ရာ ပြသနာ တခုကို ဖြေ ရှင်းတဲ့ အခါ မှာ ဒေါသ နဲ့ ဆနဒ ကို ရှေ့ တန်း မတင် ရဘူး ။ ဆက်ပြီး ကြိုးစား ပါကွာ

Unknown said...

Ko Aung Htoo some of comments are very very bad for U.. cuz U r right!!

Uncle Chan's အမလ said...



ကိုအောင်ထူးရေ ခင်ဗျား ရှေ့နေလုပ်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေကို နားမလည်ဘူးလား။ မြန်မာနိုင်ငံမှာ အမှန်တရားပြောရင် ထောင်ကျနိုင်တဲ့ အပြင် သေဒဏ်ပါ ပေးခံရနိုင်တဲ့ ဥပဒေတွေရှိတယ်ဆိုတာ ခင်များ မလေ့လာဖူးသေးဘူးထင်ပ။ ဒီကိုတော့ ပြန်လာဖို့စိတ်မကူးနဲ့ ကိုအောင်ထူးရေး ပြန်လာခဲ့ရင်တော့ အမဲဝိုင်းဖြတ်ခံရဖို့ အလားအလာများတယ်။
ဒါနဲ့ အပေါ်က ထွန်းအေးကျော်ဆိုတဲ့ လူရဲ့ မိဘများဟာ အဲဒီအလုပ်အကိုင်များကို လုပ်လို့ အသက်မွေးနေရတာလားဗျ ခင်များဘ၀ကလဲဗျာ စုတ်ပျက်နှုန်ချာလချီလား။ စိတ်မကောင်းစရာဗျာ...

manangaw said...

ဦးအောင်ထူးရေးတာ မှန်တယ်ကွဲ့ 

Unknown said...

ကျုပ် ဗမာလို့ ပြောတဲ့ ညီလေး ရဲ့ COMMENT က တိုင်းပြည်အတွက် အပြု သ ဘော မ ဆောင် တာ ပေါ် လွင် လှ တယ် ။ မင်း ဘာ မင်း ဗမာ ဖြစ် ဖြစ် ကချင် ဖြစ်ဖြစ် ပြည် ထောင် စု စိတ် ရှိမှ မြန်မာ နိင် ငံ သား အဖြစ် ခံ ယူခွင့် ရှိ မယ် ။ သမတ ကြီး ဂျော့ ဝါ ရှင် တန် မိန့် ခွန်း တွေ ကို ဖတ် ဖူး လား ။ အ မေ ရိ ကန် ပြည်ထောင် စု ဆို တာ အလကား ပေါ် လာတာ မ ဟုတ် ပါ ။

Unknown said...

မင်းက အ ခြောက် ဆို တော့ ဒီ အ ကြောင်းပဲ ထည့် ထည့် ပြော နေ ပြန် ပြီ ။ ဒီမှာ ညီလေး မ အဲ!! ဟုတ် ပေါင် အပြင် မှာ ရှောက် သီး ဆေးပြား သွား ရောင်း ချေ ကွာ ။ ဒီမှာ ညစ်ညစ် ပတ်ပတ် တွေ လာမ ပြော နဲ့ တော့ ။ ကိုယ့် နေ ရာ ကိုယ်နေ ! ဒီ မှာ လူ တွေ စကားပြော နေ တဲ့ ကြား ကို လာလာ တိုးနေ ပြန် ပီ !!

Unknown said...

အောင်ထူးရေထောင့်ခံတယ်အားပေးတယ်အမြဲစောင့်မျော်ဖတ်နေပါတယ်ဆက်၍ဆက်၍ရေးပါအမှန်သာပြောလွန်းရင်ရွာပြင်ထုတ်ခံရတတ်တယ်တဲ့အခုလည်းနိင်ငံခြားတောင်ရောက်နေရပြီဘဲအမှန်တွေကိုများများရေးများများပြောပါအားပေးနေပါတယ်

Unknown said...

ဒို့တိုင်းရင် တားညီအကိုတွေ ဘယ်သူမှမ သေရဘူး ညိမ်ချမ်းရေ ရအောiင်ဆွေ နွေးရမယ် ညိမး ချမ်းရေးတာရမယ်ပြည်သူတွေ အေးချမ်းစိတ် ချမ်းသာမယ်ဆိုရင် တဒေါင့် တ နေရက ဘာဘဲ လုပ်ပေးရလုပ်ပေရပါ ကျုပ်စစ်ကြားထဲမှာညပ်နေတဲ့သူကိုယ် တိုင် ခံစားနေရတဲ့ သူစစ် ရဲ့ခါးသီတဲ့ ဒါဏ်လွဏ်ဆွေကျုပ်လောက် သိမလားဗျာအပျက်စကားမပြောပါနဲ့ တဖက်သတ်မ ပြေားပါနဲ့ မပြီးခင် အရင် မမြင် ပါနဲ့ဗျာ

we all toghter said...

ကိုအောင်ထူးရေးထားတာတစ်ခုတော့လိုနေတယ်ဗျ အဲဒါကိုသူမသိတာပဲနေမှာပါသူမသိတာကိုပြေရရင် ဘာပဲပြောပြောKIA /KIOဟာဘုံးခွဲလမ်းတံတားပြောတော့ဖြင့်တစ်မျိုးပါဗျာတစ်ကယ်စင်းစားကြည့်ပါ သူတို့ဘုံးခွဲတာတွေပြည်သူတွေလမ်းပန်းဆက်သွယ်ရေးတွေဖောက်ချိုးနေတာသူငယ်ချင်းစင်းစားကြည့်ဘယ်သူတွေလုပ်နေလဲလို့ပါတကယ်ဆိုကိုအောင်ထူးရေးထားတာတွေမလုံလောက်ပါဘူးအကြံပေးတာပါ နိုင်ငံရေးလုပ်မယ်ဆိုရင်လဲမျှတစွာရေးသားသင့်ပါတယ်လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမည်တာပါတစ်ယောက်သောသူအပြစ်ကိုကြည့်လို့မရပါဘူးကို့ကိုယ်လည်းပြန်လည် သုံးသပ်သင့်ပါတယ်ပြည်သူတွေအတွက်ဘာအကျိုးပြုခဲ့လဲလမ်းတံတားတွေဘုံးခွဲနေတာအလွန်အင်မတန်ကြည်တန်ပါတယ် တိုက်ချင်ရင်အစိုးရစစ်စခန်းသွားတိုက်ပါလားဘာလို.အယ်လိုလုပ်ရတာလဲမကူညီချင်နေပါပြည်သူတွေကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့လမ်းတံတားလိုက်ခွဲနေလောက်အောင်အကိုတို.အနေနဲ.လမ်းတံတားဘယ်နှစ်စင်းဆောက်ပေးခဲ့လဲကျနော်သိချင်ပါတယ်ဖျက်စီးရေးသမားနဲ.တူနေပါတယ်

Khine Yae Htat said...

What U Aung Htoo has written is absolutely right. it is the Burmese evil army who invaded Kachin State and violated many crimes. It has no standard. The Kachin don't need you to rule in their state . They have their own power. Kachin State belongs to the peopel of Kachin. The evil Burmese army must be driven out. Down fall with the Burmese ARMIES!

Khine Yae Htat said...

Stop bearing MAHAR BURMANIZM! this war broke out because of MAHAR BURMANIZM!

Unknown said...

u r so foolish thinking . I ask u one that do u know civallian right ? Be try to forward

Maung Win said...

လက်ဝါးက နှစ်ဘက်ထိမှ အသံမြည်တာ တစ်ဘက်ထဲ
ကသုံးသပ်ချက်ကို အဟုတ် မှတ်နေကြတာ
အမျိုးယုတ် မျိုးမစစ် အကြမ်းဖက် သောင်းကြမ်းခွေး
တွေဘဲဖြစ်မှာ

zaw min let said...

မဟောင်ကြနဲ့

Unknown said...

စောက်ရူးအောင်ထူး
နင် KIA နဲ့ ဘယ်နှစ်ခါဆုံဖူးလဲ။မြို့ပေါ်မှာ ဆွေးနွေးဖို့လာတဲ့ကောင်မျိုးက နှစ်ယောက်တစ်ပိုင်း၊ ကျန်တာက ပြဿနာကောင်တွေချည်းပဲ။ သတင်းစာဖတ်ပြီး အရူးချီးပန်းလျှောက်ပြောနေတယ်။ စစ်တပ်က လိမ်တယ်ပြောရအောင် နင့်အမေလင် KIA ပြောတာတွေကရော မှန်တယ်လို့ နင့်နှမအထွေးဆုံး KIA မယားက အတည်ပြုသလား။ စာခိုးချပြီး မဟာဝိဇ္ဖာလုပ်နေတဲ့ကောင်ကများ ကြီးကြီးကျယ်ကျယ်လုပ်နေသေး။ Comment အစုတ်ရေးပြီး လူအထင်ကြီးအောင် မရိုးမသား ဘွဲ့က တပ်ထားသေး။ မြန်မာပြည်ထဲဝင်လာပြီး KIA ကို လာပြီးတရားဟောစမ်း။ လူရှေ့တော့ နင့်ကိုဘာမှလုပ်မှာမဟုတ်ဘူး။ အေး---လူကွယ်လို့ကတော့ ဂွေးကိုဖြတ်ပြီး ဖင်ပါချမှာ မဟာဝိဇ္ဖာကြီးရဲ့။ အဲဒါ KIA ပဲ။ KIA အကြောင်းသေချာသိချင်ရင် နင့်နှမကို အရင်လွှတ်ပြီးစုံစမ်းခိုင်းလိုက်။ အဝေးကနေ ဟောင်မနေနဲ့။

ကိုသစ္စာ mdy စက်မှုဇုံ said...

ဟုတ်ပါသည် မှန်ပါသည် အားပေးပါသည် သဘာဝကျ ပါသည် ဆက်ရေးစေချင်ပါ သည်။

ကိုသစ္စာ mdy စက်မှုဇုံ said...

သဘောကျသွားပြီဗျို့

ကိုသစ္စာ mdy စက်မှုဇုံ said...

ကြိုက်တယ်ဟေ့ သူငယ်ချင်း

ကိုသစ္စာ mdy စက်မှုဇုံ said...

သဘာဝကျတဲ့ အတွေးအခေါ် တွေလို့ ယူဆမိပါတယ် ကျေးဇူးတင်ပါသည်။

ကိုသစ္စာ mdy စက်မှုဇုံ said...

ငါတို့သည် အစိုးရစစ်တပ် မိုက်ရိုင်း ထွားကြိုင်း နေလျှင် မကြိုက် KIA ဆိုးသွမ်းနေလျှင်လဲ လက်မခံ ကြားထဲက မြှောက်ထိုးပင့်ကော်သမား အလိုမရှိ ပြီ တို့တိုင်းရင်းသား ပြည်သူအများ သာမန်အရပ်သား များ ပြေးရ လွှားရ ဒုက္ခအမျိုးမျိုး ရောက်ရ သည်များကို မြင်ရ ကြားရ သိနေရသည် မှာ လုံးဝ လုံးဝ လုံးဝ စိတ်မကောင်း ဖြစ်မိရပါကြောင့်း့

lg.nou said...

Kachin issue is the real test and challenge for transformation to democracy. But the government fail this test.They already has shown what they are. If there is not kachin issue they can continue what they want... Kachin issue is not only kachin affair but olso for all who want real democracy.

မောင်ပြောချင် said...

after 2010 election,DKBA only reveals what they want n against the government by attacking military.At that time,what KIA doing?now don't tell KIA is fighting for real democracy,just defend their dictatorship.