Thursday, January 31, 2013

ဝဋ်

ဝဋ်
ရှားနှစ်

လက်နက်နဲ့ လက်ပ်တော့ပ် လဲမယ်
ပြက်လုံးနဲ့ မက်လုံးတွေ ဝေတဲ့ခေတ်။

တရုတ်ရဲ့ တုတ်ကို၊ မုချ ကြောက်ရတယ်ဆိုတဲ့
ဗိုလ်ချုပ်ဟောင်းတယောက်ရဲ့ တရုတ်ပြေးမင်းခေတ်။

ရွှေလက်နဲ့ ခေါ်မရရင်
ဘူးလက်နဲ့ ဆော်ရမယ်ဆိုတဲ့ ငြိမ်းချမ်းရေးခေတ်။

မကြားဖူး၊ မမြင်ဖူး၊ မတွေ့ဖူးတဲ့
ဒုက္ခသည်အသစ်တွေ မွေးဖွားလာ၊ ဒိုနာရှာမောရတဲ့ခေတ်။

ငြိမ်းချမ်းရေးကို တမ်းဆွတ်၊ လွတ်လပ်ခြင်း မျှော်ရည်
ခရီးရှည်ချီတက်သတဲ့၊ မျိုးတက်သစ်ပကာသဏီခေတ်။

ခရိုနီတသင်းနဲ့ ညီအစ်ကိုအရင်းသဏ္ဍာန်
ပလူးပလဲ ဆက်ဆံကြတဲ့ ကွန်ရက်ခေတ်။

ခရိုပြာကို၊ ကြိုဆိုပါ
မလိုတမာ ပြောမရတဲ့ ပါတီကြီးဝါဒခေတ်။

မူပိုင်ခွင့် ရင်ထိုးတေ၊ွ လက်သိပ် ခိုးဝေထားတဲ့
လူတန်းစားသစ်တွေ လမ်းထွင်နေတဲ့ခေတ်။

၂၀၀၈ သာ မထိနဲ့၊ ညှိစရာမလိုဘူး
အင်တာဗျူး အလိုလိုပေးတဲ့ မီဒီယာခေတ်။

နောက်ပြန်လှည့်ကာ၊ ဖောက်ပြန်မှာမို့
အကြောက်အကန် ထောက်ခံခိုင်းတဲ့ခေတ်။

ဒီလိုခေတ်ဆိုတော့လည်း
အင်းပေါ့
ဘယ်သူ့ကို
ကြည်ညိုရမှန်း မသိတဲ့ခေတ်။ ။

ရှားနှစ်
၂၇-၁-၂၀၁၃

လက်ပ်တော့ပ် = Laptop
ဘူးလက် = Bullet

4 comments:

mama Kareng said...

beautiful.....yeah...how come we are in this situationsss...??? how can we escape ....how is our future. reslave under their arm time by time, age by age...,,,,poor ......and poor....

LITTLE BURMA GROCERY said...

လောကကြီးထဲမှာ ရှုပ်ထွေးစရာတွေနဲ့ ကြုံးရတဲ့အခါ ဆေးစွဲသူတွေဟာ ကိုယ်ကိုကိုယ် သေကြောင်ကြံတဲ့အထိ ဖြစ်တတ်တယ်။

S.Maung Chain said...

WoW.............
I like the best poem.Showing every situation in Burma transitional during period.Thank a lot poem writer.

a said...

အားလုံးအမှန်တွေပဲရေးထားတဲ့ဒီလို(အမှန်မြင်)စာမျိုးတွေများနိုင်သလောက်များများဖတ်ချင်ပါတယ်။